မိဘေတြ ႏိုးထၾကေလာ့ ၊ သားသမီးေတြကို ဖုန္းတစ္လုံးနဲ႔ ပစ္မထားၾကနဲ႔

မိဘေတြ ႏိုးထၾကေလာ့ ၊ သားသမီးေတြကို ဖုန္းတစ္လုံးနဲ႔ ပစ္မထားၾကနဲ႔

မိဘေတြ ႏိုးထၾကေလာ့ ၊ သားသမီးေတြကို ဖုန္းတစ္လုံးနဲ႔ ပစ္မထားၾကနဲ႔

ေမာင္ယႆ ( ဇန္ ၂၇ )
ဇန္နဝါရီ ၂၇ က မေလးရွားသတင္း ဝက္ဆိုဒ္ တစ္ခုျဖစ္တဲ့ world of buzz မွာတင္ထားတဲ့ သတင္းတစ္ပုဒ္ေၾကာင့္ စိုးရိမ္စိတ္ေတြ ျဖစ္ခဲ့ရပါတယ္။

သတင္းမွာ ဘာပါလဲဆိုေတာ့ ၇ ႏွစ္သားအ႐ြယ္ ေကာင္ေလးတစ္ေယာက္ နဲ႔ ေကာင္မေလးတစ္ေယာက္က လိုင္းေပၚမွာ သမီးရီးစား လုပ္ၾကဖို႔အတြက္ အခ်င္းခ်င္း စာအျပန္အလွန္ပို႔တဲ့ မက္ေဆ့ေတြကို မိခင္ျဖစ္သူက ဖတ္မိၿပီး စခရင္ေရွာ့ ႐ိုက္ ကာ လိုင္းေပၚတင္ထားတာကို ေဖာ္ျပလိုက္တာပါ။

သားသမီးေတြကို နည္းပညာေခတ္မွာ နည္းပညာနဲ႔ မစိမ္းေစခ်င္လို႔ ဖုန္းေတြ ကြန္ျပဴတာေတြ ေပးသုံးတာ ကေတာ့ မွန္ပါတယ္။ နလုံးႏုနယ္တဲ့ ကေလးေတြက ဖုန္းေတြ ကြန္ျပဴတာေတြကို တကယ့္ဘဝႀကီးမွတ္ထင္ၿပီး အဲ့ဒိထဲမွာ နစ္ေမ်ာေနတာကေတာ့ မွားေနပါတယ္။

ပိုဆိုတာက ကိုဗစ္ကာလမွာ အိမ္တြင္းေအာင္းေနရေတာ့ ကေလးေတြက ဖုန္းေတြ ကြန္ျပဴတာေတြကို ပိုသုံးျဖစ္သြားပါတယ္။ နည္းပညာရဲ႕ ေနာက္ဆက္တြဲ ဆိုးက်ိဳး လို႔ ေျပာရမွာျဖစ္ပါတယ္။ ကေလးေတြကို ဖုန္းေတြ ကြန္ျပဴတာေတြ သုံးၿပီးရင္ မိဘေတြက ေနာက္ေၾကာင္းျပန္စစ္ေဆးမႈေတြ လုပ္သင့္တယ္လို႔ ရီးစားဖို႔ ႀကိဳး စားေနတဲ့ ကေလးမိခင္က သူမရဲ႕ အေတြ႕အႀကဳံ ကို ရွယ္လိုက္တာပါ။

သူမ မိဘေတြ ႏိုးထၾကပါ။ ကေလးေတြကို ဖုန္းေတြနဲ႔ လုံး၀ လႊတ္မထားပါနဲ႔ လို႔ ဆိုလိုက္ပါတယ္။ အြန္လိုင္းေပၚမွာ ကေလးေတြကို ခ်ိန္႐ြယ္ၿပီး တိုက္ခိုက္ေနတဲ့ အဆိပ္ေကာင္ေတြ ရွိပါတယ္လို႔ သူမက ဆိုလိုက္ပါတယ္။

အသက္မျပည့္ေသးတဲ့ ကေလးေတြကို လိင္ပိုင္းဆိုင္ရာ စိတ္ဝင္စားမႈေတြ ျဖစ္ေစတဲ့ ဂိမ္းေတြ ၊ အပလီေကးရွင္းေတြ နဲ႔ အျခားအျခားေသာ သတ္ျဖတ္မႈ ၊႐ုန႔္ရင္းၾကမ္းတမ္းမႈေတြကို လမ္းၫႊန္ ေနတဲ့ အရာေတြ အမ်ားႀကီးပဲလို႔ သူမက ဆိုလိုက္ပါတယ္။

