ထိုင္းသ႐ုပ္ေဆာင္မင္းသမီး ေရထဲျပဳတ္က် ေသဆုံးမႈ ျဖစ္စဥ္မွ သံသယျဖစ္ဖြယ္အခ်က္မ်ား

ထိုင္းသ႐ုပ္ေဆာင္မင္းသမီး ေရထဲျပဳတ္က် ေသဆုံးမႈ ျဖစ္စဥ္မွ သံသယျဖစ္ဖြယ္အခ်က္မ်ား

ထိုင္းသ႐ုပ္ေဆာင္မင္းသမီး ေရထဲျပဳတ္က် ေသဆုံးမႈ ျဖစ္စဥ္မွ သံသယျဖစ္ဖြယ္အခ်က္မ်ား

ထိုင္းသ႐ုပ္ေဆာင္မင္းသမီး ထိုင္းႏိုင္ငံအလယ္ပိုင္း ေက်ာက္ဖရားျမစ္ထဲမွာ စပိဘုတ္ေလွစီးရင္း ေရထဲျပဳတ္က် ေသဆုံးရတာနဲ႔ ပတ္သက္လို႔ ေသဆုံးသူရဲ႕ ေဆြမ်ိဳးေတြ၊ မိတ္ေဆြေတြ၊ မႈခင္းဆိုင္ရာ ကြၽမ္းက်င္သူေတြနဲ႔ ဒီအမႈမွာ စိတ္ဝင္စားတဲ့ လူမႈကြန္ရက္ပရိသတ္တို႔က သူတို႔ ထင္ျမင္ခ်က္၊ သံသယရွိတဲ့ အခ်က္ေတြကို သုံးသပ္ေျပာဆိုေနၾကပါတယ္။

အဆိုပါ အသိုင္းအဝိုင္းစုံ အလႊာစုံတို႔ရဲ႕ ေျပာဆိုခ်က္ေတြကို မန္ေနဂ်ာအြန္လိုင္း ထိုင္းသတင္းဌာနက စုစည္းတင္ျပထားရာမွာ အခ်က္ေပါင္း ၄၇ ခ်က္ရွိပါတယ္။

အဲဒီအခ်က္ေတြထဲမွာ ဘန္ေကာက္ရန္းဆစ္တကၠသိုလ္ ရာဇဝတ္မႈနဲ႔ တရားေရးဆိုင္ရာ ဌာနမႉး ရဲမႉးႀကီး ကရစ္စနဖုန္း ဖုတကြန္းကေတာ့ ကယ္ဆယ္ေရးအဖြဲ႕နဲ႔ ရဲေတြ ေက်ာက္ဖရားျမစ္နား ေရာက္လာတဲ့အခါ တိုင္မိုနဲ႔အတူ ေလွေပၚလိုက္လာတဲ့အေဖာ္ ၅ ေယာက္ တစ္ေယာက္မွ ေစာင့္မေနဘဲ ျပန္ကုန္တာ မျဖစ္သင့္ေၾကာင္း၊ ကုန္းေပၚမွာျဖစ္ျဖစ္ ေရထဲမွာျဖစ္ျဖစ္ မေတာ္တဆထိခိုက္မႈျဖစ္ပါက အဆိုပါယာဥ္ေတြကို ရဲကစစ္ေဆးၿပီးမွ ေ႐ႊ႕ေျပာင္းရမွာကို အေဖာ္ေတြက ေလွကို ဘာေၾကာင့္ သေဘၤာက်င္းမွာ သြားသိမ္းလိုက္သလဲဆိုၿပီး ေမးခြန္းထုတ္ထားပါတယ္။

