နေ့စဉ်ဘဝမှာ လိုက်နာဆောင်ရွက်သင့်သော အချက်များ

နေ့စဉ်ဘဝမှာ လိုက်နာဆောင်ရွက်သင့်သော အချက်များ

နေ့စဉ်ဘဝမှာ လိုက်နာဆောင်ရွက်သင့်သော အချက်များ

၁။ “မလိမ်ပါနဲ့” : : လူနှစ်ဦးရဲ့ ဆက်ဆံရေးဟာ ယုံကြည်မှုအပေါ်မှာ အခြေခံတယ်။ ဒါကြောင့် တဖက်သားကို လေးစားမှု ပြသောအားဖြင့် လူပီသစွာပြုမှု့ပါ၊ မလိမ်ညာပါနဲ့၊ ယုံကြည်မှုဆိုတာ ဆုံးရှုံးပြီးသွားရင် ပြန်ရခဲတယ်။

၂။ “လှည့်စား၊ သစ္စာမဖောက်ပါနဲ့” : : အဆိုးရွားဆုံးလုပ်ရပ်ဖြစ်တယ်။ လူတစ်ယောက်ရဲ့ ဘဝကို ရှင်လျက်နှင့် အသေသတ်သလို ဖြစ်တတ်တယ်။

၃။ “မမုန်းပါနဲ့” : : ခဏတာရှင်သန်ရတဲ့ ဘဝလေးကို အမုန်းတွေနဲ့ မဖန်တီးပါနဲ့။ ချစ်ပါ။ မိမိကိုကိုယ် နှင့် တဖက်သားကို ချစ်ပါ။

၄။ “စိတ်မပူပါနဲ့” : : ကိုယ့်ကိုကိုယ် ညှင်းပန်းတဲ့ နည်းတစ်မျိုးဖြစ်တယ်။ အကောင်းမြင်တတ်အောင် ကြိုးစားပါ။ လောကမှာ ရှိတဲ့ ပြသနာတွေ၊ ဒုက္ခတွေဟာ ဒုနှင့်ဒေးပါ။ ပြသနာ အစိတ်အပိုင်းလေးတစ်ခုအတွက်နဲ့ စိတ်ဆင်းရဲမခံပါနဲ့။

၅။ “အမြင့်ဆုံးမှန်းပါ” : : ရင်လောက်မှန်းမှ ဒူးလောက်ရောက်တတ်တယ်။ အောင်မြင်ခြင်း အညွန့်အဖူးကို စားကြည့်စမ်းပါ။ ဒါဟာ ရှင်သန်ခြင်းအရသာ တစ်မျိုးပဲ။

၆။ “လူတွေ ဆီက အနည်းငယ်သာ မျှော်လင့်ပါ” : : ကိုယ်မျှော်လင့်ထားတဲ့ အတိုင်း ဖြစ်မလာရင် ကိုယ်ပဲ နာကျင်တတ်တယ်။ ပြီးတော့ တစ်ဖက်သားကိုလဲ မျှော်လင့်ချက်တွေ ပေးပြီး ပြန်မရုပ်သိမ်းပါနဲ့။ အကြီးမားဆုံး ရန်သူကို သင် ရတတ်တယ်။

၇။ “ရိုးစင်းစွာ ရှင်သန်ပါ” : : တန်ဖိုးကြီး နာရီဝတ် ၊ ကားစီးနိုင်မှ လူရာဝင်တာ မဟုတ်ဘူး။ ရထားတဲ့ဘဝကို ပျော်ပျော်နေ ၊ကျေးဇူးတင်တတ်ပါစေ။ ရွေးချယ်မှုတိုင်းကို ပျော်ရွှင်ခြင်းနှင့် အရင်တိုင်းတာ။ ရွေးချယ်မှုဆိုတာ တစ်ခါပဲ ဖြစ်တယ်။ ဒါကြောင့် တန်ဖိုးထား ပါ။

၈။ “များများပေးကမ်းပါ” : : ဒါဟာ လူ့ကျင့်ဝတ်တစ်မျိုးဖြစ်တယ်။ ခင်မင်ရင်နှီးမှုမှာ များစွာမှာ ပေးကမ်းခြင်းပါပြီး သစ္စာရှိတဲ့ မိတ်ဆွေတွေကို သင်ပြန်ရတတ်တယ်။

၉။ “အမြဲတမ်းပြုံးပါ” : : ဒါဟာ ပတ်ဝန်းကျင်နှင့် သင့်အကြားက တံခါးပဲ ဖြစ်တယ်။

၁၀။ “လက်မလျှော့နဲ့” : : ဆင်ခြေမပေးပါနဲ့။မတွေးနဲ့။လူကို နုံးပန်းစေသွားနိုင်တာဟာ ဆင်ခြေဆင်လက်တွေ ဖြစ်တယ်။ စတဲ့ခရီးကို အဆုံးထိသွားနိူင်အောင်ကြိုးစားပါ။ ပေးဆပ်မှုတိုင်းမှာ ကောင်းမွန်တဲ့ အဖူးအပွင့် ရှိတတ်တယ်။

