” ဗီဇ “ ကိုတော့ ဖုံးကြယ္မထားနိဳင္ပါဘူး

” ဗီဇ “ ကိုတော့ လိမ်လို့ မရပါ…

” ဗီဇ “ ကိုတော့ ဖုံးကြယ္မထားနိဳင္ပါဘူး

တစ်ခါက… လူတစ်ယောက်ဟာ သူ့ရဲ့တတ်အပ်တဲ့ပညာနဲ့ နန်းတော်မှာအမှုထမ်းလိုကြောင်းပြောတော့ မှူးမတ်တွေကနေတဆင့် ဘုရင့်ရှေ့တော်မှောက်ကို ရောက်လာတယ်…။

ရှင်ဘုရင်က… ” မောင်မင်း ဘာပညာတတ်လဲ ” လို့ မေးတော့ အမှုတော်ထမ်းလိုသူက ရဲရဲဝံ့ဝံ့လျောက်တယ်… ” ကျွန်တော်မျိုး… သက်ရှိ သတ္တဝါတွေကို မှန်ကန်စွာခန့်မှန်းတဲ့ပညာကို တတ်ကျွမ်းပါတယ်” တဲ့ ။

ရှင်ဘုရင်ဟာ သူ့ကို နေရာကောင်းပေးဖို့ နေရာအလွတ် မရှိတာနဲ့ မကြာသေးခင်က မြင်းထိန်းတစ်ဦးသေသွားတာမို့ အဲ့ဒီ နေရာလေးကို သူ့အားပေးလိုက်တယ်။

ရက်အနည်းငယ်ကြာတော့… ရှင်ဘုရင်ဟာ သက်ရှိ သတ္တဝါတွေကို မှန်ကန်စွာခန့်မှန်းတဲ့ပညာကိုတတ်ကျွမ်းပါတယ် ဆိုတဲ့ မြင်းထိန်းနေရာရောက်နေတဲ့သူရဲ့ပညာကို သိလိုတာနဲ့ ခေါ်ပြီး သူ့ရဲ့အကြိုက်ဆုံး မြင်းရဲ့အကြောင်းကိုမေးတော့တယ်…။

” မောင်မင်း ငါ့ရဲ့ ဒီစီးတော်မြင်းဟာ… မျိုးစစ်မျိုးမှန် ဟုတ်ရဲ့လား ” ” မှန်လှပါ… အရှင်မင်းကြီးရဲ့မြင်းဟာ မျိုးစစ်မျိုးမှန် မဟုတ်ပါဘူး ” ရှင်ဘုရင်ဟာ တအံ့တသြဖြစ်သွားတယ် ။ ဒါနဲ့ ယခင် မြင်းပိုင်ရှင်ကိုဆင့်ခေါ်ပြီး မေးတော့ ယခင်မြင်းပိုင်ရှင်က…

” အရှင်မင်းကြီး မြင်းကတော့ မျိုးစစ်မျိုးမှန်ပါ… ဒါပေမဲ့… သူအမေဟာ သူကိုမွေးပြီးသေသွားခဲ့ပါတယ်… ဒါကြောင့်.. ကျွန်တော်မျိုးဟာ အဲဒီ မြင်းကို နွားနို့တိုက်ပြီး မွေးခဲ့ရပါတယ်” လို့ လျောက်ထားလေတယ်။

ရှင်ဘုရင်ဟာ မြင်းထိန်းကိုခေါ်ပြီး မေးတယ်.. ” မောင်မင်းက… မျိုးစစ် မျိုးမှန် မဟုတ်ဘူးဆိုတာ ဘယ်လိုသိလဲ ” ” မှန်လှပါ အရှင်မင်းကြီး ဒီမြင်းဟာ အစာကိုစားတဲ့အခါမှာ နွားများလို ခေါင်းကို ငုံ့ပြီးစားပါတယ်… တကယ် မျိုးစစ်သောမြင်းဟာ အစာကိုပါးစပ်မှာယူပြီး ခေါင်းကိုမော့လို့ စားပါတယ် ”

