အခ်င္းခ်င္းဂ်င္းထည့္ျခင္း ကင္းရွင္းၾကပါေစ

အခ်င္းခ်င္းဂ်င္းထည့္ျခင္း ကင္းရွင္းၾကပါေစ

အခ်င္းခ်င္းဂ်င္းထည့္ျခင္း ကင္းရွင္းၾကပါေစ

ဟိုးေရွးေရွးတုန္းကေပါ့ကြယ္ လယ္သမားႀကီးဟာ ၾကက္ဖေလးတစ္ေကာင္ကိုေဈးထဲက ဝယ္လာသတဲ့ အဲဒိေနာက္ ၾကက္ဖေလးကို သူ႔ရဲ႕ ၾကက္ၿခံထဲမွာ လႊတ္ေပးလိုက္တယ္…

ၾကက္ဖေလး ၿခံထဲကို ဝင္ဝင္ျခင္းမွာပဲ ၾကက္မေတြ အလယ္ေကာင္မွာ အခန႔္သားေလး ေနေနရင္းၾကက္ဖအိုႀကီး တစ္ေကာင္ကို ေတြ႕လိုက္ေရာတဲ့ ၾကက္ဖအိုႀကီးက

“ေဟ့ေကာင္ေလး ႀကိဳဆိုပါတယ္” လို႔ ဆိုၿပီး ၾကက္မူေရးရာအရ ႏႈတ္ဆက္လိုက္သတဲ့ ဒါေပမယ့္လည္း အိုမင္းေနၿပီျဖစ္တဲ့ ၾကက္ဖႀကီးကို ၾကက္ဖေလးက အဖက္မတန္သလို မသိခ်င္ေယာင္ေဆာင္ေနတယ္…

ၿခံထဲမွာ ရွိတဲ့ ၾကက္မေတြကို သူလိုက္ၿပီး အကဲခပ္ေနတုန္းမွာပဲ ၾကက္ဖႀကီးက ေကာင္ေလး ဒီၿခံထဲမွာ ၾကက္မ (၂၅) ေကာင္တိတိ ရွိတယ္၊ ငါက အိုလာေတာ့ သူတို႔ ဥဥ ႏႈန္းက်လာတယ္ ဒါေၾကာင့္ မင္းကို လယ္သမားႀကီးက အသစ္ဝယ္လိုက္တာပဲ…

ငါ့ကို ငဲ့ညႇာတဲ့အေနနဲ႔ ၾကက္မ (၂၄)ေကာင္ကို မင္းယူၿပီး ငါ့အတြက္ ၾကက္မေလး(၁) ေကာင္ေလာက္ေတာ့ ခ်န္ထားေပးပါကြာတဲ့ ဒီတစ္ခုေတာ့ ေတာင္းဆိုပါရေစ… အဲဒိလို ၾကက္ဖႀကီးေျပာတဲ့အခါ ၾကက္ဖပ်ိဳေလးက မ်က္ခုံးတစ္ဖက္ကို ပင့္လိုက္တယ္…

“ညႇင္း ညႇင္း ညႇင္း” ၾကက္ဖေလးက ရယ္ေမာလိုက္ၿပီး ၾကက္ဖအိုႀကီးကို ျပန္ေျပာလိုက္တယ္… ဘဲႀကီး ခဗ်ားအသက္ႀကီးၿပီ နားလိုက္ေတာ့ ဒီေစာ္ေတြအကုန္ က်ဳပ္ပိုင္တယ္… ခဗ်ားတစ္ေကာင္ေတာင္ မရဘူးမွတ္ အဲဒိလို ၾကက္ဖေလးက စကားေျပာေနရင္းၾက က္ဖႀကီးက ဒီလိုျပန္ေျပာလိုက္တယ္

“ေအးေပါ့ေလ မင္းက တက္လူ အဲေလ တက္ၾကက္ ငါက ၾကက္အိုကြ ဒါေပမယ့္ ဒီအတိုင္း ဆုံးျဖတ္မယ့္အစား မင္းနဲ႔ငါ ၾကက္ၿခံတစ္ပတ္ အေျပးၿပိဳင္ၿပီး ႏိုင္တဲ့ ေကာင္က ၾကက္မေတြ အကုန္ယူေၾကးလို႔ သတ္မွတ္လိုက္ရင္ မေကာင္းဘူးလား

