
ပင္လယ္ထဲမွာ ငါးႀကီးအန္ဖတ္ေကာက္ရလိုက္လို႔ သူေဌးျဖစ္သြားတဲ့ ေကာင္မေလး
ေမာင္ယႆ
အိဒ္ဒါဇူရီနာေလာင္ ဆိုတဲ့ မေလးရွားသူက ကိုယ္ပိုင္စက္ေလွနဲ႔ ကမ္းနီး ငါးဖမ္းလုပ္ငန္း တစ္ပိုင္တစ္ႏိုင္ လုပ္ေနတာပါ။ ဘဝက သူမကို ႂကြယ္ႂကြယ္၀၀ ေပးေနမယ္လို႔ တစ္ခါမွ မေတြးမိပါဘူး။ ဒီလိုပဲ လက္လုပ္လက္စားနဲ႔ ျဖတ္သန္းရမယ္လို႔ ေတြၿပီး ေနေနတာပါပဲ ။
ဒါေပမဲ့ ကံေကာင္းျခင္းေတြက သူမဆီကိုေရာက္လာခဲ့ပါတယ္။ ၿပီးခဲ့တဲ့ စေနေန႔က မေလးရွား ငါး သယံဇာတဖြံ႕ၿဖိဳးေရး ဆိပ္ကမ္း နားမွာ ငါးဖမ္းေနခဲ့ပါတယ္။
ငါဖမ္းရင္း ည ၁၁ နာရီေလာက္ေရာက္ေတာ့ အိမ္ျပန္မယ္ဆိုၿပီး ျပင္ဆင္ေနစဥ္မွာ ေရထဲမွာ ေပါေလာေပါေလာနဲ႔ ေမွ်ာလာတဲ့ အရာတစ္ခုကို ေတြ႕လိုက္လို႔ ဓာတ္မီးနဲ႔ ထိုးၾကည့္ ဖေယာင္းခဲလို အတုံးႀကီး တစ္တုံး ကိုေတြ႕ လိုက္ရပါတယ္။
သူမရဲ႕ ဗဟုသုတက သူမကို ခ်မ္းသာေအာင္ လုပ္ေပးလိုက္တာပါ။ သူမက ငါးႀကီးအန္ဖတ္ျဖစ္ေကာင္း ျဖစ္ႏိုင္တယ္ဆိုၿပီး အဲ့ဒိဖေယာင္းတုံးလို အတုံး ႀကီး ကိုေလွေပၚဆယ္တင္ၿပီး အိမ္ျပန္ခဲ့ပါတယ္။
အိမ္လည္းေရာက္ေရာ သူမရဲ႕ အေဖကိုျပၾကည့္ေတာ့ ဝါရင့္ တံငါသည္ႀကီး က ငါးႀကီး အန္ဖတ္ဆိုတာအမွန္ပဲ။ သူတို႔ ခ်မ္းသာၿပီလို႔ ဟစ္ေႂကြးလိုက္ပါတယ္။
အဲ့ဒိအတုံးႀကီးကို ဇြန္းေလးနဲ႔ အသာျခစ္ၿပီး ထြက္လာတဲ့ အဖတ္ေလးကို ဖေယာင္းတိုင္းမီးနဲ႔ မီးၿမိဳက္ လိုက္ေတာ့ အေမႊးနံ႔သင္းသင္းေလး ထြက္လာပါတယ္။
မနက္ေရာက္ေတာ့ သူတို႔ေတြ တီရန္ဂႏူက ငါးလုပ္ငန္းဦးစီးဌာနကို သြားျပေတာ့ သူတို႔ က ဓာတ္ခြဲၾကည့္ၿပီးေနာက္မွာေတာ့ ငါးႀကီးအန္ဖတ္ဆိုတာကို အတည္ျပဳေပးလိုက္ပါတယ္။ အခုေတာ့ အေမရိကန္ေဒၚလာ သန္းနဲ႔ ခ်ီၿပီးတန္တဲ့ ငါးႀကီးအန္ဖတ္ ျဖစ္သြားၿပီေပါ့။
REF: world of buzz, Photo : world of buzz
