နက်နက်ရှိုင်းရှိုင်း ချစ်တတ်ပေမယ့် အချစ်ရေးကံမကောင်းဘူးဆိုတာ ဘာလို့လဲ…

နက်နက်ရှိုင်းရှိုင်း ချစ်တတ်ပေမယ့် အချစ်ရေးကံမကောင်းဘူးဆိုတာ ဘာလို့လဲ...

နက်နက်ရှိုင်းရှိုင်း ချစ်တတ်ပေမယ့် အချစ်ရေးကံမကောင်းဘူးဆိုတာ ဘာလို့လဲ…

အရမ်းတော့ချစ်တတ်ပေမယ့် အချစ်နဲ့ပတ်သက်လာရင် ဘယ်တုန်းကမှ ကံမကောင်းခဲ့တဲ့ လူတစ်မျိုးရှိပါတယ်။ အဲ့ဒီလိုမျိုး ကိုယ့်ဘက်ကချို့ယွင်းချက်ရယ်လို့မရှိပေမယ့် ဘာကြောင့်အချစ်ရေးကံမကောင်းရတာလဲဆိုတာ သူတို့ကိုယ်တိုင်လည်း နားမလည်နိုင်သလို၊ ဒီအတွက် အဖြေလည်း မရှိခဲ့ပါဘူး။

ဒါပေမယ့် အခုတော့ အဲ့ဒီအချက်အတွက် အဖြေရှိလာပါပြီ။ သင့်အနေနဲ့ အရမ်းချစ်တတ်ပေမယ့် အချစ်ရေးကံမကောင်းခဲ့ဖူးဘူးဆိုရင် အဲ့ဒါဟာ ဒီအချက်တွေကြောင့်ဖြစ်ပါလိမ့်မယ်။ ဟုတ်၊ မဟုတ် တိုက်ကြည့်လိုက်နော်။

(၁) ပုံပြင်တွေကို ယုံနေတယ်

သင့်အနေနဲ့ နတ်သမီးပုံပြင်တွေကို ယုံကြည်နေပြီး ပုံပြင်ထဲကလို သင့်ကို လုံးဝနားလည်ပြီး အချစ်ကြီးချစ်နိုင်မယ့်သူမျိုး ရှိလိမ့်မယ်လို့ မျှော်လင့်နေတတ်တယ်။

ပုံပြင်တွေထဲကလို အခက်အခဲတွေအားလုံးကို ကျော်လွှားပြီး ပျော်ရွှင်စွာ ပေါင်းဖက်ကြလေသတည်းဆိုတဲ့ အဆုံးသတ်မျိုးကို မျှော်လင့်နေတယ်၊ ဒီလိုမျိုး စိတ်ကူးယဉ်လွန်းနေတော့ လက်တွေ့ဘဝမှာ တွေးထားသလို မဖြစ်တဲ့အခါ ကိုယ့်ကိုယ်ကို အချစ်ရေးကံမကောင်းဘူးလို့ ထင်လာပါတော့တယ်။

(၂) ဂရုစိုက်တတ်လွန်းတယ်

ကိုယ့်ချစ်သူကို ဆုံးရှုံးရမှာ ကြောက်တဲ့စိတ်နဲ့ သူ့ရဲ့အရာရာကို ဂရုတစိုက်ရှိလွန်းတာ၊ အသေးစိတ်ကအစ ဂရုစိုက်ပေးလွန်းတဲ့အခါ ကြာလာရင် သူ့ဘက်က ဒါတွေကို တန်ဖိုးမထားတော့ဘဲ သင့်အပေါ်မှာ ပစ်ပစ်ခါခါလုပ်လာပါလိမ့်မယ်။

ဒါကြောင့် အဆုံးမှာ ကိုယ့်ကိုယ်ကို အရှုံးသမားတစ်ယောက်အဖြစ် မမြင်ချင်ရင် တော်ရုံပဲ ဂရုစိုက်ပေးတတ်ဖို့ လိုပါတယ် (လုံးဝဂရုမစိုက်ဖို့ ပြောတာမဟုတ်ဘူးနော်) ။

(၃) အသေးစိတ်ခံစားနေတယ်

အချစ်ရေးဆိုတာ အဆင်ပြေတာလည်းရှိသလို၊ အဆင်မပြေတာလည်း ရှိပါတယ်။ ဒါကြောင့် အဆင်ပြေနေချိန်မှာ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းပြီး အဆင်မပြေတဲ့ အခါတွေမှာလည်း စိတ်ကိုအဆင်ပြေအောင် ကြိုးစားပြီး ဖြတ်သန်းနိုင်ဖို့ လိုပါတယ်။

ဒီလိုမဟုတ်ဘဲ အရာရာကို အသေးစိတ်ကအစ ခံစားပြီး အလေးအနက်တွေ ဖီးလ်နေရင် သေချာပေါက် အထိနာပါလိမ့်မယ်။

