” ႐ိုးဂုဏ္ဆိုတာ တန္ဖိုးျဖတ္လို႔ မရဘူး “

” ႐ိုးဂုဏ္ဆိုတာ တန္ဖိုးျဖတ္လို႔ မရဘူး “

” ႐ိုးဂုဏ္ဆိုတာ တန္ဖိုးျဖတ္လို႔ မရဘူး “

ငါ့ေလာက္ေျခေထာက္ မ်ားတဲ့သူကမာၻမွာရွိရဲ႕လားလို႔ ေက်ာက္တုံးေပၚက ကင္းေျခမ်ားက ေႂကြးေၾကာ္ေတာ့ သူေနတဲ့ေနရာနဲ႔အနီးနားက ေက်ာက္ကုန္းေပၚက ပို႔နတ္သံေကာင္က မင္းကငါ့ကို ၿပိဳင္ဝံ့လို႔လားေျပာလိုက္ေတာ့ ခင္ဗ်ားကိုေတာ့ကြၽန္ေနာ္ မၿပိဳင္ဝံ့ပါလို႔ကင္းေျခမ်ားက ေျပာရွာပါသတဲ့….

တစ္ေန႔တြင္ အမိတာဘခ်မ္းသည္ ေလယာဥ္ျဖင့္ခရီးထြက္ရန္ ကိစၥတစ္ခုေပၚလာသည္။ ေလယာဥ္ေပၚရွိ သူႏွင့္ေဘးခ်င္းကပ္လ်က္က်ေသာ လူတစ္ေယာက္မွာ သူ႔ထက္အသက္ႀကီးၿပီး ႐ိုး႐ိုးရွပ္အက်ႌႏွင့္ ေဘာင္းဘီကိုသာ ဝတ္ထားေသာ သာမန္ လူလတ္တန္းစားပုံစံေပါက္ေနသည့္ လူႀကီးတစ္ေယာက္ျဖစ္သည္။

ထိုလူႀကီးမွာ ပညာေတာ့ တတ္ပုံရသည္။ သတင္းစာတစ္ေစာင္ကို ဖတ္ေနတာေတြ႕ရသည္။ ထိုစဥ္ ေလယာဥ္မယ္ေလးက လက္ဖက္ရည္ျဖင့္ လိုက္ဧည့္ခံေလသည္။

ထိုလူႀကီးက လက္ဖက္ရည္ခြက္ကိုယူလိုက္ၿပီး သူႏွင့္ေဘးခ်င္းကပ္ အမိတာဘခ်မ္းကို အသာအယာၿပဳံးျပလာေလသည္။bအမိတာဘခ်မ္းကလည္း ထိုလူ႔ကို အခြင့္သာခိုက္ ၿပဳံးျပလိုက္ၿပီး “ဟဲလို” ဟုႏႈတ္ဆက္လိုက္သည္။

ထိုသူကလည္း “ဟဲလို” ဟု ျပန္ႏူတ္ဆက္ေလသည္။ ဆက္၍ ထိုလူႀကီးက ကြၽန္ေတာ့ကို ၿပဳံးကာၾကည့္လိုက္ၿပီး “ေမာင္ရင္ ဘာမ်ားလုပ္သလဲကြယ္” ဟု.ေမးသည္။

ေသခ်ာသြားသည္မွာ ထိုသူသည္ နာမည္ေက်ာ္ေဘာလိဝုဒ္အမီတာဘခ်မ္း၏ ႐ုပ္ရွင္ကားမ်ားကို မၾကည့္ဘူးပုံေပၚသည္။ ထို႔ေၾကာင့္ ကြၽန္ေတာ္က ၿပဳံးလိုက္ၿပီး “႐ုပ္ရွင္လုပ္ငန္း လုပ္ပါတယ္ခင္ဗ်ာ .. ဦး ကေရာ…႐ုပ္ရွင္ၾကည့္ပါသလား”

“အင္း ၾကည့္ေတာ့ၾကည့္တယ္ … အမ်ားႀကီးေတာ့ မဟုတ္ဘူး … ႏွစ္ေတာ္ေတာ္ၾကာမွ တစ္ကားေလာက္ ဆိုပါေတာ့” ပို၍ေသခ်ာသည္မွာ သူသည္ အမီတာဘခ်မ္း၏ ႐ုပ္ရွင္ကားေတြကို မၾကည့္မိေသးေၾကာင္ျဖစ္သည္။

ကြၽန္ေတာ့ စိတ္ထဲမွာလည္း ကြၽန္ေတာ့္လို ေဘာလိဝုဒ္နာမည္ေက်ာ္ မင္းသားတစ္ေယာက္ကို မသိရေကာင္းလားဆိုကာ စိတ္ခုသြားမိပါသည္။

ထိုလူႀကီးက ဆက္ေမးျပန္တယ္ “ေမာင္ရင္က ႐ုပ္ရွင္လုပ္ငန္းမွာဆိုေတာ့ဘာေတြ လုပ္သလဲ”

“ကြၽန္ေတာ္က သ႐ုပ္ေဆာင္တစ္ေယာက္ပါ”