ေအး မင္းဇရွိရင္ ငါ့ကို တစ္ေပ ႏွစ္ေပေတာ့ အေၾကာေပးေပါ့ကြ ငါက ၾကက္အိုႀကီးကို…။ အဲဒိလို ၾကက္ဖႀကီးရဲ႕ စိတ္ေခၚစကားကို ၾကားတဲ့အခါၾကက္ဖပ်ိဳေလးက တစ္ေပႏွစ္ေပတင္ မကဘူး အဘိုးႀကီးသုံးေပတိတိ အေၾကာေပးတယ္လို႔….. ေျပာၿပီး

စိန္ေခၚတာကို လက္ခံလိုက္ရတယ္ အဲဒီလိုနဲ႔ ၾကက္အိုႀကီးနဲ႔ ၾကက္ဖပ်ိဳ ၾကက္ဖႏွစ္ေကာင္ဟာ အေျပးၿပိဳင္ဖို႔ ေနရာယူၾကေလေရာ ၾကက္ဖႀကီးက သုံးေပေလာက္အကြာ ေရွ႕မွာ ေနရာယူတယ္… ၾကက္ဖေလးကေတာ့ ေနာက္မွာ ေနရာယူၿပီး စေျပးၾကတယ္ …

သူတို႔ရဲ႕ အေျပးၿပိဳင္ပြဲကို ၿခံထဲမွာရွိတဲ့ ၾကက္မေတြကလည္း “ကေတာ္ ကေတာ္ သံကလည္း ဆူညံေနေအာင္အားေပးၾကတယ္ ၾကက္ဖႀကီးကို အားေပးၾကတဲ့ ၾကက္မေတြထက္ သန္မာဖ်တ္လပ္ေနတဲ့ ၾကက္ဖပ်ိဳေလးကိုအားေပးၾကတဲ့ ၾကက္မေတြက ပိုမ်ားေနၾကတယ္…

ၾကက္ဖအိုႀကီးက ေရွးက ဦးေဆာင္ေျပးတယ္ ၾကက္ဖငယ္ေလးက ေနာက္က လိုက္တယ္ ၾကက္ဖအိုႀကီးက ေခါင္းကိုအေရွ႕ကို အစြမ္းကုန္ ဆန႔္ၿပီး ေျပးတယ္… ၾကက္ဖေလးကလည္း အားက်မခံ ေခါင္းကို ဆန႔္ထုပ္ၿပီးၾကက္ဖအိုႀကီးကို အမွီလိုက္ေလတယ္ၾကက္ဖႀကီးက ကေတာ္သံ အက်ယ္ႀကီးနဲ႔ ေျပးတယ္

ၾကက္ဖပ်ိဳေလးကလည္း မာန္ဖီၿပီး လိုက္တယ္ အဲဒီလိုနဲ႔ ၾကက္ဖႀကီးက ေအာ္ၿပီးေျပး ၾကက္ဖပ်ိဳေလးက ေနာက္ကေန မာန္ဖီၿပီးလိုက္ေနတုန္းမွာပဲ လယ္သမားႀကီးရဲ႕ ေလာက္စာလုံးဟာ ၾကက္ဖပ်ိဳေလးရဲ႕ ေခါင္းတည့္တည့္ကို ထိၿပီး ၾကက္ဖေလးဟာ အဲဒိေနရာမွာတင္ မာလကီးသြားရွာေလသတဲ့…

အဲဒိလို ေလးခြစာမိၿပီး ေသသြားတဲ့ ၾကက္ဖေလးကို လာၿပီးေကာက္ယူရင္း လယ္သမားႀကီးက ဒီလိုေျပာလိုက္တယ္

“ေတာက္” အထီးအခ်င္းခ်င္း လိုက္ေနတဲ့ ေစာက္အေျခာက္ၾကက္ေတြ ဝယ္မိတာ ဒီတစ္ေကာင္နဲ႔ဆို ၆ေကာင္ရွိၿပီ ဒီေန႔ညေနလည္း ၾကက္သားဟင္းနဲ႔ပဲ စားရေတာ့မွာေပါ့” တဲ့…..

