နှုတ်ခမ်းမဲတာကို သဘာဝအတိုင်း ပြန်လည်စိုပြေစေဖို့ ပြုလုပ်နိုင်တဲ့နည်းလမ်းများ

နှုတ်ခမ်းမဲတာကို သဘာဝအတိုင်း ပြန်လည်စိုပြေစေဖို့ ပြုလုပ်နိုင်တဲ့နည်းလမ်းများ

နှုတ်ခမ်းမဲတာကို သဘာဝအတိုင်း ပြန်လည်စိုပြေစေဖို့ ပြုလုပ်နိုင်တဲ့နည်းလမ်းများ

အချို့တွေက မွေးရာပါနှုတ်ခမ်းညိုတတ်တဲ့ သူတွေရှိသလို နေလောင်ဒဏ်၊ ဆေးလိပ်သောက်ခြင်း၊ အစိုဓာတ်ခမ်းခြောက်ခြင်းနဲ့ ဓာတ်မတည့်မှုတွေကြောင့် တဖြည်းဖြည်းမဲလာတတ်တဲ့ သူတွေလည်းရှိပါတယ်။

နှုတ်ခမ်းမဲတာကို ပြန်လည်သက်သာချင်သူတွေအနေနဲ့ ကိုယ့်နှုတ်ခမ်းသား သဘာဝအတိုင်း ပြန်လည်စိုပြေလာဖို့ အိမ်မှာ အလွယ်တကူ ထိန်းသိမ်းနိုင်တဲ့ နည်းလမ်းတွေကို ပြုလုပ်ပေးနိုင်ပါတယ်။

ဒါကြောင့် ဒီတစ်ခေါက်မှာ နှုတ်ခမ်းမဲနေသူတွေအတွက် စိုပြေပြီး ပန်းရောင်သန်းတဲ့ နှုတ်ခမ်းသားပိုင်ဆိုင်ဖို့ ပြုလုပ်နိုင်တဲ့ သဘာဝနည်းလမ်းတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အုန်းဆီ

အုန္းဆီ

အုန်းဆီမှာအစိုဓာတ်ရစေတဲ့ အာနိသင်များစွာ ပါဝင်တာကြောင့် နှုတ်ခမ်းခြောက်သွေ့ခြင်းကို ဖယ်ရှားပေးပြီး နူးညံ့စိုပြေစေပါတယ်။

ဒါကြောင့် အရောအနှောကင်းတဲ့ အုန်းဆီအစစ် အနည်းငယ်ကို သင့်နှုတ်ခမ်းပေါ် လိမ်းပေးပါ။ တစ်နေ့နှစ်ကြိမ်ပုံမှန် လိမ်းထားနိုင်ပါတယ်။

၂။ သံပရိုရည်နဲ့ ပျားရည်

သံပ႐ိုရည္နဲ႔ ပ်ားရည္

သံပရိုရည်နဲ့ပျားရည် တစ်ဇွန်းစီကိုရောပြီး နှုတ်ခမ်းပေါ်မှာလိမ်းပေးနိုင်ပါတယ်။ ၁၅ မိနစ်မှ မိနစ် ၂၀ အထိထားပြီးနောက်ပြန်လည်ရေဆေးပေးပါ။ ဒီနည်းက နှုတ်ခမ်းသားကို လင်းစေပြီး စိုပြေလာစေပါတယ်။

ဒါပေမယ့် တစ်ခါတစ်ရံမှာ သံပရိုရည်က အရေပြားစပ်တာ၊ အသားပါးတွေဖြစ်တတ်တာကြောင့် တစ်ပတ်မှာ နှစ်ခါထက်ပိုမပြုလုပ်ဖို့ အကြံပြုချင်ပါတယ်။

၃။ Aloe Vera

Aloe Vera

Aloe Vera ကညိုမဲနေရာတွေကို အရောင်ကျစေပြီး ရေဓာတ်ဖြည့်ပေးနိုင်ပါတယ်။ Aloe Gel ကိုသင့်နှုတ်ခမ်းမှာ ခပ်ပါးပါးလိမ်းပေးပြီး မိနစ်အနည်းငယ်အကြာမှာ ရေနဲ့ပြန်ပွတ်ပေးပါ။ တစ်နေ့နှစ်ကြိမ်ခန့်ပြုလုပ်ပေးနိုင်ပါတယ်။

၄။ သခွားသီး

သခြားသီး

သခွားသီးမှာ အသားအရေကိုအေးမြစေပြီး အရေပြားညိုမဲခြင်းကိုသက်သာစေတဲ့ Antioxidant တွေပါဝင်ပါတယ်။ ခပ်သေးသေးတုံးထားတဲ့ သခွားသီးစိပ်အနည်းငယ်ကို အရည်ထွက်လာအောင် ကြိတ်ပေးပါ။

ရလာတဲ့ အရည်ကိုသင့်နှုတ်ခမ်းမှာ ၁၅မိနစ်၊ မိနစ် ၂၀ခန့်လိမ်းထားနိုင်ပါတယ်။ ဒီနည်းကိုလည်း တစ်နေ့နှစ်ကြိမ်ခန့်ပြုလုပ်ပေးဖို့လိုပါတယ်။

