ရုရှား က ယူကရိန်းကို ဝင်တဲ့ ၁၁ ရက်မြောက်နေ့

ရုရှား က ယူကရိန်းကို ဝင်တဲ့ ၁၁ ရက်မြောက်နေ့

ရုရှား က ယူကရိန်းကို ဝင်တဲ့ ၁၁ ရက်မြောက်နေ့

ယူကရိန်း နိုင်ငံရဲ့ ရပ်တည်မှုက ရုရှား အတွက် အန္တရာယ်ရှိတဲ့အခြေအနေမှာရှိနေတယ် ။ နောက်ပြီး တော့ ရုရှားကို စီးပွားရေးအရ ပိတ်ဆို့အရေးယူမှုတွေ လုပ်နေတာ စစ်ကြေညာ သလိုဖြစ်နေတယ်လို့ ဒီကနေ့ ရုရှားသမ္မတ ပူတင်က ဆိုလိုက်ပါတယ်။

ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးက ယူကရိန်းနိုင်ငံကို မပျံသန်းရေးဇုံ မသက်မှတ်နိုင်တာက နေတိုး အဖွဲ့မှာ အားနည်းချက်ရှိနေတယ်ဆိုတဲ့ အမှတ်အသားဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

နေတိုးကတော့ ယူကရိန်း မပျံသန်းရေး ဇုံကို လုံးဝလက်ခံလို့ မရဘူးဖြစ်နေတယ် ။ ဥရောပတစ်တိုက်လုံးကို စစ်မီးမွှေးသလိုဖြစ်နေမှာလို့ ပဲ ထပ်ခါထပ်ခါပြောနေပါတယ်။

ယူကရိန်းသမ္မတက အမေရိကန် လွှတ်တော်အမတ်တွေကို လေယာဉ်ပျံနဲ့ ဒရုန်းတွေ အကူအညီပေးဖို့အတွက် အပူတပြင်းတောင်းဆိုနေပါတယ်။

ရုရှားစစ်တပ်တွေ က ယူကရိန်း နျူကလိယ ဓာတ်ပေါင်း ၃လုံးကို စီးမိထားပါတယ်။ IAEA နိုင်ငံတကာ အဏုမြူအေဂျင်စီကတော့ ဒီနေ့အထိ အဲ့ဒိဓာတ်ပေါင်းဖိုတွေက ဓာတ်ရောင်ခြည် စိမ့်ထွက်မှု မရှိဘူး ။ ပုံမှန်အတိုင်းပဲလို့ ဆိုပါတယ်။

လာမယ့် တနလာင်္နေ့မှာ ရုရှား- ယူကရိန်း ဆွေးနွေးပွဲ နောက်တစ်ကြိမ် လုပ်မယ်လို့ ချိန်းထားတာရှိပါတယ်။
မနေ့က မာရီယူပေါနဲ့ ဗော်နိုဗာခါ မြို့တွေမှာ အရပ်သားတွေကို ရွှေ့ပြောင်းမှု လုပ်တော့ ရှုတ်ရှုတ် ထွေးထွေးတွေဖြစ်လာလို့ ရုရှားတွေဖက်က ပစ်ခတ်မှုတွေ ပြန်လုပ်လို့ ရွှေ့ပြောင်းမှုတွေ ကို ပြန်ရပ်ထားရပါတယ်။

ကိဗ် ၊ ခါကိဗ် ၊ အုတ်ဟာတီယာကာ နဲ့ ချာနီဟိဗ် မြို့တွေ ရှိတဲ့ ယူကရိန်းမြောက်ပိုင်းကတော့ ဂျိမ်းလို့ ကောင်းတုန်းပါပဲ ။ ကုလလူ့အခွင့်ရေးရုံး အဆိုအရ ယူကရိန်းအရပ်သား သေတာ ၃၅၁ ယောက်ရှိသွားပြီလို့ ဆိုထားပါတယ်။ လက်ရှိယူကရိန်းက စစ်ဘေးရှောင် ၁သန်းခွဲနီးပါးရှိပါတယ်လို့လည်း ဆိုထားပါတယ်။

နေတိုးမှာ မပျံသန်းရေးဇုံ လုပ်မလုပ်နဲ့ ပတ်သက်ပြီး မဲခွဲတာ ထောက်ခံမဲ ၄၇% ၊ကန့်ကွက်မဲ ၅၃ % ဖြစ်လို့ မပျံသန်းရေဇုံ မလုပ်တဲ့ဖက်က နိုင်သွားပါတယ်။ ရုရှားတွေ ထိန်းချုပ်ထားတဲ့ ယူကရိန်းတောင်ပိုင်းမှာ ဆန္ဒပြပွဲတွေလုပ် လို့ ရုရှား စစ်သားတွေက သေနတ်ပစ်ဖောက်ပြီး သတိပေးခဲ့ပါတယ်။

