











” @#”$&^%$” “*^%#@€¥₩” “$%^*)(/$¥£: ဒါတွေနဲ့ပဲ… နေ့တဓူဝ မပြီးနိုင်တဲ့ ပြသာနာ…. ကြာလာတော့ စိတ်က မရှည်တော့ဘူး … ကဲ … ဘလော့တယ်ကွာ … အေးရော…..😂


” ဩော်… ရှင့်မလဲ လိုင်းပေါ်မှာ ကြည့်စရာ ကျုပ်တယောက်ထဲ ရှိတာလား…. မနက်အိပ်ယာနိုးတာနဲ့



ခုပဲ ဘလော့ထားလိုက်ပါ….။ 😜😜

Credit to original

အိမ်ထောင်သည်မမတို့ ဖုန်းသုံးတဲ့အခါ

ကိုယ်တွေ fb သုံးပြီးလို့ ၂နှစ်လောက်အကြာမှ အမျိုးသားက fb အကောင့်စဖွင့်တယ်…. ဖွင့်ဖွင့်ချင်းမှာပဲ ဇူကာဘတ်ဆိုတဲ့ သကောင့်သား မည်သို့မည်ပုံ လုပ်လိုက်သည်မသိ People you may know မှာ ကိုယ့်ပုံကြီးက ပြူးပြီးပေါ်လာရော….

ဘယ်ပြောကောင်းမလဲ အဘိုးကြီးက တခါတည်း ဝမ်းသာအားရ I know..I know ဆိုပြီး ပြေး add ပါလေရော… ထားပါ… ဒီအထိပြသာနာကမရှိသေးဘူး.. လက်ခံရမှာပေါ့..

ခုမှ ယောင်လည်လည်နဲ့ fb ပေါ် ရောက်လာတဲ့ ကော်ရီးကို ပဲ့ပြင် ထိမ်းကြောင်း .. လမ်းပြ.. စောင့်ကြည့်
သွန်သင်.. ညွှန်ကြား.. ရမှာ ကိုယ့်တာဝန် မဟုတ်ပေဘူးလား …

အဲ..ပြသာနာက ၂ပတ်လောက်နေမှစတာ.. ” မင်းကွာ မကြီးမငယ်နဲ့ ရူးပေါပေါ states တွေမတင်စမ်းပါနဲ့ ” “ငင့်….ဒီလိုပဲ ဟာသလေးနှောပြီး မြင်သမျှကို ရေးလိုက်မိတာပါ..”

” ညတုန်းက မင်းကဘာကိစ္စ ပုံတင်ရတာလဲ ၁၀နာရီထိ မအိပ်ဘူး လိုင်းသုံးနေတယ်…”

” ၁၀နာရီတော့ အိပ်ပျော်မလားဟ.. မအိပ်ခင် အရင်ကပုံလေးတွေ့လို့ တင်လိုက်တာလေ.. လူတိုင်းလဲ တင်နေတာပဲ…”

” ငါများ ရှက်လွန်းလို့ တင်ကို မတင်ဘူး..” (ဘယ်တင်မလဲ.. သူက မလှတော့ like မှမရတာ) စိတ်ထဲကပြောတာပါ…..

“မင်း မနေ့က သူငယ်ချင်းတွေနဲ့ သွားလည်တာလား Tag တွဲထားတာ ငါတွေ့တယ်…”

” ရော်… အရင်နေ့ကတည်းက သွားမယ်ဆိုတာကို ကြိုပြောထားတယ်လေ… ဒုက်ခပါပဲ”

” @#”$&^%$” “*^%#@€¥₩” “$%^*)(/$¥£: ဒါတွေနဲ့ပဲ… နေ့တဓူဝ မပြီးနိူင်တဲ့ ပြသာနာ…. ကြာလာတော့ စိတ်က မရှည်တော့ဘူး … ကဲ … ဘလော့တယ်ကွာ … အေးရော…..😂

“မိန်းမ.. မင်းအကောင့် ငါမတွေ့တော့ဘူး..”

” ေဩာ်… ရှင့်မလဲ လိုင်းပေါ်မှာ ကြည့်စရာ ကျုပ်တယောက်ထဲ ရှိတာလား…. မနက်အိပ်ယာနိူးတာနဲ့
နဖူးချင်းတိုက်မိနေတဲ့ မိန်းမကို လိုင်းပေါ်တက်ရှာရတယ် လို့… အံ့ရောတော်…” အမြင်မှန် ရသွားပုံရတယ် ငြိမ်သွားရှာလေရဲ့ 😁

ဟွန်း..ဟွန်း.. မရဘူး ကိုယ့်လူ ဘဝတခုလုံး ပုံပေးထားပြီးပြီ… Fb ပေါ်တော့ နားအေးပါးအေး နေပါရစေ…. အပန်းဖြေစရာ ဒါလေးရှိတာ…..😊

ကျုပ်ကို fb ပေါ်မှာ မတွေ့တော့တဲ့ နေ့ကစပြီး ဒင်းနဲကျုပ် အိုကေမှာ စိုပြေနေလိုက်ကြတာများ မပြောပါနဲ့ .. 😁

ဒါကြောင့်.. မိတ်ဆွေ သင်တို့အိမ်ထောင်ရေး အဆင်ပြေချင်ပါသလား 😁😁😁
ခုပဲ ဘလော့ထားလိုက်ပါ….။ 😜😜

Credit to original

Be the first to comment

Leave a Reply

Your email address will not be published.


*