ကေတီဗွီ မှာလုပ်တဲ့ မမတစ်ယောက်ရဲ့ မရှက်တမ်းပြောပြထားတဲ့ ရင်ဖွင့်စကားမျာ း(ရှက်တတ်သူများ မဖတ်ရ)

KTV မှာလုပ်တဲ့ မမတစ်ယောက်ရဲ့ မရှက်တမ်းပြောပြထားတဲ့ ရင်ဖွင့်စကားမျာ း(ရှက်တတ်သူများ မဖတ်ရ)

ကေတီဗွီ မှာလုပ်တဲ့ မမတစ်ယောက်ရဲ့ မရှက်တမ်းပြောပြထားတဲ့ ရင်ဖွင့်စကားမျာ း(ရှက်တတ်သူများ မဖတ်ရ)

ပုခုံးတွေခါးတွေ ဟိုပွတ်ဒီပွတ်နဲ့ ခုကျွေးမလိုတော်ကြာကျွေးမလို မာယာများရတာပေါ့နော်….။ သစ္စာမေတ္တာဆိုတာ ကေတီဗီလောကမှာမရှိဘူး/ ကေတီဗီ နွား“ဘိုးတော်ရောက်ပြီ” ဝိတ်တာလေးလာအော်တော့မှ ဘောင်းဘီတိုကောက်လဲ နူတ်ခမ်းလေး သပ်ရပ်အောင်ဆိုး ဆံပင်ကို se.xy ဖြစ်အောင်ဖွပြီး Room A7 ကိုသွားပြီ။

ဒီနေ့တော့ ဘိုးတော်တစ်ပွေတည်း ဂေါက်မရိုက်ဖြစ်လို့ စောလာတာတဲ့လေ… ဘိုးတော်က ဆရာကြီးစတိုင်နဲ့ ထိုင်နေပြီ။ အမှန်တော့ အာပလာကြီး ဖြစ်နေပြီရယ်… ဘာဖြစ်ဖြစ် ကိုယ့်ကာစတမ်မာကို အပြုံးမပျက်ရဘူးလေ… သူ့အတွက် သောက်စရာ စားစရာမှာ… ကိုယ့်အတွက် ကျွဲရိုင်းနဲ့ သီးစုံတစ်ပွဲပေါ့။

ထုံးစံအတိုင်း ဘိုးတော်က ရူးကြောင်မူးကြောင်နဲ့ လေတွေစွတ်တိုက်နေပြန်တာ အခုပဲ တိုက်ခန်းဝယ်ပေးတော့မှာလို နိူင်ငံခြားအလည်ခေါ်တော့မှာလို ကိုယ်တွေကလည်း ဒါမျိုးတွေရိုးလို့ရှင် ယုံချင်ယောင်တော့ ဆောင်ပြရတာပေါ့ရှင် စီးပွားရေးအောင်မြင်ကြောင်း ပင့်ပေးရတာပေါ့ရှင် ဘောလုံးပွဲလောင်းတာတော်ကြောင်း ဘုံမြှောက်ရတာပေါ့ရှင်

လူတိုင်းက ဒီနေရာရောက်လာရင် ဘောစိလို့ အထင်ခံရတာကို ဂုဏ်ယူကြတယ်လေ ကိုယ်တွေကတော့ သနားအောင်ဇာတ်ကွက်ဆင်ရတာပေါ့ ပထွေးနဲ့နေရတာတို့ မောင်နှမများတာတို့ အမေနေမကောင်းတာတို့ အကြွေးတင်နေတယ်တို့ ဘာတို့ ညာတို့ ကဗျာဆရာ စာရေးဆရာတွေနဲ့တွေ့ရင် ပိုပိုသာသာအိုက်တင် လုပ်ပြရသေးတယ်ရှင် ဒါမှ အပိုဆာဒါးတွေကို သူတို့ကသနားအောင် ဝါဒဖြန့်ပေးမှာ။

ဒီလိုပါပဲ အများသူငါ ကေတီဗီထုံးစံအတိုင်းပေါ ငယ်ကျွမ်းဆွေနဲ့စမယ် မူးလာရင် နဂါးနီ ပြီးရင်မြနန္ဒာနဲ့သိမ်းကြတာပေါ့ ကိုယ်တွေက မြနန္ဒာနားရောက်လာရင် ပစ်ချွဲချွဲနဲ့ အစ်ကိုကြီးခေါ် မုန့်ဖိုးတောင်းပေါ့ ဆင်ဘယ်နှစ်ကောင်ထွက်မလဲဆိုတာ အဓိကလေ များရင် တခြားကောင်မတွေကို ကြွားရဦးမှာ။