၅။ နနွင်းမှုန့်

နႏြင္းမႈန႔္

နနွင်းမှုန့် တစ်ဇွန်းစာကိုရေအနည်းငယ်ရောပြီး အနှစ်ဖြစ်တဲ့အထိမွှေပေးပါ။ ပြီးနောက် သင့်နှုတ်ခမ်းမှာ ခပ်ပါးပါးလိမ်းပေးနိုင်ပါတယ်။ ခြောက်သွားတဲ့အခါ ရေနဲ့ပွတ်ဆေးပေးပါ။

နှုတ်ခမ်းသားကို ပြန်လည်တောက်ပစေပြီး နှုတ်ခမ်းမဲခြင်းကိုသက်သာစေနိုင်တာကြောင့် တစ်ပတ်သုံးကြိမ်ခန့်ပြုလုပ်နိုင်ပါတယ်နော်။

၆။ နှမ်းဆီ

ႏွမ္းဆီ

နှမ်းဆီကလည်း မဲနေတဲ့နှုတ်ခမ်းအရေပြားကို ပြန်လည်လင်းလာစေတာကြောင့် နှမ်းဆီအနည်းငယ်ကို နှုတ်ခမ်းမှာ တစ်နေ့နှစ်ကြိမ်အထိလိမ်းပေးနိုင်ပါတယ်။

၇။ သလဲသီး

သလဲသီး

သလဲသီးကလည်း အသားအရေကိုပိုလင်းလာစေတာကြောင့် သလဲသီးစေ့အချို့ကိုချေပြီး ရလာတဲ့အနှစ်ကို နှုတ်ခမ်းမှာခြောက်တဲ့အထိလိမ်းပေးထားပေးပါ။ ပြီးနောက်ရေနဲ့ပြန်လည်သန့်စင်ပေးရပါမယ်။ ဒီနည်းကို တစ်ပတ်နှစ်ကြိမ်ခန့်ပြုလုပ်ပေးနိုင်ပါတယ်။

တစ်ခါတစ်ရံ သလဲသီးက အရေပြားယားယံခြင်းတွေ ဖြစ်တတ်တာကြောင့် Sensitive Skin ရှိသူတွေအနေနဲ့ တည့်မတည့်စမ်းကြည့်ပြီးမှ အသုံးပြုသင့်ပါတယ်။

Credit

Zawgyi

ႏႈတ္ခမ္းမဲတာကို သဘာဝအတိုင္း ျပန္လည္စိုေျပေစဖို႔ ျပဳလုပ္ႏိုင္တဲ့နည္းလမ္းမ်ား

အခ်ိဳ႕ေတြက ေမြးရာပါႏႈတ္ခမ္းညိဳတတ္တဲ့ သူေတြရွိသလို ေနေလာင္ဒဏ္၊ ေဆးလိပ္ေသာက္ျခင္း၊ အစိုဓာတ္ခမ္းေျခာက္ျခင္းနဲ႔ ဓာတ္မတည့္မႈေတြေၾကာင့္ တျဖည္းျဖည္းမဲလာတတ္တဲ့ သူေတြလည္းရွိပါတယ္။

ႏႈတ္ခမ္းမဲတာကို ျပန္လည္သက္သာခ်င္သူေတြအေနနဲ႔ ကိုယ့္ႏႈတ္ခမ္းသား သဘာဝအတိုင္း ျပန္လည္စိုေျပလာဖို႔ အိမ္မွာ အလြယ္တကူ ထိန္းသိမ္းႏိုင္တဲ့ နည္းလမ္းေတြကို ျပဳလုပ္ေပးႏိုင္ပါတယ္။

ဒါေၾကာင့္ ဒီတစ္ေခါက္မွာ ႏႈတ္ခမ္းမဲေနသူေတြအတြက္ စိုေျပၿပီး ပန္းေရာင္သန္းတဲ့ ႏႈတ္ခမ္းသားပိုင္ဆိုင္ဖို႔ ျပဳလုပ္ႏိုင္တဲ့ သဘာဝနည္းလမ္းေတြအေၾကာင္းကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ အုန္းဆီ

အုန္းဆီမွာအစိုဓာတ္ရေစတဲ့ အာနိသင္မ်ားစြာ ပါဝင္တာေၾကာင့္ ႏႈတ္ခမ္းေျခာက္ေသြ႕ျခင္းကို ဖယ္ရွားေပးၿပီး ႏူးညံ့စိုေျပေစပါတယ္။

ဒါေၾကာင့္ အေရာအေႏွာကင္းတဲ့ အုန္းဆီအစစ္ အနည္းငယ္ကို သင့္ႏႈတ္ခမ္းေပၚ လိမ္းေပးပါ။ တစ္ေန႔ႏွစ္ႀကိမ္ပုံမွန္ လိမ္းထားႏိုင္ပါတယ္။

