ဖေဖော်ဝါရီ ၂၅ ရက် (မနက်ဖြန်) တွင် အောင်လအန်ဆန်က စိန်ခေါ်သူ ဗစ်ဒက်ရှ်ကို ယှဉ်ပြိုင် ထိုးသတ်မည်

အောင်လအန်ဆန်က စိန်ခေါ်သူ ဗစ်ဒက်ရှ်ကို ယှဉ်ပြိုင် ထိုးသတ်မည်

ဖေဖော်ဝါရီ ၂၅ ရက် (မနက်ဖြန်) တွင် အောင်လအန်ဆန်က စိန်ခေါ်သူ ဗစ်ဒက်ရှ်ကို ယှဉ်ပြိုင် ထိုးသတ်မည်

ဝေဟင်စိုး
မြန်မာ့စပါးအုံးဟု တင်စားခေါ်ဝေါ်ခံရသူ အောင်လအန်ဆန်နှင့် စိန်ခေါ်သူ ရုရှားနိုင်ငံသား ဘစ်ဒယ်လီဗစ်ဒက်ရှ်တို့ ဖေဖော်ဝါရီ ၂၅ ရက် (မနက်ဖြန်) တွင် စင်ကာပူနိုင်ငံ၌ ယှဉ်ပြိုင် ထိုးသတ်သွားမည် ဖြစ်သည်။

၎င်းတို့ နှစ်ဦးသည် ကမ္ဘာ့ချန်ပီယံဆု (မစ်ဒယ်ဝိတ်တန်း) ကို ပိုင်ဆိုင်ခဲ့သူ နှစ်ဦး ဖြစ်ပြီး ယခုပွဲသည် ငါးနှစ်တာ ကာလအတွင်း ပြန်လည်ထိုးသတ်မည့် တတိယအကြိမ်မြောက် ယှဉ်ပြိုင်ပွဲ ဖြစ်သည်။

အောင်လအန်ဆန်နှင့် ဗစ်ဒက်ရှ် သည် ၂၀၁၇ ခုနှစ် ဇန်နဝါရီလက ပထမအကြိမ် ထိုးသတ်ခဲ့ရာတွင် ဗစ်ဒက်ရှ်က အမှတ်ဖြင့် အနိုင်ရကာ ကမ္ဘာ့ချန်ပီယံဆု (မစ်ဒယ်ဝိတ်တန်း) အား ကာကွယ် နိုင်ခဲ့သော်လည်း ၂၀၁၇ ခုနှစ် ဇွန်လတွင် ဒုတိယအကြိမ် ထပ်မံ ထိုးသတ်ခဲ့ရာ အောင်လအန်ဆန်က အမှတ်ဖြင့် ပြန်လည် အနိုင်ရရှိပြီး ကမ္ဘာ့ချန်ပီယံဆုကို ရယူနိုင်ခဲ့သည်။

ယခု ယှဉ်ပြိုင်ထိုး သတ်မည့် ပွဲအတွက် အောင်လအန်ဆန်က သူ၏ လူမှုကွန်ရက် စာမျက်နှာတွင် “ ကျွန်တော့်ကို တွန်းပို့လာတဲ့ စိန်ခေါ်မှုတိုင်းကို ကြိုဆိုပြီး ကောင်းမွန်တဲ့ တိုက်ပွဲကို ဆက်တိုက် နေပါတယ်။ ကျွန်တော့်အတွက် ရှိပေးနေတဲ့ မိသားစုနဲ့ ကျွန်တော့် အဖွဲ့သားတွေကို ကျေးဇူးတင်ပါတယ်” ဟု ရေးသားထားသည်။

ပွဲစဉ်ကို One Championship က စီစဉ်၍ ကမ္ဘာ့ချန်ပီယံ (မစ်ဒယ်ဝိတ်တန်း) ဗိုလ်လုပွဲအတွက် လက်ရှိ ချန်ပီယံဖြစ်သူ နယ်သာလန်နိုင်ငံသား ဒီရစ်ဒါနှင့် ကာဂျစ္စတန် နိုင်ငံသား အဘာဆော့ဗ်တို့ ယှဉ်ပြိုင်ထိုးသတ် သွားမည်ဖြစ်သည်။