“အိုး … မင္းသားလား ေကာင္းတာေပါ့” ထိုလူႀကီးက ဤမွ်သာ ျပန္ေျပာသျဖင့္ ကြၽန္ေတာ့စိတ္ထဲ ထပ္မံ၍ ဘဝင္မ က် ျဖစ္သြားမိျပန္သည္။ ထိုစဥ္ ေလယာဥ္ကဆင္းသက္ရန္အခ်က္ေပးေနၿပီ။ ကြၽန္ေတာ္တို႔ ထြက္ခြာရေတာ့မည္။ ကြၽန္ေတာ္ က ထိုလူႀကီးကို လက္ထိုးေပးရင္း…

“ကြၽန္ေတာ္ အမီတာ ဘခ်မ္းပါ”

ထိုလူႀကီးကလည္း ၿပဳံးျပလိုက္ၿပီး… “ဟုတ္လား … ဝမ္းသာပါတယ္ကြယ္ … ဦးနာမည္လည္း မွတ္ထားပါ
ေဂ် အာ ဒီ တာတာ” ပါ…

ထိုလူႀကီး၏ စကားအဆုံးမွာ ကြၽန္ေတာ္ အလြန္အမင္း ရွက္႐ြံ႕သြားမိပါသည္။ အမွန္ေတာ့ *ေဂ်အာဒီ တာတာ* ဆိုသည့္ထိုလူသည္ အိႏၵိယႏိုင္ငံမွာ သန္းေပါင္းမ်ားစြာ ခ်မ္းသာေသာ.. TATA ကုမဏီ လုပ္ငန္းပိုင္ရွင္ သူေဌးႀကီးတစ္ေယာက္ျဖစ္ေလသည္။

ေဘာလီဝုဒ္ မင္းသားအမီတာဘခ်မ္းက ျပန္ေျပာျပသည္မွာ “ကြၽန္ေတာ္ အဲဒီေန႔ကစၿပီးေတာ့ အမ်ားႀကီးသင္ခန္းစာရသြားတယ္။ ကြၽန္ေတာ္က ကိုယ့္ကိုယ္ကိုယ္ အလြန္ႀကီးျမတ္တဲ့ ပုဂၢိဳလ္ႀကီးတစ္ေယာက္လို႔ ထင္ၿပီး ေသြးနားထင္ေရာက္ေနခဲ့တာ။

သာမာန္လူတစ္ဦးက ကြၽန္ေတာ့္ကို မသိဘူးဆိုတာ စိတ္ထဲတစ္မ်ိဳးျဖစ္မိတာေပါ့။ တစ္ကယ္တမ္းေတာ့… ထိုသူ ကြၽန္ေတာ့္ကို မသိတာ ဘာမွမဟုတ္ပါလား … သူ႔ကို ကြၽန္ေတာ္ မသိတာမွ ေတာ္ေတာ္ ေနာင္တရသြားမိတယ္။

အလြန္႐ိုးသားႏွိမ့္ခ်စြာနဲ႔ … သူ႔ကိုယ္သူ ဘာမွန္းမသိေအာင္ ေနျပသြားတဲ့ လုပ္ငန္းရွင္ သူေဌးႀကီးတစ္ေယာက္က မထင္မွတ္ပဲ ေပးသြားတဲ့.သင္ခန္းစာက ..

#႐ိုးဂုဏ္ဆိုတာ တန္ဖိုးျဖတ္လို႔ မရဘူးဆိုတာပါပဲ”ဗ်ာ

(Amithabh Bachan’s Traveling with Gentleman)
credit to တင္ၫြန႔္

” ႐ိုးဂုဏ္ဆိုတာ တန္ဖိုးျဖတ္လို႔ မရဘူး “

Unicode

” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “

ငါ့လောက်ခြေထောက် များတဲ့သူကမ္ဘာမှာရှိရဲ့လားလို့ ကျောက်တုံးပေါ်က ကင်းခြေများက ကြွေးကြော်တော့ သူနေတဲ့နေရာနဲ့အနီးနားက ကျောက်ကုန်းပေါ်က ပို့နတ်သံကောင်က မင်းကငါ့ကို ပြိုင်ဝံ့လို့လားပြောလိုက်တော့ ခင်ဗျားကိုတော့ကျွန်နော် မပြိုင်ဝံ့ပါလို့ကင်းခြေများက ပြောရှာပါသတဲ့….