(၄) ကိုယ့်ချစ်သူတစ်ယောက်ကလွဲရင် ဘာကိုမှမမြင်တော့ဘူး

ကိုယ့်ချစ်သူကလွဲရင် တစ်လောကလုံး လူမထင်တတ်တဲ့ အရမ်းချစ်တတ်တဲ့ သူတွေရှိပါတယ်။ တကယ်တော့ အရမ်းချစ်တာာကို သူသိအောင် ဒီလိုနည်းနဲ့ ပြစရာမလိုပါဘူး။ ကိုယ်လုပ်နေကျအလုပ်တွေကို ပုံမှန်ပဲလုပ်ရင်း၊ ကိုယ့်အသိုင်းအဝိုင်းမှာ ပုံမှန်ပဲ လည်ပတ်ရင်းနဲ့ နေတတ်ဖို့လိုပါတယ်။

ဒီလိုမဟုတ်ဘဲ ချစ်သူတစ်ယောက်ကလွဲပြီး ဘာကိုမှမမြင်တော့ဘူးဆိုရင်တော့ ဘယ်တော့မှ အချစ်မှာရှုံးနိမ့်နေတာမဆန်းဘူးလို့ ပြောပါရစေ။

(၅) ချစ်မိတဲ့အခါ အရာအားလုံး ပေးလိုက်တယ်

လူတစ်ယောက်ကို ချစ်မိတဲ့အခါ ကိုယ့်ရဲ့အချိန်၊ ကိုယ့်ရဲ့စိတ်၊ ကိုယ့်ရဲ့ခံစားချက်၊ ကိုယ့်ရဲ့အရာရာကိုပေးဖို့ တွေးတတ်ကြပါတယ်။

ဒါကလည်း သိပ်တော့ မဟုတ်သေးပါဘူး။ ကိုယ့်ကိုယ်ကို ပျောက်ဆုံးခံပြီး တစ်ယောက်ယောက်ကို ချစ်တာက နောက်ဆုံးမှာ အချစ်ကံမကောင်းသူ ဖြစ်စေပါတယ်။

Credit: mmcelesmedia

Zawgyi

နက္နက္ရႈိင္းရႈိင္း ခ်စ္တတ္ေပမယ့္ အခ်စ္ေရးကံမေကာင္းဘူးဆိုတာ ဘာလို႔လဲ…

အရမ္းေတာ့ခ်စ္တတ္ေပမယ့္ အခ်စ္နဲ႔ပတ္သက္လာရင္ ဘယ္တုန္းကမွ ကံမေကာင္းခဲ့တဲ့ လူတစ္မ်ိဳးရွိပါတယ္။ အဲ့ဒီလိုမ်ိဳး ကိုယ့္ဘက္ကခ်ိဳ႕ယြင္းခ်က္ရယ္လို႔မရွိေပမယ့္ ဘာေၾကာင့္အခ်စ္ေရးကံမေကာင္းရတာလဲဆိုတာ သူတို႔ကိုယ္တိုင္လည္း နားမလည္ႏိုင္သလို၊ ဒီအတြက္ အေျဖလည္း မရွိခဲ့ပါဘူး။

ဒါေပမယ့္ အခုေတာ့ အဲ့ဒီအခ်က္အတြက္ အေျဖရွိလာပါၿပီ။ သင့္အေနနဲ႔ အရမ္းခ်စ္တတ္ေပမယ့္ အခ်စ္ေရးကံမေကာင္းခဲ့ဖူးဘူးဆိုရင္ အဲ့ဒါဟာ ဒီအခ်က္ေတြေၾကာင့္ျဖစ္ပါလိမ့္မယ္။ ဟုတ္၊ မဟုတ္ တိုက္ၾကည့္လိုက္ေနာ္။

(၁) ပုံျပင္ေတြကို ယုံေနတယ္

သင့္အေနနဲ႔ နတ္သမီးပုံျပင္ေတြကို ယုံၾကည္ေနၿပီး ပုံျပင္ထဲကလို သင့္ကို လုံးဝနားလည္ၿပီး အခ်စ္ႀကီးခ်စ္ႏိုင္မယ့္သူမ်ိဳး ရွိလိမ့္မယ္လို႔ ေမွ်ာ္လင့္ေနတတ္တယ္။

ပုံျပင္ေတြထဲကလို အခက္အခဲေတြအားလုံးကို ေက်ာ္လႊားၿပီး ေပ်ာ္႐ႊင္စြာ ေပါင္းဖက္ၾကေလသတည္းဆိုတဲ့ အဆုံးသတ္မ်ိဳးကို ေမွ်ာ္လင့္ေနတယ္၊ ဒီလိုမ်ိဳး စိတ္ကူးယဥ္လြန္းေနေတာ့ လက္ေတြ႕ဘဝမွာ ေတြးထားသလို မျဖစ္တဲ့အခါ ကိုယ့္ကိုယ္ကို အခ်စ္ေရးကံမေကာင္းဘူးလို႔ ထင္လာပါေတာ့တယ္။

