ကိုယ့္ဖာသာပဲ လမ္းေလ်ွာက္သြားလုိက္ပါ့မယ္…

ကိုယ့္ဖာသာပဲ လမ္းေလ်ွာက္သြားလုိက္ပါ့မယ္...

ကိုယ့္ဖာသာပဲ လမ္းေလ်ွာက္သြားလုိက္ပါ့မယ္…

႐ြာတစ္႐ြာမွာ ဆင္းရဲၿပီး ေဆြမ်ိဳးသားခ်င္း မရွိတဲ့ “ဦးတက္လူ”ဆိုတဲ့ လူႀကီးတစ္ေယာက္ ရွိတယ္… တစ္ေန႔ေတာ့ ဦးတက္လူဟာ နာမက်န္းျဖစ္ၿပီး ေသအံ့ဆဲဆဲ အေျခအေနကို ေရာက္ရွိခဲ့တယ္။

ဦးတက္လူမွာက ျပဳစုကုသမယ့္ ေဆြမ်ိဳးသားခ်င္းလည္း မရွိ – ေငြေရးေၾကးေရးလည္း မျပည့္စုံေတာ့ အိမ္နီးနားခ်င္းက ႐ြာသားေတြပဲ ေရာက္လာၿပီး လာၾကည့္ရတာေပါ့..

႐ြာသားေတြက ဦးတက္လူရဲ႕အေျခအေန မေကာင္းမွန္း သိေတာ့ – ဦးတက္လူ အေလာင္း ေျမက်ဖို႔ ေဆြးေႏြးတိုင္ပင္ၾကသတဲ့ ” အေျခအေနကေတာ့ မေကာင္းဘူး ေဟ့ – ဒီေန႔လား နက္ျဖန္လားပဲ ”

” ငင္” ႐ြာသားေတြ ေျပာတာကို လူမမာ ဦးတက္လူက ၾကားေနရတာေပါ့ … ေသမွ.. မေသေသးပဲ…

“အာ့ဆိုလည္း အသုဘ ခ်ဖို႔ ႀကိဳစီစဥ္ထားရင္ ေကာင္းမယ္ေနာ္ ” ” သုသာန္ ကို သယ္ဖို႔- ထြန္းၿမိဳင္ရဲ႕ ေထာ္လဂ်ီ အကူအညီ ေတာင္းရင္ေကာ ” ” အမေလး ရလိမ့္မယ္.. အားႀကီးႀကီး – ထြန္းၿမိဳင္က သူ႔ေထာ္လာဂ်ီေပၚ ဒီမသာႀကီး တင္မလား ”

႐ြာသားေတြစကားကို ၾကားေတာ့ အိပ္ယာထဲက ဦးတက္လူက အသံယဲ့ယဲ့ေလးနဲ႔.. ထ ေျပာတယ္ ” ငါ.. ငါ မေသ.. ေသးဘူး ေလ ဟယ္ ”

ဤအခါ ႐ြာသူတစ္ေယာက္က ” ကဲ ဦးတက္လူ — ကြကိုယ္ ၿငိမ္ၿငိမ္ေလး တရားမွတ္ေနစမ္းပါ — ဒီမွာ ရွင့္ အတြက္ တိုင္ပင္ေနၾကတာ – ”

” အြန္”

႐ြာသားေတြက ဆက္ေျပာတယ္ ” ဒါဆို ဘယ္လို လုပ္မလဲ?” ” အို သုႆာန္က သိပ္မွ မေဝးတာ – ဖ်ာနဲ႔ပတ္ၿပီး တစ္ေယာက္ေယာက္ ထမ္းသြားရင္ေကာ ” ” အလိုေလ – စဥ္းစဥ္းစားစားလည္း ေျပာစမ္းပါေအ – ဒီအေလာင္းႀကီး ဘယ္သူက ထမ္းခ်င္မွာလဲ ”

ဒီအခါ အ်ိပ်ယာထဲက ဦးတက်လူက အသံယဲ့ယဲ့ေလးနဲ႔ ထ ေျပာျပန္တယ္ ” ဟဲ့ ကမေတြ –ငါ.ငါ မေသ မေသေသးဘူးလို႔ ”

ဤအခါ ႐ြာသားတစ္ေယာက္က လွည့္ၾကည့္ၿပိ္း ” ဂ႐ုစိုက္မေနနဲ႔ေအ – ေသခါနီး လူေတြက ဒီလိုပဲ ကေယာင္ကတမ္း ထ ထ ေျပာၾကတာပဲ ”

” အြန္ ”

႐ြာသားေတြက ဆက္ေျပာၾကျပန္တယ္ ” ဒါဆိုလည္း ႏြားလွည္းနဲ႔ ဆိုရင္ေကာ -” ” အမေလး ေျပာတတ္ပေအ –
လွည္းငါးခက ေစ်းက ႀကီးႀကီးနဲ႔ – အဲ့ လွည္းခက ဘယ္သူက ေပးမွာလဲ ?” ” ဒါ ဆို – ဒီမသာႀကီး သုႆာန္ ေရာက္ဖို႔ ဘယ္လို သယ္ၾကမွာလဲ?”