ဒါ့အျပင္ တိုင္မိုဟာ ေလွအၿမီးပိုင္းမွာ အေပါ့သြားရင္း ျပဳတ္က်သြားတယ္ဆိုတာနဲ႔ ပတ္သက္ၿပီး နာမည္ႀကီး မင္းသမီးတေယာက္အေနနဲ႔ ႀကဳံရာမွာ အေပါ့သြားတာ၊ မရင္းႏွီးတဲ့ အမ်ိဳးသားေတြပါတဲ့ ေလွေပၚမွာ အေပါ့သြားတာ မျဖစ္ႏိုင္ဘဲ အေပါ့သြားခ်င္ပါက ေလွကို ကမ္းကပ္ေပးလို႔ရၿပီး ကမ္းစပ္မွာ ဆိုင္ေတြတပုံႀကီးရွိေၾကာင္း၊ ေရထဲျပဳတ္က်သူကို အသက္ကယ္ဝတ္စုံေတြ မပစ္ခ်ေပးတာနဲ႔ တိုင္မိုရဲ႕ ကိုယ္ရံေတာ္ ကသစ္က တိုင္မိုရဲ႕ မိခင္ကို ဝန္ခ်ေတာင္းပန္ ေျပာဆိုဆက္ဆံပုံေတြဟာ သဘာဝမက်ေၾကာင္း သုံးသပ္ထားပါတယ္။

တိုင္မိုရဲ႕ မိခင္က သမီးျဖစ္သူ ေရထဲက်သြားတဲ့အေၾကာင္း သူ႔ဆီ အေၾကာင္းမၾကားတာနဲ႔ ဆင္းမကယ္ရတဲ့အေၾကာင္းရင္းကို ေမးျမန္းရာမွာ ကိုယ္ရံေတာ္ကသစ္က ထိတ္လန႔္ၿပီး စိတ္လႈပ္ရွားေနတာေၾကာင့္ ခ်က္ခ်င္းအေၾကာင္းမၾကားတာျဖစ္ၿပီး ေရငုပ္သမား မဟုတ္သလို ေရမကူးတတ္တာေၾကာင့္ ဆင္းမကယ္တာျဖစ္ေၾကာင္း ေျပာၾကားခဲ့တယ္လို႔ ဆိုပါတယ္။

ကသစ္က ေရမကူးတတ္ဘူးလို႔ ေျပာၿပီးတဲ့ေနာက္ လူမႈကြန္ရက္စုံေထာက္ေတြက ကသစ္က သူ႔သမီးကို ေရကူးသင္ေပးေနတဲ့ ပုံေဟာင္းေတြ ျပန္ရွာၿပီး ျဖန႔္ေဝေနၾကပါတယ္။

တိုင္မိုဟာ သူမရဲ႕ေမြးစားသမီးေလး (ကသစ္ရဲ႕ သမီးရင္း) အတြက္ ဘတ္ ၁ သန္းတန္ မေတာ္တဆ ထိခိုက္မႈအာမခံ လုပ္ထားေပးၿပီး လာမယ့္ဧၿပီလထိ သက္တမ္းရွိပါတယ္။ သက္တမ္း မကုန္ခင္ တိုင္မိုတခုခုျဖစ္ရင္ အဲဒီေငြကို ေမြးစားသမီးက ရပိုင္ခြင့္ရွိတာေၾကာင့္ ဒါနဲ႔ သက္ဆိုင္ေနသလားလို႔လည္း သံသယထားေနၾကပါတယ္။

တိုင္မို ေရထဲျပဳတ္က်တဲ့အေပၚ ေလွေပၚပါလာသူေတြရဲ႕ ထြက္ဆိုခ်က္၊ သတင္းေထာက္ေတြကို ေျဖၾကားခ်က္လည္း တေယာက္နဲ႔တေယာက္ ကြဲလြဲေနေၾကာင္း၊ တခ်ိဳ႕က သူ ဘယ္အခ်ိန္က်သြားလဲမသိဘူးလို႔ ေျဖဆိုၿပီး ေလွေပၚပါ အမ်ိဳးသားတေယာက္က တိုင္မိုဟာ အေပါ့သြားခ်င္လို႔ သူ႔ေျခေထာက္ ႏွစ္ဖက္ကို အားျပဳကိုင္ထားရင္း ျပဳတ္က်တာလို႔ ေျပာျပန္ပါတယ္။

