သည်းခံခွင့်လွှတ်တတ်သူတွေဟာ နုံ၊အ,တဲ့သူတွေ မဟုတ်ကြပါဘူး၊ စိတ်အင်အား ကောင်းလွန်းသူတွေပါ

သည်းခံခွင့်လွှတ်တတ်သူတွေဟာ နုံ၊အ,တဲ့သူတွေ မဟုတ်ကြပါဘူး၊ စိတ်အင်အား ကောင်းလွန်းသူတွေပါ

သည်းခံခွင့်လွှတ်တတ်သူတွေဟာ နုံ၊အ,တဲ့သူတွေ မဟုတ်ကြပါဘူး၊ စိတ်အင်အား ကောင်းလွန်းသူတွေပါ

သည်းခံခွင့်လွှတ်တယ်ဆိုတာ လွယ်ကူတဲ့ အလုပ်မဟုတ်ပါဘူး။ သာမန်လူတစ်ယောက်က အတိုင်းအတာတစ်ခုအထိတော့ သည်းခံနိုင် ခွင့်လွှတ်နိုင်ပေမယ့် ကိုယ်သည်းခံနိုင်တဲ့ အတိုင်းအတာထက် လွန်သွားရင်တော့ ခွင့်မလွှတ်နိုင်ဘဲ မုန်းသွားတတ်ကြပါတယ်။

တကယ်တော့ သည်းခံ ခွင့်လွှတ် နိုင်စွမ်း ရှိတဲ့ သူတွေဟာ နုံအတဲ့ သူတွေ မဟုတ်ကြပါဘူး၊ ဒီလို စိတ်စွမ်းအားမျိုးတွေ ပိုင်ဆိုင်တဲ့ သူတွေပါ။

ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိသူတွေ

ကိုယ့်ရဲ့အရည်အချင်းကို အပြည့်အဝ ယုံကြည်မှု ရှိတဲ့ သူတွေဟာ ကိုယ့်အပေ ါ်စီးပိုးလာတဲ့ သူတွေ၊ မကောင်းကြံတာတွေကို လုံးဝမမှုတာကြောင့် ဒါတွေကို သည်းခံနိုင်တယ်။ ဒီလိုလာလုပ်တဲ့သူတွေကိုလည်း လွယ်လွယ် ခွင့်လွှတ်ပေး လိုက်နိုင်ပါတယ်။

သတ္တိရှိသူတွေ

ခွင့်လွှတ်တယ်ဆိုတာ သတ္တိရှိခြင်းပါ။ ဘာလို့လဲဆိုတော့ ကိုယ့်အပေါ်မကောင်းတဲ့လူတွေကို မကြောက်ဘူး၊ ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် ရင်ဆိုင်နိုင်တယ်၊

ကိုယ့်အရည်အချင်းကိုပဲယုံတယ်၊ ကိုယ့်အပေါ်မကောင်းတဲ့လူတွေက ခွင့်လွှတ်ခြင်းနဲ့မထိုက်တန်ရင်တောင် ကိုယ်ကစိတ်အေးချမ်းမှုနဲ့ထိုက်တန်တယ်လို့ ယုံတယ်။ ဒါကြောင့် ခွင့်လွှတ်ခြင်းက သတ္တိရှိခြင်းလို့ ပြောတာပါ။

ကိုယ့်ကိုယ်ကိုကျေနပ်မှုရှိသူတွေ

ကိုယ်ပိုင်ဆိုင်ထားတဲ့ဘဝ၊ ကိုယ့်စိတ်ဓာတ်နဲ့အရည်အချင်းကို ကျေနပ်မှုအပြည့်အဝရှိနေတဲ့အခါ ကိုယ့်အပေါ်မကောင်းတဲ့သူတွေကို လိုက်ပြီးစိတ်မဆိုးနေတော့ပါဘူး။ ကိုယ့်ကိုယ်ကို ကျေနပ်မှုရှိခြင်းက ခွင့်လွှတ်ခြင်းကို ဖြစ်ပေါ်စေပါတယ်။

ထိန်းချုပ်နိုင်စွမ်းရှိသူတွေ

သူများတွေ ကိုယ့်အပေါ်မကောင်းတိုင်း ကိုယ်ကပြန်ပြီးမကောင်းဘူးဆိုတာ စိတ်ဓာတ်နုံချာတဲ့သူတွေအလုပ်ပါ။