ပြင်သစ်နိုင်ငံမှာ လည်း ပြင်သစ်သားတွေက ယူကရိန်းအတွက် ဆန္ဒပြခဲ့ကြပါတယ်။ လစ္စဘွန်း ၊ လန်ဒန် ၊ ဇူးရစ် နဲ့ တိုကျို မြို့တွေမှာလည်း ယူကရိန်း နိုင်ငံသားတွေအတွက် ဆန္ဒပြ ခဲ့ ကြပါတယ်။

ယူကရိန်းနိုင်ငံ ဆန်မီ မြို့ မှာ ရှိတဲ့ အိန္ဒိယ ကျောင်းသားတွေက ရုရှားကို အသက်ပေးပြီး တော်လှန်ကြမယ် ဆိုပြီး ဆန္ဒထွက်ပြလို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက ကိုယ့်အိမ်ကိုယ့်ယာမှာ လုံလုံခြုံခြုံ နေကြဖို့ နဲ့ မလိုအပ်ပဲ စွန့်စားမှုတွေ မလုပ်ဖို့ သတိပေးတားမြစ်ထားပါတယ်။

အမေရိကန် ဆီနိတ်တာ ၂ ယောက်က ဇီလန်စကီနဲ့ ဇွန်းမီတင် ထိုင်တာကို လိုင်းပေါ်တင်လို့ အခြား ဆီနိတ်တာတစ်ယာက် က မဆင်မခြင် လုပ်ရပ်တွေ လုပ်နေတယ်ဆိုပြီး ဝေဖန်လိုက်ပါတယ်။ ဇီလန်စကီက သူ့ရဲ့ ပုံတွေကို လိုင်းပေါ်တင်ပေမဲ့ သူ့နေရာ ကို လှို့ ဝှက်နိုင်သလောက်လှို့ ဝှက်ထားပါတယ်။

ရုရှား က ယူကရိန်းကို ဝင်တဲ့ ၁၁ ရက်မြောက်နေ့1

ဝီရမီဒီယာ

Zawgyi

႐ုရွား က ယူကရိန္းကို ဝင္တဲ့ ၁၁ ရက္ေျမာက္ေန႔

ယူကရိန္း ႏိုင္ငံရဲ႕ ရပ္တည္မႈက ႐ုရွား အတြက္ အႏၲရာယ္ရွိတဲ့အေျခအေနမွာရွိေနတယ္ ။ ေနာက္ၿပီး ေတာ့ ႐ုရွားကို စီးပြားေရးအရ ပိတ္ဆို႔အေရးယူမႈေတြ လုပ္ေနတာ စစ္ေၾကညာ သလိုျဖစ္ေနတယ္လို႔ ဒီကေန႔ ႐ုရွားသမၼတ ပူတင္က ဆိုလိုက္ပါတယ္။

ယူကရိန္း ႏိုင္ငံျခားေရးဝန္ႀကီးက ယူကရိန္းႏိုင္ငံကို မပ်ံသန္းေရးဇုံ မသက္မွတ္ႏိုင္တာက ေနတိုး အဖြဲ႕မွာ အားနည္းခ်က္ရွိေနတယ္ဆိုတဲ့ အမွတ္အသားျဖစ္တယ္လို႔ ဆိုလိုက္ပါတယ္။

ေနတိုးကေတာ့ ယူကရိန္း မပ်ံသန္းေရး ဇုံကို လုံးဝလက္ခံလို႔ မရဘူးျဖစ္ေနတယ္ ။ ဥေရာပတစ္တိုက္လုံးကို စစ္မီးေမႊးသလိုျဖစ္ေနမွာလို႔ ပဲ ထပ္ခါထပ္ခါေျပာေနပါတယ္။

ယူကရိန္းသမၼတက အေမရိကန္ လႊတ္ေတာ္အမတ္ေတြကို ေလယာဥ္ပ်ံနဲ႔ ဒ႐ုန္းေတြ အကူအညီေပးဖို႔အတြက္ အပူတျပင္းေတာင္းဆိုေနပါတယ္။

႐ုရွားစစ္တပ္ေတြ က ယူကရိန္း န်ဴကလိယ ဓာတ္ေပါင္း ၃လုံးကို စီးမိထားပါတယ္။ IAEA ႏိုင္ငံတကာ အဏုျမဴေအဂ်င္စီကေတာ့ ဒီေန႔အထိ အဲ့ဒိဓာတ္ေပါင္းဖိုေတြက ဓာတ္ေရာင္ျခည္ စိမ့္ထြက္မႈ မရွိဘူး ။ ပုံမွန္အတိုင္းပဲလို႔ ဆိုပါတယ္။

