ဆိုလာပြားမှ မီးလောင်ရခြင်းနှင့် မီးမလောင်အောင် ဘယ်လိုကာကွယ်မလဲ

ဆိုလာပြားမှ မီးလောင်ရခြင်း

ဆိုလာပြားမှ မီးလောင်ရခြင်းနှင့် မီးမလောင်အောင် ဘယ်လိုကာကွယ်မလဲ

ဆိုလာပြားမှ မီးလောင်ရခြင်း

ဆိုလာပြားမှ တစ်ဆင့် မီးလောင်မှုအချို့မှာ အားသွင်းရာ တွင် အဓိကအရေးပါသည့် (Charge Controller) ဘက်ထရီ အားပြည့်ခါနီးနှင့် ပြည့်သောအ ခါ လျှပ်စီးနှုန်းကို ထိန်းချုပ်ပေး သည့် ကိရိယာမတပ်ဆင်ကြခြင်း ကြောင့် ဖြစ်ပွားနိုင်ပါတယ်…

‘‘ဆိုလာကနေထွက်တဲ့ ကြိုး ကို သင့်တော်တဲ့ကြိုးမသုံးတာ၊ အရည်အသွေးပြည့်မီတဲ့ ကြေးကြိုးမသုံးတာ၊ ဆိုလာပြားကို သယ်လာ သယ်သွားလုပ်ရင်း ဝိုင်ယာကြိုးတစ်လျှောက် ကြိုးပေါက်တာကို ဂရုမစိုက်မိတာ၊

ဆိုလာပြားကို ခေါင်မိုးပေါ် ထားတဲ့အခါ သေချာစွာ တပ်ဆင် တုပ်နှောင်ခြင်း မပြုမိဘဲ ဘက်ထရီရော ဆိုလာပြား အနောက်မှာပါ အပေါင်း၊ အနုတ်ငုတ်မှာ ကြိုးချောင်နေတာ၊ ကြားထဲမှာ ကြိုးဆက်ထားတဲ့ အပိုင်းတွေမှာ မသေချာတာက မီးလောင်ဖို့အတွက် ဖြစ်စေနိုင်ပါတယ် ”

ဆိုလာပြားမှ မီးလောင်ခြင်းများ မဖြစ်ပွားရအောင် ဘယ်လိုကာကွယ်မလဲ

၁/ Controller ခံသုံးပါ။

၂/ အဝင်ကြိုးကို သတိမှတ်ထား သောoriginal ဝါယာကြိုးကိုသာအသုံးပြုပါ။

၃/ အိမ်၌ လူမရှိသည့်အခါမျိုး ခရီးရှည်ထွက်သည့်အခါမျိုးတွငိ Controller or breaker main switch ပိတ်ထားပါ။

၄/ ဘက်တရီမှာ အားအဝင်များ၍အသုံးမပြုနိုင်သောအခါမျိုးတွင် မီးလောင်မှုများမဖြစ်ပါွးရလေအောင် ဆိုလာအဝင်ကြိုးကို breaker ခံပါ ပီးလျှင်controller ခံထားပါ ခရီးရှည်ထွက်လျှင် ပိတ်ထားခဲ့ပါ။

၅/ နေပူပြင်းသော နွေရာသီ အချိန်ကာလမျိုးတွင် ဆိုလာပြားနှင့် ဘက်ထရီအိုးကြား ချိတ်ဆက်အသုံးပြုသည့် ဆိုလာဝိုင်ယာကြိုးကို နေအပူဒဏ် ခံနိုင်ရန်နှင့် အပူချိန်မလွန်ကဲရန် ပိုက်လုံးထဲ ထည့်၍ အသုံးပြုသင့်ကြောင်း ရေးသား တင်ပြလိုက်ရပါသည် ။