စိတ်ဓာတ်အင်အားရှိတဲ့သူ၊ သဘောထားပြည့်ဝ တဲ့သူ၊ ကိုယ့်စိတ်ကို ထိန်းချုပ် နိုင်သူတွေက မကောင်းတဲ့ သူတွေနဲ့ လိုက်တုပြီး ကိုယ့်တန်ဖိုး ကျအောင် မလုပ်ပါဘူး။ သည်းခံခွင့်လွှတ်တတ်တဲ့ သူတွေဟာ အမုန်းနဲ့တုံ့ပြန်ချင်တဲ့ ကိုယ့်ရဲ့စိတ်ကို ထိန်းချုပ် နိုင်တဲ့ သူတွေပါ။

ထက်မြက်သူတွေ

သည်းခံ ခွင့်လွှတ် တတ်တဲ့ သူတွေကို လူတွေက နုံတယ်၊အ တယ်၊ အနိုင်ကျင့်လို့ရတယ်ဆိုပြီး လျှော့တွက် တတ်ကြ ပါတယ်။

တကယ်တော့ သူတို့တွေဟာ မကောင်းတဲ့ လူတွေနဲ့တုပြီး ကိုယ့်ကိုယ်ကို နိမ့်ကျအောင် မလုပ်ဖို့ အသိဉာဏ်နဲ့ထိန်းနိုင်တဲ့သူတွေ၊ ဉာဏ်ရည် ထက်မြက် သူတွေ ဖြစ်ပါတယ်။

ဒါကြောင့်လည်း သူများကိုမကောင်းကြံတဲ့သူ၊ လိုက် တိုက်ခိုက် နေသူတွေက ဘာမှဖြစ်မလာဘဲ ဒုံရင်းဒုံရင်းဖြစ်နေချိန်မှာ သည်းခံခွင့်လွှတ်ပြီး ကိုယ့်အလုပ်ကိုပဲ အကောင်းဆုံးလုပ်တဲ့သူတွေသာ အေးအေး ချမ်းချမ်းနဲ့ နောက်ဆုံးမှာ အောင်မြင်သူတွေ ဖြစ်လာတာပါ။

written by PP
credit

Zawgyi

သည္းခံခြင့္လႊတ္တတ္သူေတြဟာ ႏုံ၊အ,တဲ့သူေတြ မဟုတ္ၾကပါဘူး၊ စိတ္အင္အား ေကာင္းလြန္းသူေတြပါ

သည္းခံခြင့္လႊတ္တယ္ဆိုတာ လြယ္ကူတဲ့ အလုပ္မဟုတ္ပါဘူး။ သာမန္လူတစ္ေယာက္က အတိုင္းအတာတစ္ခုအထိေတာ့ သည္းခံႏိုင္ ခြင့္လႊတ္ႏိုင္ေပမယ့္ ကိုယ္သည္းခံႏိုင္တဲ့ အတိုင္းအတာထက္ လြန္သြားရင္ေတာ့ ခြင့္မလႊတ္ႏိုင္ဘဲ မုန္းသြားတတ္ၾကပါတယ္။

တကယ္ေတာ့ သည္းခံ ခြင့္လႊတ္ ႏိုင္စြမ္း ရွိတဲ့ သူေတြဟာ ႏုံအတဲ့ သူေတြ မဟုတ္ၾကပါဘူး၊ ဒီလို စိတ္စြမ္းအားမ်ိဳးေတြ ပိုင္ဆိုင္တဲ့ သူေတြပါ။

ကိုယ့္ကိုယ္ကိုယုံၾကည္မႈရွိသူေတြ

ကိုယ့္ရဲ႕အရည္အခ်င္းကို အျပည့္အဝ ယုံၾကည္မႈ ရွိတဲ့ သူေတြဟာ ကိုယ့္အေပ ၚစီးပိုးလာတဲ့ သူေတြ၊ မေကာင္းႀကံတာေတြကို လုံးဝမမႈတာေၾကာင့္ ဒါေတြကို သည္းခံႏိုင္တယ္။ ဒီလိုလာလုပ္တဲ့သူေတြကိုလည္း လြယ္လြယ္ ခြင့္လႊတ္ေပး လိုက္ႏိုင္ပါတယ္။

