အချစ်စိတ်တွေ ဖလန်းဖလန်း ထဖို့ သတ်သတ်လွတ်စားစို့ ဆိုပြီး အကြံပြု

အချစ်စိတ်တွေ ဖလန်းဖလန်း ထဖို့ သတ်သတ်လွတ်စားစို့ ဆိုပြီး အကြံပြု

အချစ်စိတ်တွေ ဖလန်းဖလန်း ထဖို့ သတ်သတ်လွတ်စားစို့ ဆိုပြီး အကြံပြု

မောင်ယဿ

လန်ဒန်မြို့က နာမည်ကြီး အာဟာရပညာရှင် လီလီဆောက်တာ ဆိုတဲ့ အမျိုးသမီးက အာဟာရနဲ့ ပတ်သက်တဲ့ စစ်တမ်းတစ်ခုကို ၂၀၂၀ တုန်းက ပြုလုပ်ခဲ့ပါတယ်။

အွန်လိုင်းပေါ်မှာလူ သောင်းနဲ့ချီပြီး အချက်အလက်တွေ စုဆောင်းပြီး နောက်မှာ ၈၄ % သော သတ်သတ်လွတ်သမားတွေက သူတို့ရဲ့ လိင်ပိုင်းဆိုင်ရာကိစ္စမှာ စိတ်ကျေနပ်မှု ရှိတယ်ဆိုတဲ့ အဖြေတစ်ခုကို ရခဲ့ပါတယ်။

အသားကိုအဓိကစားတဲ့ သူတွေကတော့ ၅၀%ကျော်လောက်ပဲ အိပ်ရာထဲမှာ ကျေနပ်မှုရှိတယ်လို့ ဆိုပါတယ်။ စစ်တမ်းတစ်ခုလုံးကိုခြုံပြီး လေ့လာကြည့်တော့ ၉၅% သော သသတ်လွတ်သမားတွေက လိင်ပိုင်းဆိုင်ရာစိတ်ကျေနပ်မှု ကို ရတယ်ဆိုတဲ့ ရလဒ် ထွက်ပေါ်လာပါတယ်။

“ အဲ့ဒိ အချက်အလက်တွေအရ အပင်တွေက ကျမတို့ရဲ့ဘဝမှာ ကျန်းမာစေတဲ့ ဘဝတစ်ခုကို ပေးတဲ့အပြင် လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်မှုနဲ့ အမောခံနိုင်မှုကို ပေးစွမ်းနိုင်တယ်ဆိုတာ သိလာရတာပါပဲ။

အသားတွေမှာက လေးလံတဲ့ သတ္တုဓာတ်တွေ ပါနေတော့ လေးလံထိုင်းမှိုင်းမှုတွေ ၊ အိပ်ငိုက်တာတွေကို ဖြစ်စေပါတယ်။ အသားအစားများတဲ့ ညနေမှာ အိပ်ရာတွင်း စွမ်းဆောင်ရည် ကျဆင်းမှုတွေ ဖြစ်တတ်ပါတယ်” လို့ ဆိုပါတယ်။

ဟင်းနုနွယ် ၊ ဂေါ်ဖီထုတ်လေးတွေ ၊ လိမ္မော်သီးတွေမှာ တွေ့ရတဲ့ ဗီတာမင် ဘီက ဦးနှောက်ထဲမှာ ရှိတဲ့ ဆီရိုတိုနင် အကြိတ် လေးကို လှုံ့ဆော်ပေးလို့ စိတ်ပျော်ရွှင်မှု ကို ဖြစ်စေပါတယ်။

ဒါပေမဲ့ ပဲစားတဲ့အခါကျတော့ လေလည်တဲ့အတွက် အိပ်ရာထဲမှာ စိတ်ညစ်စရာတော့ ဖြစ်တာပေါ့။ ညနေခင်းမှာ ချစ်သူနဲ့ ရိုဖို့ အတွက် ပဲစားတာက အဆင်မပြေနိုင်ဘူး ဖြစ်နေတယ် ။