အခ်င္းခ်င္းဂ်င္းထည့္ျခင္း ကင္းရွင္းၾကပါေစ

Crd -ညီသုတ (ေခတၱ လူ႔ျပည္)

Unicode

အချင်းချင်းဂျင်းထည့်ခြင်း ကင်းရှင်းကြပါစေ

ဟိုးရှေးရှေးတုန်းကပေါ့ကွယ် လယ်သမားကြီးဟာ ကြက်ဖလေးတစ်ကောင်ကိုဈေးထဲက ဝယ်လာသတဲ့ အဲဒိနောက် ကြက်ဖလေးကို သူ့ရဲ့ ကြက်ခြံထဲမှာ လွှတ်ပေးလိုက်တယ်…

ကြက်ဖလေး ခြံထဲကို ဝင်ဝင်ခြင်းမှာပဲ ကြက်မတွေ အလယ်ကောင်မှာ အခန့်သားလေး နေနေရင်းကြက်ဖအိုကြီး တစ်ကောင်ကို တွေ့လိုက်ရောတဲ့ ကြက်ဖအိုကြီးက

“ဟေ့ကောင်လေး ကြိုဆိုပါတယ်” လို့ ဆိုပြီး ကြက်မူရေးရာအရ နှုတ်ဆက်လိုက်သတဲ့ ဒါပေမယ့်လည်း အိုမင်းနေပြီဖြစ်တဲ့ ကြက်ဖကြီးကို ကြက်ဖလေးက အဖက်မတန်သလို မသိချင်ယောင်ဆောင်နေတယ်…

ခြံထဲမှာ ရှိတဲ့ ကြက်မတွေကို သူလိုက်ပြီး အကဲခပ်နေတုန်းမှာပဲ ကြက်ဖကြီးက ကောင်လေး ဒီခြံထဲမှာ ကြက်မ (၂၅) ကောင်တိတိ ရှိတယ်၊ ငါက အိုလာတော့ သူတို့ ဥဥ နှုန်းကျလာတယ် ဒါကြောင့် မင်းကို လယ်သမားကြီးက အသစ်ဝယ်လိုက်တာပဲ…

ငါ့ကို ငဲ့ညှာတဲ့အနေနဲ့ ကြက်မ (၂၄)ကောင်ကို မင်းယူပြီး ငါ့အတွက် ကြက်မလေး(၁) ကောင်လောက်တော့ ချန်ထားပေးပါကွာတဲ့ ဒီတစ်ခုတော့ တောင်းဆိုပါရစေ… အဲဒိလို ကြက်ဖကြီးပြောတဲ့အခါ ကြက်ဖပျိုလေးက မျက်ခုံးတစ်ဖက်ကို ပင့်လိုက်တယ်…

“ညှင်း ညှင်း ညှင်း” ကြက်ဖလေးက ရယ်မောလိုက်ပြီး ကြက်ဖအိုကြီးကို ပြန်ပြောလိုက်တယ်… ဘဲကြီး ခဗျားအသက်ကြီးပြီ နားလိုက်တော့ ဒီစော်တွေအကုန် ကျုပ်ပိုင်တယ်… ခဗျားတစ်ကောင်တောင် မရဘူးမှတ် အဲဒိလို ကြက်ဖလေးက စကားပြောနေရင်းကြ က်ဖကြီးက ဒီလိုပြန်ပြောလိုက်တယ်

“အေးပေါ့လေ မင်းက တက်လူ အဲလေ တက်ကြက် ငါက ကြက်အိုကွ ဒါပေမယ့် ဒီအတိုင်း ဆုံးဖြတ်မယ့်အစား မင်းနဲ့ငါ ကြက်ခြံတစ်ပတ် အပြေးပြိုင်ပြီး နိုင်တဲ့ ကောင်က ကြက်မတွေ အကုန်ယူကြေးလို့ သတ်မှတ်လိုက်ရင် မကောင်းဘူးလား

