သွေးပေါင်ချိန်စက် လက်ပတ် မမှန်ရင် အဖြေမမှန် ဘူးလို့ ဆို

သွေးပေါင်ချိန်စက် လက်ပတ် မမှန်ရင် အဖြေမမှန် ဘူးလို့ ဆို

သွေးပေါင်ချိန်စက် လက်ပတ် မမှန်ရင် အဖြေမမှန် ဘူးလို့ ဆို

မောင်ယဿ ( မတ် ၃ )
ဂျွန်ဟော့ပ်ကင်း ဆေးတက္ကသိုလ်က လက်ထောက်ပါမောက္ခ ဒေါက်တာ တန်မီဘရာဒီက သုတေသနတွေ အများကြီး လုပ်ပြီးနောက်မှာတော့ သွေပေါင်ချိန်တိုင်းတဲ့ စက်မှာ လက်ပတ်မမှန်တာနဲ့ ရလဒ်တွေက မမှန်ဘူးလို့ ဆိုလိုက်ပါတယ်။

သွေပေါင်ချိန်တိုင်းတဲ့ စက်တွေ ဒီဇိုင်းအမျိုးမျိုး ပုံစံအမျိုးမျိုးရှိပေမဲ့ ဆေးရုံ ဆေးခန်းတွေမှာတော့ လက်မောင်းကို ပတ်ပြီး တိုင်းတဲ့ သွေးပေါင်ချိန်စက်ကိုပဲ သုံးပါတယ်။ အဲ့ဒိလက်ပတ်တွေကို သုံးတဲ့ အခါမှာ စက်ကြောင့် မဟုတ်ဘဲ လက်ပတ်ကြောင့် ရလဒ်တွေက မသေချာဘူး ဖြစ်နေတတ်ပါတယ်လို့ ဆိုပါတယ်။

လက်ပတ်တွေကလည်း အမျိုးမျိုးရှိပေမဲ့ ဆေးခန်းတွေ ဆေးရုံတွေမှာ လူကြီးတွေ ကို သွေးပေါင်ချိန်တိုင်းဖို့ လက်ပတ် တစ်ခုတည်းကိုသာ သုံးပါတယ်။ အဲ့လို လက်ပတ်တစ်ခုတည်းကို သုံးတော့ ဘယ်လို ရလဒ်တွေ ရလည်း ဆိုရင် လက်မောင်းကြီးတဲ့ သူတွေဆိုရင် သွေးပေါင်ချိန် ၂၀ လောက် ပိုနေတတ်ပါတယ်။

သွေးပေါင်ချိန် ၂၀ လောက်ပိုနေတယ်ဆိုရင် သာမန်လူတစ်ယောက်အတွက် သွေးတိုးနေတယ်လို့ ထင်မှတ် စရာ ဖြစ်လာပါတယ်။ အဲ့ဒိလက်ပတ်နဲ့ပဲ လက်မောင်း သေးတဲ့သူတွေကို တိုင်းမယ်ဆိုရင် တကယ်ရှိနေတာ ထက် ၄ မှတ်လောက် လျှော့နေတတ်ပါတယ်။

သူ့ရဲ့တိုင်းတာမှု အရ သွေးပေါင်ချိန်စက်တစ်ခုတည်းနဲ့ တိုင်းတဲ့ ဆေးရုံ ဆေးခန်းတွေမှာ သွေးပေါင်ချိန် ရလဒ်က ၄၀ % အထိ မှားနေတတ်ပါတယ်။ လက်ပတ်လျှော့ပြီး တိုင်းရင် ၂၂% အဖြေမှားပါတယ်။

“ ဒါဘယ်လောက် အရေးကြီးတယ်ဆိုတာ ဆေးရုံ ဆေးခန်း တော်တော်များများက မသိကြပါဘူး ။ သွေးပေါင်ချိန် တိတိကျကျ အဖြေတစ်ခု က ဆရာဝန်တစ်ယောက်အတွက် အလုပ်တွေ အများ ကြီး သက်သာစေသလို ရောဂါလက္ခဏါကို တွက်ဆဖို့ အများကြီး အဆင်ပြေစေပါတယ် “ လို့ သူက ဆိုပါတယ်။

လက်မောင်းကြီးတဲ့ လူနာနဲ့ ပုံမှန် လက်မောင်းရှိတဲ့ လူနာ ၂၀၀ကို သာမန် အများသုံး သွေးပေါင်ချိန်စက်နဲ့ စမ်းသက်ခဲ့တဲ့ နေရာမှာ သာမန်လူတွေ က အဖြေမှန် ရခဲ့ပြီး ၁၆ လက်မ အထက် လက်မောင်းကြီးတဲ့ သူတွေမှာ သွေပေါင် ၂၀ ကျော် ပိုနေတာကို တွေ့ခဲ့ရပါတယ်။ ၈ လက်မနဲ့ ၁၀ လက်မကြား လက်မောင်းသေးတဲ့ သူတွေကတော့ ၄ မှတ်ကျော် လျှော့ နေတာကို တွေ့ခဲ့ရပါတယ်။