ထိုအခါ အိပ္ယာထဲမွ ဦးတက္လူက စိတ္မရွည္စြာျဖင့္ ဤသို႔ ထ ေျပာလိုက္ပါေတာ့တယ္ .. ” ငါ့ကို ဖိနပ္သာ ယူေပးၾကပါဟယ္ — ငါ့ဖာသာ ငါပဲ သုႆာန္ကို လမ္းေလွ်ာက္ သြားလိုက္ပါ့မယ္ ”

မွတ္ခ်က္ ။ (လူပ်ိဳႀကီး/ အပ်ိဳႀကီးမ်ား သတိခ်ပ္ရန္)

ဘဝအေမာေတြ ေျပေပ်ာက္ႏိုင္ၾကပါေစ…

ကိုယ့္ဖာသာပဲ လမ္းေလ်ွာက္သြားလုိက္ပါ့မယ္...1
#credit

ကိုယ့်ဖာသာပဲ လမ်းလျှောက်သွားလိုက်ပါ့မယ်…

ရွာတစ်ရွာမှာ ဆင်းရဲပြီး ဆွေမျိုးသားချင်း မရှိတဲ့ “ဦးတက်လူ”ဆိုတဲ့ လူကြီးတစ်ယောက် ရှိတယ်… တစ်နေ့တော့ ဦးတက်လူဟာ နာမကျန်းဖြစ်ပြီး သေအံ့ဆဲဆဲ အခြေအနေကို ရောက်ရှိခဲ့တယ်။

ဦးတက်လူမှာက ပြုစုကုသမယ့် ဆွေမျိုးသားချင်းလည်း မရှိ – ငွေရေးကြေးရေးလည်း မပြည့်စုံတော့ အိမ်နီးနားချင်းက ရွာသားတွေပဲ ရောက်လာပြီး လာကြည့်ရတာပေါ့..

ရွာသားတွေက ဦးတက်လူရဲ့အခြေအနေ မကောင်းမှန်း သိတော့ – ဦးတက်လူ အလောင်း မြေကျဖို့ ဆွေးနွေးတိုင်ပင်ကြသတဲ့ ” အခြေအနေကတော့ မကောင်းဘူး ဟေ့ – ဒီနေ့လား နက်ဖြန်လားပဲ ”

” ငင်” ရွာသားတွေ ပြောတာကို လူမမာ ဦးတက်လူက ကြားနေရတာပေါ့ … သေမှ.. မသေသေးပဲ…

“အာ့ဆိုလည်း အသုဘ ချဖို့ ကြိုစီစဉ်ထားရင် ကောင်းမယ်နော် ” ” သုသာန် ကို သယ်ဖို့- ထွန်းမြိုင်ရဲ့ ထော်လဂျီ အကူအညီ တောင်းရင်ကော ” ” အမလေး ရလိမ့်မယ်.. အားကြီးကြီး – ထွန်းမြိုင်က သူ့ထော်လာဂျီပေါ် ဒီမသာကြီး တင်မလား ”

ရွာသားတွေစကားကို ကြားတော့ အိပ်ယာထဲက ဦးတက်လူက အသံယဲ့ယဲ့လေးနဲ့.. ထ ပြောတယ် ” ငါ.. ငါ မသေ.. သေးဘူး လေ ဟယ် ”

ဤအခါ ရွာသူတစ်ယောက်က ” ကဲ ဦးတက်လူ — ကွကိုယ် ငြိမ်ငြိမ်လေး တရားမှတ်နေစမ်းပါ — ဒီမှာ ရှင့် အတွက် တိုင်ပင်နေကြတာ – ”

” အွန်”

ရွာသားတွေက ဆက်ပြောတယ် ” ဒါဆို ဘယ်လို လုပ်မလဲ?” ” အို သုဿာန်က သိပ်မှ မဝေးတာ – ဖျာနဲ့ပတ်ပြီး တစ်ယောက်ယောက် ထမ်းသွားရင်ကော ” ” အလိုလေ – စဉ်းစဉ်းစားစားလည်း ပြောစမ်းပါအေ – ဒီအလောင်းကြီး ဘယ်သူက ထမ်းချင်မှာလဲ ”

ဒီအခါ အျိပျယာထဲက ဦးတကျလူက အသံယဲ့ယဲ့လေးနဲ့ ထ ပြောပြန်တယ် ” ဟဲ့ ကမတွေ –ငါ.ငါ မသေ မသေသေးဘူးလို့ ”

ဤအခါ ရွာသားတစ်ယောက်က လှည့်ကြည့်ပြိး ” ဂရုစိုက်မနေနဲ့အေ – သေခါနီး လူတွေက ဒီလိုပဲ ကယောင်ကတမ်း ထ ထ ပြောကြတာပဲ ”

” အွန် ”

ရွာသားတွေက ဆက်ပြောကြပြန်တယ် ” ဒါဆိုလည်း နွားလှည်းနဲ့ ဆိုရင်ကော -” ” အမလေး ပြောတတ်ပအေ –
လှည်းငါးခက ဈေးက ကြီးကြီးနဲ့ – အဲ့ လှည်းခက ဘယ်သူက ပေးမှာလဲ ?” ” ဒါ ဆို – ဒီမသာကြီး သုဿာန် ရောက်ဖို့ ဘယ်လို သယ်ကြမှာလဲ?”

ထိုအခါ အိပ်ယာထဲမှ ဦးတက်လူက စိတ်မရှည်စွာဖြင့် ဤသို့ ထ ပြောလိုက်ပါတော့တယ် .. ” ငါ့ကို ဖိနပ်သာ ယူပေးကြပါဟယ် — ငါ့ဖာသာ ငါပဲ သုဿာန်ကို လမ်းလျှောက် သွားလိုက်ပါ့မယ် ”

မှတ်ချက် ။ (လူပျိုကြီး/ အပျိုကြီးများ သတိချပ်ရန်)

ဘဝအမောတွေ ပြေပျောက်နိုင်ကြပါစေ…
#credit

Be the first to comment

Leave a Reply

Your email address will not be published.


*