မန္ယူ နာလံမထူ ျဖစ္သြားတာနဲ႔ ပတ္သက္ၿပီး ႐ိြဳင္ကိန္း အႀကီးအက်ယ္ ေပါက္ကြဲ

မန္ယူ နာလံမထူ ျဖစ္သြားတာနဲ႔ ပတ္သက္ၿပီး ႐ိြဳင္ကိန္း အႀကီးအက်ယ္ ေပါက္ကြဲ

မန္ယူ နာလံမထူ ျဖစ္သြားတာနဲ႔ ပတ္သက္ၿပီး ႐ိြဳင္ကိန္း အႀကီးအက်ယ္ ေပါက္ကြဲ

“ မန္ယူကြင္းလယ္က ကေလးေတြကိုလည္း အားနာပါတယ္။ ဒါေတာင္ မန္စီတီး ကအကုန္ညစ္သြားတာ မဟုတ္ဘူး ၊ သူတို႔ တကယ္ကစား သြားရင္ ရလဒ္ကို ေတြးေတာင္ မေတြးဝံ့ဘူး ၊ ရွက္ဖို႔ ေကာင္းလိုက္တာဗ်ာ “ မေန႔ညက ကစားခဲ့တဲ့ မန္ယူအသင္းရဲ႕ ပရီမီးယားလိဂ္ ပြဲစဥ္ ( ၂၈ ) ဒါဘီပြဲမွာ အိမ္ရွင္ မန္စီတီးကို ( ၄ – ၁ ) ဂိုးနဲ႔ အျပတ္အသက္ရႈံး ခဲ့ပါတယ္။

အဲ့ဒိပြဲနဲ႔ ပတ္သက္ၿပီး မန္ယူ အသင္းေခါင္းေဆာင္ေဟာင္း ႐ြိင္ကိန္းက မန္ယူကစားသမား ၄ ၊ ၅ ေယာက္ေလာက္က ေနာက္ပြဲေတြမွာ ထည့္မကစားသင့္ဘူးလို႔ ေပါက္ကြဲ ၿပီး ျပတ္ျပတ္သားသား ေဝဖန္လိုက္ပါတယ္။ မေန႔ညက ပြဲမွာ မန္ယူအသင္းက မန္စီတီးရဲ ကစားကြက္ကို ဘယ္လိုမွ မယွဥ္ႏိုင္ခဲ့ပါဘူး ။ မန္စီတီးက ေဘာလုံးပိုင္ဆိုင္မႈ ၇၀% ေက်ာ္နဲ႔ ကစားခဲ့ၿပီး ဂိုးကန္သြင္းခြင့္ ၂၄ ႀကိမ္ ရခဲ့ပါတယ္။

မန္ယူကေတာ့ ၅ ႀကိမ္ပဲ ရခဲ့ပါတယ္။ ဂိုးေပါက္တည့္မႈ ၁၀ႀကိမ္အတြင္းမွာ မန္စီတီးကစားသမားေတြျဖစ္တဲ့ ဒီဘ႐ိုင္း ( ၅ ၊ ၂၈ မိနစ္ ) ၊ မာဟ္ေရ႕ဇ္ ( ၆၈ ၊ ၉၀+၁ မိနစ္) ေတြရဲ႕ သြင္းဂိုးေတြနဲ႔ အႏိုင္ယူသြားတာပါ။ မန္ယူက ဆန္ခ်ိဳ ( ၂၂ မိနစ္) မွာ ေခ်ပဂိုး သြင္းႏိုင္ခဲ့ေပမယ့္ မန္ယူ နာလံမထူ ျဖစ္သြားခဲ့ရပါတယ္။

“ က်ေနာ္ တစ္ခြန္းတည္း ေျပာလိုက္ခ်င္တယ္ ။ မင္းတို႔ေတြ ထြက္သြားတာ အေကာင္းဆုံးပဲလို႔ပဲ ေျပာမယ္ဗ်ာ” “ လက္ေလွ်ာ့လိုက္တယ္ဆိုတာ တကယ့္ကို ခြင့္မလႊတ္ႏိုင္စရာ ေကာင္းတဲ့ အခ်က္ပဲဗ်ာ ။ မင္တို႔ေတြ ဘယ္ေနရာမွာမွ ပုန္းေနလို႔မရဘူး ။

ဒီေန႔ မန္ယူရဲ႕ ခြၽတ္ယြင္းခ်က္ေတြကို က်ေနာ္တို႔အားလုံး ေတြ႕လိုက္ရတာပါပဲ ။ ေဘာလုံးပြဲ ကို အသင္းတိုင္း ရႈံးဖူးၾကတာပါပဲ။ ဒါေပမဲ့ ကိုယ္က ေရဆုံေရဖ်ားအထိ ျပန္တိုက္ရမွာေလ ။ ေနာက္ျပန္ေပးၿပီး ေၾကာက္သလို တြန႔္သလို လုပ္ေနတာႀကီးကို လက္မခံႏိုင္တာပါ” လို႔ ဆိုပါတယ္။