ယင်းအပြင် ကစ်ဘောက်ဆာ ကမ္ဘာ့ချန်ပီယံ (လိုက်ဟဲဗီးဝိတ်တန်း) ဗိုလ်လုပွဲအတွက် လက်ရှိ ချန်ပီယံ ဖြစ်သူ ယူကရိန်းနိုင်ငံသား ရိုမန်နှင့် စိန်ခေါ်သူ နယ်သာလန်နိုင်ငံသား မူရတ်တို့က ယှဉ်ပြိုင် ထိုးသတ်သွားမည် ဖြစ်သည်။

ပွဲစဉ်တွင် ချန်ပီယံလုပွဲ နှစ်ပွဲ အပါအဝင် တွဲဆိုင်း ၁၂ ဆိုင်း ယှဉ်ပြိုင် ထိုးသတ်မည်ဖြစ်သည်။ စိန်ခေါ်ပွဲများတွင် အောင်လအန်ဆန် (မြန်မာ )နှင့် ဗစ်ဒက်ရှ် (ရုရှား)၊ ဆီမို့စ် (ဘရာဇီး)နှင့် ဒန်နီရာယ်လ်(ရုရှား)၊ ခရစ္စရှော(စကော့တလန်) နှင့် ဗယ်လယ်ဒီမာ(ရုရှား)၊ ၊ ဂူတို(ဘရာဇီး)နှင့် ဘရူနို (ပေါ်တူဂီ) ၊

အန်ရီကို(ဂျာမနီ)နှင့် အိုဇီချန်(တူရဂီ)၊ မာတင်(သြစတြေးလျ)နှင့် ဆန်ဒေးလ်(ဆွီဒင်)၊ ဒါဆေးလ်ဗား (ဘရာဇီး)နှင့် ဇီဘာစတန်(ဆွီဒင်)၊ ဖေဘီစီယို(ဘရာဇီး)နှင့် ဂျေမီရီ(ဖိလစ်ပိုင်)၊ ယီဘို (တရုတ်)နှင့် ပါအူးတေးစ်(စပိန်)၊ ရာဟူ (အိန္ဒိယ)နှင့် ဇမ်ဘိုရီဂါ (ဖိလစ်ပိုင်)တို့ ယှဉ်ပြိုင် ထိုးသတ် သွားမည်ဖြစ်သည်။

#Credit Mizzima – News in Burmese

Zawgyi

ေဖေဖာ္ဝါရီ ၂၅ ရက္ (မနက္ျဖန္) တြင္ ေအာင္လအန္ဆန္က စိန္ေခၚသူ ဗစ္ဒက္ရွ္ကို ယွဥ္ၿပိဳင္ ထိုးသတ္မည္

ေဝဟင္စိုး
ျမန္မာ့စပါးအုံးဟု တင္စားေခၚေဝၚခံရသူ ေအာင္လအန္ဆန္ႏွင့္ စိန္ေခၚသူ ႐ုရွားႏိုင္ငံသား ဘစ္ဒယ္လီဗစ္ဒက္ရွ္တို႔ ေဖေဖာ္ဝါရီ ၂၅ ရက္ (မနက္ျဖန္) တြင္ စင္ကာပူႏိုင္ငံ၌ ယွဥ္ၿပိဳင္ ထိုးသတ္သြားမည္ ျဖစ္သည္။

၎တို႔ ႏွစ္ဦးသည္ ကမာၻ႔ခ်န္ပီယံဆု (မစ္ဒယ္ဝိတ္တန္း) ကို ပိုင္ဆိုင္ခဲ့သူ ႏွစ္ဦး ျဖစ္ၿပီး ယခုပြဲသည္ ငါးႏွစ္တာ ကာလအတြင္း ျပန္လည္ထိုးသတ္မည့္ တတိယအႀကိမ္ေျမာက္ ယွဥ္ၿပိဳင္ပြဲ ျဖစ္သည္။

ေအာင္လအန္ဆန္ႏွင့္ ဗစ္ဒက္ရွ္ သည္ ၂၀၁၇ ခုႏွစ္ ဇန္နဝါရီလက ပထမအႀကိမ္ ထိုးသတ္ခဲ့ရာတြင္ ဗစ္ဒက္ရွ္က အမွတ္ျဖင့္ အႏိုင္ရကာ ကမာၻ႔ခ်န္ပီယံဆု (မစ္ဒယ္ဝိတ္တန္း) အား ကာကြယ္ ႏိုင္ခဲ့ေသာ္လည္း ၂၀၁၇ ခုႏွစ္ ဇြန္လတြင္ ဒုတိယအႀကိမ္ ထပ္မံ ထိုးသတ္ခဲ့ရာ ေအာင္လအန္ဆန္က အမွတ္ျဖင့္ ျပန္လည္ အႏိုင္ရရွိၿပီး ကမာၻ႔ခ်န္ပီယံဆုကို ရယူႏိုင္ခဲ့သည္။