၂။ သံပ႐ိုရည္နဲ႔ ပ်ားရည္

သံပ႐ိုရည္နဲ႔ပ်ားရည္ တစ္ဇြန္းစီကိုေရာၿပီး ႏႈတ္ခမ္းေပၚမွာလိမ္းေပးႏိုင္ပါတယ္။ ၁၅ မိနစ္မွ မိနစ္ ၂၀ အထိထားၿပီးေနာက္ျပန္လည္ေရေဆးေပးပါ။ ဒီနည္းက ႏႈတ္ခမ္းသားကို လင္းေစၿပီး စိုေျပလာေစပါတယ္။

ဒါေပမယ့္ တစ္ခါတစ္ရံမွာ သံပ႐ိုရည္က အေရျပားစပ္တာ၊ အသားပါးေတြျဖစ္တတ္တာေၾကာင့္ တစ္ပတ္မွာ ႏွစ္ခါထက္ပိုမျပဳလုပ္ဖို႔ အႀကံျပဳခ်င္ပါတယ္။

၃။ Aloe Vera

Aloe Vera ကညိဳမဲေနရာေတြကို အေရာင္က်ေစၿပီး ေရဓာတ္ျဖည့္ေပးႏိုင္ပါတယ္။ Aloe Gel ကိုသင့္ႏႈတ္ခမ္းမွာ ခပ္ပါးပါးလိမ္းေပးၿပီး မိနစ္အနည္းငယ္အၾကာမွာ ေရနဲ႔ျပန္ပြတ္ေပးပါ။ တစ္ေန႔ႏွစ္ႀကိမ္ခန႔္ျပဳလုပ္ေပးႏိုင္ပါတယ္။

၄။ သခြားသီး

သခြားသီးမွာ အသားအေရကိုေအးျမေစၿပီး အေရျပားညိဳမဲျခင္းကိုသက္သာေစတဲ့ Antioxidant ေတြပါဝင္ပါတယ္။ ခပ္ေသးေသးတုံးထားတဲ့ သခြားသီးစိပ္အနည္းငယ္ကို အရည္ထြက္လာေအာင္ ႀကိတ္ေပးပါ။

ရလာတဲ့ အရည္ကိုသင့္ႏႈတ္ခမ္းမွာ ၁၅မိနစ္၊ မိနစ္ ၂၀ခန႔္လိမ္းထားႏိုင္ပါတယ္။ ဒီနည္းကိုလည္း တစ္ေန႔ႏွစ္ႀကိမ္ခန႔္ျပဳလုပ္ေပးဖို႔လိုပါတယ္။

၅။ နႏြင္းမႈန႔္

နႏြင္းမႈန႔္ တစ္ဇြန္းစာကိုေရအနည္းငယ္ေရာၿပီး အႏွစ္ျဖစ္တဲ့အထိေမႊေပးပါ။ ၿပီးေနာက္ သင့္ႏႈတ္ခမ္းမွာ ခပ္ပါးပါးလိမ္းေပးႏိုင္ပါတယ္။ ေျခာက္သြားတဲ့အခါ ေရနဲ႔ပြတ္ေဆးေပးပါ။

ႏႈတ္ခမ္းသားကို ျပန္လည္ေတာက္ပေစၿပီး ႏႈတ္ခမ္းမဲျခင္းကိုသက္သာေစႏိုင္တာေၾကာင့္ တစ္ပတ္သုံးႀကိမ္ခန႔္ျပဳလုပ္ႏိုင္ပါတယ္ေနာ္။

၆။ ႏွမ္းဆီ

ႏွမ္းဆီကလည္း မဲေနတဲ့ႏႈတ္ခမ္းအေရျပားကို ျပန္လည္လင္းလာေစတာေၾကာင့္ ႏွမ္းဆီအနည္းငယ္ကို ႏႈတ္ခမ္းမွာ တစ္ေန႔ႏွစ္ႀကိမ္အထိလိမ္းေပးႏိုင္ပါတယ္။

၇။ သလဲသီး

သလဲသီးကလည္း အသားအေရကိုပိုလင္းလာေစတာေၾကာင့္ သလဲသီးေစ့အခ်ိဳ႕ကိုေခ်ၿပီး ရလာတဲ့အႏွစ္ကို ႏႈတ္ခမ္းမွာေျခာက္တဲ့အထိလိမ္းေပးထားေပးပါ။ ၿပီးေနာက္ေရနဲ႔ျပန္လည္သန႔္စင္ေပးရပါမယ္။ ဒီနည္းကို တစ္ပတ္ႏွစ္ႀကိမ္ခန႔္ျပဳလုပ္ေပးႏိုင္ပါတယ္။

တစ္ခါတစ္ရံ သလဲသီးက အေရျပားယားယံျခင္းေတြ ျဖစ္တတ္တာေၾကာင့္ Sensitive Skin ရွိသူေတြအေနနဲ႔ တည့္မတည့္စမ္းၾကည့္ၿပီးမွ အသုံးျပဳသင့္ပါတယ္။

Credit

Be the first to comment

Leave a Reply

Your email address will not be published.


*