REF: world of buzz, Photo : the times

unicode

မိဘတွေ နိုးထကြလော့ ၊ သားသမီးတွေကို ဖုန်းတစ်လုံးနဲ့ ပစ်မထားကြနဲ့

မောင်ယဿ ( ဇန် ၂၇ )
ဇန်နဝါရီ ၂၇ က မလေးရှားသတင်း ဝက်ဆိုဒ် တစ်ခုဖြစ်တဲ့ world of buzz မှာတင်ထားတဲ့ သတင်းတစ်ပုဒ်ကြောင့် စိုးရိမ်စိတ်တွေ ဖြစ်ခဲ့ရပါတယ်။

သတင်းမှာ ဘာပါလဲဆိုတော့ ၇ နှစ်သားအရွယ် ကောင်လေးတစ်ယောက် နဲ့ ကောင်မလေးတစ်ယောက်က လိုင်းပေါ်မှာ သမီးရီးစား လုပ်ကြဖို့အတွက် အချင်းချင်း စာအပြန်အလှန်ပို့တဲ့ မက်ဆေ့တွေကို မိခင်ဖြစ်သူက ဖတ်မိပြီး စခရင်ရှော့ ရိုက် ကာ လိုင်းပေါ်တင်ထားတာကို ဖော်ပြလိုက်တာပါ။

သားသမီးတွေကို နည်းပညာခေတ်မှာ နည်းပညာနဲ့ မစိမ်းစေချင်လို့ ဖုန်းတွေ ကွန်ပြူတာတွေ ပေးသုံးတာ ကတော့ မှန်ပါတယ်။ နလုံးနုနယ်တဲ့ ကလေးတွေက ဖုန်းတွေ ကွန်ပြူတာတွေကို တကယ့်ဘဝကြီးမှတ်ထင်ပြီး အဲ့ဒိထဲမှာ နစ်မျောနေတာကတော့ မှားနေပါတယ်။

ပိုဆိုတာက ကိုဗစ်ကာလမှာ အိမ်တွင်းအောင်းနေရတော့ ကလေးတွေက ဖုန်းတွေ ကွန်ပြူတာတွေကို ပိုသုံးဖြစ်သွားပါတယ်။ နည်းပညာရဲ့ နောက်ဆက်တွဲ ဆိုးကျိုး လို့ ပြောရမှာဖြစ်ပါတယ်။ ကလေးတွေကို ဖုန်းတွေ ကွန်ပြူတာတွေ သုံးပြီးရင် မိဘတွေက နောက်ကြောင်းပြန်စစ်ဆေးမှုတွေ လုပ်သင့်တယ်လို့ ရီးစားဖို့ ကြိုး စားနေတဲ့ ကလေးမိခင်က သူမရဲ့ အတွေ့အကြုံ ကို ရှယ်လိုက်တာပါ။

သူမ မိဘတွေ နိုးထကြပါ။ ကလေးတွေကို ဖုန်းတွေနဲ့ လုံး၀ လွှတ်မထားပါနဲ့ လို့ ဆိုလိုက်ပါတယ်။ အွန်လိုင်းပေါ်မှာ ကလေးတွေကို ချိန်ရွယ်ပြီး တိုက်ခိုက်နေတဲ့ အဆိပ်ကောင်တွေ ရှိပါတယ်လို့ သူမက ဆိုလိုက်ပါတယ်။

အသက်မပြည့်သေးတဲ့ ကလေးတွေကို လိင်ပိုင်းဆိုင်ရာ စိတ်ဝင်စားမှုတွေ ဖြစ်စေတဲ့ ဂိမ်းတွေ ၊ အပလီကေးရှင်းတွေ နဲ့ အခြားအခြားသော သတ်ဖြတ်မှု ၊ရုန့်ရင်းကြမ်းတမ်းမှုတွေကို လမ်းညွှန် နေတဲ့ အရာတွေ အများကြီးပဲလို့ သူမက ဆိုလိုက်ပါတယ်။

REF: world of buzz, Photo : the times

Be the first to comment

Leave a Reply

Your email address will not be published.


*