ဘုန်းကြီး နဲ့ အပျိုကြီး တွေ့ကြလေသောအခါ…

ဘုန်းကြီး နဲ့ အပျိုကြီး တွေ့ကြလေသောအခါ…

ဘုန်းကြီး နဲ့ အပျိုကြီး တွေ့ကြလေသောအခါ…

မှတ်မှတ်ရရ ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)တွင် ဓမ္မာစရိယ (ဘီအေ) တန်းနောက်ဆုံးနှစ် တက်ရောက်နေစဉ်ကဖြစ်၏။ ဘွဲ့ယူစာတမ်း ရေးတင်ရန်အတွက် ပရင်တာတလုံး မဖြစ်မနေလို့အပ်နေ၍ အတန်းဖော် သူငယ်ချင်း တပါးနဲ့ ပေါင်းပြီး ပရင်တာတလုံးဝယ်ရန် ကြည့်မြင်တိုင် ညဈေးလမ်းက ကွန်ပျူတာ ဆိုင်တစ်ဆိုင်သို့ ဝင်လိုက်ကြ၏။

ဆိုင်ထဲ တွင် လူများများစားစားမတွေ့ရပဲ ဈေးဝယ်သူ အချို့နဲ့ ဝန်းထမ်း ဒကာမလေး တယောက် ၊ နောက် ငွေရှင်းကောင်တာတွင် ထိုင်နေသည့် ဆိုင်ရှင်ဟု ထင်ရသည့် အသက် ၃၀ ကျော် ၄၀ ဝန်းကျင် ခန့် မျက်နှာထားခပ်တင်းတင်း ဒကာမတယောက်တို့သာရှိ၏။

ဝန်ထမ်း ဒကာမလေးက တခြားဈေးဝယ်သူတို့ကို ပစ္စည်းပြ နေရ၍ မိမိတို့ထံသို့ မလာနိုင်ပေ။ ထို့ကြောင့် ပိုင်ရှင်ဒကာမကြီးက ထိုင်ရာမှထလာပြီး “ဦးဇင်းလေးတွေ ဘာဝယ်ချင်လို့လဲဘုရား၊ တပည့်တော်က အပျိုးကြီး ဆိုတော့ ဆိုင်မှာ ဝန်ထမ်းသိပ်မထားဘူး”

“ပစ္စည်းမှန်၊ ဈေးမှန်ဖို့တော့ တာဝန်ယူတယ်ဘုရား၊ တပည့်တော်က အပျိုကြီး ဆိုတော့ ဈေးအရမ်းကြီးတင်မထားသလို ပစ္စည်းအတုလဲ မတင်ဘူးဘုရား”

“ဝယ်မဲ့ ပစ္စည်းကိုတော့ သေခြာ စိတ်ကြိုက်ရွေးပြီးမှ ဝယ်ပါဘုရား၊ တပည့်တော်က အပျိုကြီး ဆိုတော့ အလုပ်ရှုပ်လို့ ပြန်လဲမပေးဘူးဘုရား” ဟု မဆီမဆိုင် သူအပျိုကြီးဖြစ်ကြောင်းကို နားကြားမြင်းကပ်အောင် အဆက်မပြတ် ကြော်ညာဝင်နေလေ၏။

“ပရင်တာလေး ကြည့်ချင်လို့ပါ ဒကာမကြီး”

မိမိ၏ “ဒကာမကြီး” ဟုဆိုသော စကားကြောင့် အပျိုကြီးခမြာ မျက်နှာပျက်သွားပြီး “ဦးဇင်း လေးတွေကလဲ တပည့်တော်က အပျိုးကြီး ဆိုတော့ သူများအထင်မသေးအောင် ခတ်တန်းတန်းနေ လို့ပါ အသက်က ၄၀ တောင် မပြည့်သေးပါဘူး ၊

ဦးဇင်းတို့နဲ့ တပည့်တော် အသက်သိပ်မကွာလောက်ပါဘူး၊ ဒကာမလေးလို့ မခေါ်ချင်တောင် ဒကာမလို့ ခေါ်လို့ရပါတယ် ” ဟု အပျိုကြီး ဋီကာချဲ့နေပြန်လေတော့၏။

