အာရုံကြော အားနည်းနေတဲ့ လက္ခဏာများ

အာရုံကြော အားနည်းနေတဲ့ လက္ခဏာများ

အာရုံကြော အားနည်းနေတဲ့ လက္ခဏာများ, အာရုံကြောအားနည်းရင် ဘယ်လိုလက္ခဏာတွေဖြစ်လာတတ်လဲ ?

(1) ထုံကျဉ်တာ

ခြေတွေ၊လက်တွေ ထုံကျဉ်တာဖြစ်ဖူးတယ်မလား။ ရာသီဥတုအေးလို့လည်းမဟုတ်ပါဘဲ မကြာခဏ ထုံကျဉ်တာနေရခက်ပါတယ်။ ဗီတာမင် B12 အားနည်းခြင်းက အာရုံကြောတွေကိုဖုံးအုပ်ပေးထားတဲ့ အကာအကွယ်အလွှာကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ Crohn’sရောဂါ သို့မဟုတ် တခြားအူလမ်းကြောင်းရောဂါတွေကြောင့်လည်း ဗီတာမင်စုပ်ယူနိုင်စွမ်းကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

(2) ပိုချမ်းတတ်တာ

အရင်ကဆို မှုလောက်မှာမဟုတ်တဲ့ အအေးဓါတ်လောက်ကို အခုမှ အရမ်းချမ်းတတ်နေတာမျိုး။ နည်းနည်းအေးတာနဲ့ ကိုယ်က ခိုက်ခိုက်တုန်နေတာမျိုး ခံစားရတယ်ဆို သွေးအားနည်းနေတာ ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းထဲမှာ B12 ဓါတ်မလုံလောက်လို့ သွေးနီဥတွေ နည်းတာ ဖြစ်စေနိုင်ပါတယ်။ ဒါဆို ခြေဖျား၊ လက်ဖျားတွေ အေးစက်ပြီး တဆတ်ဆတ်တုန်ပြီး ချမ်းတတ်တာပေါ့။

(3) ဦးနှောက်လုပ်ဆောင်ချက်တွေ ကမောက်ကမဖြစ်တာ စိတ်ဓါတ်ကျတာ၊ အာရုံရှုပ်ထွေးတာ ၊မေ့တတ်လာတာ၊ အာရုံစူးစိုက်မရတာတွေကB12 အားနည်းရာကနေ ဖြစ်လာတဲ့လက္ခဏာတွေပါ။

(4) အားနည်းတာ

လူကအားနည်းသလို ဖြစ်နေတယ်၊ ကြွက်သားတွေ အားမရှိဘူး၊ ပင်ပန်းနုံးချိနေမယ်၊ ခေါင်းမူးတယ်ဆိုရင် အာရုံကြောအားနည်းတာ ဖြစ်နိုင်ပါတယ်။ ဒီလက္ခဏာတွေ ပိုဆိုးလာတယ်၊ ကြာလာတယ်ဆိုရင် ဆရာဝန်ပြပြီး အားဆေးသောက်သင့် သောက်ရပါမယ်။

(5) နှလုံးခုန်မြန်တာ

နှလုံးခုန်မြန်တာလည်း အာရုံကြောအားနည်းတဲ့ လက္ခဏာထဲမှာ ပါဝင်ပါတယ်။ ကြက်သား၊ ကြက်ဥ၊ ငါး တို့ကနေ ဗီတာမင်B12 ရရှိနိုင်ပါတယ်။ B12 ချို့တဲ့တယ်ဆိုရင် သွေးအားနည်းခြင်း၊ စိတ်အတက်အကျမြန်ခြင်း၊ အာရုံကြောထိခိုက်ခြင်းနဲ့ တခြားပြင်းထန်တဲ့ ရောဂါတွေဖြစ်လာစေနိုင်ပါတယ်။

(6) ပါးစပ်အနာ

သွားဖုံး သို့မဟုတ် လျှာမှာ အနာလေးတွေ ဖြစ်လာတယ်ဆိုရင် B12 အားနည်းတာ၊ သွေးအားနည်းခြင်း သို့မဟုတ် တခြားရောဂါအကြောင်းရင်း တစ်ခုခုကြောင့် ဖြစ်နေနိုင်ပါတယ်။

(7) ဗိုက်ပြဿနာ

ခံတွင်းပျက်တာ၊ အရမ်းပိန်သွားတာ၊ ဝမ်းချုပ်တာ စတဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ကိုယ်ထဲမှာ B12 ပမာဏ ချို့တဲ့လွန်းရင် ဆရာဝန်ပြပြီး အားဆေထိုးသင့် ထိုးရပါမည်။

စေတနာဖြင့်.. ကျန်းမာကြပါစေ
#Credit to hellosayarwon

Zawgyi

အာ႐ုံေၾကာ အားနည္းေနတဲ့ လကၡဏာမ်ား, အာ႐ုံေၾကာအားနည္းရင္ဘယ္လိုလကၡဏာေတြျဖစ္လာတတ္လဲ ?

