အလုပ်ကြိုးစားတိုင်းလည်း မချမ်းသာနိုင်ပါဘူး… ရွေးချယ်မှုမှန်ကန်လာအောင် ဘယ်လိုတွေ လုပ်ရမလဲ၊

အလုပ်ကြိုးစားတိုင်းလည်း မချမ်းသာနိုင်ပါဘူး

အလုပ်ကြိုးစားတိုင်းလည်း မချမ်းသာနိုင်ပါဘူး

တစ်ခါက အဘိုးကြီးတစ်ယောက်ဟာ စိတ်ညစ်နေတဲ့ လူငယ်တစ်ယောက်ကို တွေ့တော့ မေးလိုက်ပါတယ်။သားငယ်လေး မင်းဘာတွေ တွေးပြီး စိတ်ညစ်နေတာလဲကွ။ အဘိုးကြီးက ဘေးမှာဝင်ထိုင်ရင်း မေးလိုက်တယ်။

ကျွန်နော်ဗျာ အခုထိ မချမ်းသာနိုင်သေးလို့ ကိုယ့်ကိုကိုယ် စိတ်ပျက်နေတာ။ ဘိုးကြီးက မျက်လုံးပြူးသွားကာ “ဟေ မင်းက ချမ်းသာချင်လို့လား ” လူငယ်က ကသိကအောက်ဖြစ်သွားကာ“ဦးလေးကလဲဗျာ မချမ်းသာချင်တဲ့သူ ဘယ်သူရှိလို့တုန်း လူတိုင်း ချမ်းသာချင်ကြတာပဲဗျ”

အေးပါ ဟုတ်ပါပီ။ ဒါနဲ့ မင်းချမ်းသာချင်တော့ အခုဘာတွေ လုပ်နေတုန်း။ ကျွန်နော် အခု Company တစ်ခုမှဝန်ထမ်းလုပ်နေတာ ၁၀ နှစ်ကျော်ပီ။

အလုပ်လဲ ကြိုးစားတာပဲဗျာ၊ ခုထိ မချမ်းသာသေးဘူး အဘိုးကြီးက တစ်ချက်ပြုံးသွားကာ “မင်းအခု ဘယ်သူ့အတွက် အလုပ်လုပ်နေတာလဲ ” Company မှာ လုပ်တာဆိုတော့ Company တိုးတက်ဖို့အတွက်ပေါ့ဗျ။

မင်းက မင်းအတွက် လုပ်တာမှ မဟုတ်တာ မင်း Company အတွက် လုပ်တာပဲဟာ မင်းချမ်းသာမလား Company ပဲ ချမ်းသာသွားမလား ၊ ဒါနဲ့ နေပါအုံး မင်းတစ်နာရီ ဘယ်လောက်နဲ့ အလုပ်လုပ်နေတုန်း “ကျွန်နော် တစ်နာရီ 1500 ရတယ်” ဒါဆို မင်းတစ်နေ့မှာ ဘယ်နှနာရီ အလုပ်လုပ်တုန်းကွာ “10 နာရီလောက် အလုပ်လုပ်ပါတယ်”

ဟုတ်ပီ အဲ့တာဆိုရင် မင်းတစ်ရက် 30000 ရချင်ရင် နာရီ 20 အလုပ်လုပ်မှာလား? လူငယ်က အဖိုးကြီးပြောလိုက်တာကို စဉ်းစားသွားရင်း အဖိုးကြီးက ဆက်ပြောတယ်။” မင်း နာရီ 20 အလုပ်လုပ်လို့ ရတဲ့ ဝင်ငွေ အတိုင်းအတာကို တချို့လူတွေက 1 နာရီထဲနဲ့ ရနေကြတာကော မင်းဘာလို့လဲ မစဉ်းစားမိဘူးလား”

