တစ္အိမ္တည္း မယား ၈ ေယာက္ေပါင္းတဲ့ တက္တူးထုိးတဲ႕ဆရာ

တစ္အိမ္တည္း မယား ၈ ေယာက္ေပါင္းတဲ့ တက္တူးထုိးတဲ႕ဆရာ

တစ္အိမ္တည္း မယား ၈ ေယာက္ေပါင္းတဲ့ တက္တူးထုိးတဲ႕ဆရာ

မိန္းမေတြအမ်ားႀကီး ယူတဲ့ ထူးထူးဆန္းဆန္း အမ်ိဳးသားေတြ ကမာၻမွာ ရွိပါတယ္။ ဒါေပမဲ့ ထိုင္းက တက္တူး ထိုးတဲ့ ဆရာသမားကေတာ့ တစ္အိမ္တည္းမွာပဲ မိန္းမ ၈ ေယာက္ယူထားၿပီး အားလုံး တစ္စိတ္ တစ္ဝမ္း တည္းနဲ႔ ခ်စ္ခ်စ္ ခင္ခင္ စည္းစည္း လုံးလုံး ေနတဲ့ျဖစ္စဥ္ မ်ိဳးေတာ့ရွားပါတယ္။

အဲ့ဒိအေၾကာင္းကို ယူက်ဴ႕ မွာ ဗီဒီယိုဖိုင္တင္ထားပါတယ္။ အမ်ိဳးသမီးေတြအားလုံး က သူတို႔ရဲ႕ ခင္ပြန္းက သူတို႔ကို အခ်စ္စစ္ အခ်စ္မွန္ နဲ႔ ခ်စ္တာပါလို႔ တစ္ညီတၫြတ္တည္း ဆိုၾကပါတယ္။

“ က်မတို႔ ျမင္ဖူးတဲ့ ေယာက္်ားေတြ ထဲမွာေတာ့ သူကအၾကင္နာတတ္ဆုံး ဂ႐ုစိုက္တတ္ဆုံး အမ်ိဳးသားပါပဲ” လို႔ေတာင္ ေျပာၾကပါတယ္။ ဆိုေရာ့ က သူရဲ႕ ပထမဆုံး မိန္းမကို သူငယ္ခ်င္းမဂၤလာေဆာင္မွာ ေတြ႕ခဲ့တာပါ။ သူတို႔ ခင္မင္ၿပီး မၾကာခင္ လက္ထပ္လိုက္ၾကပါတယ္။

ဒုတိယမိန္းမကို ေဈးထဲမွာ ေတြ႕ခဲ့ၿပီး တတိယမိန္းမကို ေဆး႐ုံမွာေတြ႕ခဲ့တာပါ။ ၄ ေယာက္ေျမာက္ ၊ ၅ ေယာက္ေျမာက္နဲ႔ ၆ ေယာက္ေျမာက္ကို ေတာ့ ဆိုရွယ္မီဒီယာေတြမွာ ခင္ခဲ့ၿပီးမွ ယူျဖစ္ခဲ့ၾကတာပါ။

မိန္းမေတြနဲ႔ ဘုရာဖူးထြက္ ရင္ ၇ ေယာက္ေျမာက္ မိန္းမကို ဖရား ဖသြန္ခ်ီဒီ ဘုရားမွာ ဆုံခဲ့ၾကၿပီး ခင္မင္ကာ အိမ္ေထာင္ျပဳခဲ့တာပါ။ အဲ့ဒါနဲ႔ မရပ္ေသးပါဘူး ၊ မိန္းမေတြ တစ္ၿပဳံႀကီးနဲ႔ ပတၱရာကမ္းေျခကို အေပ်ာ္ခရီးထြက္ရာက ၈ ေယာက္ေျမာက္ မိန္းမရခဲ့ပါတယ္။

သူအိမ္ေထာင္ျပဳဖို႔ကို မယားႀကီးျဖစ္သူက ခြင့္ျပဳခဲ့ပါတယ္။ မယားႀကီးနဲ႔ ကေလးတစ္ေယာက္ ရထားၿပီး ေနာက္ထပ္မိန္းမ ၂ေယာက္က ကိုယ္ဝန္ေဆာင္ ေနပါၿပီ ။

ဆိုေရာ့ရဲ႕ မယားေတြ အေျပာအရ မျဖစ္ႏိုင္ဘူး ဆိုတာမရွိပါဘူး ။ သူတို႔ အခ်င္းခ်င္း အျပန္အလွန္ ေလးစားမႈရွိၾကပါတယ္။ မိသားစုတာဝန္ကို လည္းမွ် ထမ္းၾကပါတယ္လို႔ သိရပါတယ္။