“ အခုဟာက ကိုယ္က ေခ်ပဂိုးျပန္သြင္းႏိုင္ၿပီ ၊ မန္စီတီးက ၁ဂိုး ထပ္သြင္းတယ္ ဘာျဖစ္လည္း ကိုယ္ထပ္ႀကိဳး စား ေပါ့ ။ အဲ့ဒိလိုမဟုတ္ဘူး ၊ လူေတြက စိတ္ဓာတ္က်ၿပီး မကစားခ်င္သလိုလို နဲ႔ အရႈံးေပးလိုက္တဲ့ ပုံစံမ်ိဳး ျဖစ္ေနတယ္။

ရွက္ဖို႔လည္း ေကာင္းတယ္။ သူမ်ားအသင္းေနာက္ကို လိုက္ကစားေနတယ္ ၊ မန္ယူရဲ႕ မာနေတြက ဘယ္ကိုေရာက္သြားၿပီးလဲ လို႔ပဲ ေမးခ်င္တယ္” “ က်ေနာ္ဆို ၾကည့္ေနရင္နဲ႔ ကို ေဒါသေတြထြက္လာတယ္။ လူတိုင္းမွား ႏိုင္တယ္ ၊ ခင္ဗ်ားတို႔ ခြင့္လႊတ္ေပးရမယ္။ ဒါေပမဲ့ အဲ့ဒိအမွားကို ထပ္မလုပ္နဲ႔ေပါ့ ။

အဲ့လိုအမွားေတြ ထပ္ခါထပ္ခါ လုပ္ေနတဲ့ မန္ယူ ကစားသမား ၄ ၊ ၅ ေယာက္ကို ေနာက္ပြဲေတြမွာ ထည့္မကစားသင့္ေတာ့ဘူး “

“ မန္ယူကြင္းလယ္က ကေလးေတြကိုလည္း အားနာပါတယ္။ ဒါေတာင္ မန္စီတီးက အကုန္ညစ္သြားတာ မဟုတ္ဘူး ၊ သူတို႔ တကယ္ကစားသြားရင္ ရလဒ္ကို ေတြးေတာင္ မေတြးဝံ့ဘူး ၊ ရွက္ဖို႔ ေကာင္းလိုက္တာဗ်ာ “ လို႔ ေျပာသြားပါတယ္။

မန္ယူ နာလံမထူ ျဖစ္သြားတာနဲ႔ ပတ္သက္ၿပီး ႐ိြဳင္ကိန္း အႀကီးအက်ယ္ ေပါက္ကြဲ1

ေမာင္ယႆ
REF : asianbookie, Photo : daily mail

မန်ယူ နာလံမထူ ဖြစ်သွားတာနဲ့ ပတ်သက်ပြီး ရွိုင်ကိန်း အကြီးအကျယ် ပေါက်ကွဲ

“ မန်ယူကွင်းလယ်က ကလေးတွေကိုလည်း အားနာပါတယ်။ ဒါတောင် မန်စီတီး ကအကုန်ညစ်သွားတာ မဟုတ်ဘူး ၊ သူတို့ တကယ်ကစား သွားရင် ရလဒ်ကို တွေးတောင် မတွေးဝံ့ဘူး ၊ ရှက်ဖို့ ကောင်းလိုက်တာဗျာ “ မနေ့ညက ကစားခဲ့တဲ့ မန်ယူအသင်းရဲ့ ပရီမီးယားလိဂ် ပွဲစဉ် ( ၂၈ ) ဒါဘီပွဲမှာ အိမ်ရှင် မန်စီတီးကို ( ၄ – ၁ ) ဂိုးနဲ့ အပြတ်အသက်ရှုံး ခဲ့ပါတယ်။

အဲ့ဒိပွဲနဲ့ ပတ်သက်ပြီး မန်ယူ အသင်းခေါင်းဆောင်ဟောင်း ရွိင်ကိန်းက မန်ယူကစားသမား ၄ ၊ ၅ ယောက်လောက်က နောက်ပွဲတွေမှာ ထည့်မကစားသင့်ဘူးလို့ ပေါက်ကွဲ ပြီး ပြတ်ပြတ်သားသား ဝေဖန်လိုက်ပါတယ်။ မနေ့ညက ပွဲမှာ မန်ယူအသင်းက မန်စီတီးရဲ ကစားကွက်ကို ဘယ်လိုမှ မယှဉ်နိုင်ခဲ့ပါဘူး ။ မန်စီတီးက ဘောလုံးပိုင်ဆိုင်မှု ၇၀% ကျော်နဲ့ ကစားခဲ့ပြီး ဂိုးကန်သွင်းခွင့် ၂၄ ကြိမ် ရခဲ့ပါတယ်။

