“ဆားနဲ့တူသော ဘဝများ”
"ဆားနဲ့တူသော ဘဝများ"
“ဆားနဲ့တူသော ဘဝများ”
"ဆားနဲ့တူသော ဘဝများ"
Credit – May Zaw Aung
Unicode
“ဆားနဲ့တူသော ဘဝများ”
ဟင်းကောင်း တစ်ခွက် စားရတဲ့အခါ လူတိုင်းက ချက်တဲ့သူ တော်လိုက်တာတဲ့။ ငံသွားတဲ့အခါ စေတနာ မပါဘူး ထင်တယ်။ ဆားတွေ ဘယ်လောက် ထည့်လိုက်လဲ မသိဘူး တဲ့။ ဆားရဲ့ အပြစ်ပေါ့…
ပေါ့သွားတဲ့အခါ… ဆားမပါတဲ့ ဟင်း ပေါ့ရွှတ်နေတာဘဲ။ စားမကောင်းလိုက်တာ တဲ့။ ဆားက တရားခံ ဖြစ်ပြန်ပြီလေ။
ဒါကြောင့်… စေတနာဆိုတာလည်း ဆားလိုပါဘဲ။ စေတနာထားပြီး လုပ်ဆောင်ပေးတဲ့ အလုပ်တစ်ခု ပြီးမြောက်သွားတဲ့အခါ ပိုသွားရင် ဖြစ်စေ လိုသွားရင် ဖြစ်စေ ခံယူသူဘက်က အမျိုးမျိုး ခံစားပြီး ကောက်ချက် ချတတ်ကြပါတယ်။
ဆားလို လူတွေကတော့… ကျရာနေရာမှာ စေတနာ ထားပြီး ဟိုစပ်စပ် ဒီစပ်စပ် သူက အကုန် ကူညီချင်တဲ့ သူတွေပါ။
ပိုသွားတဲ့အခါ… သူ့အပြစ်က ဆရာလုပ်တယ်ပေါ့။ ခံယူသူဘက္က ဝေဖန်ချက်တွေ များလာတဲ့အခါ ဆားလိုလူတွေဟာ စိတ်ဓာတ်တွေ ကျရင်း အကြိမ်ကြိမ် အားလျှော့တတ်ကြပါတယ်။
ဒီလိုနဲ့ပဲ ဆားလို လူတွေဟာ… ဟင်းကောင်း တစ်ခွက် ဖြစ်လာဖို့ ဘဝရဲ့ တစ်နေရာမှာ အဝေဖန်ခံ အကဲ့ရဲ့ခံ အပြစ်ပြောခံပြီး တစ်ထောင့် တစ်နေရာကနေ သူ ပါဝင်နေဆဲလေ။
"ဆားနဲ့တူသော ဘဝများ"1
Credit – May Zaw Aung
Be the first to comment
Leave a Reply
Your email address will not be published.
*