(1) ထုံက်ဥ္တာ

ေျခေတြ၊လက္ေတြ ထုံက်ဥ္တာျဖစ္ဖူးတယ္မလား။ ရာသီဥတုေအးလို႔လည္းမဟုတ္ပါဘဲ မၾကာခဏ ထုံက်ဥ္တာေနရခက္ပါတယ္။ ဗီတာမင္ B12 အားနည္းျခင္းက အာ႐ုံေၾကာေတြကိုဖုံးအုပ္ေပးထားတဲ့ အကာအကြယ္အလႊာကို ထိခိုက္ပ်က္စီးေစႏိုင္ပါတယ္။ Crohn’sေရာဂါ သို႔မဟုတ္ တျခားအူလမ္းေၾကာင္းေရာဂါေတြေၾကာင့္လည္း ဗီတာမင္စုပ္ယူႏိုင္စြမ္းကို အေႏွာင့္အယွက္ျဖစ္ေစႏိုင္ပါတယ္။

(2) ပိုခ်မ္းတတ္တာ

အရင္ကဆို မႈေလာက္မွာမဟုတ္တဲ့ အေအးဓါတ္ေလာက္ကို အခုမွ အရမ္းခ်မ္းတတ္ေနတာမ်ိဳး။ နည္းနည္းေအးတာနဲ႔ ကိုယ္က ခိုက္ခိုက္တုန္ေနတာမ်ိဳး ခံစားရတယ္ဆို ေသြးအားနည္းေနတာ ျဖစ္ႏိုင္ပါတယ္။ ဒီလိုျဖစ္ရတဲ့ အေၾကာင္းရင္းထဲမွာ B12 ဓါတ္မလုံေလာက္လို႔ ေသြးနီဥေတြ နည္းတာ ျဖစ္ေစႏိုင္ပါတယ္။ ဒါဆို ေျခဖ်ား၊ လက္ဖ်ားေတြ ေအးစက္ၿပီး တဆတ္ဆတ္တုန္ၿပီး ခ်မ္းတတ္တာေပါ့။

(3) ဦးေႏွာက္လုပ္ေဆာင္ခ်က္ေတြ ကေမာက္ကမျဖစ္တာ စိတ္ဓါတ္က်တာ၊ အာ႐ုံရႈပ္ေထြးတာ ၊ေမ့တတ္လာတာ၊ အာ႐ုံစူးစိုက္မရတာေတြကB12 အားနည္းရာကေန ျဖစ္လာတဲ့လကၡဏာေတြပါ။

(4) အားနည္းတာ

လူကအားနည္းသလို ျဖစ္ေနတယ္၊ ႂကြက္သားေတြ အားမရွိဘူး၊ ပင္ပန္းႏုံးခ်ိေနမယ္၊ ေခါင္းမူးတယ္ဆိုရင္ အာ႐ုံေၾကာအားနည္းတာ ျဖစ္ႏိုင္ပါတယ္။ ဒီလကၡဏာေတြ ပိုဆိုးလာတယ္၊ ၾကာလာတယ္ဆိုရင္ ဆရာဝန္ျပၿပီး အားေဆးေသာက္သင့္ ေသာက္ရပါမယ္။

(5) ႏွလုံးခုန္ျမန္တာ

ႏွလုံးခုန္ျမန္တာလည္း အာ႐ုံေၾကာအားနည္းတဲ့ လကၡဏာထဲမွာ ပါဝင္ပါတယ္။ ၾကက္သား၊ ၾကက္ဥ၊ ငါး တို႔ကေန ဗီတာမင္B12 ရရွိႏိုင္ပါတယ္။ B12 ခ်ိဳ႕တဲ့တယ္ဆိုရင္ ေသြးအားနည္းျခင္း၊ စိတ္အတက္အက်ျမန္ျခင္း၊ အာ႐ုံေၾကာထိခိုက္ျခင္းနဲ႔ တျခားျပင္းထန္တဲ့ ေရာဂါေတြျဖစ္လာေစႏိုင္ပါတယ္။

(6) ပါးစပ္အနာ

သြားဖုံး သို႔မဟုတ္ လွ်ာမွာ အနာေလးေတြ ျဖစ္လာတယ္ဆိုရင္ B12 အားနည္းတာ၊ ေသြးအားနည္းျခင္း သို႔မဟုတ္ တျခားေရာဂါအေၾကာင္းရင္း တစ္ခုခုေၾကာင့္ ျဖစ္ေနႏိုင္ပါတယ္။

(7) ဗိုက္ျပႆနာ

ခံတြင္းပ်က္တာ၊ အရမ္းပိန္သြားတာ၊ ဝမ္းခ်ဳပ္တာ စတဲ့ အစာအိမ္နဲ႔ အူလမ္းေၾကာင္းျပႆနာေတြ ျဖစ္လာႏိုင္ပါတယ္။ ကိုယ္ထဲမွာ B12 ပမာဏ ခ်ိဳ႕တဲ့လြန္းရင္ ဆရာဝန္ျပၿပီး အားေဆထိုးသင့္ ထိုးရပါမည္။

ေစတနာျဖင့္.. က်န္းမာၾကပါေစ
#Credit to hellosayarwon

Be the first to comment

Leave a Reply

Your email address will not be published.


*