ငွေကလည်း ရှာမှဖြစ်မယ် ယောက်ျားက အလုပ်မရှိဘူး သားကို ပညာတတ်ဖြစ်စေချင်တယ် အမေလည်းရှိသေးတယ် အိမ်လခရှိသေးတယ်။ ဒီဘိုးတော်နဲ့ဆုံတော့ အဆင်ပြေပါတယ်။ လက်ဝတ်လက်စားအစုံနဲ့ ဟမ်းဆက်အမိုက်စားနဲ့ အဖတ်တင်လာတယ်။

ဇာတ်လမ်းမေးရင် ကေတီဗီထုံးစံအတိုင်းပါပဲ ချူဆီထည့်တဲ့ ဇာတ်လမ်းပါပဲ အိမ်လခမရှိဘူး မောင်လေးကျောင်းစရိတ်လိုတယ် ဘာညာပေါ့ ကျေးဇူးရှင်ကြီးပါပေါ့။ သူစားချင်တာကိုတော့ ခုကျွေးမလို တော်ကြာကျွေးမလို မာယာများရတာပေါ့နော်… သူငွေရှင်းပြီးပြန်သွားရင် ကိုယ်လည်း တခြားအခန်းကူးသွားတာပဲလေ… ပုခုံးတွေခါးတွေ ဟိုပွတ်ဒီပွတ်တွေတော့ ရူပဒါနပြုရတာပေါ့။

သစ္စာမေတ္တာဆိုတာ ကေတီဗီလောကမှာ မရှိဘူး တင်မောင်ဆန်းမင်းဝင်းဆီမှာပဲ ရှိလိမ့်မယ်။ ဒီဘိုးတော်လည်းကြွားသာကြွားနေတာ အရင်လို ရေမလျှံတော့ဘူးရှင့် ရွှေငါးလောက်စီးတာတော့ ဒီခေတ်မှာ စာမဖွဲ့တော့ဘူးလေ အလုပ်ထဲ ငွေကွာလို့ ပြဿနာတက်တယ်ကြားတယ်။

ဘောလုံးပွဲတွေရှုံးတယ်ကြားတယ်။ ဘိုးတော်သားနဲ့ ကိုယ်တွေသားက ကျောင်းမှာအတန်းတူတယ်။ ဘိုးတော်သားက တစ်နေ့မုန့်ဖိုးငါးရာရတယ်။ ကိုယ်တွေသားကို အောက်ကျမှာစိုးလို့ မုန့်ဖိုးတစ်နေ့ထောင့်ငါးရာပေးတယ်။

နောက်လဆို အခုကေတီဗီပိုင်ရှင်က နောက်တစ်ဆိုင်ထပ်ဖွင့်တော့မှာ ကိုယ်တွေ ဆိုင်သစ်ကို ပြောင်းမှာ… ဘိုးတော်ကိုတော့ အကွက်ရွှေ့ရမှာပေါ့ရှင် အကွက်ရွှေ့တာ လွယ်ပါတယ်… သူ့မိန်းမနဲ့ အတူရှိချိန်မှန်းပြီး လေးငါးခါ ကြူလိုက်ရုံပဲ… ကိုယ်လည်း ထိုက်သလောက်ရပြီးပြီဆိုတော့ သူတို့လင်မယား သတ်ကြပါလေ့စေလေ…

ကိုယ်တွေက လန်ခရူူဆာနဲ့ အမှန်အကန် စပွန်ဆာတစ်ယောက် ကြို ချဉ်းထားပြီးပြီ။ ခုဘိုးတော်က ချီးထုပ်ဖြစ်နေပြီလေ… အဲလိုဘိုးတော်မျိုးကို ကိုယ်တွေက ကွယ်ရာမှာ နွားလို့ခေါ်တယ်။ ကေတီဗီက ဆော်ဆိုတာ ကိုယ့်မိသားစုမျက်နှာကလွဲရင် ဘာမှစောက်ဂရုမစိုက်တာ ဒီလောကရဲ့စည်းမျဉ်းပါရှင်။
Credit

Zawgyi

ေကတီဗြီ မွာလုပ္တဲ့ မမတစ္ေယာက္ရဲ႕ မရွက္တမ္းေျပာျပထားတဲ့ ရင္ဖြင့္စကားမ်ာ း(ရွက္တတ္သူမ်ား မဖတ္ရ)