မိမိလည်း အမြင်ကပ်လှတာမို့ “ဟာ… ဒကာမအကြီး… ကြီး ကလဲ အသက်ကြီးလို့ မျက်မှန်ပါဝါ ထပ်တိုးရတော့မယ်နဲ့ တူတယ်၊ ဦးဇင်းက ခုမှ ၂၄-နှစ်ပဲ ရှိသေးတာ ၊ဘယ်ကလာ သိပ်မကွာရမှာလဲ၊ သားအမိလောက် ကွာတယ်” ဟုဘုဆပ်ဆပ်ပြန်၍ ပက်လိုက်ရာ

အပျိုကြီး မျက်နှာ လေဖြတ်ထားသလို မဲ့ရွဲ့သွားပြီး “ဟင်း .. ကိုယ်တော် တွေမို့ မပြောလိုက်ချင်တော့ဘူး၊ အသက်လေး (၂၀) နီးပါးလောက်လေး ကွာတာကို မစာမနာ ပြောရက်တယ်၊

လူမှုရေးလဲ နားမလည်၊ စာနာရကောင်းမှန်းလဲ မသိဘူး၊ ဘယ်သိပါလဲ ဘုန်းကြီး ပါဆိုမှ စာနာတတ်တဲ့ နှလုံးထား သော့ခတ်ထားတာကို” စသည့်ဖြင့် မကြားတကြား မေတ္တာပွား၍ နေပါတော့သည်။ မိမိတို့လည်း အပျိုကြီး ဖြစ်အင်ကိုတွေ့ပြီး စိတ်ထဲက ကျိတ်ရယ်နေမိလေ၏။

အပျိုကြီးလဲ ပရင်တာတလုံးကို ဆောင့်ကြီးအောင့်ကြီး ယူလာပြပြီး မတတ်သာတဲ့ အသံဟန်ပန်နဲ့ စာပြန်ပြသလို ရှင်းပြ၏၊

မိမိတို့လဲ ဈေးကြီးလို့ နောက်တလုံး ပြပါ၊ ပုံစံမကြိုက်လို့၊ ကာလမကြိုက်လို့ စသည်ဖြင့် စိတ်ကြိုက်မတွေ့သဖြင့် တစ်လုံးပြီးတစ်လုံး ရွေးနေရာ၊ ကြာလာတော့ အပျိုကြီးက စိတ်မရှည်တဲ့ လေသံနဲ့၊ “ကဲ့ …. ဦးဇင်း အကြီးကြီးတွေ ရွေးနေတာလဲ တစ်ဆိုင်လုံး ကုန်တော့မယ်၊ နောက်ရွေးဖို့ လူပဲ ကျန်တော့တယ်ဘုရား၊ ဦးဇင်းတို့ ဒီလောက် ချေးများ။ အရွေးများလို့ မိန်းမ မရပဲ ဘုန်းကြီးဖြစ်နေတာ” ဟု တွယ်လေတော့၏။

ဒီတော့မိမိလည်း ဗီဇက တားမရတော့ပဲ

“ အောင်မယ်……. ဒကာမအကြီး ..ကြီးပဲ .. မကြိုက်ရင် ပြန်လဲမပေးဘူး ၊စိတ်ကြိုက်ရွေးဆိုလို့ ရွေးနေတာလေ၊ ဝယ်ပြီးလို့ မတော်ပျက်သွားရင် ဒီဆိုင်ကို ထပ်လာပြီး ပြင်လိုက်၊ လဲလိုက်လုပ်နေရရင် ၊ ဒကာမအကြီး….ကြီး နဲ့ ဖူးစာဆုံနေမှာစိုးလို့ ရွေးနေတာဗျ၊ ”

“သူများကျ ချေးများလို့ ဘုန်းကြီးဖြစ်တယ်လေး ဘာလေးနဲ့၊ ဒကာမအကြီး ….. ကြီးလဲ ၊ ခုလိုဆက်ဆံရေးကျဲ၊ အပြောဆိုးလို့ အပျိုကြီးဖြစ်နေတာဗျ သိလား” ဟု ချဲလိုက်လေရာ အနားမှာ ဈေးဝယ်နေသည့် ဒကာမ တဦး ရယ်ကြဲကြဲနဲ့၊

“ ဘုန်းကြီး ရော၊ အပျိုကြီး ရော ဘဝတူတွေပါဘုရား၊ အတူတူနဲ့ အနူနူ၊ ဘူ ဘူချင်း တပေါက်မစွန်းချင်ပါနဲ့၊ နှုတ်ခမ်းပဲ့အချင်းချင်း မီးမှုတ်မနေကြပါနဲ့ ဘုရား၊ ရန်ဖြစ်နေတာနဲ့ပဲ ကြာရင် သံယောဇဉ် ဖြစ်နေဦးမယ်နော် ” ဟုသြဘာပေးလေရာ