“အလုပ်လုပ်နေရုံ၊ အလုပ် ကြိုးစားနေရုံနဲ့ မချမ်းသာ လာနိုင်ဘူးကလေး ရွေးချယ်မှု မှန်ကန်ဖို့၊ အသိဉာဏ်ရှိဖို့၊ နည်းစနစ်ကျဖို့တွေ လိုတယ်”။ အဖိုးကြီးပြောပုံအတိုင်းဆိုရင် ကျွန်တော်တို့ အလုပ်ကြိုးစားလုပ်နေရုံနဲ့ မရပါဘူး

ရွေးချယ်မှုမှန်ကန်လာအောင် ဘယ်လိုတွေ လုပ်ရမလဲ၊ ချမ်းသာလာအောင် ဘယ်လိုအသိဉာဏ်တွေ ရှိဖို့လိုအပ်မလဲ၊ နည်းစနစ်ကျစွာ ဘယ်လိုတွေ အကောင်ထည်ဖော် ငွေရှာကြမလဲ ဆိုတာတွေ လိုအပ်လာပါတယ်။

ဒါ့ကြောင့် အလုပ်ကြီးပဲ ဖိလုပ်၊ ကြိုးစား ငွေရှာနေကြမယ့်အစား ဘယ်လိုတွေ လုပ်သင့်တယ်၊ ဘယ်လိုတွေက ပိုပီး အခွင့်လမ်းတွေ ရှိမယ်လို့ ရွေးချယ် ဆုံးဖြတ်ဖို့တွေ လိုအပ်နေတယ်ဆိုတာ ငြင်းစရာတောင် မလိုပါဘူး။

ဒါ့ကြောင့် သင်ဘာတွေ ဆက်လုပ်သင့်တယ်၊ ဘာတွေဆက်လုပ်ရမယ် ဆိုတာကို အရင်ဆုံးရှာဖွေပီး ရွေးချယ်မှု မှန်ကန်ကြပါစေလို့ ဆန္ဒပြုရင်း . . .

Credit: Lwin Pyin Cele News

Zawgyi

အလုပ္ႀကိဳးစားတိုင္းလည္း မခ်မ္းသာႏိုင္ပါဘူး

တစ္ခါက အဘိုးႀကီးတစ္ေယာက္ဟာ စိတ္ညစ္ေနတဲ့ လူငယ္တစ္ေယာက္ကို ေတြ႕ေတာ့ ေမးလိုက္ပါတယ္။သားငယ္ေလး မင္းဘာေတြ ေတြးၿပီး စိတ္ညစ္ေနတာလဲကြ။ အဘိုးႀကီးက ေဘးမွာဝင္ထိုင္ရင္း ေမးလိုက္တယ္။

ကြၽန္ေနာ္ဗ်ာ အခုထိ မခ်မ္းသာႏိုင္ေသးလို႔ ကိုယ့္ကိုကိုယ္ စိတ္ပ်က္ေနတာ။ ဘိုးႀကီးက မ်က္လုံးျပဴးသြားကာ “ေဟ မင္းက ခ်မ္းသာခ်င္လို႔လား ” လူငယ္က ကသိကေအာက္ျဖစ္သြားကာ“ဦးေလးကလဲဗ်ာ မခ်မ္းသာခ်င္တဲ့သူ ဘယ္သူရွိလို႔တုန္း လူတိုင္း ခ်မ္းသာခ်င္ၾကတာပဲဗ်”

ေအးပါ ဟုတ္ပါပီ။ ဒါနဲ႔ မင္းခ်မ္းသာခ်င္ေတာ့ အခုဘာေတြ လုပ္ေနတုန္း။ ကြၽန္ေနာ္ အခု Company တစ္ခုမွဝန္ထမ္းလုပ္ေနတာ ၁၀ ႏွစ္ေက်ာ္ပီ။

အလုပ္လဲ ႀကိဳးစားတာပဲဗ်ာ၊ ခုထိ မခ်မ္းသာေသးဘူး အဘိုးႀကီးက တစ္ခ်က္ၿပဳံးသြားကာ “မင္းအခု ဘယ္သူ႔အတြက္ အလုပ္လုပ္ေနတာလဲ ” Company မွာ လုပ္တာဆိုေတာ့ Company တိုးတက္ဖို႔အတြက္ေပါ့ဗ်။