ပုခုံးေတြခါးေတြ ဟိုပြတ္ဒီပြတ္နဲ႔ ခုေကြၽးမလိုေတာ္ၾကာေကြၽးမလို မာယာမ်ားရတာေပါ့ေနာ္….။ သစၥာေမတၱာဆိုတာ ေကတီဗီေလာကမွာမရွိဘူး/ ေကတီဗီ ႏြား“ဘိုးေတာ္ေရာက္ၿပီ” ဝိတ္တာေလးလာေအာ္ေတာ့မွ ေဘာင္းဘီတိုေကာက္လဲ ႏူတ္ခမ္းေလး သပ္ရပ္ေအာင္ဆိုး ဆံပင္ကို se.xy ျဖစ္ေအာင္ဖြၿပီး Room A7 ကိုသြားၿပီ။

ဒီေန႔ေတာ့ ဘိုးေတာ္တစ္ေပြတည္း ေဂါက္မ႐ိုက္ျဖစ္လို႔ ေစာလာတာတဲ့ေလ… ဘိုးေတာ္က ဆရာႀကီးစတိုင္နဲ႔ ထိုင္ေနၿပီ။ အမွန္ေတာ့ အာပလာႀကီး ျဖစ္ေနၿပီရယ္… ဘာျဖစ္ျဖစ္ ကိုယ့္ကာစတမ္မာကို အၿပဳံးမပ်က္ရဘူးေလ… သူ႔အတြက္ ေသာက္စရာ စားစရာမွာ… ကိုယ့္အတြက္ ကြၽဲ႐ိုင္းနဲ႔ သီးစုံတစ္ပြဲေပါ့။

ထုံးစံအတိုင္း ဘိုးေတာ္က ႐ူးေၾကာင္မူးေၾကာင္နဲ႔ ေလေတြစြတ္တိုက္ေနျပန္တာ အခုပဲ တိုက္ခန္းဝယ္ေပးေတာ့မွာလို ႏိူင္ငံျခားအလည္ေခၚေတာ့မွာလို ကိုယ္ေတြကလည္း ဒါမ်ိဳးေတြ႐ိုးလို႔ရွင္ ယုံခ်င္ေယာင္ေတာ့ ေဆာင္ျပရတာေပါ့ရွင္ စီးပြားေရးေအာင္ျမင္ေၾကာင္း ပင့္ေပးရတာေပါ့ရွင္ ေဘာလုံးပြဲေလာင္းတာေတာ္ေၾကာင္း ဘုံေျမႇာက္ရတာေပါ့ရွင္

လူတိုင္းက ဒီေနရာေရာက္လာရင္ ေဘာစိလို႔ အထင္ခံရတာကို ဂုဏ္ယူၾကတယ္ေလ ကိုယ္ေတြကေတာ့ သနားေအာင္ဇာတ္ကြက္ဆင္ရတာေပါ့ ပေထြးနဲ႔ေနရတာတို႔ ေမာင္ႏွမမ်ားတာတို႔ အေမေနမေကာင္းတာတို႔ အေႂကြးတင္ေနတယ္တို႔ ဘာတို႔ ညာတို႔ ကဗ်ာဆရာ စာေရးဆရာေတြနဲ႔ေတြ႕ရင္ ပိုပိုသာသာအိုက္တင္ လုပ္ျပရေသးတယ္ရွင္ ဒါမွ အပိုဆာဒါးေတြကို သူတို႔ကသနားေအာင္ ဝါဒျဖန႔္ေပးမွာ။

ဒီလိုပါပဲ အမ်ားသူငါ ေကတီဗီထုံးစံအတိုင္းေပါ ငယ္ကြၽမ္းေဆြနဲ႔စမယ္ မူးလာရင္ နဂါးနီ ၿပီးရင္ျမနႏၵာနဲ႔သိမ္းၾကတာေပါ့ ကိုယ္ေတြက ျမနႏၵာနားေရာက္လာရင္ ပစ္ခြၽဲခြၽဲနဲ႔ အစ္ကိုႀကီးေခၚ မုန႔္ဖိုးေတာင္းေပါ့ ဆင္ဘယ္ႏွစ္ေကာင္ထြက္မလဲဆိုတာ အဓိကေလ မ်ားရင္ တျခားေကာင္မေတြကို ႂကြားရဦးမွာ။

