ဖောက်ပြန်ချင်ဦး …

ဖောက်ပြန်ချင်ဦး …

ဖောက်ပြန်ချင်ဦး …

” အမေ သား ပြောစရာ ရှိလို့…” ” ပြောလေ သား…”

” အမေ့ ယောက်ကျား ဇာတ်လမ်း ရှုပ် ထား တာတွေ အမေ သိလား…” ” ဟဲ့ ပြန်ပြောစမ်း နင့်အဖေ နင့်အဘိုးနဲ့ နင့်အဖွား သား ငါ့ယောက်ကျား ဒီအချိန်ထိ့ အမေ့ အပေါ် သစ္စာရှိလာတာ အမေ အသိဆုံးပဲ ဘယ်မိန်းမနဲ့မှ မဖောက်ပြန် ခဲ့ဖူးဘူး။”

” ရော် အမေကလည်း သားလည်း ဘယ် ယုံချင် မှာလဲ အမေ မသိရင် မှတ်ထား ယောက်ကျား ဆိုတာ ရောက်ရာ အရပ်မှာ ကျားပဲ အမေ သိအောင် ရှုပ်နေပါ့ မလား…

အမေ့ရှေ့မှာ ချစ်ပြပြီး ကွယ်ရာ ရှုပ်ချင် ရှုပ်နေမှာ အမေ သတိထား မိလား အမေ သဲတောမှာ နေတော့ အဖေ မန်းလေးကို မုန့်ပညာ သွားပြတာ ခဏခဏပဲလေ။ ” အေးလေ အဲ့တာ ဘာဖြစ်လဲ အမေတို့ စားဝတ် နေရေး အတွတ် သွားတာလေ အဲ့တာနဲ့ဖောက်ပြန် ရောလား နင့်မှာ ဘာသက်သေရှိလဲ။”

” ရှိတာမှ သိပ်ရှိ ဟိုတစ်လော တုန်းက သား မုန့်ဖောက်သည် အိမ်ကို မန်းလေးက ဈေးသည်တွေ ဖျာတွေ ကော်ဇောတွေ လာရောင်း တုန်းက သားနဲ့ ချွတ်ချွတ် တူတယ်တဲ့။ နောက်ပြီ Fb က အသိ ကောင်မလေး ကလည်း မန်းလေး ဦးပိန်မှာ သားကို နှုတ်ဆက်တာ သားက မသိချင် ယောင် ဆောင်လို့ စိတ်တောင် ဆိုးသွားတယ်။

သား မဟုတ်တဲ့ အကြောင်း ရှင်းပြလိုက် ရတယ်။ နောက်ပြီ FB မှာ သားနဲ့ တစ်ထေရာ ထဲ တူတဲ့ ACC လဲ ပေါ်လာ ပြန်ပြီ…”

” ဘာမှာလဲ ပြစမ်း မဟုတ်လို့ ကတော့ နင်နာမယ်။” ” ရော့ ဒီမှာကြည့် ဆိုပြီး ပုံပြလိုက်မှ ကျူပ်အမေ အံသြနေတာ…” တစ်ကယ်ကို တစ်ထေရာထဲ တူတာ ကျူပ်က နည်းနည်းပိုချော တာပေါ့။ မောင်မင်းကြီးသား ပလုံဖိုင် ကြည့်တော့ Apple ဖုန်းကြီးကိုင်ပြီး ရိုက်ထားတာဗျ။

” ကျူပ်အဖေ ကျူပ်ကျ MI ဝယ်ပေး တယ်။သူမယားငယ် သားကျ apple ဖုန်းကြီး ဝယ်ပေးတယ်။စဉ်းစားကြည့် မျက်နှာ လိုက်တယ် မထင်ဘူးလား အမျိူးတို့ရေ… ကျူပ်အမေ လက်ထဲ ဘယ်အချိန် ကောက်ယူ လိုက်မှန်း မသိ့တဲ့ ငရုတ်ကျည်ပွေ့က စစ်သည်တော် လို စစ်တိုတ်ဖို့ အဆင်သင့်တောင် ဖြစ်လို့…

” လာပါစေဦး ကျူပ်မှာတော့ ငါ ယောက်ကျား ကောင်းလေး ရထားလို့ ဂုဏ်ယူ လိုက်ရတာ ဒင်းကတော့ မန်းလေးမှာ မယားငယ်တွေ ထားတဲ့ အပြင် ပုံစံတူ သားတွေပါ မျိူးပွားလိုက် သေးတယ်။ ကျူပ်အမေ ထမိန်တိုတိုဝတ်ပြီး စောင့်နေတုန်း လက်ဖက်ရည်ဆိုင်ကနေ ကျပ်အဖေ ပြန်လာတော့ ဘာမပြောညာမပြော ငရုတ်ကျည်ပွေ့နဲ့ ထုပါ လေရော…