သတၱိရွိသူေတြ

ခြင့္လႊတ္တယ္ဆိုတာ သတၱိရွိျခင္းပါ။ ဘာလို႔လဲဆိုေတာ့ ကိုယ့္အေပၚမေကာင္းတဲ့လူေတြကို မေၾကာက္ဘူး၊ ဘယ္လိုအေျခအေနမ်ိဳးပဲျဖစ္ျဖစ္ ရင္ဆိုင္ႏိုင္တယ္၊

ကိုယ့္အရည္အခ်င္းကိုပဲယုံတယ္၊ ကိုယ့္အေပၚမေကာင္းတဲ့လူေတြက ခြင့္လႊတ္ျခင္းနဲ႔မထိုက္တန္ရင္ေတာင္ ကိုယ္ကစိတ္ေအးခ်မ္းမႈနဲ႔ထိုက္တန္တယ္လို႔ ယုံတယ္။ ဒါေၾကာင့္ ခြင့္လႊတ္ျခင္းက သတၱိရွိျခင္းလို႔ ေျပာတာပါ။

ကိုယ့္ကိုယ္ကိုေက်နပ္မႈရွိသူေတြ

ကိုယ္ပိုင္ဆိုင္ထားတဲ့ဘဝ၊ ကိုယ့္စိတ္ဓာတ္နဲ႔အရည္အခ်င္းကို ေက်နပ္မႈအျပည့္အဝရွိေနတဲ့အခါ ကိုယ့္အေပၚမေကာင္းတဲ့သူေတြကို လိုက္ၿပီးစိတ္မဆိုးေနေတာ့ပါဘူး။ ကိုယ့္ကိုယ္ကို ေက်နပ္မႈရွိျခင္းက ခြင့္လႊတ္ျခင္းကို ျဖစ္ေပၚေစပါတယ္။

ထိန္းခ်ဳပ္ႏိုင္စြမ္းရွိသူေတြ

သူမ်ားေတြ ကိုယ့္အေပၚမေကာင္းတိုင္း ကိုယ္ကျပန္ၿပီးမေကာင္းဘူးဆိုတာ စိတ္ဓာတ္ႏုံခ်ာတဲ့သူေတြအလုပ္ပါ။

စိတ္ဓာတ္အင္အားရွိတဲ့သူ၊ သေဘာထားျပည့္ဝ တဲ့သူ၊ ကိုယ့္စိတ္ကို ထိန္းခ်ဳပ္ ႏိုင္သူေတြက မေကာင္းတဲ့ သူေတြနဲ႔ လိုက္တုၿပီး ကိုယ့္တန္ဖိုး က်ေအာင္ မလုပ္ပါဘူး။ သည္းခံခြင့္လႊတ္တတ္တဲ့ သူေတြဟာ အမုန္းနဲ႔တုံ႔ျပန္ခ်င္တဲ့ ကိုယ့္ရဲ႕စိတ္ကို ထိန္းခ်ဳပ္ ႏိုင္တဲ့ သူေတြပါ။

ထက္ျမက္သူေတြ

သည္းခံ ခြင့္လႊတ္ တတ္တဲ့ သူေတြကို လူေတြက ႏုံတယ္၊အ တယ္၊ အႏိုင္က်င့္လို႔ရတယ္ဆိုၿပီး ေလွ်ာ့တြက္ တတ္ၾက ပါတယ္။

တကယ္ေတာ့ သူတို႔ေတြဟာ မေကာင္းတဲ့ လူေတြနဲ႔တုၿပီး ကိုယ့္ကိုယ္ကို နိမ့္က်ေအာင္ မလုပ္ဖို႔ အသိဉာဏ္နဲ႔ထိန္းႏိုင္တဲ့သူေတြ၊ ဉာဏ္ရည္ ထက္ျမက္ သူေတြ ျဖစ္ပါတယ္။

ဒါေၾကာင့္လည္း သူမ်ားကိုမေကာင္းႀကံတဲ့သူ၊ လိုက္ တိုက္ခိုက္ ေနသူေတြက ဘာမွျဖစ္မလာဘဲ ဒုံရင္းဒုံရင္းျဖစ္ေနခ်ိန္မွာ သည္းခံခြင့္လႊတ္ၿပီး ကိုယ့္အလုပ္ကိုပဲ အေကာင္းဆုံးလုပ္တဲ့သူေတြသာ ေအးေအး ခ်မ္းခ်မ္းနဲ႔ ေနာက္ဆုံးမွာ ေအာင္ျမင္သူေတြ ျဖစ္လာတာပါ။

written by PP
credit

Be the first to comment

Leave a Reply

Your email address will not be published.


*