တစ်နေ့တွင် အမိတာဘချမ်းသည် လေယာဉ်ဖြင့်ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့်ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစားပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။

ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။ သတင်းစာတစ်စောင်ကို ဖတ်နေတာတွေ့ရသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံလေသည်။

ထိုလူကြီးက လက်ဖက်ရည်ခွက်ကိုယူလိုက်ပြီး သူနှင့်ဘေးချင်းကပ် အမိတာဘချမ်းကို အသာအယာပြုံးပြလာလေသည်။bအမိတာဘချမ်းကလည်း ထိုလူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး “ဟဲလို” ဟုနှုတ်ဆက်လိုက်သည်။

ထိုသူကလည်း “ဟဲလို” ဟု ပြန်နူတ်ဆက်လေသည်။ ဆက်၍ ထိုလူကြီးက ကျွန်တော့ကို ပြုံးကာကြည့်လိုက်ပြီး “မောင်ရင် ဘာများလုပ်သလဲကွယ်” ဟု.မေးသည်။

သေချာသွားသည်မှာ ထိုသူသည် နာမည်ကျော်ဘောလိဝုဒ်အမီတာဘချမ်း၏ ရုပ်ရှင်ကားများကို မကြည့်ဘူးပုံပေါ်သည်။ ထို့ကြောင့် ကျွန်တော်က ပြုံးလိုက်ပြီး “ရုပ်ရှင်လုပ်ငန်း လုပ်ပါတယ်ခင်ဗျာ .. ဦး ကရော…ရုပ်ရှင်ကြည့်ပါသလား”

“အင်း ကြည့်တော့ကြည့်တယ် … အများကြီးတော့ မဟုတ်ဘူး … နှစ်တော်တော်ကြာမှ တစ်ကားလောက် ဆိုပါတော့” ပို၍သေချာသည်မှာ သူသည် အမီတာဘချမ်း၏ ရုပ်ရှင်ကားတွေကို မကြည့်မိသေးကြောင်ဖြစ်သည်။

ကျွန်တော့ စိတ်ထဲမှာလည်း ကျွန်တော့်လို ဘောလိဝုဒ်နာမည်ကျော် မင်းသားတစ်ယောက်ကို မသိရကောင်းလားဆိုကာ စိတ်ခုသွားမိပါသည်။

ထိုလူကြီးက ဆက်မေးပြန်တယ် “မောင်ရင်က ရုပ်ရှင်လုပ်ငန်းမှာဆိုတော့ဘာတွေ လုပ်သလဲ”

“ကျွန်တော်က သရုပ်ဆောင်တစ်ယောက်ပါ”

“အိုး … မင်းသားလား ကောင်းတာပေါ့” ထိုလူကြီးက ဤမျှသာ ပြန်ပြောသဖြင့် ကျွန်တော့စိတ်ထဲ ထပ်မံ၍ ဘဝင်မ ကျ ဖြစ်သွားမိပြန်သည်။ ထိုစဉ် လေယာဉ်ကဆင်းသက်ရန်အချက်ပေးနေပြီ။ ကျွန်တော်တို့ ထွက်ခွာရတော့မည်။ ကျွန်တော် က ထိုလူကြီးကို လက်ထိုးပေးရင်း…

“ကျွန်တော် အမီတာ ဘချမ်းပါ”

ထိုလူကြီးကလည်း ပြုံးပြလိုက်ပြီး… “ဟုတ်လား … ဝမ်းသာပါတယ်ကွယ် … ဦးနာမည်လည်း မှတ်ထားပါ
ဂျေ အာ ဒီ တာတာ” ပါ…

ထိုလူကြီး၏ စကားအဆုံးမှာ ကျွန်တော် အလွန်အမင်း ရှက်ရွံ့သွားမိပါသည်။ အမှန်တော့ *ဂျေအာဒီ တာတာ* ဆိုသည့်ထိုလူသည် အိန္ဒိယနိုင်ငံမှာ သန်းပေါင်းများစွာ ချမ်းသာသော.. TATA ကုမဏီ လုပ်ငန်းပိုင်ရှင် သူဌေးကြီးတစ်ယောက်ဖြစ်လေသည်။

ဘောလီဝုဒ် မင်းသားအမီတာဘချမ်းက ပြန်ပြောပြသည်မှာ “ကျွန်တော် အဲဒီနေ့ကစပြီးတော့ အများကြီးသင်ခန်းစာရသွားတယ်။ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် အလွန်ကြီးမြတ်တဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက်လို့ ထင်ပြီး သွေးနားထင်ရောက်နေခဲ့တာ။

သာမာန်လူတစ်ဦးက ကျွန်တော့်ကို မသိဘူးဆိုတာ စိတ်ထဲတစ်မျိုးဖြစ်မိတာပေါ့။ တစ်ကယ်တမ်းတော့… ထိုသူ ကျွန်တော့်ကို မသိတာ ဘာမှမဟုတ်ပါလား … သူ့ကို ကျွန်တော် မသိတာမှ တော်တော် နောင်တရသွားမိတယ်။

အလွန်ရိုးသားနှိမ့်ချစွာနဲ့ … သူ့ကိုယ်သူ ဘာမှန်းမသိအောင် နေပြသွားတဲ့ လုပ်ငန်းရှင် သူဌေးကြီးတစ်ယောက်က မထင်မှတ်ပဲ ပေးသွားတဲ့.သင်ခန်းစာက ..

#ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူးဆိုတာပါပဲ”ဗျာ

(Amithabh Bachan’s Traveling with Gentleman)
credit to တင်ညွန့်

Be the first to comment

Leave a Reply

Your email address will not be published.


*