ေလွေပၚပါလာတဲ့ အမ်ိဳးသားအေဖာ္တစ္ေယာက္ လက္ေမာင္းက ဒဏ္ရာနဲ႔ပတ္သက္ၿပီးေတာ့လည္း သတင္းအင္တာဗ်ဳးမွာ ေျဖၾကားတာနဲ႔ လူမႈကြန္ရက္က အက်ယ္ခ်ဲ႕ၾကည့္ပုံနဲ႔ ကြဲလြဲေနတယ္လို႔ ဆိုပါတယ္။

တိုင္မိုရဲ႕ ေျခေတာက္က ဒဏ္ရာဟာ ေလွရဲ႕ ပန္ကာဒလက္နဲ႔ ထိမိတာျဖစ္ႏိုင္တယ္လို႔ ရဲက ခန႔္မွန္းထားေပမယ့္ စပိဘုတ္ေလွကြၽမ္းက်င္သူတစ္ဦးကေတာ့ ေလွသြားေနစဥ္ ပန္ကာက တခုခုနဲ႔ ခ်ိတ္မိပါက ေလွတခါတည္း ရပ္သြားႏိုင္ေၾကာင္း၊ ပန္ကာဒလက္လားရာနဲ႔ ေလွေပၚက ျပဳတ္က်သူ လားရာတို႔ဟာလည္း ဆန႔္က်င္ဘက္ျဖစ္တယ္လို႔ သုံးသပ္ထားပါတယ္။

ဒါ့အျပင္ တိုင္မို ေရနစ္ၿပီးေပမယ့္ သူမရဲ႕ IG ကို တစုံတေယာက္က သုံးစြဲေနၿပီး ဓာတ္ပုံ ၇ ပုံကို ျဖဳတ္ထားေၾကာင္း၊ သူမေလွေပၚမွာ သီခ်င္းဆိုေနတဲ့ ဗြီဒီယိုဖိုင္ထဲမွာ မသကၤာစရာ အမ်ိဳးသား စကားေျပာသံ ၾကားေၾကာင္း၊ သူတို႔ဟာ အလုပ္ကိစၥမဟုတ္ဘဲ စားေသာက္ဆိုင္မွာ ထမင္းလာစား႐ုံပဲလို႔ ကသစ္က ေျဖထားေပမယ့္ အဲဒီေန႔မွာ တိုင္မိုက ဖူးကစ္႐ိုက္ကြင္းကေန အျမန္ျပန္ခဲ့တာ၊ ဒီမတိုင္ခင္ သူမက သူ႔အေမကို အလုပ္ကိစၥရွိတယ္လို႔ ေျပာေၾကာင္း လူမႈကြန္ရက္က ကြဲလြဲမႈေတြကို ဆြဲထုတ္ေဖာ္ျပေနတာပါ။

ဒီအမႈတြဲကို ကိုင္တြယ္တဲ့ ႏြန္ထပူရီခ႐ိုင္ရဲတပ္ဖြဲ႕ ရဲမႉးႀကီးကေတာ့ အျပင္မွာ ဘယ္သူေတြ ဘာေျပာေျပာ ခိုင္လုံတဲ့ သက္ေသအေထာက္အထားေတြအေပၚမွာသာ မူတည္ၿပီး အမႈကို ဆုံးျဖတ္မယ္လို႔ ထုတ္ျပန္ထားပါတယ္။

မင္းသမီးတိုင္မိုရဲ႕ အေလာင္းပုံေတြ၊ ဒဏ္ရာနဲ႔ပုံေတြကို လူမႈကြန္ရက္ေပၚမျဖန႔္ေဝဖို႔ မိသားစုဝင္ေတြက ေမတၱာရပ္ခံထားေပမယ့္ ပုံေတြ ထြက္ေပၚလာေနတဲ့အေပၚ ရဲကဥပေဒနဲ႔ အေရးယူဖို႔ ပုံစတင္ျဖန႔္ေဝရာ အရင္းအျမစ္ကို စုံစမ္းလ်က္ရွိပါတယ္။