ယခု ယွဥ္ၿပိဳင္ထိုး သတ္မည့္ ပြဲအတြက္ ေအာင္လအန္ဆန္က သူ၏ လူမႈကြန္ရက္ စာမ်က္ႏွာတြင္ “ ကြၽန္ေတာ့္ကို တြန္းပို႔လာတဲ့ စိန္ေခၚမႈတိုင္းကို ႀကိဳဆိုၿပီး ေကာင္းမြန္တဲ့ တိုက္ပြဲကို ဆက္တိုက္ ေနပါတယ္။ ကြၽန္ေတာ့္အတြက္ ရွိေပးေနတဲ့ မိသားစုနဲ႔ ကြၽန္ေတာ့္ အဖြဲ႕သားေတြကို ေက်းဇူးတင္ပါတယ္” ဟု ေရးသားထားသည္။

ပြဲစဥ္ကို One Championship က စီစဥ္၍ ကမာၻ႔ခ်န္ပီယံ (မစ္ဒယ္ဝိတ္တန္း) ဗိုလ္လုပြဲအတြက္ လက္ရွိ ခ်န္ပီယံျဖစ္သူ နယ္သာလန္ႏိုင္ငံသား ဒီရစ္ဒါႏွင့္ ကာဂ်စၥတန္ ႏိုင္ငံသား အဘာေဆာ့ဗ္တို႔ ယွဥ္ၿပိဳင္ထိုးသတ္ သြားမည္ျဖစ္သည္။

ယင္းအျပင္ ကစ္ေဘာက္ဆာ ကမာၻ႔ခ်န္ပီယံ (လိုက္ဟဲဗီးဝိတ္တန္း) ဗိုလ္လုပြဲအတြက္ လက္ရွိ ခ်န္ပီယံ ျဖစ္သူ ယူကရိန္းႏိုင္ငံသား ႐ိုမန္ႏွင့္ စိန္ေခၚသူ နယ္သာလန္ႏိုင္ငံသား မူရတ္တို႔က ယွဥ္ၿပိဳင္ ထိုးသတ္သြားမည္ ျဖစ္သည္။

ပြဲစဥ္တြင္ ခ်န္ပီယံလုပြဲ ႏွစ္ပြဲ အပါအဝင္ တြဲဆိုင္း ၁၂ ဆိုင္း ယွဥ္ၿပိဳင္ ထိုးသတ္မည္ျဖစ္သည္။ စိန္ေခၚပြဲမ်ားတြင္ ေအာင္လအန္ဆန္ (ျမန္မာ )ႏွင့္ ဗစ္ဒက္ရွ္ (႐ုရွား)၊ ဆီမို႔စ္ (ဘရာဇီး)ႏွင့္ ဒန္နီရာယ္လ္(႐ုရွား)၊ ခရစၥေရွာ(စေကာ့တလန္) ႏွင့္ ဗယ္လယ္ဒီမာ(႐ုရွား)၊ ၊ ဂူတို(ဘရာဇီး)ႏွင့္ ဘ႐ူႏို (ေပၚတူဂီ) ၊

အန္ရီကို(ဂ်ာမနီ)ႏွင့္ အိုဇီခ်န္(တူရဂီ)၊ မာတင္(ၾသစေၾတးလ်)ႏွင့္ ဆန္ေဒးလ္(ဆြီဒင္)၊ ဒါေဆးလ္ဗား (ဘရာဇီး)ႏွင့္ ဇီဘာစတန္(ဆြီဒင္)၊ ေဖဘီစီယို(ဘရာဇီး)ႏွင့္ ေဂ်မီရီ(ဖိလစ္ပိုင္)၊ ယီဘို (တ႐ုတ္)ႏွင့္ ပါအူးေတးစ္(စပိန္)၊ ရာဟူ (အိႏၵိယ)ႏွင့္ ဇမ္ဘိုရီဂါ (ဖိလစ္ပိုင္)တို႔ ယွဥ္ၿပိဳင္ ထိုးသတ္ သြားမည္ျဖစ္သည္။

#Credit Mizzima – News in Burmese

Be the first to comment

Leave a Reply

Your email address will not be published.


*