အပျိုကြီး လည်း မိမိကို မျက်စောင်းတချက်ထိုးပြီး “ကန်တော့ဆွမ်းပါ ဘုရား” လို့ဆိုကာ အရှက်လွန်သွားလေသလားတော့ မပြောတတ်ပေ၊ အယောင်ယောင် အမှားမှားနဲ့ ပရင်တာတွဲတဲ့ ဝါယာကြိုကို ပါးစပ်ထဲထိုးထဲ့ပြီး အခန်းထဲဝင်ပြေးလေတော့၏။

မိမိလည်း “ကြာရင်” ဆိုတဲ့ အသံကို နားထဲအဖန်ဖန် ကြားယောင်ပြီး သုတ်ချေတင် လှည့်ပြေးခဲ့ရ၏။ ထိုအချိန်မှစ၍ အနှီးအပျိုကြီးဆိုင် တည်ရှိရာ ကြည့်မြင်တိုင် ညဈေး လမ်းသို့ မရောက်သည်မှာ ယနေ့တိုင်ပင်ဖြစ်၏……။

ဘုန်းကြီး နဲ့ အပျိုကြီး တွေ့ကြလေသောအခါ…

(ဘဝအမမောကြော၊ တခဏ ပဲဖြစ်ဖြစ်ပြေလျော့ နိုင်ကြပါစေ)

Credit : ဓမ္မဝီရ အရှင်တေဇနိယ (ဗုဒ္ဓဂယာ၊ အိန္ဒိယ)

ဘုန္းႀကီး နဲ႔ အပ်ိဳႀကီး ေတြ႕ၾကေလေသာအခါ…

မွတ္မွတ္ရရ ဗုဒၶတကၠသိုလ္ (ရန္ကုန္)တြင္ ဓမၼာစရိယ (ဘီေအ) တန္းေနာက္ဆုံးႏွစ္ တက္ေရာက္ေနစဥ္ကျဖစ္၏။ ဘြဲ႕ယူစာတမ္း ေရးတင္ရန္အတြက္ ပရင္တာတလုံး မျဖစ္မေနလို႔အပ္ေန၍ အတန္းေဖာ္ သူငယ္ခ်င္း တပါးနဲ႔ ေပါင္းၿပီး ပရင္တာတလုံးဝယ္ရန္ ၾကည့္ျမင္တိုင္ ညေဈးလမ္းက ကြန္ပ်ဴတာ ဆိုင္တစ္ဆိုင္သို႔ ဝင္လိုက္ၾက၏။

ဆိုင္ထဲ တြင္ လူမ်ားမ်ားစားစားမေတြ႕ရပဲ ေဈးဝယ္သူ အခ်ိဳ႕နဲ႔ ဝန္းထမ္း ဒကာမေလး တေယာက္ ၊ ေနာက္ ေငြရွင္းေကာင္တာတြင္ ထိုင္ေနသည့္ ဆိုင္ရွင္ဟု ထင္ရသည့္ အသက္ ၃၀ ေက်ာ္ ၄၀ ဝန္းက်င္ ခန႔္ မ်က္ႏွာထားခပ္တင္းတင္း ဒကာမတေယာက္တို႔သာရွိ၏။

ဝန္ထမ္း ဒကာမေလးက တျခားေဈးဝယ္သူတို႔ကို ပစၥည္းျပ ေနရ၍ မိမိတို႔ထံသို႔ မလာႏိုင္ေပ။ ထို႔ေၾကာင့္ ပိုင္ရွင္ဒကာမႀကီးက ထိုင္ရာမွထလာၿပီး “ဦးဇင္းေလးေတြ ဘာဝယ္ခ်င္လို႔လဲဘုရား၊ တပည့္ေတာ္က အပ်ိဳးႀကီး ဆိုေတာ့ ဆိုင္မွာ ဝန္ထမ္းသိပ္မထားဘူး”

“ပစၥည္းမွန္၊ ေဈးမွန္ဖို႔ေတာ့ တာဝန္ယူတယ္ဘုရား၊ တပည့္ေတာ္က အပ်ိဳႀကီး ဆိုေတာ့ ေဈးအရမ္းႀကီးတင္မထားသလို ပစၥည္းအတုလဲ မတင္ဘူးဘုရား”