အသက္ ၃၇ ႏွစ္႐ြယ္ ႐ုပ္ရွင္သ႐ုပ္ေဆာင္မင္းသမီး တိုင္မိုနိဒါးဟာ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ ၂၄ ရက္ေန႔ညက အေဖာ္ ၆ ဦးနဲ႔အတူ ႏြန္ထပူရီခ႐ိုင္ စားေသာက္ဆိုင္တစ္ခုမွာ သြားေရာက္ ေသာက္စားရင္း စပိဘုတ္ေလွစီးၿပီး ျပန္လာခဲ့စဥ္ ေလွေပၚက ျပဳတ္က် ေရနစ္ေသဆုံးခဲ့တာ ျဖစ္ပါတယ္။
Credit DVB TV News

Unicode

ထိုင်းသရုပ်ဆောင်မင်းသမီး ရေထဲပြုတ်ကျ သေဆုံးမှု ဖြစ်စဉ်မှ သံသယဖြစ်ဖွယ်အချက်များ

ထိုင်းသရုပ်ဆောင်မင်းသမီး ထိုင်းနိုင်ငံအလယ်ပိုင်း ကျောက်ဖရားမြစ်ထဲမှာ စပိဘုတ်လှေစီးရင်း ရေထဲပြုတ်ကျ သေဆုံးရတာနဲ့ ပတ်သက်လို့ သေဆုံးသူရဲ့ ဆွေမျိုးတွေ၊ မိတ်ဆွေတွေ၊ မှုခင်းဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ ဒီအမှုမှာ စိတ်ဝင်စားတဲ့ လူမှုကွန်ရက်ပရိသတ်တို့က သူတို့ ထင်မြင်ချက်၊ သံသယရှိတဲ့ အချက်တွေကို သုံးသပ်ပြောဆိုနေကြပါတယ်။

အဆိုပါ အသိုင်းအဝိုင်းစုံ အလွှာစုံတို့ရဲ့ ပြောဆိုချက်တွေကို မန်နေဂျာအွန်လိုင်း ထိုင်းသတင်းဌာနက စုစည်းတင်ပြထားရာမှာ အချက်ပေါင်း ၄၇ ချက်ရှိပါတယ်။

အဲဒီအချက်တွေထဲမှာ ဘန်ကောက်ရန်းဆစ်တက္ကသိုလ် ရာဇဝတ်မှုနဲ့ တရားရေးဆိုင်ရာ ဌာနမှူး ရဲမှူးကြီး ကရစ်စနဖုန်း ဖုတကွန်းကတော့ ကယ်ဆယ်ရေးအဖွဲ့နဲ့ ရဲတွေ ကျောက်ဖရားမြစ်နား ရောက်လာတဲ့အခါ တိုင်မိုနဲ့အတူ လှေပေါ်လိုက်လာတဲ့အဖော် ၅ ယောက် တစ်ယောက်မှ စောင့်မနေဘဲ ပြန်ကုန်တာ မဖြစ်သင့်ကြောင်း၊ ကုန်းပေါ်မှာဖြစ်ဖြစ် ရေထဲမှာဖြစ်ဖြစ် မတော်တဆထိခိုက်မှုဖြစ်ပါက အဆိုပါယာဉ်တွေကို ရဲကစစ်ဆေးပြီးမှ ရွှေ့ပြောင်းရမှာကို အဖော်တွေက လှေကို ဘာကြောင့် သင်္ဘောကျင်းမှာ သွားသိမ်းလိုက်သလဲဆိုပြီး မေးခွန်းထုတ်ထားပါတယ်။