ရှင်ဘုရင်ဟာ သူ့ရဲ့ပညာကို အလွန်လေးစားတန်ဘိုးထားပြီး သူ့ထံကို ထောပတ်တွေ ကြက်ကြော် ငှက်ကြော်တွေ, အသီးအနှံတွေ များစွာပို့လို့ ဆုချီးမြှင့်ပါတယ်။ ပြီးတော့… သူကို မိဖုရားဆောင်နဲ့ နီးတဲ့နေရာမှာ နေရာပေးလိုက်ပါတယ်။

ရက်အနည်းငယ်ကြာတော့… ရှင်ဘုရင်က သူ့ကို မိဖုရားနဲ့ ပတ်သက်ပြီးမေးတော့ သူကဖြေတယ်… ” မိဖုရားရဲ့ နေပုံထိုင်ပုံကတော့ မင်းမျိုးမင်းနွယ်ကလို့ ထင်ရပါတယ်… ဒါပေမယ့် မိဖုရားဟာ မင်းမျိုးမင်းနွယ်က မဟုတ်ပါဘူး ”

ရှင်ဘုရင်ဟာ တအံ့တသြနဲ့ ယောက်ခမဖြစ်သူကို ခေါ်ပြီးမေးပြန်တယ်…” ဟုတ်ပါတယ် မင်းကြီး မင်းကြီးရဲ့ ခမည်းတော်က ကျွန်ုပ်ရဲ့ခင်ပွန်းထံက သမီးမွေးရင် ပေးစားမယ်ပြောထားခဲ့ပါတယ်…

တကယ်တော့ ကျွန်ုပ်တို့ သမီးအရင်းဟာ ကံဆိုးစွာ 6လနဲ့ကွယ်လွန်သွားခဲ့ပါတယ်…  ဒါနဲ့ ကျွန်ုပ်တို့လည်း မင်းမျိုးမင်းနွယ်နဲ့ အမျိုးမတော်ရမှာ စိုးတာကြောင့် သူများရဲ့သမီးကို မွေးစားလိုက်ရပါတယ် ” လို့ ကြားသိရတော့မှ မြင်းထိန်းကိုခေါ်ပြီး မေးတယ်.. ” မိဖုရားဟာ မင်းမျိုးမင်းနွယ်က မဟုတ်ဘူးဆိုတာ မောင်မင်း ဘယ်လို သိတာလဲ ”

” မှန်လှပါ… မိဖုရားရဲ့ဆက်ဆံမှုက အလုပ်သမားတွေအပေါ်မှာ မိဖုရားတစ်ယောက်ပုံစံ မဟုတ်ပဲ တကယ့်ကို ပညာမဲ့သူတွေရဲ့ပုံစံနဲ့တူနေလို့ပါ ” လို့လျှောက်ထားတယ်။

ရှင်ဘုရင်ဟာ သူ့ရဲ့ပညာကို အလွန်လေးစားတန်ဘိုးထားပြီး အရင်လိုပဲ ထောပတ်တွေ ကြက်ကြော်ငှက်ကြော်တွေ အသီးအနှံတွေ များစွာပို့ပြီး ချီးမြှင့်ပြန်ပါတယ် ။ ပြီးတော့လည်း သူ့ကို နန်းတော်ထဲမှာ နေရာပေးလိုက်ပါတယ်။

ဒီလိုနဲ့ ရက်အနည်းငယ်ကြာတော့ သူ့ကိုခေါ်ပြီး…

” ကဲ အခု… ငါ့အကြောင်းကိုပြောပါ ” ဆိုတော့ အမှုတော်ထမ်းက… ” ကျွန်တော်မျိုးရဲ့ အသက်အတွက် အာမခံချက်ရှိရင် ပြောပါမယ် ” လို့ တောင်းဆိုလိုက်တယ် ။

ဘုရင်ကလည်း ” ကောင်းပြီ ငါကတိပေးတယ် ” ဆိုတော့မှ…” အရှင်မင်းကြီးဟာ ဘုရင့်သားတော်မဟုတ်သလို ဘုရင်အမျိုးအနွယ်ကလည်း မဟုတ်ပါဘူး ”

