“Calculated” ဘယ္သူ အျမတ္ထြက္သြားတယ္ ထင္ၾကသလဲ …

ဘယ္သူ အျမတ္ထြက္သြားတယ္ ထင္ၾကသလဲ ...

“Calculated” ဘယ္သူ အျမတ္ထြက္သြားတယ္ ထင္ၾကသလဲ …

ခင္ဗ်ားက တကယ္ လုပ္ေတာ့မွာလား … စဥ္းစားပါဦး ကိုယ့္မွာလည္း ငဲ့ရမယ့္သူေတြနဲ႔ ငါခ်မယ္ ဒီေကာင့္ကို သည္းခံေပါင္း မ်ားေနၿပီ … လုပ္ကိုလုပ္မွာ ၾကည့္လုပ္ဟိုေကာင္က လူမိုက္ေနာ္ ျပန္လုပ္ရင္ ဆရာ နာလိမ့္မယ္ … မလုပ္လို႔ ခံေနရမွာလားကြ ငါ့မွာလည္း ေျခနဲ႔လက္နဲ႔ လူကြ လူ လူ …

ရပ္ေက်ာ္႐ြာေက်ာ္ လူမိုက္ တပည့္တပန္းေတြနဲ႔ ပြႀကီးလူမိုက္ကို မေက်နပ္လို႔ သြား႐ိုက္မလို႔တဲ့ ေဘးက စိတ္ပူေတာ့ တားၾကတာေလ မရဘူး … ဒီေကာင္ တအားႂကြေနၿပီ တားမရလည္း ထားလိုက္ေပါ့ …

အရပ္ထဲက လူဖလံ ျဖဴႏြဲ႕ႏြဲ႕ ေက်ာင္းဆရာက ငါ့ကို႐ိုက္မလို႔ ဆိုပါလား … ငါလုပ္ရင္ တခ်က္ထဲနဲ႔ ေသမယ့္ေကာင္က ဘယ္လိုေတြ ေသြးႂကြေနတယ္ မသိဘူး …

သူ႔ကို ငါက ေလာက္ေလာက္လားလား ေစာ္ကားတာလည္း မရွိပါဘူး … သူ႔ေခြးကို ႐ိုက္လိုက္တာေလးမ်ား သူခုေလာက္ ျဖစ္သတဲ့လား ေက်ာင္းဆရာ တယ္ခက္ပါလား …

ေက်ာင္းဆရာအေၾကာင္း ၾကားၿပီးၿပီလား… ဘာတုန္းဟ … ပြႀကီးကို မေက်နပ္လို႔ သြား႐ိုက္ဖို႔ သံတုတ္နဲ႔ သြားတာ ဟိုက လုပ္လႊတ္လို႔ ေသသတဲ့လား…

ဘယ္က ေသရမတုန္း ပြႀကီးက သူမွားတာရွိရင္ ေက်ပါဆိုၿပီး ေတာင္းပန္သတဲ့ သူတပည့္ လူမိုက္ေတြနဲ႔ အိမ္ထိ ျပန္လိုက္ ပို႔တာဆိုပဲ … ဟာ ! တယ္ဟုတ္ပါလား ေက်ာင္းဆရာ စြမ္းသားပဲ…

ဆရာႀကီးညံ့သဗ်ာ … ဒီလူဖလံေလးကိုမ်ား ေတာင္းပန္စရာလား … ေခြးပစ္တဲ့ ဒုတ္ေလာက္ရွိတာကို … တိတ္တိတ္ေနၾကစမ္းကြာ …

ဒီလိုလူက ငါလိုေကာင္ကို မေက်နပ္လို႔ ျဖစ္ခ်င္ရာျဖစ္ ခ်မယ္ဆိုတာကို မေလးစားလို႔ ျဖစ္မလားကြ သူ႔မွာမိသားစုနဲ႔ ငဲ့စရာေတြနဲ႔ ဟာကို လာရဲတာ သတၱိမဟုတ္ဖူးလား ေက်ာင္းဆရာကို ငါေတာင္းပန္လိုက္ေတာ့ ဘာျဖစ္လည္း အရပ္က ငါတို႔ဟာ ဆိုးမိုက္ေနၾကေပသိ အႏိုင္မက်င့္ဘူး မယုတ္မာဘူးလို႔ ေျပာၾကလိမ့္မယ္ကြ

ဆရာ့သတၱိကို ေက်ာင္းသားေတြလည္း သိသြားၾကရင္ သူလည္းစာသင္လို႔ ပိုေကာင္းလိမ့္မယ္
ငါတို႔ကိုလည္း ရပ္႐ြာက အမုန္းမဖက္ေတာ့ဘူးဟ ဟိုဖက္႐ြာ သြားတိုက္ခ်င္ရင္ေတာင္ လိုအပ္ရင္ ေနာက္ကအကူလိုက္ၾကဦးမွာ ငတုံးရ

