ယူကရိန္းကို ႐ုရွား ဝင္တဲ့ ( ၁၂ ) ရက္ေျမာက္ေန႔

ယူကရိန္းကို ႐ုရွား ဝင္တဲ့ ( ၁၂ ) ရက္ေျမာက္ေန႔

ယူကရိန္းကို ႐ုရွား ဝင္တဲ့ ( ၁၂ ) ရက္ေျမာက္ေန႔

ဒီေန႔မနက္ ႐ုရွားမီဒီယာေတြမွာ လူသားခ်င္း ငဲ့ညႇာေထာက္ထားတဲ့ ေကာ္ရစ္ဒါ လမ္းေတြ ဖြင့္ေပးၿပီး ယူကရိန္းၿမိဳ႕ ေတာ္ေတာ္မ်ားမ်ားမွာ ေဒသဆိုင္ရာ အပစ္ရပ္စဲမႈေတြ လုပ္ထားပါတယ္လို႔ ေဖာ္ျပၾကပါတယ္။ အဲ့ဒါနဲ႔ ပတ္သက္ၿပီး ယူကရိန္းဘက္ က တစုံတရာ ထုတ္ျပန္ေၾကညာျခင္း မရွိပါဘူး။

သူတို႔ ကေတာ့ ႐ုရွားေတြ ရဲ႕ အေျမာက္ဆံေတြက က အရပ္သားအိမ္ေတြေပၚကို က်ေနတယ္လို႔ပဲ ဆိုပါတယ္။ မေန႔ကေတာ့ ယူကရိန္းသမၼတ ဇီလန္စကီ က သူ႔ႏိုင္ငံသားေတြရဲ႕ အသက္ေသြးအတြက္ ႐ုရွားေတြကို ဘယ္ေတာ့မွ မေက်ဘူးလို႔ ဆိုလိုက္ပါတယ္။

႐ုရွား သမၼတ ပူတင္နဲ႔ ျပင္သစ္သမၼတ မာခြန္တို႔ မေန႔က ဖုန္းဆက္ၿပီး ေဆြးေႏြးတဲ့ အဓိက အေၾကာင္းအရာ ကေတာ့ ယူကရိန္းက န်ဴ႕ကလိယဓာတ္အားေပး စက္႐ုံေတြ လုံၿခဳံေရး အေၾကာင္းပဲ ျဖစ္ပါတယ္။ ႏိုင္ငံတကာ အဏုျမဴ ေအဂ်င္စီ IAEA ကလည္း အဲ့ဒိဓာတ္ေပါင္းဖိုေတြ အတြက္ အရမ္းစိုးရိမ္ ေနရတယ္လို႔ ဆိုပါတယ္။

ယူကရိန္းကို ႐ုရွားက်ဴးေက်ာ္တာနဲ႔ ပတ္သက္ၿပီး ႐ုရွားႏိုင္ငံက ၿမိဳ႕ ၆၄ ၿမိဳ႕မွာ ဆႏၵျပမႈေတြ ျဖစ္ေပၚေနရာ မေန႔က ဆႏၵျပသမား ၄ေထာင္ေက်ာ္ အဖမ္းခံလိုက္ရပါတယ္။

ဒီေန႔မနက္ပိုင္းမွာ ႐ုရွားတပ္ေတြက ယူကရိန္း လူေနအိမ္ေျခေတြရွိတဲ့ စစ္လက္နက္ပစၥည္းစက္႐ုံေတြကို လာေရာက္ တိုက္ခိုက္ေနပါတယ္လို႔ ဆိုၿပီး ဥေရာပအေနနဲ႔ မပ်ံသန္းရ ဇုံ သတ္မွတ္ဖို႔နဲ႔ ဖိုက္တာဂ်က္ ေလယာဥ္ ေတြ ေထာက္ပံ့ဖို႔ ဇီလန္စကီးက ေတာင္းဆိုလိုက္ပါတယ္။

႐ုရွားေတြဆီ မိထားတဲ့ ဇာပိုရစ္ဇာယာ န်ဴကလိယဓာတ္အားေပးစက္႐ုံက ဝန္ထမ္းေတြနဲ႔ IAEA အဆက္အသြယ္ မရေသးဘူးလို႔ ဆိုပါတယ္။ ဘီလာ႐ုစ္ နယ္စပ္က ယူကရိန္း – ႐ုရွား ေဆြးေႏြးပြဲ ဒီေန႔ လုပ္ျဖစ္ပါတယ္။

တစ္ေတာ့ အြန္လိုင္း အပလီေကးရွင္း နဲ႔ နက္ဖလစ္ ႐ုပ္ရွင္ ကုမၸဏီတို႔ကလည္း ႐ုရွား ကို ပိတ္လိုက္ပါတယ္။