အဲ့ဒီစကားကြောင့် ရှင်ဘုရင်ဟာ အလွန်ဒေါသထွက်ပြီး သတ်မယ်လုပ်တော့ သူကိုယ်တိုင် ကတိပေးထားတာကို သတိရပြီး စိတ်လျှော့လိုက်တယ်။

ဒါနဲ့ ချက်ချင်းဆိုသလို မယ်တော်ကြီးအထံကို သွားရောက်မေးတယ်။ မယ်တော်က… ” ဟုတ်ပါတယ်.. မင်းဟာ နွားကျောင်းသားတစ်ယောက်ရဲ့ သားဖြစ်တယ်… ငါတို့မှာ ကလေးမရနိုင်တော့ မင်းကို ခေါ်ပြီး မွေးစားလိုက်တာဖြစ်တယ် ” ဆိုတော့မှ အမှုထမ်းကို ခေါ်ပြီး မေးတယ်…

” မောင်မင်းက ငါ့ကို ဘုရင် အမျိုးအနွယ်ထဲက မဟုတ်ဘူးဆိုတာ ဘယ်လိုသိလဲ? “အမှုတော်ထမ်းက… ” ရှင်ဘုရင်ဆိုတာ တစ်ယောက် ယောက်ကို လက်ဆောင်ပေးရင် စိန်တွေ ရွှေတွေ စတဲ့ အဖိုးတန် အကောင်းစား ပစ္စည်းမျိုးကိုသာ ပေးတတ်ပါတယ်

အခု အရှင်မင်းကြီးဟာ လက်ဆောင်ပေးတဲ့အခါ စားစရာ သောက်စရာ အသီးအနှံတွေသာ ပေးတယ်.. ဒါကိုကြည့်ခြင်းအားဖြင့် အရှင်မင်းကြီးဟာ ဘုရင်မျိုး ဘုရင်အနွယ်က မဖြစ်နိုင်ဘူး… နွားကျောင်းသား တစ်ဦး ဦးရဲ့သားပဲ ဖြစ်ရမယ်ဆိုတာ သိရပါတယ် ” လို့ ဖြေကြားလိုက်ပါတော့တယ်။

ဘဝမှာ… ကိုယ်ဘက်က ဘယ်လောက်ပဲ အထက်တန်းကျတယ်လို့ပဲပြောပြော.. ကိုယ့်ရဲ့အပြုအမူအပြောအဆိုတွေဟာ အထက်တန်းကျမနေခဲ့ရင် ဘယ်သူကမှအထက်တန်းကျတယ်လို့ မသက်မှတ်ပါဘူး…

ဘယ်လောက်ပဲ အဆင့်အတန်းတွေနိမ့်ကျတယ်လို့ပဲဆိုဆို… ကိုယ့်ရဲ့အပြုအမူအပြောအဆိုတွေဟာ နိမ့်ကျမနေခဲ့ရင် ဘယ်သူကမှ နိမ့်ကျတယ်လို့ မမြင်ပါဘူး…

မကောင်းတဲ့အပြုအမူ… မကောင်းတဲ့ အပြောအဆိုတွေဟာ မကောင်းတဲ့မျိုးရိုးဗီဇပါပဲ… ဒါ့ကြောင့်… လူကြီးသူမတွေက.. ” ကိုယ်ကြမ်းတော့ အဖယုတ်တယ်.. နှုတ်ကြမ်းတော့ အမိယုတ်တယ် ” လို့ ဆိုခဲ့တာပါပဲ ။

ပိုက်ဆံဘယ်လောက်ပဲရှိရှိ.. ကောင်းတဲ့အပြုအမူအပြောအဆိုတွေမရှိရင် မကောင်းတဲ့ဗီဇရှိသူပါပဲ။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။

zawgyi

” ​ဗီဇ “ ကိုေတာ့ ဖုံးကွယ်မထားနိုင်ပါဘူး

တစ္ခါက… လူတစ္ေယာက္ဟာ သူ႔ရဲ႕တတ္အပ္တဲ့ပညာနဲ႔ နန္းေတာ္မွာအမႈထမ္းလိုေၾကာင္းေျပာေတာ့ မႉးမတ္ေတြကေနတဆင့္ ဘုရင့္ေရွ႕ေတာ္ေမွာက္ကို ေရာက္လာတယ္…။