ဘယ္သူအျမတ္ထြက္သြားတယ္ထင္ၾကသလည္း

သဒၶါအားျဖင့္
Credit to Pi Lon

Unicode

“Calculated” ဘယ်သူ အမြတ်ထွက်သွားတယ် ထင်ကြသလဲ …

ခင်ဗျားက တကယ် လုပ်တော့မှာလား … စဉ်းစားပါဦး ကိုယ့်မှာလည်း ငဲ့ရမယ့်သူတွေနဲ့ ငါချမယ် ဒီကောင့်ကို သည်းခံပေါင်း များနေပြီ … လုပ်ကိုလုပ်မှာ ကြည့်လုပ်ဟိုကောင်က လူမိုက်နော် ပြန်လုပ်ရင် ဆရာ နာလိမ့်မယ် … မလုပ်လို့ ခံနေရမှာလားကွ ငါ့မှာလည်း ခြေနဲ့လက်နဲ့ လူကွ လူ လူ …

ရပ်ကျော်ရွာကျော် လူမိုက် တပည့်တပန်းတွေနဲ့ ပွကြီးလူမိုက်ကို မကျေနပ်လို့ သွားရိုက်မလို့တဲ့ ဘေးက စိတ်ပူတော့ တားကြတာလေ မရဘူး … ဒီကောင် တအားကြွနေပြီ တားမရလည်း ထားလိုက်ပေါ့ …

အရပ်ထဲက လူဖလံ ဖြူနွဲ့နွဲ့ ကျောင်းဆရာက ငါ့ကိုရိုက်မလို့ ဆိုပါလား … ငါလုပ်ရင် တချက်ထဲနဲ့ သေမယ့်ကောင်က ဘယ်လိုတွေ သွေးကြွနေတယ် မသိဘူး …

သူ့ကို ငါက လောက်လောက်လားလား စော်ကားတာလည်း မရှိပါဘူး … သူ့ခွေးကို ရိုက်လိုက်တာလေးများ သူခုလောက် ဖြစ်သတဲ့လား ကျောင်းဆရာ တယ်ခက်ပါလား …

ကျောင်းဆရာအကြောင်း ကြားပြီးပြီလား… ဘာတုန်းဟ … ပွကြီးကို မကျေနပ်လို့ သွားရိုက်ဖို့ သံတုတ်နဲ့ သွားတာ ဟိုက လုပ်လွှတ်လို့ သေသတဲ့လား…

ဘယ်က သေရမတုန်း ပွကြီးက သူမှားတာရှိရင် ကျေပါဆိုပြီး တောင်းပန်သတဲ့ သူတပည့် လူမိုက်တွေနဲ့ အိမ်ထိ ပြန်လိုက် ပို့တာဆိုပဲ … ဟာ ! တယ်ဟုတ်ပါလား ကျောင်းဆရာ စွမ်းသားပဲ…

ဆရာကြီးညံ့သဗျာ … ဒီလူဖလံလေးကိုများ တောင်းပန်စရာလား … ခွေးပစ်တဲ့ ဒုတ်လောက်ရှိတာကို … တိတ်တိတ်နေကြစမ်းကွာ …

ဒီလိုလူက ငါလိုကောင်ကို မကျေနပ်လို့ ဖြစ်ချင်ရာဖြစ် ချမယ်ဆိုတာကို မလေးစားလို့ ဖြစ်မလားကွ သူ့မှာမိသားစုနဲ့ ငဲ့စရာတွေနဲ့ ဟာကို လာရဲတာ သတ္တိမဟုတ်ဖူးလား ကျောင်းဆရာကို ငါတောင်းပန်လိုက်တော့ ဘာဖြစ်လည်း အရပ်က ငါတို့ဟာ ဆိုးမိုက်နေကြပေသိ အနိုင်မကျင့်ဘူး မယုတ်မာဘူးလို့ ပြောကြလိမ့်မယ်ကွ

ဆရာ့သတ္တိကို ကျောင်းသားတွေလည်း သိသွားကြရင် သူလည်းစာသင်လို့ ပိုကောင်းလိမ့်မယ်
ငါတို့ကိုလည်း ရပ်ရွာက အမုန်းမဖက်တော့ဘူးဟ ဟိုဖက်ရွာ သွားတိုက်ချင်ရင်တောင် လိုအပ်ရင် နောက်ကအကူလိုက်ကြဦးမှာ ငတုံးရ

ဘယ်သူအမြတ်ထွက်သွားတယ်ထင်ကြသလည်း

သဒ္ဓါအားဖြင့်
Credit to Pi Lon

Be the first to comment

Leave a Reply

Your email address will not be published.


*