အေမရိကားမွာ ဂတ္စ္ေဈးနဲ႔ ဓာတ္ဆီေဈး တက္ေနေပမဲ့ ႐ုရွား ေရနံတင္သြင္းမႈ နဲ႔ အေထြေထြ ကုန္သြယ္မႈ ေတြကို ပိတ္ဖို႔ အတြက္ ဘိုင္ဒန္အစိုးရ ညႇိႏႈိင္း တိုင္ပင္မႈေတြ လုပ္ေနပါတယ္။

ယူကရိန္းကို ႐ုရွား ဝင္တဲ့ ( ၁၂ ) ရက္ေျမာက္ေန႔1

၀ီရမီဒီယာ, REF: euronews

ယူကရိန်းကို ရုရှား ဝင်တဲ့ ( ၁၂ ) ရက်မြောက်နေ့

ဒီနေ့မနက် ရုရှားမီဒီယာတွေမှာ လူသားချင်း ငဲ့ညှာထောက်ထားတဲ့ ကော်ရစ်ဒါ လမ်းတွေ ဖွင့်ပေးပြီး ယူကရိန်းမြို့ တော်တော်များများမှာ ဒေသဆိုင်ရာ အပစ်ရပ်စဲမှုတွေ လုပ်ထားပါတယ်လို့ ဖော်ပြကြပါတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး ယူကရိန်းဘက် က တစုံတရာ ထုတ်ပြန်ကြေညာခြင်း မရှိပါဘူး။

သူတို့ ကတော့ ရုရှားတွေ ရဲ့ အမြောက်ဆံတွေက က အရပ်သားအိမ်တွေပေါ်ကို ကျနေတယ်လို့ပဲ ဆိုပါတယ်။ မနေ့ကတော့ ယူကရိန်းသမ္မတ ဇီလန်စကီ က သူ့နိုင်ငံသားတွေရဲ့ အသက်သွေးအတွက် ရုရှားတွေကို ဘယ်တော့မှ မကျေဘူးလို့ ဆိုလိုက်ပါတယ်။

ရုရှား သမ္မတ ပူတင်နဲ့ ပြင်သစ်သမ္မတ မာခွန်တို့ မနေ့က ဖုန်းဆက်ပြီး ဆွေးနွေးတဲ့ အဓိက အကြောင်းအရာ ကတော့ ယူကရိန်းက နျူ့ကလိယဓာတ်အားပေး စက်ရုံတွေ လုံခြုံရေး အကြောင်းပဲ ဖြစ်ပါတယ်။ နိုင်ငံတကာ အဏုမြူ အေဂျင်စီ IAEA ကလည်း အဲ့ဒိဓာတ်ပေါင်းဖိုတွေ အတွက် အရမ်းစိုးရိမ် နေရတယ်လို့ ဆိုပါတယ်။

ယူကရိန်းကို ရုရှားကျူးကျော်တာနဲ့ ပတ်သက်ပြီး ရုရှားနိုင်ငံက မြို့ ၆၄ မြို့မှာ ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေရာ မနေ့က ဆန္ဒပြသမား ၄ထောင်ကျော် အဖမ်းခံလိုက်ရပါတယ်။

ဒီနေ့မနက်ပိုင်းမှာ ရုရှားတပ်တွေက ယူကရိန်း လူနေအိမ်ခြေတွေရှိတဲ့ စစ်လက်နက်ပစ္စည်းစက်ရုံတွေကို လာရောက် တိုက်ခိုက်နေပါတယ်လို့ ဆိုပြီး ဥရောပအနေနဲ့ မပျံသန်းရ ဇုံ သတ်မှတ်ဖို့နဲ့ ဖိုက်တာဂျက် လေယာဉ် တွေ ထောက်ပံ့ဖို့ ဇီလန်စကီးက တောင်းဆိုလိုက်ပါတယ်။

ရုရှားတွေဆီ မိထားတဲ့ ဇာပိုရစ်ဇာယာ နျူကလိယဓာတ်အားပေးစက်ရုံက ဝန်ထမ်းတွေနဲ့ IAEA အဆက်အသွယ် မရသေးဘူးလို့ ဆိုပါတယ်။ ဘီလာရုစ် နယ်စပ်က ယူကရိန်း – ရုရှား ဆွေးနွေးပွဲ ဒီနေ့ လုပ်ဖြစ်ပါတယ်။

တစ်တော့ အွန်လိုင်း အပလီကေးရှင်း နဲ့ နက်ဖလစ် ရုပ်ရှင် ကုမ္ပဏီတို့ကလည်း ရုရှား ကို ပိတ်လိုက်ပါတယ်။

အမေရိကားမှာ ဂတ်စ်ဈေးနဲ့ ဓာတ်ဆီဈေး တက်နေပေမဲ့ ရုရှား ရေနံတင်သွင်းမှု နဲ့ အထွေထွေ ကုန်သွယ်မှု တွေကို ပိတ်ဖို့ အတွက် ဘိုင်ဒန်အစိုးရ ညှိနှိုင်း တိုင်ပင်မှုတွေ လုပ်နေပါတယ်။

ဝီရမီဒီယာ, REF: euronews

Be the first to comment

Leave a Reply

Your email address will not be published.


*