ဒါ့အပြင် တိုင်မိုဟာ လှေအမြီးပိုင်းမှာ အပေါ့သွားရင်း ပြုတ်ကျသွားတယ်ဆိုတာနဲ့ ပတ်သက်ပြီး နာမည်ကြီး မင်းသမီးတယောက်အနေနဲ့ ကြုံရာမှာ အပေါ့သွားတာ၊ မရင်းနှီးတဲ့ အမျိုးသားတွေပါတဲ့ လှေပေါ်မှာ အပေါ့သွားတာ မဖြစ်နိုင်ဘဲ အပေါ့သွားချင်ပါက လှေကို ကမ်းကပ်ပေးလို့ရပြီး ကမ်းစပ်မှာ ဆိုင်တွေတပုံကြီးရှိကြောင်း၊ ရေထဲပြုတ်ကျသူကို အသက်ကယ်ဝတ်စုံတွေ မပစ်ချပေးတာနဲ့ တိုင်မိုရဲ့ ကိုယ်ရံတော် ကသစ်က တိုင်မိုရဲ့ မိခင်ကို ဝန်ချတောင်းပန် ပြောဆိုဆက်ဆံပုံတွေဟာ သဘာဝမကျကြောင်း သုံးသပ်ထားပါတယ်။

တိုင်မိုရဲ့ မိခင်က သမီးဖြစ်သူ ရေထဲကျသွားတဲ့အကြောင်း သူ့ဆီ အကြောင်းမကြားတာနဲ့ ဆင်းမကယ်ရတဲ့အကြောင်းရင်းကို မေးမြန်းရာမှာ ကိုယ်ရံတော်ကသစ်က ထိတ်လန့်ပြီး စိတ်လှုပ်ရှားနေတာကြောင့် ချက်ချင်းအကြောင်းမကြားတာဖြစ်ပြီး ရေငုပ်သမား မဟုတ်သလို ရေမကူးတတ်တာကြောင့် ဆင်းမကယ်တာဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ကသစ်က ရေမကူးတတ်ဘူးလို့ ပြောပြီးတဲ့နောက် လူမှုကွန်ရက်စုံထောက်တွေက ကသစ်က သူ့သမီးကို ရေကူးသင်ပေးနေတဲ့ ပုံဟောင်းတွေ ပြန်ရှာပြီး ဖြန့်ဝေနေကြပါတယ်။

တိုင်မိုဟာ သူမရဲ့မွေးစားသမီးလေး (ကသစ်ရဲ့ သမီးရင်း) အတွက် ဘတ် ၁ သန်းတန် မတော်တဆ ထိခိုက်မှုအာမခံ လုပ်ထားပေးပြီး လာမယ့်ဧပြီလထိ သက်တမ်းရှိပါတယ်။ သက်တမ်း မကုန်ခင် တိုင်မိုတခုခုဖြစ်ရင် အဲဒီငွေကို မွေးစားသမီးက ရပိုင်ခွင့်ရှိတာကြောင့် ဒါနဲ့ သက်ဆိုင်နေသလားလို့လည်း သံသယထားနေကြပါတယ်။

တိုင်မို ရေထဲပြုတ်ကျတဲ့အပေါ် လှေပေါ်ပါလာသူတွေရဲ့ ထွက်ဆိုချက်၊ သတင်းထောက်တွေကို ဖြေကြားချက်လည်း တယောက်နဲ့တယောက် ကွဲလွဲနေကြောင်း၊ တချို့က သူ ဘယ်အချိန်ကျသွားလဲမသိဘူးလို့ ဖြေဆိုပြီး လှေပေါ်ပါ အမျိုးသားတယောက်က တိုင်မိုဟာ အပေါ့သွားချင်လို့ သူ့ခြေထောက် နှစ်ဖက်ကို အားပြုကိုင်ထားရင်း ပြုတ်ကျတာလို့ ပြောပြန်ပါတယ်။

လှေပေါ်ပါလာတဲ့ အမျိုးသားအဖော်တစ်ယောက် လက်မောင်းက ဒဏ်ရာနဲ့ပတ်သက်ပြီးတော့လည်း သတင်းအင်တာဗျုးမှာ ဖြေကြားတာနဲ့ လူမှုကွန်ရက်က အကျယ်ချဲ့ကြည့်ပုံနဲ့ ကွဲလွဲနေတယ်လို့ ဆိုပါတယ်။