ေငြကလည္း ရွာမွျဖစ္မယ္ ေယာက္်ားက အလုပ္မရွိဘူး သားကို ပညာတတ္ျဖစ္ေစခ်င္တယ္ အေမလည္းရွိေသးတယ္ အိမ္လခရွိေသးတယ္။ ဒီဘိုးေတာ္နဲ႔ဆုံေတာ့ အဆင္ေျပပါတယ္။ လက္ဝတ္လက္စားအစုံနဲ႔ ဟမ္းဆက္အမိုက္စားနဲ႔ အဖတ္တင္လာတယ္။

ဇာတ္လမ္းေမးရင္ ေကတီဗီထုံးစံအတိုင္းပါပဲ ခ်ဴဆီထည့္တဲ့ ဇာတ္လမ္းပါပဲ အိမ္လခမရွိဘူး ေမာင္ေလးေက်ာင္းစရိတ္လိုတယ္ ဘာညာေပါ့ ေက်းဇူးရွင္ႀကီးပါေပါ့။ သူစားခ်င္တာကိုေတာ့ ခုေကြၽးမလို ေတာ္ၾကာေကြၽးမလို မာယာမ်ားရတာေပါ့ေနာ္… သူေငြရွင္းၿပီးျပန္သြားရင္ ကိုယ္လည္း တျခားအခန္းကူးသြားတာပဲေလ… ပုခုံးေတြခါးေတြ ဟိုပြတ္ဒီပြတ္ေတြေတာ့ ႐ူပဒါနျပဳရတာေပါ့။

သစၥာေမတၱာဆိုတာ ေကတီဗီေလာကမွာ မရွိဘူး တင္ေမာင္ဆန္းမင္းဝင္းဆီမွာပဲ ရွိလိမ့္မယ္။ ဒီဘိုးေတာ္လည္းႂကြားသာႂကြားေနတာ အရင္လို ေရမလွ်ံေတာ့ဘူးရွင့္ ေ႐ႊငါးေလာက္စီးတာေတာ့ ဒီေခတ္မွာ စာမဖြဲ႕ေတာ့ဘူးေလ အလုပ္ထဲ ေငြကြာလို႔ ျပႆနာတက္တယ္ၾကားတယ္။

ေဘာလုံးပြဲေတြရႈံးတယ္ၾကားတယ္။ ဘိုးေတာ္သားနဲ႔ ကိုယ္ေတြသားက ေက်ာင္းမွာအတန္းတူတယ္။ ဘိုးေတာ္သားက တစ္ေန႔မုန႔္ဖိုးငါးရာရတယ္။ ကိုယ္ေတြသားကို ေအာက္က်မွာစိုးလို႔ မုန႔္ဖိုးတစ္ေန႔ေထာင့္ငါးရာေပးတယ္။

ေနာက္လဆို အခုေကတီဗီပိုင္ရွင္က ေနာက္တစ္ဆိုင္ထပ္ဖြင့္ေတာ့မွာ ကိုယ္ေတြ ဆိုင္သစ္ကို ေျပာင္းမွာ… ဘိုးေတာ္ကိုေတာ့ အကြက္ေ႐ႊ႕ရမွာေပါ့ရွင္ အကြက္ေ႐ႊ႕တာ လြယ္ပါတယ္… သူ႔မိန္းမနဲ႔ အတူရွိခ်ိန္မွန္းၿပီး ေလးငါးခါ ၾကဴလိုက္႐ုံပဲ… ကိုယ္လည္း ထိုက္သေလာက္ရၿပီးၿပီဆိုေတာ့ သူတို႔လင္မယား သတ္ၾကပါေလ့ေစေလ…

ကိုယ္ေတြက လန္ခ႐ူူဆာနဲ႔ အမွန္အကန္ စပြန္ဆာတစ္ေယာက္ ႀကိဳ ခ်ဥ္းထားၿပီးၿပီ။ ခုဘိုးေတာ္က ခ်ီးထုပ္ျဖစ္ေနၿပီေလ… အဲလိုဘိုးေတာ္မ်ိဳးကို ကိုယ္ေတြက ကြယ္ရာမွာ ႏြားလို႔ေခၚတယ္။ ေကတီဗီက ေဆာ္ဆိုတာ ကိုယ့္မိသားစုမ်က္ႏွာကလြဲရင္ ဘာမွေစာက္ဂ႐ုမစိုက္တာ ဒီေလာကရဲ႕စည္းမ်ဥ္းပါရွင္။
Credit

Be the first to comment

Leave a Reply

Your email address will not be published.


*