


မောင်ယဿ



ရေညှိကနေ ထုတ်တဲ့ ကာဗွန်ကင်းမဲ့လောင်စာဆီကို လေယာဉ်မောင်းဖို့အထိတောင် လုပ်နေပြီ1





ရေညှိကနေ ထုတ်တဲ့ ကာဗွန်ကင်းမဲ့လောင်စာဆီကို လေယာဉ်မောင်းဖို့အထိတောင် လုပ်နေပြီ

မောင်ယဿ
တူရကီနိုင်ငံ အီစတန်ဘူးလ်မှာ ယူရို သန်း ၆၀ တန် ရေညှိလောင်စာဆီ ထုတ်ဖို့အတွက်ကို စီမံကိန်း စတင် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ နေရောင်ခြည် စွမ်းအင်သုံးပြီး အစာစုဆောင်းထားတဲ့ ရေညှိကို ဓာတ်တု ဓာတ်ပေါင်း တွေနဲ့ ရောစပ်ပြီး လောင်စာဆီ ထုတ်လုပ်ဖို့အတွက် သုတေသန လုပ်တာပါ။

သီအိုရီပိုင်း အောင်မြင်ပြီး နောက်မှာ နမူနာ လက်တွေ့ စမ်းသပ်မှုတွေလည်း လုပ်ပြီးသွားလို့ အမြောက်အများ ထုတ်လုပ်ဖို့အတွက် ရေညှိစိုက်ခင်းတွေကို အီးယူက ၆၀% တူရကီအစိုးရက ၄၀ % ထည့်ဝင်ပြီး စစမ်းတာပါ။

ရေညှိကနေ ထုတ်တဲ့ ကာဗွန်ကင်းမဲ့လောင်စာဆီကို လေယာဉ်မောင်းဖို့အထိတောင် လုပ်နေပြီ2

ရေညှိ အပင်သေး ၊ အပင်ကြီး မျိုးစုံကို စမ်းသပ် စိုက်ပျိုးဖို့အတွက် ဘိုဂါဇီစီ တက္ကသိုလ်က တွဲဖက်ပါမောက္ခ ဟတ်ဇ်နီဒါရိုဂလူကို ဦးစီးစေကာ ရေညှိမှ အစာအသောက်နဲ့ ဖြည့်စွပ်စာ ထုတ်လုပ်မှု ၊ လောင်စာဆီနဲ့ မြေသြဇာ ထုတ်လုပ်နိုင်မှုတွေကို အဆင့်ခွဲပြီး လုပ်ကိုင်မှာပါ။

ဇီဝသန့်စင်မှုကို ဇီဝစီးပွားရေးအဖြစ် ပြောင်းလဲနိုင်ဖို့အတွက် ကြိုးပမ်းမှု တစ်ရပ် ဖြစ်ပါတယ်။ ရေညှိ လောင်စာဆီကို အသုံးပြုပြီး စက်ကိရိယာတွေကို လှည်ပတ်စေခြင်းကနေ ကာဗွန်သုံည ဖြစ်စေတော့မှာပါ။

ရေညှိစိုက်ခင်း ၂၅၀၀ စတုရန်းမီတာကနေ တစ်နှစ်ကို ရေညှိ တန် ၁၂၀၀ ထုတ်နိုင်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ နောက်ဆုံး စမ်းသပ်ထားတဲ့ အဆင့်အရ ရုပ်ကြွင်းလောင်စာ နေရာမှာ လုံးဝကို အစားထိုးနိုင်လိမ့်မယ်လို့ သေချာပေါက် ပြောနေကြပါပြီ။

ဒီနှစ်ကုန်တာနဲ့ တူရကီနိုင်ငံက ထုတ်တဲ့ ရေညှိဆီတွေနဲ့ ပြည်တွင်းလေကြောင်းလိုင်းက ဂျက်လေယာဉ်တွေမှာ စတင်သုံးတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

REF: euronews, Photo : euronews

Be the first to comment

Leave a Reply

Your email address will not be published.


*