ရွင္ဘုရင္က… ” ေမာင္မင္း ဘာပညာတတ္လဲ ” လို႔ ေမးေတာ့ အမႈေတာ္ထမ္းလိုသူက ရဲရဲဝံ့ဝံ့ေလ်ာက္တယ္… ” ကြၽန္ေတာ္မ်ိဳး… သက္ရွိ သတၱဝါေတြကို မွန္ကန္စြာခန႔္မွန္းတဲ့ပညာကို တတ္ကြၽမ္းပါတယ္” တဲ့ ။

ရွင္ဘုရင္ဟာ သူ႔ကို ေနရာေကာင္းေပးဖို႔ ေနရာအလြတ္ မရွိတာနဲ႔ မၾကာေသးခင္က ျမင္းထိန္းတစ္ဦးေသသြားတာမို႔ အဲ့ဒီ ေနရာေလးကို သူ႔အားေပးလိုက္တယ္။

ရက္အနည္းငယ္ၾကာေတာ့… ရွင္ဘုရင္ဟာ သက္ရွိ သတၱဝါေတြကို မွန္ကန္စြာခန႔္မွန္းတဲ့ပညာကိုတတ္ကြၽမ္းပါတယ္ ဆိုတဲ့ ျမင္းထိန္းေနရာေရာက္ေနတဲ့သူရဲ႕ပညာကို သိလိုတာနဲ႔ ေခၚၿပီး သူ႔ရဲ႕အႀကိဳက္ဆုံး ျမင္းရဲ႕အေၾကာင္းကိုေမးေတာ့တယ္…။

” ေမာင္မင္း ငါ့ရဲ႕ ဒီစီးေတာ္ျမင္းဟာ… မ်ိဳးစစ္မ်ိဳးမွန္ ဟုတ္ရဲ႕လား ” ” မွန္လွပါ… အရွင္မင္းႀကီိးရဲ႕ျမင္းဟာ မ်ိဳးစစ္မ်ိဳးမွန္ မဟုတ္ပါဘူး ” ရွင္ဘုရင္ဟာ တအံ့တၾသျဖစ္သြားတယ္ ။ ဒါနဲ႔ ယခင္ ျမင္းပိုင္ရွင္ကိုဆင့္ေခၚၿပီး ေမးေတာ့ ယခင္ျမင္းပိုင္ရွင္က…

” အရွင္မင္းႀကီး ျမင္းကေတာ့ မ်ိဳးစစ္မ်ိဳးမွန္ပါ… ဒါေပမဲ့… သူအေမဟာ သူကိုေမြးၿပီးေသသြားခဲ့ပါတယ္… ဒါေၾကာင့္.. ကြၽန္ေတာ္မ်ိဳးဟာ အဲဒီ ျမင္းကို ႏြားႏို႔တိုက္ၿပီး ေမြးခဲ့ရပါတယ္” လို႔ ေလ်ာက္ထားေလတယ္။

ရွင္ဘုရင္ဟာ ျမင္းထိန္းကိုေခၚၿပီး ေမးတယ္.. ” ေမာင္မင္းက… မ်ိဳးစစ္ မ်ိဳးမွန္ မဟုတ္ဘူးဆိုတာ ဘယ္လိုသိလဲ ” ” မွန္လွပါ အရွင္မင္းႀကီး ဒီျမင္းဟာ အစာကိုစားတဲ့အခါမွာ ႏြားမ်ားလို ေခါင္းကို ငုံ႔ၿပီးစားပါတယ္… တကယ္ မ်ိဳးစစ္ေသာျမင္းဟာ အစာကိုပါးစပ္မွာယူၿပီး ေခါင္းကိုေမာ့လို႔ စားပါတယ္ ”

ရွင္ဘုရင္ဟာ သူ႔ရဲ႕ပညာကို အလြန္ေလးစားတန္ဘိုးထားၿပီး သူ႔ထံကို ေထာပတ္ေတြ ၾကက္ေၾကာ္ ငွက္ေၾကာ္ေတြ, အသီးအႏွံေတြ မ်ားစြာပို႔လို႔ ဆုခ်ီးျမႇင့္ပါတယ္။ ၿပီးေတာ့… သူကို မိဖုရားေဆာင္နဲ႔ နီးတဲ့ေနရာမွာ ေနရာေပးလိုက္ပါတယ္။

