ဆင်းရဲတာ မကြောက်ပါနဲ့… သူများမျက်ရည်ပါတဲ့ ထမင်းဟင်းကို စားပြီး အသက်ရှင်ရမှာကို ကြောက်ပါ
အောက်ကျ ပေးရတာကို မရှက်ပါနဲ့ ကိုယ်ရသင့်ရထိုက်တဲ့ အခွင့် အရေးတွေ ကိုယ့်မာနကြောင့် လက်လွှတ်ပေးလိုက်ရတာကို ရှက်ပါ
အထီးကျန်ရမှာကို မကြောက်ပါနဲ့ စိတ်ဓာတ်ချင်းမတူ စရိုက်ချင်း မဆီလျော်တဲ့ သူနဲ့ တဘဝလုံး ဝဋ်ခံရမှာကို ကြောက်ပါ
ကိုယ်ချစ်တဲ့သူတွေ ဆုံးရှုံးရမှာကို မကြောက်ပါနဲ့ ကိုယ်မချစ်မနှစ်သက်သော သူတွေနဲ့ တမိုးတည်း နေရမှာကို ကြောက်ပါ
ပကာသနဆိုတဲ့ ဟန်ဆောင်မှုတွေကို မမက်မောပါနဲ့ ရိုးရှင်းသော ဘဝနဲ့ အေးချမ်းတည်ငြိမ်တဲ့ ဘဝကို မက်မောပါ
ဖြစ်ချင်တာတွေ ဖြစ်မလာသေးတာကို စိတ်မပျက်ပါနဲ့ ဖြစ်နေတဲ့အရာတွေမှာ ပျော်အောင်မနေတတ် လက်မခံတတ်တာကိုဘဲ ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်ပါ
လူသားတိုင်းလိုလိုမှာ ကိုယ်ကိုင်စွဲထားတဲ့ ပေတံအရ major minor ဆိုတာရှိတယ် major နဲ့minor ကို နေရာအထားအသိုမှားရင် ပြဿနာရှိသလို major minor တွေကပဲ ဘဝတစ်ခုလုံးကို သက်ရောက်မှုဖြစ်လာတာ အမှန်တရားပါပဲ
လေးစားစွာဖြင့်
Credit ဇင်းနစ် မကွေး
Zawgyi
လေးစားစွာဖြင့်
Credit ဇင်းနစ် မကွေး

Leave a Reply