






ဂန်ဒူးလိုလို အခြောက်လိုလို နဲ့ အချွန်နဲ့ လိုက်မနေတဲ့ နိုင်ငံရေး ၁

ဝီရမီဒီယာ

ဂန်ဒူးလိုလို အခြောက်လိုလို နဲ့ အချွန်နဲ့ လိုက်မနေတဲ့ နိုင်ငံရေး

ဒီဖက်ခေတ် နိုင်ငံရေးဆိုတာ နောက်ကနေ အချွန်နဲ့ လိုက်မနေတဲ့ နိုင်ငံရေးလို့ ပြောရမလို ဖြစ်နေတယ်။ ကိုယ်တိုင်ကျတော့ ဟိုလိုလို ဒီလိုလို လုပ်နေပြီး ခပ်တုံးတုံး ခပ်အအ ကောင်တွေကို မင်းတို့ချကြ ငါ အနောက်ကနေ အကူအညီပေးမယ် ဆိုပြီး လိုက်ချွန်နေတဲ့ နိုင်ငံရေး ဖြစ်နေတယ်။

မနေ့ကဗျာ ယူကေ ကာကွယ်ရေးဝန်ကြီး ဘန်ဝေါ်လေ့စ် က ဘာပြောလဲဆိုတော့ ပိုလန်အနေနဲ့ ယူကရိန်းကို တိုက်လေယာဉ်တွေ ပေးမယ်ဆိုရင် သူ့အနေနဲ့ အစစ အရာရာ ကူညီမယ်ဆိုပြီး ပြောလာတယ်ဗျာ။ ပိုလန်တွေ ဘယ်လိုပဲ ဆုံးဖြတ် ဆုံးဖြတ် သူတို့ကို အင်္ဂလန်အနေနဲ့ လိုတာအကုန် ကူညီပေးမယ်။ နောက်ပြီး ပိုလန်ကို အကာအကွယ်ပေးမယ် ၊ သူတို့ဘာလိုလို ကျနော်တို့ ထုတ်ပေးသွားမယ်လို့ ပြောသွားတယ်။

စဉ်းစားကြည့်ဗျာ ၊ ရုရှားကို မကျေနပ်ရင် ပေါ်တင် စစ်ကြေညာပြီး ယူကရိန်းစစ်ထဲကို ဝင်လိုက်ပါလား ၊ ယူကရိန်းကို ပေါ်တင် ထောက်ခံလိုက်ပါလား ၊ ပိုလန်ကို မြှောက်ပေးစရာ မလိုပါဘူး ။ အခုတော့ အခြောက်လိုလို ၊ဂန်ဒူလိုလိုနဲ့ မင်းတို့ ချကြ ၊ ငါ မင်းတို့နောက်က ရှိတယ်ဆိုတာကတော့ တော်တော် ယုတ်မာတဲ့ အကောင်တွေ ( လူလို့ မပြောချင်ဘူး ) ဗျာ။

ယူကရိန်းကို ပိုလန်က တိုက်လေယာဉ်တွေ ဒီနေ့ ထုတ်ပေး ကြည့်၊ နာရီတောင် မဆိုင်းဘူး ပိုလန်ကို ရုရှားက ဆက်ဝင်တော့မှာ။ ပိုလန်ကို ဝင်ဖို့ အခုလို အချိန်ဆွဲပြီး ယူကရိန်းကို မတိုက်တော့ဘဲ ၊ စစ်သား အရပ်သား မခွဲ အကုန်သတ် ဆိုတာတွေ ဖြစ်ကုန်တော့မှာ။ ဥရောပ ဆိုတာ ချီးထုတ်နိုင်ငံတွေလို့ ပြောရမလို ဖြစ်နေတယ်။

ဝီရမီဒီယာ

Be the first to comment

Leave a Reply

Your email address will not be published.


*