(၂) ဂ႐ုစိုက္တတ္လြန္းတယ္

ကိုယ့္ခ်စ္သူကို ဆုံးရႈံးရမွာ ေၾကာက္တဲ့စိတ္နဲ႔ သူ႔ရဲ႕အရာရာကို ဂ႐ုတစိုက္ရွိလြန္းတာ၊ အေသးစိတ္ကအစ ဂ႐ုစိုက္ေပးလြန္းတဲ့အခါ ၾကာလာရင္ သူ႔ဘက္က ဒါေတြကို တန္ဖိုးမထားေတာ့ဘဲ သင့္အေပၚမွာ ပစ္ပစ္ခါခါလုပ္လာပါလိမ့္မယ္။

ဒါေၾကာင့္ အဆုံးမွာ ကိုယ့္ကိုယ္ကို အရႈံးသမားတစ္ေယာက္အျဖစ္ မျမင္ခ်င္ရင္ ေတာ္႐ုံပဲ ဂ႐ုစိုက္ေပးတတ္ဖို႔ လိုပါတယ္ (လုံးဝဂ႐ုမစိုက္ဖို႔ ေျပာတာမဟုတ္ဘူးေနာ္) ။

(၃) အေသးစိတ္ခံစားေနတယ္

အခ်စ္ေရးဆိုတာ အဆင္ေျပတာလည္းရွိသလို၊ အဆင္မေျပတာလည္း ရွိပါတယ္။ ဒါေၾကာင့္ အဆင္ေျပေနခ်ိန္မွာ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ျဖတ္သန္းၿပီး အဆင္မေျပတဲ့ အခါေတြမွာလည္း စိတ္ကိုအဆင္ေျပေအာင္ ႀကိဳးစားၿပီး ျဖတ္သန္းႏိုင္ဖို႔ လိုပါတယ္။

ဒီလိုမဟုတ္ဘဲ အရာရာကို အေသးစိတ္ကအစ ခံစားၿပီး အေလးအနက္ေတြ ဖီးလ္ေနရင္ ေသခ်ာေပါက္ အထိနာပါလိမ့္မယ္။

(၄) ကိုယ့္ခ်စ္သူတစ္ေယာက္ကလြဲရင္ ဘာကိုမွမျမင္ေတာ့ဘူး

ကိုယ့္ခ်စ္သူကလြဲရင္ တစ္ေလာကလုံး လူမထင္တတ္တဲ့ အရမ္းခ်စ္တတ္တဲ့ သူေတြရွိပါတယ္။ တကယ္ေတာ့ အရမ္းခ်စ္တာာကို သူသိေအာင္ ဒီလိုနည္းနဲ႔ ျပစရာမလိုပါဘူး။ ကိုယ္လုပ္ေနက်အလုပ္ေတြကို ပုံမွန္ပဲလုပ္ရင္း၊ ကိုယ့္အသိုင္းအဝိုင္းမွာ ပုံမွန္ပဲ လည္ပတ္ရင္းနဲ႔ ေနတတ္ဖို႔လိုပါတယ္။

ဒီလိုမဟုတ္ဘဲ ခ်စ္သူတစ္ေယာက္ကလြဲၿပီး ဘာကိုမွမျမင္ေတာ့ဘူးဆိုရင္ေတာ့ ဘယ္ေတာ့မွ အခ်စ္မွာရႈံးနိမ့္ေနတာမဆန္းဘူးလို႔ ေျပာပါရေစ။

(၅) ခ်စ္မိတဲ့အခါ အရာအားလုံး ေပးလိုက္တယ္

လူတစ္ေယာက္ကို ခ်စ္မိတဲ့အခါ ကိုယ့္ရဲ႕အခ်ိန္၊ ကိုယ့္ရဲ႕စိတ္၊ ကိုယ့္ရဲ႕ခံစားခ်က္၊ ကိုယ့္ရဲ႕အရာရာကိုေပးဖို႔ ေတြးတတ္ၾကပါတယ္။

ဒါကလည္း သိပ္ေတာ့ မဟုတ္ေသးပါဘူး။ ကိုယ့္ကိုယ္ကို ေပ်ာက္ဆုံးခံၿပီး တစ္ေယာက္ေယာက္ကို ခ်စ္တာက ေနာက္ဆုံးမွာ အခ်စ္ကံမေကာင္းသူ ျဖစ္ေစပါတယ္။

Credit: mmcelesmedia

Be the first to comment

Leave a Reply

Your email address will not be published.


*