“ဝယ္မဲ့ ပစၥည္းကိုေတာ့ ေသျခာ စိတ္ႀကိဳက္ေ႐ြးၿပီးမွ ဝယ္ပါဘုရား၊ တပည့္ေတာ္က အပ်ိဳႀကီး ဆိုေတာ့ အလုပ္ရႈပ္လို႔ ျပန္လဲမေပးဘူးဘုရား” ဟု မဆီမဆိုင္ သူအပ်ိဳႀကီးျဖစ္ေၾကာင္းကို နားၾကားျမင္းကပ္ေအာင္ အဆက္မျပတ္ ေၾကာ္ညာဝင္ေနေလ၏။

“ပရင္တာေလး ၾကည့္ခ်င္လို႔ပါ ဒကာမႀကီး”

မိမိ၏ “ဒကာမႀကီး” ဟုဆိုေသာ စကားေၾကာင့္ အပ်ိဳႀကီးချမာ မ်က္ႏွာပ်က္သြားၿပီး “ဦးဇင္း ေလးေတြကလဲ တပည့္ေတာ္က အပ်ိဳးႀကီး ဆိုေတာ့ သူမ်ားအထင္မေသးေအာင္ ခတ္တန္းတန္းေန လို႔ပါ အသက္က ၄၀ ေတာင္ မျပည့္ေသးပါဘူး ၊

ဦးဇင္းတို႔နဲ႔ တပည့္ေတာ္ အသက္သိပ္မကြာေလာက္ပါဘူး၊ ဒကာမေလးလို႔ မေခၚခ်င္ေတာင္ ဒကာမလို႔ ေခၚလို႔ရပါတယ္ ” ဟု အပ်ိဳႀကီး ဋီကာခ်ဲ႕ေနျပန္ေလေတာ့၏။

မိမိလည္း အျမင္ကပ္လွတာမို႔ “ဟာ… ဒကာမအႀကီး… ႀကီး ကလဲ အသက္ႀကီးလို႔ မ်က္မွန္ပါဝါ ထပ္တိုးရေတာ့မယ္နဲ႔ တူတယ္၊ ဦးဇင္းက ခုမွ ၂၄-ႏွစ္ပဲ ရွိေသးတာ ၊ဘယ္ကလာ သိပ္မကြာရမွာလဲ၊ သားအမိေလာက္ ကြာတယ္” ဟုဘုဆပ္ဆပ္ျပန္၍ ပက္လိုက္ရာ

အပ်ိဳႀကီး မ်က္ႏွာ ေလျဖတ္ထားသလို မဲ့႐ြဲ႕သြားၿပီး “ဟင္း .. ကိုယ္ေတာ္ ေတြမို႔ မေျပာလိုက္ခ်င္ေတာ့ဘူး၊ အသက္ေလး (၂၀) နီးပါးေလာက္ေလး ကြာတာကို မစာမနာ ေျပာရက္တယ္၊

လူမႈေရးလဲ နားမလည္၊ စာနာရေကာင္းမွန္းလဲ မသိဘူး၊ ဘယ္သိပါလဲ ဘုန္းႀကီး ပါဆိုမွ စာနာတတ္တဲ့ ႏွလုံးထား ေသာ့ခတ္ထားတာကို” စသည့္ျဖင့္ မၾကားတၾကား ေမတၱာပြား၍ ေနပါေတာ့သည္။ မိမိတို႔လည္း အပ်ိဳႀကီး ျဖစ္အင္ကိုေတြ႕ၿပီး စိတ္ထဲက က်ိတ္ရယ္ေနမိေလ၏။

အပ်ိဳႀကီးလဲ ပရင္တာတလုံးကို ေဆာင့္ႀကီးေအာင့္ႀကီး ယူလာျပၿပီး မတတ္သာတဲ့ အသံဟန္ပန္နဲ႔ စာျပန္ျပသလို ရွင္းျပ၏၊