လာမယ့္ တနလာေနၤ့မွာ ႐ုရွား- ယူကရိန္း ေဆြးေႏြးပြဲ ေနာက္တစ္ႀကိမ္ လုပ္မယ္လို႔ ခ်ိန္းထားတာရွိပါတယ္။
မေန႔က မာရီယူေပါနဲ႔ ေဗာ္ႏိုဗာခါ ၿမိဳ႕ေတြမွာ အရပ္သားေတြကို ေ႐ႊ႕ေျပာင္းမႈ လုပ္ေတာ့ ရႈတ္ရႈတ္ ေထြးေထြးေတြျဖစ္လာလို႔ ႐ုရွားေတြဖက္က ပစ္ခတ္မႈေတြ ျပန္လုပ္လို႔ ေ႐ႊ႕ေျပာင္းမႈေတြ ကို ျပန္ရပ္ထားရပါတယ္။

ကိဗ္ ၊ ခါကိဗ္ ၊ အုတ္ဟာတီယာကာ နဲ႔ ခ်ာနီဟိဗ္ ၿမိဳ႕ေတြ ရွိတဲ့ ယူကရိန္းေျမာက္ပိုင္းကေတာ့ ဂ်ိမ္းလို႔ ေကာင္းတုန္းပါပဲ ။ ကုလလူ႔အခြင့္ေရး႐ုံး အဆိုအရ ယူကရိန္းအရပ္သား ေသတာ ၃၅၁ ေယာက္ရွိသြားၿပီလို႔ ဆိုထားပါတယ္။ လက္ရွိယူကရိန္းက စစ္ေဘးေရွာင္ ၁သန္းခြဲနီးပါးရွိပါတယ္လို႔လည္း ဆိုထားပါတယ္။

ေနတိုးမွာ မပ်ံသန္းေရးဇုံ လုပ္မလုပ္နဲ႔ ပတ္သက္ၿပီး မဲခြဲတာ ေထာက္ခံမဲ ၄၇% ၊ကန႔္ကြက္မဲ ၅၃ % ျဖစ္လို႔ မပ်ံသန္းေရဇုံ မလုပ္တဲ့ဖက္က ႏိုင္သြားပါတယ္။ ႐ုရွားေတြ ထိန္းခ်ဳပ္ထားတဲ့ ယူကရိန္းေတာင္ပိုင္းမွာ ဆႏၵျပပြဲေတြလုပ္ လို႔ ႐ုရွား စစ္သားေတြက ေသနတ္ပစ္ေဖာက္ၿပီး သတိေပးခဲ့ပါတယ္။

ျပင္သစ္ႏိုင္ငံမွာ လည္း ျပင္သစ္သားေတြက ယူကရိန္းအတြက္ ဆႏၵျပခဲ့ၾကပါတယ္။ လစၥဘြန္း ၊ လန္ဒန္ ၊ ဇူးရစ္ နဲ႔ တိုက်ိဳ ၿမိဳ႕ေတြမွာလည္း ယူကရိန္း ႏိုင္ငံသားေတြအတြက္ ဆႏၵျပ ခဲ့ ၾကပါတယ္။

ယူကရိန္းႏိုင္ငံ ဆန္မီ ၿမိဳ႕ မွာ ရွိတဲ့ အိႏၵိယ ေက်ာင္းသားေတြက ႐ုရွားကို အသက္ေပးၿပီး ေတာ္လွန္ၾကမယ္ ဆိုၿပီး ဆႏၵထြက္ျပလို႔ အိႏၵိယ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ကိုယ့္အိမ္ကိုယ့္ယာမွာ လုံလုံၿခဳံၿခဳံ ေနၾကဖို႔ နဲ႔ မလိုအပ္ပဲ စြန႔္စားမႈေတြ မလုပ္ဖို႔ သတိေပးတားျမစ္ထားပါတယ္။

အေမရိကန္ ဆီနိတ္တာ ၂ ေယာက္က ဇီလန္စကီနဲ႔ ဇြန္းမီတင္ ထိုင္တာကို လိုင္းေပၚတင္လို႔ အျခား ဆီနိတ္တာတစ္ယာက္ က မဆင္မျခင္ လုပ္ရပ္ေတြ လုပ္ေနတယ္ဆိုၿပီး ေဝဖန္လိုက္ပါတယ္။ ဇီလန္စကီက သူ႔ရဲ႕ ပုံေတြကို လိုင္းေပၚတင္ေပမဲ့ သူ႔ေနရာ ကို လႈိ႕ ဝွက္ႏိုင္သေလာက္လႈိ႕ ဝွက္ထားပါတယ္။

၀ီရမီဒီယာ

Be the first to comment

Leave a Reply

Your email address will not be published.


*