REF: UPI, Photo : UPI

Zawgyi

ေသြးေပါင္ခ်ိန္စက္ လက္ပတ္ မမွန္ရင္ အေျဖမမွန္ ဘူးလို႔ ဆို

ေမာင္ယႆ ( မတ္ ၃ )
ဂြၽန္ေဟာ့ပ္ကင္း ေဆးတကၠသိုလ္က လက္ေထာက္ပါေမာကၡ ေဒါက္တာ တန္မီဘရာဒီက သုေတသနေတြ အမ်ားႀကီး လုပ္ၿပီးေနာက္မွာေတာ့ ေသြေပါင္ခ်ိန္တိုင္းတဲ့ စက္မွာ လက္ပတ္မမွန္တာနဲ႔ ရလဒ္ေတြက မမွန္ဘူးလို႔ ဆိုလိုက္ပါတယ္။

ေသြေပါင္ခ်ိန္တိုင္းတဲ့ စက္ေတြ ဒီဇိုင္းအမ်ိဳးမ်ိဳး ပုံစံအမ်ိဳးမ်ိဳးရွိေပမဲ့ ေဆး႐ုံ ေဆးခန္းေတြမွာေတာ့ လက္ေမာင္းကို ပတ္ၿပီး တိုင္းတဲ့ ေသြးေပါင္ခ်ိန္စက္ကိုပဲ သုံးပါတယ္။ အဲ့ဒိလက္ပတ္ေတြကို သုံးတဲ့ အခါမွာ စက္ေၾကာင့္ မဟုတ္ဘဲ လက္ပတ္ေၾကာင့္ ရလဒ္ေတြက မေသခ်ာဘူး ျဖစ္ေနတတ္ပါတယ္လို႔ ဆိုပါတယ္။

လက္ပတ္ေတြကလည္း အမ်ိဳးမ်ိဳးရွိေပမဲ့ ေဆးခန္းေတြ ေဆး႐ုံေတြမွာ လူႀကီးေတြ ကို ေသြးေပါင္ခ်ိန္တိုင္းဖို႔ လက္ပတ္ တစ္ခုတည္းကိုသာ သုံးပါတယ္။ အဲ့လို လက္ပတ္တစ္ခုတည္းကို သုံးေတာ့ ဘယ္လို ရလဒ္ေတြ ရလည္း ဆိုရင္ လက္ေမာင္းႀကီးတဲ့ သူေတြဆိုရင္ ေသြးေပါင္ခ်ိန္ ၂၀ ေလာက္ ပိုေနတတ္ပါတယ္။

ေသြးေပါင္ခ်ိန္ ၂၀ ေလာက္ပိုေနတယ္ဆိုရင္ သာမန္လူတစ္ေယာက္အတြက္ ေသြးတိုးေနတယ္လို႔ ထင္မွတ္ စရာ ျဖစ္လာပါတယ္။ အဲ့ဒိလက္ပတ္နဲ႔ပဲ လက္ေမာင္း ေသးတဲ့သူေတြကို တိုင္းမယ္ဆိုရင္ တကယ္ရွိေနတာ ထက္ ၄ မွတ္ေလာက္ ေလွ်ာ့ေနတတ္ပါတယ္။

သူ႔ရဲ႕တိုင္းတာမႈ အရ ေသြးေပါင္ခ်ိန္စက္တစ္ခုတည္းနဲ႔ တိုင္းတဲ့ ေဆး႐ုံ ေဆးခန္းေတြမွာ ေသြးေပါင္ခ်ိန္ ရလဒ္က ၄၀ % အထိ မွားေနတတ္ပါတယ္။ လက္ပတ္ေလွ်ာ့ၿပီး တိုင္းရင္ ၂၂% အေျဖမွားပါတယ္။

“ ဒါဘယ္ေလာက္ အေရးႀကီးတယ္ဆိုတာ ေဆး႐ုံ ေဆးခန္း ေတာ္ေတာ္မ်ားမ်ားက မသိၾကပါဘူး ။ ေသြးေပါင္ခ်ိန္ တိတိက်က် အေျဖတစ္ခု က ဆရာဝန္တစ္ေယာက္အတြက္ အလုပ္ေတြ အမ်ား ႀကီး သက္သာေစသလို ေရာဂါလကၡဏါကို တြက္ဆဖို႔ အမ်ားႀကီး အဆင္ေျပေစပါတယ္ “ လို႔ သူက ဆိုပါတယ္။

လက္ေမာင္းႀကီးတဲ့ လူနာနဲ႔ ပုံမွန္ လက္ေမာင္းရွိတဲ့ လူနာ ၂၀၀ကို သာမန္ အမ်ားသုံး ေသြးေပါင္ခ်ိန္စက္နဲ႔ စမ္းသက္ခဲ့တဲ့ ေနရာမွာ သာမန္လူေတြ က အေျဖမွန္ ရခဲ့ၿပီး ၁၆ လက္မ အထက္ လက္ေမာင္းႀကီးတဲ့ သူေတြမွာ ေသြေပါင္ ၂၀ ေက်ာ္ ပိုေနတာကို ေတြ႕ခဲ့ရပါတယ္။ ၈ လက္မနဲ႔ ၁၀ လက္မၾကား လက္ေမာင္းေသးတဲ့ သူေတြကေတာ့ ၄ မွတ္ေက်ာ္ ေလွ်ာ့ ေနတာကို ေတြ႕ခဲ့ရပါတယ္။

REF: UPI, Photo : UPI

Be the first to comment

Leave a Reply

Your email address will not be published.


*