ပင်လယ်ထဲမှာ ငါးကြီးအန်ဖတ်ကောက်ရလိုက်လို့ သူဌေးဖြစ်သွားတဲ့ ကောင်မလေး
မောင်ယဿ
အိဒ်ဒါဇူရီနာလောင် ဆိုတဲ့ မလေးရှားသူက ကိုယ်ပိုင်စက်လှေနဲ့ ကမ်းနီး ငါးဖမ်းလုပ်ငန်း တစ်ပိုင်တစ်နိုင် လုပ်နေတာပါ။ ဘဝက သူမကို ကြွယ်ကြွယ်၀၀ ပေးနေမယ်လို့ တစ်ခါမှ မတွေးမိပါဘူး။ ဒီလိုပဲ လက်လုပ်လက်စားနဲ့ ဖြတ်သန်းရမယ်လို့ တွေပြီး နေနေတာပါပဲ ။
ဒါပေမဲ့ ကံကောင်းခြင်းတွေက သူမဆီကိုရောက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က မလေးရှား ငါး သယံဇာတဖွံ့ဖြိုးရေး ဆိပ်ကမ်း နားမှာ ငါးဖမ်းနေခဲ့ပါတယ်။
ငါဖမ်းရင်း ည ၁၁ နာရီလောက်ရောက်တော့ အိမ်ပြန်မယ်ဆိုပြီး ပြင်ဆင်နေစဉ်မှာ ရေထဲမှာ ပေါလောပေါလောနဲ့ မျှောလာတဲ့ အရာတစ်ခုကို တွေ့လိုက်လို့ ဓာတ်မီးနဲ့ ထိုးကြည့် ဖယောင်းခဲလို အတုံးကြီး တစ်တုံး ကိုတွေ့ လိုက်ရပါတယ်။
သူမရဲ့ ဗဟုသုတက သူမကို ချမ်းသာအောင် လုပ်ပေးလိုက်တာပါ။ သူမက ငါးကြီးအန်ဖတ်ဖြစ်ကောင်း ဖြစ်နိုင်တယ်ဆိုပြီး အဲ့ဒိဖယောင်းတုံးလို အတုံး ကြီး ကိုလှေပေါ်ဆယ်တင်ပြီး အိမ်ပြန်ခဲ့ပါတယ်။
အိမ်လည်းရောက်ရော သူမရဲ့ အဖေကိုပြကြည့်တော့ ဝါရင့် တံငါသည်ကြီး က ငါးကြီး အန်ဖတ်ဆိုတာအမှန်ပဲ။ သူတို့ ချမ်းသာပြီလို့ ဟစ်ကြွေးလိုက်ပါတယ်။
အဲ့ဒိအတုံးကြီးကို ဇွန်းလေးနဲ့ အသာခြစ်ပြီး ထွက်လာတဲ့ အဖတ်လေးကို ဖယောင်းတိုင်းမီးနဲ့ မီးမြိုက် လိုက်တော့ အမွှေးနံ့သင်းသင်းလေး ထွက်လာပါတယ်။
မနက်ရောက်တော့ သူတို့တွေ တီရန်ဂနူက ငါးလုပ်ငန်းဦးစီးဌာနကို သွားပြတော့ သူတို့ က ဓာတ်ခွဲကြည့်ပြီးနောက်မှာတော့ ငါးကြီးအန်ဖတ်ဆိုတာကို အတည်ပြုပေးလိုက်ပါတယ်။ အခုတော့ အမေရိကန်ဒေါ်လာ သန်းနဲ့ ချီပြီးတန်တဲ့ ငါးကြီးအန်ဖတ် ဖြစ်သွားပြီပေါ့။
REF: world of buzz, Photo : world of buzz
Leave a Reply