၁၁။ “လက်လွှတ်တတ်ပါ။” : : ဖူးစာမှားကြီးကို ဆက်တွယ်ထားနေသ၍တော့ ဖူးစာမှန်ကို တွေ့မှာမဟုတ်ဘူး။

၁၂။ “အခွင့်အရေးဟာ နှစ်ခါ မရကြောင်း နားလည်ပါ” : : လူတိုင်းဟာ ဒုတိယအခွင့်အရေးနှင့်တော့ ထိုက်တန်ပါတယ်။ ဒါပေမဲ့ နောက်ဆုံးအကြိမ် ဖြစ်ပါစေ။ ကိုယ့်ဘဝကို နှစ်ကြိမ်စုံကန် နင်းထွက်သွားပြီ ဆိုရင်တော့သူဟာ နောက်တစ်ကြိမ် ဒီလို လုပ်ဖို့ ဝန်လေးမှာ မဟုတ်ဘူး။

၁၃။ “ဝေဖန်ခြင်းကို လက်ခံတတ်ပါ” : : တဖက်သားရဲ့ မိမိအပေါ်အမြင်ဟာ အရေးမကြီးပါဘူး။ သို့သော် သူတို့ရဲ့ ဝေဖန်ချက်ဟာ တစ်ခါတစ်လေ အမှားကို ထောက်ပြတတ်တယ်။

၁၄။ “အချိန်ကို နေရာပေးပါ၊ မစောင့်ပါနဲ့” : : အချိန်ဟာ အရာအားလုံးနီးပါးကို ဖြေဖျောက်ပေးနိုင်ပါတယ်။ ဒါပေမဲ့ အချိန်ကို မစောင့်ပါနဲ့။ လုပ်စရာ ရှိတာကို ထလုပ်ပါ။ တွေးတောနေတာထက် အကောင်အထည်ဖော်ရင် အိပ်မက်ဟာ ပို ပီပြင်လာပါလိမ့်မယ်။

#Credit

Zawgyi

ေန႔စဥ္ဘဝမွာ လိုက္နာေဆာင္႐ြက္သင့္ေသာ အခ်က္မ်ား

၁။ “မလိမ္ပါနဲ႔” : : လူႏွစ္ဦးရဲ႕ ဆက္ဆံေရးဟာ ယုံၾကည္မႈအေပၚမွာ အေျခခံတယ္။ ဒါေၾကာင့္ တဖက္သားကို ေလးစားမႈ ျပေသာအားျဖင့္ လူပီသစြာျပဳမႈ႕ပါ၊ မလိမ္ညာပါနဲ႔၊ ယုံၾကည္မႈဆိုတာ ဆုံးရႈံးၿပီးသြားရင္ ျပန္ရခဲတယ္။

၂။ “လွည့္စား၊ သစၥာမေဖာက္ပါနဲ႔” : : အဆိုး႐ြားဆုံးလုပ္ရပ္ျဖစ္တယ္။ လူတစ္ေယာက္ရဲ႕ ဘဝကို ရွင္လ်က္ႏွင့္ အေသသတ္သလို ျဖစ္တတ္တယ္။

၃။ “မမုန္းပါနဲ႔” : : ခဏတာရွင္သန္ရတဲ့ ဘဝေလးကို အမုန္းေတြနဲ႔ မဖန္တီးပါနဲ႔။ ခ်စ္ပါ။ မိမိကိုကိုယ္ ႏွင့္ တဖက္သားကို ခ်စ္ပါ။

၄။ “စိတ္မပူပါနဲ႔” : : ကိုယ့္ကိုကိုယ္ ညႇင္းပန္းတဲ့ နည္းတစ္မ်ိဳးျဖစ္တယ္။ အေကာင္းျမင္တတ္ေအာင္ ႀကိဳးစားပါ။ ေလာကမွာ ရွိတဲ့ ျပသနာေတြ၊ ဒုကၡေတြဟာ ဒုႏွင့္ေဒးပါ။ ျပသနာ အစိတ္အပိုင္းေလးတစ္ခုအတြက္နဲ႔ စိတ္ဆင္းရဲမခံပါနဲ႔။

၅။ “အျမင့္ဆုံးမွန္းပါ” : : ရင္ေလာက္မွန္းမွ ဒူးေလာက္ေရာက္တတ္တယ္။ ေအာင္ျမင္ျခင္း အၫြန႔္အဖူးကို စားၾကည့္စမ္းပါ။ ဒါဟာ ရွင္သန္ျခင္းအရသာ တစ္မ်ိဳးပဲ။