ဒါဆိုရင် အိပ်ရာပေါ်ကို ခုန်တက်ပြီး စွမ်းဆောင်ရည်တွေ ပြနိုင်ဖို့ဆိုရင် ဘယ်လို သတ်သတ်လွတ် အာဟာရက အကောင်းဆုံးလဲလို့ မေးလာရင် မြေထဲပင်လယ်အစာ လို့ ခေါ်တဲ့ အာရပ်တွေရဲ့ အစားအစာက အကောင်းဆုံးပဲလို့ ညွှန်းပါရစေ လို့ လီလီက ဆိုလိုက်ပါတယ်။

မြေထဲပင်လယ်အစာ က နလုံးကို အားဖြစ်စေတဲ့ အစာတွေ အများကြီးပါပါတယ်။ ကျန်းမာရေးအပြင် လိင်ပိုင်း ဆိုင်ရာ စွမ်းဆောင်ရည်လည်း ကောင်းတယ်လို့ အာဟာရပညာရှင်တွေက ဆိုပါတယ်။ လိင်တံပျော့ပြီး သုတ်အား မကောင်းတာတွေကို ကာကွယ်ပေးပါတယ်။

“ ကိုယ့်ရဲ့ တစ်နပ်စာ အစားအစာမှာ အသားကိုလျှော့မယ် ၊ ငါးနည်းနည်း နဲ့ နို့ နည်းနည်းပါမယ်။ ဝိုင်နီ နည်းနည်းပါမယ် ။ ကျန်တာတွေက အပင်အခြေပြု အစားအသောက်တွေပဲ ထည့်လိုက်ရုံပဲပေါ့ ၊ အဲ့လိုညနေစာမျိုးဆိုရင် ချစ်သူနဲ့ ရိုလို့ကောင်းမယ့် ညနေခင်းဖြစ်သွားမှာပေါ့” လို့ သူမက ဆိုပါတယ်။

REF: euronews, Photo : euronews

Zawgyi

အခ်စ္စိတ္ေတြ ဖလန္းဖလန္း ထဖို႔ သတ္သတ္လြတ္စားစို႔ ဆိုၿပီး အႀကံျပဳ

ေမာင္ယႆ

လန္ဒန္ၿမိဳ႕က နာမည္ႀကီး အာဟာရပညာရွင္ လီလီေဆာက္တာ ဆိုတဲ့ အမ်ိဳးသမီးက အာဟာရနဲ႔ ပတ္သက္တဲ့ စစ္တမ္းတစ္ခုကို ၂၀၂၀ တုန္းက ျပဳလုပ္ခဲ့ပါတယ္။

အြန္လိုင္းေပၚမွာလူ ေသာင္းနဲ႔ခ်ီၿပီး အခ်က္အလက္ေတြ စုေဆာင္းၿပီး ေနာက္မွာ ၈၄ % ေသာ သတ္သတ္လြတ္သမားေတြက သူတို႔ရဲ႕ လိင္ပိုင္းဆိုင္ရာကိစၥမွာ စိတ္ေက်နပ္မႈ ရွိတယ္ဆိုတဲ့ အေျဖတစ္ခုကို ရခဲ့ပါတယ္။

အသားကိုအဓိကစားတဲ့ သူေတြကေတာ့ ၅၀%ေက်ာ္ေလာက္ပဲ အိပ္ရာထဲမွာ ေက်နပ္မႈရွိတယ္လို႔ ဆိုပါတယ္။ စစ္တမ္းတစ္ခုလုံးကိုၿခဳံၿပီး ေလ့လာၾကည့္ေတာ့ ၉၅% ေသာ သသတ္လြတ္သမားေတြက လိင္ပိုင္းဆိုင္ရာစိတ္ေက်နပ္မႈ ကို ရတယ္ဆိုတဲ့ ရလဒ္ ထြက္ေပၚလာပါတယ္။