” ဒုတ်…” နှာဖူးကို တန်းကနဲ မှန်တာပဲ…

” အမလေးဗျ ဘယ်ကောင် ထုတာလဲ မြင့်ကျော်တဲ့။ တစ်ကျော်ထဲ ရှိတယ် ဒါမျိူ း လာမစမ်းနဲ့ သဲတော တစ်ခွင် မိုးတုန် အောင်မိုက်ခဲ့တဲ့ ကောင်ကွ။ ကွယ်ရာ ချူံ ခိုမတိုတ်နဲ့ ငါ့ရှေ့ ထွက်လာစမ်း ဆိုပြီး ပုဆိုး ခါးထောင်မှီးချိူက်ပြီး ပက် စိန် ခေါ်ပါလေရော်…

” ဘယ်ကောင်မှ မထုဘူး ရှင့်မိန်းမ ကျူပ်ထုတာ ဘာဖြစ်ချင်လဲ တဏှာထိပ်ခေါင် ကိုဖွန်ကြောင် ကိုမြင့်ကျော်ရဲ့…” ” ဟာ မိန်းမ ဘာလို့ ထုတာလဲ မင်းမို့နော် တစ်ခြားလူဆို သေနေပြီ မြင့်ကျော် ဂျူံးထိုး လက်သီး မင်းသိပါတယ်။”

” မသိဘူး မသိဘူး ရှင် ဖောက်ပြန် နေတာပဲ သိ့တယ်။ ကျူပ်မှာတော့ ငါ့ယောက်ကျား သူတော်ကောင်းကြီး ဆိုပြီး တစ်ရက်ကွက်လုံး ပက်ကြွား ထားရတာ။ ခုမှ ရှင်က ကျူပ်မသိ့ အောင် အဝေကွင်း မှာ ခြေစွမ်းပြပြီး ကလေးတွေ မွေးထား သေးတယ်။ရှင့်ကို ရှင် ဒီဘောနယ်ဒို ထင်နေတာလား။”

” ဟ စီရော်နယ်ဒို လုပ်ပါ မိချစ်ရဲ့ အဝေးကွင်း ကန်ရအောင် ငါမှ ဘောလုံးသမား မဟုတ်တာ ဘာတွေ လာပြော နေတာလဲ…”

” ရှင်အခုမှ ရူးချင်ယောင် မဆောင်နဲ့ ကိုမြင့်ကျော် ချစ်ချစ် တဲ့နော် တစ်ချစ်ထဲ ရှိ့တယ် မုန်းပြီ ဆိုရင်လှည့်တောင် မကြည့်ဘူး ဒီမှာကြည့် ဒီပုံက ဘယ်သူလဲ သိ့လား…ကျူပ်လက်ထဲက ဖုန်းကို ယူပြီ; ကျူပ်နဲ့ တူတဲ့ ကောင်ကို ပြလိုက်မှ…

” ဟာ မိန်းမကလည်း လူသူ မရှား နာမည်တူ မရှား စကားပုံလည်း ရှိတာပဲ။နင့်သားနဲ့ တူတိုင်း ငါဖောက်ပြန် ရမှာလားနင် သက်သက် ပြသနာ ရှာနေတာပဲ စိတ်ပျက်ဖို့ ကောင်းတယ်”

” ဘာ ဘာပြောတယ် ကြားလို့မှ ကောင်းရဲ့လားရှင် အရင်တုန်း ကတော့ ကျမကို မရရင် မန်းလေး ကျူံးထဲကိုယ့်ကို သတ်သေပြစ်မယ် ပြောတာလဲ ရှင်ပါ ။ မနက်တိုင်း စက်ဘီးစီး ရင် ဖိနပ်ကို လက်စွပ်ပြီး ကျူပ်နောက် ပြေးလိုက်လာတာ ရှင်ပါ မုန့်တွေလည်း အိမ်ရှေ့လာလာခိုးပို့ တာလဲ ရှင်ပါ။

” ကျမ ကတော့ သနားလို့ ဆိုပြီး အချစ်တွေ ပုံပေး လိုက်တာ ကလေး လေးယောက်ရ တော့ ဒင်းက စိတ်ကုန်တယ် ပြောတဲ့ အပြင် မယားငယ် ဇာတ်လမ်း တွေပါ ပါလာတယ် ။”