၆။ “လူေတြ ဆီက အနည္းငယ္သာ ေမွ်ာ္လင့္ပါ” : : ကိုယ္ေမွ်ာ္လင့္ထားတဲ့ အတိုင္း ျဖစ္မလာရင္ ကိုယ္ပဲ နာက်င္တတ္တယ္။ ၿပီးေတာ့ တစ္ဖက္သားကိုလဲ ေမွ်ာ္လင့္ခ်က္ေတြ ေပးၿပီး ျပန္မ႐ုပ္သိမ္းပါနဲ႔။ အႀကီးမားဆုံး ရန္သူကို သင္ ရတတ္တယ္။

၇။ “႐ိုးစင္းစြာ ရွင္သန္ပါ” : : တန္ဖိုးႀကီး နာရီဝတ္ ၊ ကားစီးႏိုင္မွ လူရာဝင္တာ မဟုတ္ဘူး။ ရထားတဲ့ဘဝကို ေပ်ာ္ေပ်ာ္ေန ၊ေက်းဇူးတင္တတ္ပါေစ။ ေ႐ြးခ်ယ္မႈတိုင္းကို ေပ်ာ္႐ႊင္ျခင္းႏွင့္ အရင္တိုင္းတာ။ ေ႐ြးခ်ယ္မႈဆိုတာ တစ္ခါပဲ ျဖစ္တယ္။ ဒါေၾကာင့္ တန္ဖိုးထား ပါ။

၈။ “မ်ားမ်ားေပးကမ္းပါ” : : ဒါဟာ လူ႔က်င့္ဝတ္တစ္မ်ိဳးျဖစ္တယ္။ ခင္မင္ရင္ႏွီးမႈမွာ မ်ားစြာမွာ ေပးကမ္းျခင္းပါၿပီး သစၥာရွိတဲ့ မိတ္ေဆြေတြကို သင္ျပန္ရတတ္တယ္။

၉။ “အၿမဲတမ္းၿပဳံးပါ” : : ဒါဟာ ပတ္ဝန္းက်င္ႏွင့္ သင့္အၾကားက တံခါးပဲ ျဖစ္တယ္။

၁၀။ “လက္မေလွ်ာ့နဲ႔” : : ဆင္ေျခမေပးပါနဲ႔။မေတြးနဲ႔။လူကို ႏုံးပန္းေစသြားႏိုင္တာဟာ ဆင္ေျခဆင္လက္ေတြ ျဖစ္တယ္။ စတဲ့ခရီးကို အဆုံးထိသြားႏိူင္ေအာင္ႀကိဳးစားပါ။ ေပးဆပ္မႈတိုင္းမွာ ေကာင္းမြန္တဲ့ အဖူးအပြင့္ ရွိတတ္တယ္။

၁၁။ “လက္လႊတ္တတ္ပါ။” : : ဖူးစာမွားႀကီးကို ဆက္တြယ္ထားေနသ၍ေတာ့ ဖူးစာမွန္ကို ေတြ႕မွာမဟုတ္ဘူး။

၁၂။ “အခြင့္အေရးဟာ ႏွစ္ခါ မရေၾကာင္း နားလည္ပါ” : : လူတိုင္းဟာ ဒုတိယအခြင့္အေရးႏွင့္ေတာ့ ထိုက္တန္ပါတယ္။ ဒါေပမဲ့ ေနာက္ဆုံးအႀကိမ္ ျဖစ္ပါေစ။ ကိုယ့္ဘဝကို ႏွစ္ႀကိမ္စုံကန္ နင္းထြက္သြားၿပီ ဆိုရင္ေတာ့သူဟာ ေနာက္တစ္ႀကိမ္ ဒီလို လုပ္ဖို႔ ဝန္ေလးမွာ မဟုတ္ဘူး။

၁၃။ “ေဝဖန္ျခင္းကို လက္ခံတတ္ပါ” : : တဖက္သားရဲ႕ မိမိအေပၚအျမင္ဟာ အေရးမႀကီးပါဘူး။ သို႔ေသာ္ သူတို႔ရဲ႕ ေဝဖန္ခ်က္ဟာ တစ္ခါတစ္ေလ အမွားကို ေထာက္ျပတတ္တယ္။

၁၄။ “အခ်ိန္ကို ေနရာေပးပါ၊ မေစာင့္ပါနဲ႔” : : အခ်ိန္ဟာ အရာအားလုံးနီးပါးကို ေျဖေဖ်ာက္ေပးႏိုင္ပါတယ္။ ဒါေပမဲ့ အခ်ိန္ကို မေစာင့္ပါနဲ႔။ လုပ္စရာ ရွိတာကို ထလုပ္ပါ။ ေတြးေတာေနတာထက္ အေကာင္အထည္ေဖာ္ရင္ အိပ္မက္ဟာ ပို ပီျပင္လာပါလိမ့္မယ္။

#Credit

Be the first to comment

Leave a Reply

Your email address will not be published.


*