“ အဲ့ဒိ အခ်က္အလက္ေတြအရ အပင္ေတြက က်မတို႔ရဲ႕ဘဝမွာ က်န္းမာေစတဲ့ ဘဝတစ္ခုကို ေပးတဲ့အျပင္ လိင္ပိုင္းဆိုင္ရာ စြမ္းေဆာင္မႈနဲ႔ အေမာခံႏိုင္မႈကို ေပးစြမ္းႏိုင္တယ္ဆိုတာ သိလာရတာပါပဲ။

အသားေတြမွာက ေလးလံတဲ့ သတၱဳဓာတ္ေတြ ပါေနေတာ့ ေလးလံထိုင္းမႈိင္းမႈေတြ ၊ အိပ္ငိုက္တာေတြကို ျဖစ္ေစပါတယ္။ အသားအစားမ်ားတဲ့ ညေနမွာ အိပ္ရာတြင္း စြမ္းေဆာင္ရည္ က်ဆင္းမႈေတြ ျဖစ္တတ္ပါတယ္” လို႔ ဆိုပါတယ္။

ဟင္းႏုႏြယ္ ၊ ေဂၚဖီထုတ္ေလးေတြ ၊ လိေမၼာ္သီးေတြမွာ ေတြ႕ရတဲ့ ဗီတာမင္ ဘီက ဦးေႏွာက္ထဲမွာ ရွိတဲ့ ဆီ႐ိုတိုနင္ အႀကိတ္ ေလးကို လႈံ႕ေဆာ္ေပးလို႔ စိတ္ေပ်ာ္႐ႊင္မႈ ကို ျဖစ္ေစပါတယ္။

ဒါေပမဲ့ ပဲစားတဲ့အခါက်ေတာ့ ေလလည္တဲ့အတြက္ အိပ္ရာထဲမွာ စိတ္ညစ္စရာေတာ့ ျဖစ္တာေပါ့။ ညေနခင္းမွာ ခ်စ္သူနဲ႔ ႐ိုဖို႔ အတြက္ ပဲစားတာက အဆင္မေျပႏိုင္ဘူး ျဖစ္ေနတယ္ ။

ဒါဆိုရင္ အိပ္ရာေပၚကို ခုန္တက္ၿပီး စြမ္းေဆာင္ရည္ေတြ ျပႏိုင္ဖို႔ဆိုရင္ ဘယ္လို သတ္သတ္လြတ္ အာဟာရက အေကာင္းဆုံးလဲလို႔ ေမးလာရင္ ေျမထဲပင္လယ္အစာ လို႔ ေခၚတဲ့ အာရပ္ေတြရဲ႕ အစားအစာက အေကာင္းဆုံးပဲလို႔ ၫႊန္းပါရေစ လို႔ လီလီက ဆိုလိုက္ပါတယ္။

ေျမထဲပင္လယ္အစာ က နလုံးကို အားျဖစ္ေစတဲ့ အစာေတြ အမ်ားႀကီးပါပါတယ္။ က်န္းမာေရးအျပင္ လိင္ပိုင္း ဆိုင္ရာ စြမ္းေဆာင္ရည္လည္း ေကာင္းတယ္လို႔ အာဟာရပညာရွင္ေတြက ဆိုပါတယ္။ လိင္တံေပ်ာ့ၿပီး သုတ္အား မေကာင္းတာေတြကို ကာကြယ္ေပးပါတယ္။

“ ကိုယ့္ရဲ႕ တစ္နပ္စာ အစားအစာမွာ အသားကိုေလွ်ာ့မယ္ ၊ ငါးနည္းနည္း နဲ႔ ႏို႔ နည္းနည္းပါမယ္။ ဝိုင္နီ နည္းနည္းပါမယ္ ။ က်န္တာေတြက အပင္အေျချပဳ အစားအေသာက္ေတြပဲ ထည့္လိုက္႐ုံပဲေပါ့ ၊ အဲ့လိုညေနစာမ်ိဳးဆိုရင္ ခ်စ္သူနဲ႔ ႐ိုလို႔ေကာင္းမယ့္ ညေနခင္းျဖစ္သြားမွာေပါ့” လို႔ သူမက ဆိုပါတယ္။

REF: euronews, Photo : euronews

Be the first to comment

Leave a Reply

Your email address will not be published.


*