တိုင်မိုရဲ့ ခြေတောက်က ဒဏ်ရာဟာ လှေရဲ့ ပန်ကာဒလက်နဲ့ ထိမိတာဖြစ်နိုင်တယ်လို့ ရဲက ခန့်မှန်းထားပေမယ့် စပိဘုတ်လှေကျွမ်းကျင်သူတစ်ဦးကတော့ လှေသွားနေစဉ် ပန်ကာက တခုခုနဲ့ ချိတ်မိပါက လှေတခါတည်း ရပ်သွားနိုင်ကြောင်း၊ ပန်ကာဒလက်လားရာနဲ့ လှေပေါ်က ပြုတ်ကျသူ လားရာတို့ဟာလည်း ဆန့်ကျင်ဘက်ဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။

ဒါ့အပြင် တိုင်မို ရေနစ်ပြီးပေမယ့် သူမရဲ့ IG ကို တစုံတယောက်က သုံးစွဲနေပြီး ဓာတ်ပုံ ၇ ပုံကို ဖြုတ်ထားကြောင်း၊ သူမလှေပေါ်မှာ သီချင်းဆိုနေတဲ့ ဗွီဒီယိုဖိုင်ထဲမှာ မသင်္ကာစရာ အမျိုးသား စကားပြောသံ ကြားကြောင်း၊ သူတို့ဟာ အလုပ်ကိစ္စမဟုတ်ဘဲ စားသောက်ဆိုင်မှာ ထမင်းလာစားရုံပဲလို့ ကသစ်က ဖြေထားပေမယ့် အဲဒီနေ့မှာ တိုင်မိုက ဖူးကစ်ရိုက်ကွင်းကနေ အမြန်ပြန်ခဲ့တာ၊ ဒီမတိုင်ခင် သူမက သူ့အမေကို အလုပ်ကိစ္စရှိတယ်လို့ ပြောကြောင်း လူမှုကွန်ရက်က ကွဲလွဲမှုတွေကို ဆွဲထုတ်ဖော်ပြနေတာပါ။

ဒီအမှုတွဲကို ကိုင်တွယ်တဲ့ နွန်ထပူရီခရိုင်ရဲတပ်ဖွဲ့ ရဲမှူးကြီးကတော့ အပြင်မှာ ဘယ်သူတွေ ဘာပြောပြော ခိုင်လုံတဲ့ သက်သေအထောက်အထားတွေအပေါ်မှာသာ မူတည်ပြီး အမှုကို ဆုံးဖြတ်မယ်လို့ ထုတ်ပြန်ထားပါတယ်။

မင်းသမီးတိုင်မိုရဲ့ အလောင်းပုံတွေ၊ ဒဏ်ရာနဲ့ပုံတွေကို လူမှုကွန်ရက်ပေါ်မဖြန့်ဝေဖို့ မိသားစုဝင်တွေက မေတ္တာရပ်ခံထားပေမယ့် ပုံတွေ ထွက်ပေါ်လာနေတဲ့အပေါ် ရဲကဥပဒေနဲ့ အရေးယူဖို့ ပုံစတင်ဖြန့်ဝေရာ အရင်းအမြစ်ကို စုံစမ်းလျက်ရှိပါတယ်။

အသက် ၃၇ နှစ်ရွယ် ရုပ်ရှင်သရုပ်ဆောင်မင်းသမီး တိုင်မိုနိဒါးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ညက အဖော် ၆ ဦးနဲ့အတူ နွန်ထပူရီခရိုင် စားသောက်ဆိုင်တစ်ခုမှာ သွားရောက် သောက်စားရင်း စပိဘုတ်လှေစီးပြီး ပြန်လာခဲ့စဉ် လှေပေါ်က ပြုတ်ကျ ရေနစ်သေဆုံးခဲ့တာ ဖြစ်ပါတယ်။
Credit DVB TV News

Be the first to comment

Leave a Reply

Your email address will not be published.


*