မိမိတို႔လဲ ေဈးႀကီးလို႔ ေနာက္တလုံး ျပပါ၊ ပုံစံမႀကိဳက္လို႔၊ ကာလမႀကိဳက္လို႔ စသည္ျဖင့္ စိတ္ႀကိဳက္မေတြ႕သျဖင့္ တစ္လုံးၿပီးတစ္လုံး ေ႐ြးေနရာ၊ ၾကာလာေတာ့ အပ်ိဳႀကီးက စိတ္မရွည္တဲ့ ေလသံနဲ႔၊ “ကဲ့ …. ဦးဇင္း အႀကီးႀကီးေတြ ေ႐ြးေနတာလဲ တစ္ဆိုင္လုံး ကုန္ေတာ့မယ္၊ ေနာက္ေ႐ြးဖို႔ လူပဲ က်န္ေတာ့တယ္ဘုရား၊ ဦးဇင္းတို႔ ဒီေလာက္ ေခ်းမ်ား။ အေ႐ြးမ်ားလို႔ မိန္းမ မရပဲ ဘုန္းႀကီးျဖစ္ေနတာ” ဟု တြယ္ေလေတာ့၏။

ဒီေတာ့မိမိလည္း ဗီဇက တားမရေတာ့ပဲ

“ ေအာင္မယ္……. ဒကာမအႀကီး ..ႀကီးပဲ .. မႀကိဳက္ရင္ ျပန္လဲမေပးဘူး ၊စိတ္ႀကိဳက္ေ႐ြးဆိုလို႔ ေ႐ြးေနတာေလ၊ ဝယ္ၿပီးလို႔ မေတာ္ပ်က္သြားရင္ ဒီဆိုင္ကို ထပ္လာၿပီး ျပင္လိုက္၊ လဲလိုက္လုပ္ေနရရင္ ၊ ဒကာမအႀကီး….ႀကီး နဲ႔ ဖူးစာဆုံေနမွာစိုးလို႔ ေ႐ြးေနတာဗ်၊ ”

“သူမ်ားက် ေခ်းမ်ားလို႔ ဘုန္းႀကီးျဖစ္တယ္ေလး ဘာေလးနဲ႔၊ ဒကာမအႀကီး ….. ႀကီးလဲ ၊ ခုလိုဆက္ဆံေရးက်ဲ၊ အေျပာဆိုးလို႔ အပ်ိဳႀကီးျဖစ္ေနတာဗ် သိလား” ဟု ခ်ဲလိုက္ေလရာ အနားမွာ ေဈးဝယ္ေနသည့္ ဒကာမ တဦး ရယ္ႀကဲႀကဲနဲ႔၊

“ ဘုန္းႀကီး ေရာ၊ အပ်ိဳႀကီး ေရာ ဘဝတူေတြပါဘုရား၊ အတူတူနဲ႔ အႏူႏူ၊ ဘူ ဘူခ်င္း တေပါက္မစြန္းခ်င္ပါနဲ႔၊ ႏႈတ္ခမ္းပဲ့အခ်င္းခ်င္း မီးမႈတ္မေနၾကပါနဲ႔ ဘုရား၊ ရန္ျဖစ္ေနတာနဲ႔ပဲ ၾကာရင္ သံေယာဇဥ္ ျဖစ္ေနဦးမယ္ေနာ္ ” ဟုၾသဘာေပးေလရာ

အပ်ိဳႀကီး လည္း မိမိကို မ်က္ေစာင္းတခ်က္ထိုးၿပီး “ကန္ေတာ့ဆြမ္းပါ ဘုရား” လို႔ဆိုကာ အရွက္လြန္သြားေလသလားေတာ့ မေျပာတတ္ေပ၊ အေယာင္ေယာင္ အမွားမွားနဲ႔ ပရင္တာတြဲတဲ့ ဝါယာႀကိဳကို ပါးစပ္ထဲထိုးထဲ့ၿပီး အခန္းထဲဝင္ေျပးေလေတာ့၏။

မိမိလည္း “ၾကာရင္” ဆိုတဲ့ အသံကို နားထဲအဖန္ဖန္ ၾကားေယာင္ၿပီး သုတ္ေခ်တင္ လွည့္ေျပးခဲ့ရ၏။ ထိုအခ်ိန္မွစ၍ အႏွီးအပ်ိဳႀကီးဆိုင္ တည္ရွိရာ ၾကည့္ျမင္တိုင္ ညေဈး လမ္းသို႔ မေရာက္သည္မွာ ယေန႔တိုင္ပင္ျဖစ္၏……။

(ဘဝအမေမာေၾကာ၊ တခဏ ပဲျဖစ္ျဖစ္ေျပေလ်ာ့ ႏိုင္ၾကပါေစ)

Credit : ဓမၼဝီရ အရွင္ေတဇနိယ (ဗုဒၶဂယာ၊ အိႏၵိယ)

Be the first to comment

Leave a Reply

Your email address will not be published.


*