



ခဏတော့စောင့်ပေါ့ကွာ ဇီလန်စကီးရာ၁










ဝီရမီဒီယာ

ခဏတော့စောင့်ပေါ့ကွာ ဇီလန်စကီးရာ

ပြင်သစ် အီးယူဝန်ကြီး ကလီမန် ဘရူနေးက ယူကရိန်း နိုင်ငံအနေနဲ့ အီးယူအဖွဲ့ဝင်နိုင်ငံ ဖြစ်ဖို့ဆိုရင် အချိန်ယူရဦးမယ်လို့ ဒီကနေ့လုပ်တဲ့ အီးယူ ဝန်ကြီးများ အစည်းအဝေးမှာ ပြောသွားပါတယ်။ ဇီလန်စကီး က အီးယူ အဖွဲ့ဝင်အဖြစ် ပြီးခဲ့တဲ့လက လျှောက်ထားခဲ့ပါတယ်။ ဒါပေမဲ့ အီးယူအဖွဲ့ဝင် အဖြစ်ပေးဖို့ ဥရောပနိုင်ငံတွေက အများကြီး စဉ်းစားရဦးမှာပါ။

ချာနိုဘိုင်ကို သေသေချာချာလုပ်ကြပါဟ

ဘီလာရုစ်သမ္မတ လူကာရှန်ကိုက ရုရှား တပ်တွေ စီးထားတဲ့ ချာနိုဘိုင် နျူကလိယ ဓာတ်အာေးပးစက်ရုံ ဆီကို ပညာရှင်တွေ လွှတ်လိုက်ပြီး သေသေချာချာ လုပ်ကြဖို့အတွက် အမိန့်ပေးလိုက်ပါတယ်။ အခု ချာနိုဘိုင်မှာ ရေဒီယိုအဆိပ်သင့်မှုတွေ ဖြစ်ပွားနေတယ်လို့ ကောလဟလဖြစ်နေပါတယ်။ ချာနိုဘိုင် တစ်ခုခုဖြစ်ရင် ဘီလာရုလည်း ထိနိုင်တာမို့ လူကာရှန်ကို စိုးရိမ်နေရပါတယ်။

ယူကျူ့နဲ့ ဂူဂဲပလေးစတိုး လည်း ရုရှားသားတွေကို ငွေရှာခွင့် ပိတ်

ရုရှားက ယူကရိန်းကို ကျူးကျော်လို့ ဆိုပြီး ယူကျူ့နဲ့ ဂူဂဲ ပလေးစတိုးတို့က ရုရှားသားတွေကို အွန်လိုင်းပေါ်မှာ ငွေရှာခွင့် ကို ပိတ်လိုက်ပါတယ်။ နောက်ပြီး ကြော်ညာနဲ့ ဈေးရောင်းတာတွေကိုပါ ပိတ်လိုက်ပါတယ်။

စစ်ပွဲကို ဆန့်ကျင်တဲ့လှုတ်ရှားမှုက ဘယ်တော့မှ ရပ်တန့်မှာမဟုတ်ဘူးလို့ နာဗယ်နီ ဆို

ရုရှား အတိုက်အခံ ခေါင်းဆောင် နာဗယ်နီက စစ်ဆန့်ကျင်ရေး လှုတ်ရှားမှုတွေက ဘယ်တော့မှ ရပ်တန့် သွားမှာ မဟုတ်ဘူးလို့ ဒီကနေ့ ဆန္ဒပြပြည်သူတွေကို တိုက်တွန်း လိုက်ပါတယ်။ ရုရှား အစိုးရက ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ ယူကရိန်းကို ကျူးကျော်မှု ( သူတို့အခေါ် အထူးစစ်ဆင်ရေး လှုတ်ရှားမှု ) လုပ်ခဲ့ပါတယ်။

အဲ့ဒိအချိန်ကစပြီး ရုရှားနိုင်ငံမှာ စစ်ဆန့်ကျင်ရေးအတွက် ဆန္ဒပြမှုများ ပြုလုပ်ခဲ့ပါတယ်။ ဆန္ဒပြသူတွေကို အစိုးရ ဖမ်းဆီးထိန်းသိမ်းတာ အခုဆိုရင် လူပေါင်း ၁သောင်းခွဲ နီးပါး ကပ်လာပါပြီ ။

ဝီရမီဒီယာ

Be the first to comment

Leave a Reply

Your email address will not be published.


*