မင္းက မင္းအတြက္ လုပ္တာမွ မဟုတ္တာ မင္း Company အတြက္ လုပ္တာပဲဟာ မင္းခ်မ္းသာမလား Company ပဲ ခ်မ္းသာသြားမလား ၊ ဒါနဲ႔ ေနပါအုံး မင္းတစ္နာရီ ဘယ္ေလာက္နဲ႔ အလုပ္လုပ္ေနတုန္း “ကြၽန္ေနာ္ တစ္နာရီ 1500 ရတယ္” ဒါဆို မင္းတစ္ေန႔မွာ ဘယ္ႏွနာရီ အလုပ္လုပ္တုန္းကြာ “10 နာရီေလာက္ အလုပ္လုပ္ပါတယ္”

ဟုတ္ပီ အဲ့တာဆိုရင္ မင္းတစ္ရက္ 30000 ရခ်င္ရင္ နာရီ 20 အလုပ္လုပ္မွာလား? လူငယ္က အဖိုးႀကီးေျပာလိုက္တာကို စဥ္းစားသြားရင္း အဖိုးႀကီးက ဆက္ေျပာတယ္။” မင္း နာရီ 20 အလုပ္လုပ္လို႔ ရတဲ့ ဝင္ေငြ အတိုင္းအတာကို တခ်ိဳ႕လူေတြက 1 နာရီထဲနဲ႔ ရေနၾကတာေကာ မင္းဘာလို႔လဲ မစဥ္းစားမိဘူးလား”

“အလုပ္လုပ္ေန႐ုံ၊ အလုပ္ ႀကိဳးစားေန႐ုံနဲ႔ မခ်မ္းသာ လာႏိုင္ဘူးကေလး ေ႐ြးခ်ယ္မႈ မွန္ကန္ဖို႔၊ အသိဉာဏ္ရွိဖို႔၊ နည္းစနစ္က်ဖို႔ေတြ လိုတယ္”။ အဖိုးႀကီးေျပာပုံအတိုင္းဆိုရင္ ကြၽန္ေတာ္တို႔ အလုပ္ႀကိဳးစားလုပ္ေန႐ုံနဲ႔ မရပါဘူး

ေ႐ြးခ်ယ္မႈမွန္ကန္လာေအာင္ ဘယ္လိုေတြ လုပ္ရမလဲ၊ ခ်မ္းသာလာေအာင္ ဘယ္လိုအသိဉာဏ္ေတြ ရွိဖို႔လိုအပ္မလဲ၊ နည္းစနစ္က်စြာ ဘယ္လိုေတြ အေကာင္ထည္ေဖာ္ ေငြရွာၾကမလဲ ဆိုတာေတြ လိုအပ္လာပါတယ္။

ဒါ့ေၾကာင့္ အလုပ္ႀကီးပဲ ဖိလုပ္၊ ႀကိဳးစား ေငြရွာေနၾကမယ့္အစား ဘယ္လိုေတြ လုပ္သင့္တယ္၊ ဘယ္လိုေတြက ပိုပီး အခြင့္လမ္းေတြ ရွိမယ္လို႔ ေ႐ြးခ်ယ္ ဆုံးျဖတ္ဖို႔ေတြ လိုအပ္ေနတယ္ဆိုတာ ျငင္းစရာေတာင္ မလိုပါဘူး။

ဒါ့ေၾကာင့္ သင္ဘာေတြ ဆက္လုပ္သင့္တယ္၊ ဘာေတြဆက္လုပ္ရမယ္ ဆိုတာကို အရင္ဆုံးရွာေဖြပီး ေ႐ြးခ်ယ္မႈ မွန္ကန္ၾကပါေစလို႔ ဆႏၵျပဳရင္း . . .

Credit: Lwin Pyin Cele News

Be the first to comment

Leave a Reply

Your email address will not be published.


*