ရက္အနည္းငယ္ၾကာေတာ့… ရွင္ဘုရင္က သူ႔ကို မိဖုရားနဲ႔ ပတ္သက္ၿပီးေမးေတာ့ သူကေျဖတယ္… ” မိဖုရားရဲ႕ ေနပုံထိုင္ပုံကေတာ့ မင္းမ်ိဳးမင္းႏြယ္ကလို႔ ထင္ရပါတယ္… ဒါေပမယ့္ မိဖုရားဟာ မင္းမ်ိဳးမင္းႏြယ္က မဟုတ္ပါဘူး ”

ရွင္ဘုရင္ဟာ တအံ့တၾသနဲ႔ ေယာက္ခမျဖစ္သူကို ေခၚၿပီးေမးျပန္တယ္…” ဟုတ္ပါတယ္ မင္းႀကီး မင္းႀကီးရဲ႕ ခမည္းေတာ္က ကြၽႏ္ုပ္ရဲ႕ခင္ပြန္းထံက သမီးေမြးရင္ ေပးစားမယ္ေျပာထားခဲ့ပါတယ္…

တကယ္ေတာ့ ကြၽႏ္ုပ္တို႔ သမီးအရင္းဟာ ကံဆိုးစြာ 6လနဲ႔ကြယ္လြန္သြားခဲ့ပါတယ္… ဒါနဲ႔ ကြၽႏ္ုပ္တို႔လည္း မင္းမ်ိဳးမင္းႏြယ္နဲ႔ အမ်ိဳးမေတာ္ရမွာ စိုးတာေၾကာင့္ သူမ်ားရဲ႕သမီးကို ေမြးစားလိုက္ရပါတယ္ ” လို႔ ၾကားသိရေတာ့မွ ျမင္းထိန္းကိုေခၚၿပီး ေမးတယ္.. ” မိဖုရားဟာ မင္းမ်ိဳးမင္းႏြယ္က မဟုတ္ဘူးဆိုတာ ေမာင္မင္း ဘယ္လို သိတာလဲ ”

” မွန္လွပါ… မိဖုရားရဲ႕ဆက္ဆံမႈက အလုပ္သမားေတြအေပၚမွာ မိဖုရားတစ္ေယာက္ပုံစံ မဟုတ္ပဲ တကယ့္ကို ပညာမဲ့သူေတြရဲ႕ပုံစံနဲ႔တူေနလို႔ပါ ” လို႔့ေလွ်ာက္ထားတယ္။

ရွင္ဘုရင္ဟာ သူ႔ရဲ႕ပညာကို အလြန္ေလးစားတန္ဘိုးထားၿပီး အရင္လိုပဲ ေထာပတ္ေတြ ၾကက္ေၾကာ္ငွက္ေၾကာ္ေတြ အသီးအႏွံေတြ မ်ားစြာပို႔ၿပီး ခ်ီးျမႇင့္ျပန္ပါတယ္ ။ ၿပီးေတာ့လည္း သူ႔ကို နန္းေတာ္ထဲမွာ ေနရာေပးလိုက္ပါတယ္။

ဒီလိုနဲ႔ ရက္အနည္းငယ္ၾကာေတာ့ သူ႔ကိုေခၚၿပီး…

” ကဲ အခု… ငါ့အေၾကာင္းကိုေျပာပါ ” ဆိုေတာ့ အမႈေတာ္ထမ္းက… ” ကြၽန္ေတာ္မ်ိဳးရဲ႕ အသက္အတြက္ အာမခံခ်က္ရွိရင္ ေျပာပါမယ္ ” လို႔ ေတာင္းဆိုလိုက္တယ္ ။

ဘုရင္ကလည္း ” ေကာင္းၿပီ ငါကတိေပးတယ္ ” ဆိုေတာ့မွ…” အရွင္မင္းႀကီးဟာ ဘုရင့္သားေတာ္မဟုတ္သလို ဘုရင္အမ်ိဳးအႏြယ္ကလည္း မဟုတ္ပါဘူး ”