အင်းပေါ့လေ မြင်ပါ များတော့ ငယ်နမ်းပါ များတော့ ပြယ်ပြီ ပေါ့လေ တစ်ချိန်က နှင်းဆီပန်းလို နမ်းခဲ့တာ ကျူပ်က ခုတော့ အနင်းခံ ပန်းလို ရှင်မြင်ပြီပေါ့။ ရှင်မြင်ပြီပေါ့။

” ဒီမှာ မိချစ် ကျူပ်ကို ရိုက်ပါ ငရုတ်ကျည်ပွေ့နဲ့ မကလို့ ဒုတ်နဲ့သာ ရိုက်ပါ ။မိချစ် အပေါ် ထားတဲ့ ကျူ ပ်အချစ် တွေက ပေါင်းလာတဲ့ နှစ် ၃၀ လုံး သစ္စာ မပျက်ပဲ ပေါင်းလာတဲ့ သူက ဟောဒိက ကိုမြင့်ကျော် ပါ ဟော့ဒိက ကိုမြင့်ကျော်ပါ မိချစ်ရယ် ကိုမြင့်ကျော်ရဲ့ အချစ်က ဆဒ္ဒန်ဆင်မင်းလို မိချစ် အလို ရှိမယ် ဆိုရင် အစွယ်ကို လိုလိုချင်ချင် ပေးမဲ့ သူပါ။

” အမယ် ရန်ဖြစ်တာလား တွံတေးသိန်းတန်ချစ် အလင်္ကာတွေ ပြိုင်ဆိုနေတာလား မသဲကွဲဘူး ။ ရန်ပွဲ ဆွဲမဲ့သူတွေက ငိုရမလိုလို ပွဲကြည့်ရ မလိုလို မျက်ရည် မခိုင်တဲ့ သူတွေ မျက်ရည်တွေ ဝဲလို့…

” ကျူပ်ကလည်း စူဋ္ဌသုဘဒ္ဒာလို အချစ်ကြီးတာ မှန်ပေမဲ့ အမျက်မကြီးပါဘူး ရှင့်အစွယ်ကို မဖြတ်ရက်ပါဘူး။

” ဘာအစွယ်လဲ အမေ အဖေ့မှာ အစွယ် တစ်ခုပဲ ပါတာလေ။” ” ဟဲ့ ဘယ်အစွယ် ဖြစ်ဖြစ်ပေါ့ လျာကို ရှည်တယ် ဖီးလ်ကောင်း နေတဲ့ အချိန် ဝင်မရူပ်နဲ့ လာကိုမြင့်ကျော် ဆက်ရန်ဖြစ်မယ်။”

” ငမ့် ဖီးလ်နေတာတောင် ဖြစ်လိုက်သေး ဒီကမသိလို့ မေးတာကို ဟိုအစွယ်ဆို မတွေးရဲဘူး ဘာမှ မပြောပဲ ဆက်ထိုင်ကြည့် နေလိုက်တယ်။

” ရှင် မဖောက်ပြန်တာ သေချာပါတယ် နော်…”

” မဖောက်ပြန်ပါဘူးကွာ ဒီအချိန်ထိ့ မိန်းမပဲ ချစ်လာတာ ကလေး ၄ယောက် တောင် ရနေပြီပဲ ဒါတောင် မိန်းမ သားကြော ဖြတ်လိုက် လို့နော် မဟုတ်ရင် ဘောလုံး အသင်းတောင် ထောင်လို့ ရတယ်။

“အို ဘာတွေ ပြောနေတာလဲ ကိုမြင့်ကျော် ကလေးတွေ ရှေ့ ရှက်စရာကြီး လာအိမ်ပေါ်သွားမယ်။” ” ဘာလုပ်မို့လဲ…”

” နှာဖူး ဆေးလိမ်း ပေးမို့…” လင်မယား နှစ်ယောက် သူတို့ မဟုတ်တဲ့ အတိုင်း အိမ်ပေါ် တတ်သွားပြီး သကာလ…

” လင်မယား နှစ်ယောက် ရန်ပွဲ လာဆွဲဖို့လာတဲ့ သူတွေ လက်ခုပ်ပဲတီးရ မလိုလို အကယ်ဒမီပဲ ပေးရမလိုလို ယောင်တောင်တောင်နဲ့ အိမ်ကို ပြန်ကုန်တယ်။

” ခင်ဗျာတို့လည်း ဘာကြည့် နေတာလဲ ပြီးပြီးလေ ခင်များတို့ လည်း အိမ်ပြန်ကြတော့..

Credit _ ဟိန်းမင်းကျော်

Be the first to comment

Leave a Reply

Your email address will not be published.


*