မန်ယူကတော့ ၅ ကြိမ်ပဲ ရခဲ့ပါတယ်။ ဂိုးပေါက်တည့်မှု ၁၀ကြိမ်အတွင်းမှာ မန်စီတီးကစားသမားတွေဖြစ်တဲ့ ဒီဘရိုင်း ( ၅ ၊ ၂၈ မိနစ် ) ၊ မာဟ်ရေ့ဇ် ( ၆၈ ၊ ၉၀+၁ မိနစ်) တွေရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ယူသွားတာပါ။ မန်ယူက ဆန်ချို ( ၂၂ မိနစ်) မှာ ချေပဂိုး သွင်းနိုင်ခဲ့ပေမယ့် မန်ယူ နာလံမထူ ဖြစ်သွားခဲ့ရပါတယ်။

“ ကျနော် တစ်ခွန်းတည်း ပြောလိုက်ချင်တယ် ။ မင်းတို့တွေ ထွက်သွားတာ အကောင်းဆုံးပဲလို့ပဲ ပြောမယ်ဗျာ” “ လက်လျှော့လိုက်တယ်ဆိုတာ တကယ့်ကို ခွင့်မလွှတ်နိုင်စရာ ကောင်းတဲ့ အချက်ပဲဗျာ ။ မင်တို့တွေ ဘယ်နေရာမှာမှ ပုန်းနေလို့မရဘူး ။

ဒီနေ့ မန်ယူရဲ့ ချွတ်ယွင်းချက်တွေကို ကျနော်တို့အားလုံး တွေ့လိုက်ရတာပါပဲ ။ ဘောလုံးပွဲ ကို အသင်းတိုင်း ရှုံးဖူးကြတာပါပဲ။ ဒါပေမဲ့ ကိုယ်က ရေဆုံရေဖျားအထိ ပြန်တိုက်ရမှာလေ ။ နောက်ပြန်ပေးပြီး ကြောက်သလို တွန့်သလို လုပ်နေတာကြီးကို လက်မခံနိုင်တာပါ” လို့ ဆိုပါတယ်။

“ အခုဟာက ကိုယ်က ချေပဂိုးပြန်သွင်းနိုင်ပြီ ၊ မန်စီတီးက ၁ဂိုး ထပ်သွင်းတယ် ဘာဖြစ်လည်း ကိုယ်ထပ်ကြိုး စား ပေါ့ ။ အဲ့ဒိလိုမဟုတ်ဘူး ၊ လူတွေက စိတ်ဓာတ်ကျပြီး မကစားချင်သလိုလို နဲ့ အရှုံးပေးလိုက်တဲ့ ပုံစံမျိုး ဖြစ်နေတယ်။

ရှက်ဖို့လည်း ကောင်းတယ်။ သူများအသင်းနောက်ကို လိုက်ကစားနေတယ် ၊ မန်ယူရဲ့ မာနတွေက ဘယ်ကိုရောက်သွားပြီးလဲ လို့ပဲ မေးချင်တယ်” “ ကျနော်ဆို ကြည့်နေရင်နဲ့ ကို ဒေါသတွေထွက်လာတယ်။ လူတိုင်းမှား နိုင်တယ် ၊ ခင်ဗျားတို့ ခွင့်လွှတ်ပေးရမယ်။ ဒါပေမဲ့ အဲ့ဒိအမှားကို ထပ်မလုပ်နဲ့ပေါ့ ။

အဲ့လိုအမှားတွေ ထပ်ခါထပ်ခါ လုပ်နေတဲ့ မန်ယူ ကစားသမား ၄ ၊ ၅ ယောက်ကို နောက်ပွဲတွေမှာ ထည့်မကစားသင့်တော့ဘူး “

“ မန်ယူကွင်းလယ်က ကလေးတွေကိုလည်း အားနာပါတယ်။ ဒါတောင် မန်စီတီးက အကုန်ညစ်သွားတာ မဟုတ်ဘူး ၊ သူတို့ တကယ်ကစားသွားရင် ရလဒ်ကို တွေးတောင် မတွေးဝံ့ဘူး ၊ ရှက်ဖို့ ကောင်းလိုက်တာဗျာ “ လို့ ပြောသွားပါတယ်။

မောင်ယဿ
REF : asianbookie, Photo : daily mail

Be the first to comment

Leave a Reply

Your email address will not be published.


*