တခြားသွေးပိုင်ရှင်တွေထက် ပိုမိုထူးခြားတဲ့ O သွေးပိုင်ရှင်လေးများ
Unicodeဖြင့်ဖတ်ရန်
O သွေးတွေက ရှေးရခင်ကတည်းက အခုချိန်ထိ လူမှု အတိုင်းအဝိုင်းမှာတော်တော်အရေးပါလေ့ရှိတယ်။ O သွေးတွေက အမဲလိုက်တော်တဲ့ဘိုးဘွားတွေကို အမွေဆက်ခံထားတယ်လို့သိရတယ်။
သူတို့ရဲ့ထူးခြားတဲ့အမူအကျင့်တွေက ဘိုးဘွားတွေ အမဲလိုက် တဲ့အခါသုံးတဲ့ ရှာဖွေစူးစမ်းပြီး လေ့လာ စမ်းစစ်တဲ့အကျင့်ကိုအမွေဆက်ခံထားတယ်လို့ ယူဆရတယ်။
O သွေးတွေက အရမ်းထူူးချွန်တဲ့အရည်အချင်းတွေကိုပိုင်ဆိုင်ထားတာတော့ အမှန်ပါ။ သူတို့ဟာ တခြားသွေးပိုင်ရှင်တွေထက်ပိုပြီး အာရုံစူးစိုက်နိင်ကြတယ်။ ခေါင်းဆောင်နိုင်စွမ်းပိုရှိကြတယ်။
ပိုပြီးအလုပ်ပြီးမြှောက်နိုင်အောင်စွမ်းဆောင်နိုင်တယ်။ သူတို့ရဲ့မျိုးရိုးဗီဇကိုက ပိုပြီး စိတ်ဓါတ်မာကြောတယ်၊ အကောင်းမြင်တယ်၊ ပိုပြီးလုပ်နိုင်တယ်၊ ပိုပြီးအသက်ရှည်ရှည်နေနိုင်ကြတယ်။
ဂျပန်တွေကတော့ O သွေးပိုင်ရှင်တွေကို ပိုပြီးယုံကြည်ရတယ်၊ ပိုပြီးစည်းကမ်းရှိတယ်၊ အာရုံစိုက်နိုင်စွမ်းများတယ်၊ လက်တွေ့ကျတယ်လို့ပြောကြတယ်။
သို့သော်ညားလဲ သူတို့ရဲ့အကျင့်ဆိုးတွေကြောင့် ကျန်းမာရေးနဲ့ မညီညွတ်တာတွေစား၊ လေ့ကျင့်ခန်း မလုပ်တာတွေကတော့ သူတို့ကို အဝလွန်တာတွေ၊ Insulin ခုခံနိုင်စွမ်းကျတာတွေကိုပါ ဖြစ်စေတယ်။
စိတ်ဖိစီးမှုများတဲ့အချိန်မှာ ဒေါသ ထွက်လွယ်ပြီး စိတ်ထင်ရာလျှောက်လုပ်တတ်တယ်လို့သိရပါတယ်။
Credit- ShweInnlay
Zawgyiဖြင့်ဖတ်ရန်
Credit- ShweInnlay
Leave a Reply
Your email address will not be published. Required fields are marked *