အဲ့ဒီစကားေၾကာင့္ ရွင္ဘုရင္ဟာ အလြန္ေဒါသထြက္ၿပီး သတ္မယ္လုပ္ေတာ့ သူကိုယ္တိုင္ ကတိေပးထားတာကို သတိရၿပီး စိတ္ေလွ်ာ့လိုက္တယ္။

ဒါနဲ႔ ခ်က္ခ်င္းဆိုသလို မယ္ေတာ္ႀကီးအထံကို သြားေရာက္ေမးတယ္။ မယ္ေတာ္က… ” ဟုတ္ပါတယ္.. မင္းဟာ ႏြားေက်ာင္းသားတစ္ေယာက္ရဲ႕ သားျဖစ္တယ္… ငါတို႔မွာ ကေလးမရႏိုင္ေတာ့ မင္းကို ေခၚၿပီး ေမြးစားလိုက္တာျဖစ္တယ္ ” ဆိုေတာ့မွ အမႈထမ္းကို ေခၚၿပီး ေမးတယ္…

” ေမာင္မင္းက ငါ့ကို ဘုရင္ အမ်ိဳးအႏြယ္ထဲက မဟုတ္ဘူးဆိုတာ ဘယ္လိုသိလဲ? “အမႈေတာ္ထမ္းက… ” ရွင္ဘုရင္ဆိုတာ တစ္ေယာက္ ေယာက္ကို လက္ေဆာင္ေပးရင္ စိန္ေတြ ေ႐ႊေတြ စတဲ့ အဖိုးတန္ အေကာင္းစား ပစၥည္းမ်ိဳးကိုသာ ေပးတတ္ပါတယ္

အခု အရွင္မင္းႀကီးဟာ လက္ေဆာင္ေပးတဲ့အခါ စားစရာ ေသာက္စရာ အသီးအႏွံေတြသာ ေပးတယ္.. ဒါကိုၾကည့္ျခင္းအားျဖင့္ အရွင္မင္းႀကီးဟာ ဘုရင္မ်ိဳး ဘုရင္အႏြယ္က မျဖစ္ႏိုင္ဘူး… ႏြားေက်ာင္းသား တစ္ဦး ဦးရဲ႕သားပဲ ျဖစ္ရမယ္ဆိုတာ သိရပါတယ္ ” လို႔ ေျဖၾကားလိုက္ပါေတာ့တယ္။

ဘဝမွာ… ကိုယ္ဘက္က ဘယ္ေလာက္ပဲ အထက္တန္းက်တယ္လို႔ပဲေျပာေျပာ.. ကိုယ့္ရဲ႕အျပဳအမူအေျပာအဆိုေတြဟာ အထက္တန္းက်မေနခဲ့ရင္ ဘယ္သူကမွအထက္တန္းက်တယ္လို႔ မသက္မွတ္ပါဘူး…

ဘယ္ေလာက္ပဲ အဆင့္အတန္းေတြနိမ့္က်တယ္လို႔ပဲဆိုဆို… ကိုယ့္ရဲ႕အျပဳအမူအေျပာအဆိုေတြဟာ နိမ့္က်မေနခဲ့ရင္ ဘယ္သူကမွ နိမ့္က်တယ္လို႔ မျမင္ပါဘူး…

မေကာင္းတဲ့အျပဳအမူ… မေကာင္းတဲ့ အေျပာအဆိုေတြဟာ မေကာင္းတဲ့မ်ိဳး႐ိုးဗီဇပါပဲ… ဒါ့ေၾကာင့္… လူႀကီးသူမေတြက.. ” ကိုယ္ၾကမ္းေတာ့ အဖယုတ္တယ္.. ႏႈတ္ၾကမ္းေတာ့ အမိယုတ္တယ္ ” လို႔ ဆိုခဲ့တာပါပဲ ။

ပိုက္ဆံဘယ္ေလာက္ပဲရွိရွိ.. ေကာင္းတဲ့အျပဳအမူအေျပာအဆိုေတြမရွိရင္ မေကာင္းတဲ့ဗီဇရွိသူပါပဲ။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။

Be the first to comment

Leave a Reply

Your email address will not be published.


*