ေမာင္ယႆ

REF: world of buzz, Photo : world of buzz

တစ်အိမ်တည်း မယား ၈ ယောက်ပေါင်းတဲ့ တက်တူးထိုးတဲ့ဆရာ

မောင်ယဿ ( ဇန် ၃၁ )
မိန်းမတွေအများကြီး ယူတဲ့ ထူးထူးဆန်းဆန်း အမျိုးသားတွေ ကမ္ဘာမှာ ရှိပါတယ်။ ဒါပေမဲ့ ထိုင်းက တက်တူး ထိုးတဲ့ ဆရာသမားကတော့ တစ်အိမ်တည်းမှာပဲ မိန်းမ ၈ ယောက်ယူထားပြီး အားလုံး တစ်စိတ် တစ်ဝမ်း တည်းနဲ့ ချစ်ချစ် ခင်ခင် စည်းစည်း လုံးလုံး နေတဲ့ဖြစ်စဉ် မျိုးတော့ရှားပါတယ်။

အဲ့ဒိအကြောင်းကို ယူကျူ့ မှာ ဗီဒီယိုဖိုင်တင်ထားပါတယ်။ အမျိုးသမီးတွေအားလုံး က သူတို့ရဲ့ ခင်ပွန်းက သူတို့ကို အချစ်စစ် အချစ်မှန် နဲ့ ချစ်တာပါလို့ တစ်ညီတညွတ်တည်း ဆိုကြပါတယ်။

“ ကျမတို့ မြင်ဖူးတဲ့ ယောက်ျားတွေ ထဲမှာတော့ သူကအကြင်နာတတ်ဆုံး ဂရုစိုက်တတ်ဆုံး အမျိုးသားပါပဲ” လို့တောင် ပြောကြပါတယ်။ ဆိုရော့ က သူရဲ့ ပထမဆုံး မိန်းမကို သူငယ်ချင်းမင်္ဂလာဆောင်မှာ တွေ့ခဲ့တာပါ။ သူတို့ ခင်မင်ပြီး မကြာခင် လက်ထပ်လိုက်ကြပါတယ်။

ဒုတိယမိန်းမကို ဈေးထဲမှာ တွေ့ခဲ့ပြီး တတိယမိန်းမကို ဆေးရုံမှာတွေ့ခဲ့တာပါ။ ၄ ယောက်မြောက် ၊ ၅ ယောက်မြောက်နဲ့ ၆ ယောက်မြောက်ကို တော့ ဆိုရှယ်မီဒီယာတွေမှာ ခင်ခဲ့ပြီးမှ ယူဖြစ်ခဲ့ကြတာပါ။

မိန်းမတွေနဲ့ ဘုရာဖူးထွက် ရင် ၇ ယောက်မြောက် မိန်းမကို ဖရား ဖသွန်ချီဒီ ဘုရားမှာ ဆုံခဲ့ကြပြီး ခင်မင်ကာ အိမ်ထောင်ပြုခဲ့တာပါ။ အဲ့ဒါနဲ့ မရပ်သေးပါဘူး ၊ မိန်းမတွေ တစ်ပြုံကြီးနဲ့ ပတ္တရာကမ်းခြေကို အပျော်ခရီးထွက်ရာက ၈ ယောက်မြောက် မိန်းမရခဲ့ပါတယ်။

သူအိမ်ထောင်ပြုဖို့ကို မယားကြီးဖြစ်သူက ခွင့်ပြုခဲ့ပါတယ်။ မယားကြီးနဲ့ ကလေးတစ်ယောက် ရထားပြီး နောက်ထပ်မိန်းမ ၂ယောက်က ကိုယ်ဝန်ဆောင် နေပါပြီ ။

ဆိုရော့ရဲ့ မယားတွေ အပြောအရ မဖြစ်နိုင်ဘူး ဆိုတာမရှိပါဘူး ။ သူတို့ အချင်းချင်း အပြန်အလှန် လေးစားမှုရှိကြပါတယ်။ မိသားစုတာဝန်ကို လည်းမျှ ထမ်းကြပါတယ်လို့ သိရပါတယ်။

တစ္အိမ္တည္း မယား ၈ ေယာက္ေပါင္းတဲ့ တက္တူးထုိးတဲ႕ဆရာ

REF: world of buzz, Photo : world of buzz

Be the first to comment

Leave a Reply

Your email address will not be published.


*