Credit: Kyaw Swa Win
#လျှပ်စစ်ရေးရာ

Zawgyi

ဆိုလာျပားမွ မီးေလာင္ရျခင္းႏွင့္ မီးမေလာင္ေအာင္ ဘယ္လိုကာကြယ္မလဲ

ဆိုလာျပားမွ မီးေလာင္ရျခင္း

ဆိုလာျပားမွ တစ္ဆင့္ မီးေလာင္မႈအခ်ိဳ႕မွာ အားသြင္းရာ တြင္ အဓိကအေရးပါသည့္ (Charge Controller) ဘက္ထရီ အားျပည့္ခါနီးႏွင့္ ျပည့္ေသာအ ခါ လွ်ပ္စီးႏႈန္းကို ထိန္းခ်ဳပ္ေပး သည့္ ကိရိယာမတပ္ဆင္ၾကျခင္း ေၾကာင့္ ျဖစ္ပြားႏိုင္ပါတယ္…

‘‘ဆိုလာကေနထြက္တဲ့ ႀကိဳး ကို သင့္ေတာ္တဲ့ႀကိဳးမသုံးတာ၊ အရည္အေသြးျပည့္မီတဲ့ ေၾကးႀကိဳးမသုံးတာ၊ ဆိုလာျပားကို သယ္လာ သယ္သြားလုပ္ရင္း ဝိုင္ယာႀကိဳးတစ္ေလွ်ာက္ ႀကိဳးေပါက္တာကို ဂ႐ုမစိုက္မိတာ၊

ဆိုလာျပားကို ေခါင္မိုးေပၚ ထားတဲ့အခါ ေသခ်ာစြာ တပ္ဆင္ တုပ္ေႏွာင္ျခင္း မျပဳမိဘဲ ဘက္ထရီေရာ ဆိုလာျပား အေနာက္မွာပါ အေပါင္း၊ အႏုတ္ငုတ္မွာ ႀကိဳးေခ်ာင္ေနတာ၊ ၾကားထဲမွာ ႀကိဳးဆက္ထားတဲ့ အပိုင္းေတြမွာ မေသခ်ာတာက မီးေလာင္ဖို႔အတြက္ ျဖစ္ေစႏိုင္ပါတယ္ ”

ဆိုလာျပားမွ မီးေလာင္ျခင္းမ်ား မျဖစ္ပြားရေအာင္ ဘယ္လိုကာကြယ္မလဲ

၁/ Controller ခံသုံးပါ။

၂/ အဝင္ႀကိဳးကို သတိမွတ္ထား ေသာoriginal ဝါယာႀကိဳးကိုသာအသုံးျပဳပါ။

၃/ အိမ္၌ လူမရွိသည့္အခါမ်ိဳး ခရီးရွည္ထြက္သည့္အခါမ်ိဳးတြငိ Controller or breaker main switch ပိတ္ထားပါ။

၄/ ဘက္တရီမွာ အားအဝင္မ်ား၍အသုံးမျပဳႏိုင္ေသာအခါမ်ိဳးတြင္ မီးေလာင္မႈမ်ားမျဖစ္ပါြးရေလေအာင္ ဆိုလာအဝင္ႀကိဳးကို breaker ခံပါ ပီးလွ်င္controller ခံထားပါ ခရီးရွည္ထြက္လွ်င္ ပိတ္ထားခဲ့ပါ။

၅/ ေနပူျပင္းေသာ ေႏြရာသီ အခ်ိန္ကာလမ်ိဳးတြင္ ဆိုလာျပားႏွင့္ ဘက္ထရီအိုးၾကား ခ်ိတ္ဆက္အသုံးျပဳသည့္ ဆိုလာဝိုင္ယာႀကိဳးကို ေနအပူဒဏ္ ခံႏိုင္ရန္ႏွင့္ အပူခ်ိန္မလြန္ကဲရန္ ပိုက္လုံးထဲ ထည့္၍ အသုံးျပဳသင့္ေၾကာင္း ေရးသား တင္ျပလိုက္ရပါသည္ ။

Credit: Kyaw Swa Win
#လွ်ပ္စစ္ေရးရာ

Be the first to comment

Leave a Reply

Your email address will not be published.


*