အေး မင်းဇရှိရင် ငါ့ကို တစ်ပေ နှစ်ပေတော့ အကြောပေးပေါ့ကွ ငါက ကြက်အိုကြီးကို…။ အဲဒိလို ကြက်ဖကြီးရဲ့ စိတ်ခေါ်စကားကို ကြားတဲ့အခါကြက်ဖပျိုလေးက တစ်ပေနှစ်ပေတင် မကဘူး အဘိုးကြီးသုံးပေတိတိ အကြောပေးတယ်လို့….. ပြောပြီး

စိန်ခေါ်တာကို လက်ခံလိုက်ရတယ် အဲဒီလိုနဲ့ ကြက်အိုကြီးနဲ့ ကြက်ဖပျို ကြက်ဖနှစ်ကောင်ဟာ အပြေးပြိုင်ဖို့ နေရာယူကြလေရော ကြက်ဖကြီးက သုံးပေလောက်အကွာ ရှေ့မှာ နေရာယူတယ်… ကြက်ဖလေးကတော့ နောက်မှာ နေရာယူပြီး စပြေးကြတယ် …

သူတို့ရဲ့ အပြေးပြိုင်ပွဲကို ခြံထဲမှာရှိတဲ့ ကြက်မတွေကလည်း “ကတော် ကတော် သံကလည်း ဆူညံနေအောင်အားပေးကြတယ် ကြက်ဖကြီးကို အားပေးကြတဲ့ ကြက်မတွေထက် သန်မာဖျတ်လပ်နေတဲ့ ကြက်ဖပျိုလေးကိုအားပေးကြတဲ့ ကြက်မတွေက ပိုများနေကြတယ်…

ကြက်ဖအိုကြီးက ရှေးက ဦးဆောင်ပြေးတယ် ကြက်ဖငယ်လေးက နောက်က လိုက်တယ် ကြက်ဖအိုကြီးက ခေါင်းကိုအရှေ့ကို အစွမ်းကုန် ဆန့်ပြီး ပြေးတယ်… ကြက်ဖလေးကလည်း အားကျမခံ ခေါင်းကို ဆန့်ထုပ်ပြီးကြက်ဖအိုကြီးကို အမှီလိုက်လေတယ်ကြက်ဖကြီးက ကတော်သံ အကျယ်ကြီးနဲ့ ပြေးတယ်

ကြက်ဖပျိုလေးကလည်း မာန်ဖီပြီး လိုက်တယ် အဲဒီလိုနဲ့ ကြက်ဖကြီးက အော်ပြီးပြေး ကြက်ဖပျိုလေးက နောက်ကနေ မာန်ဖီပြီးလိုက်နေတုန်းမှာပဲ လယ်သမားကြီးရဲ့ လောက်စာလုံးဟာ ကြက်ဖပျိုလေးရဲ့ ခေါင်းတည့်တည့်ကို ထိပြီး ကြက်ဖလေးဟာ အဲဒိနေရာမှာတင် မာလကီးသွားရှာလေသတဲ့…

အဲဒိလို လေးခွစာမိပြီး သေသွားတဲ့ ကြက်ဖလေးကို လာပြီးကောက်ယူရင်း လယ်သမားကြီးက ဒီလိုပြောလိုက်တယ်

“တောက်” အထီးအချင်းချင်း လိုက်နေတဲ့ စောက်အခြောက်ကြက်တွေ ဝယ်မိတာ ဒီတစ်ကောင်နဲ့ဆို ၆ကောင်ရှိပြီ ဒီနေ့ညနေလည်း ကြက်သားဟင်းနဲ့ပဲ စားရတော့မှာပေါ့” တဲ့…..

အချင်းချင်းဂျင်းထည့်ခြင်း ကင်းရှင်းကြပါစေ

Crd -ညီသုတ (ခေတ္တ လူ့ပြည်)

Be the first to comment

Leave a Reply

Your email address will not be published.


*