“တရုတ်ကတော့ ရုရှားကို မဝေဖန်ရဲဘူးတဲ့” “ရှုတ်တော့ ရှုတ်လာပြီ”






ရှုတ်တော့ ရှုတ်လာပြီ



ရှုတ်တော့ ရှုတ်လာပြီ


ရှုတ်တော့ ရှုတ်လာပြီ 1






ဝီရမီဒီယာ

Unicode

တရုတ်ကတော့ ရုရှားကို မဝေဖန်ရဲဘူးတဲ့

ယူကရိန်းကို ရုရှားတွေ စစ်ရေးအရ အရေးယူမှုလုပ်တာနဲ့ ပတ်သက်ပြီး စိတ်မကောင်းကြီးစွာဖြစ်ရပါတယ် ၊ ဒါပေမဲ့ ကျနော့်အနေနဲ့ ရုရှား ကို မဝေဖန်ရဲဘူးလို့ တရုတ် ဝန်ကြီးချုပ် လီကော့ချန် က ဒီကနေ့ပြော လိုက်ပါတယ်။

သူ့အနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို တိုးလုပ်နေပါတယ် လို့လည်း ဆိုလိုက်ပါတယ်။ အမေရိကားကတော့ ဘေကျင်းအစိုးရက မော်စကို အစိုးရအတွက် သတင်းမှားတွေ သတင်းတုတွေကို ဖြန့်ဝေပေးနေတယ်လို့ စွတ်စွဲထားပါတယ်။

ရှုတ်တော့ ရှုတ်လာပြီ

ဒီနေ့ မနက်ပိုင်းမှာ ခရိုအေးရှာနိုင်ငံမြို့တော် ဇာဂရက်နားမှာ ဘယ်ကမှန်မသိတဲ့ စစ်သုံး ဒရုန်းတစ်စီး ပျက်ကျတယ်။ အဲ့ဒရုန်းက ဟန်ဂေရီ လေပိုင်နက်ထဲကနေ တစ်နာရီမိုင် ၅၀နှုန်းလောက် အမြင့်ပေ ၁၅၀၀ ဝန်းကျင်ကနေ ပျံသန်းပြီး ခရိုအေးရှား ထဲကို ဝင်လာတာပါပဲ။

အဲ့ဒိဒရုန်း မှာ ယူကရိန်းစစ်တပ်သုံး Tuk 141 ဒုံးကျည်တွေ တပ်ထားတယ် ၊ ဘယ်သူက ထိန်းချုပ်ပြီး မောင်းတယ် ဆိုတာကို စုံစမ်းနေတယ် ၊ ဒေသခံတွေ ပြောစကားအရ အဲ့လို ဒရုန်းတွေကို မကြာခဏ တွေ့နေရတယ်လို့ ဆိုတယ်။

အဲ့လိုဆိုရင် ဟိုလူလုပ်သလိုလို ၊ ဒီလိုလုပ်သလိုလို နဲ့ ရောကြိတ်ပြီး အစည်းအဝေးတစ်ခုခု ကို ပစ်လိုက်ရင်တော့ ဥရောပ စစ်မီးက ငြိမ်းနိုင်တော့မယ်မထင်ဘူး။

ရေနံဈေးတွေတက် ဆီဈေးတွေ ခေါင်ခိုက်နေပြီ

ရုရှား က ယူကရိန်းကို ကျူးကျော်တယ် ( သူတို့အခေါ်ကတော့ အထူးစစ်ဆင်ရေးဝင်တယ်)။ အမေရိကားနဲ့ ဥရောပက ရုရှား ကို စီးပွားရေး ပိတ်ဆို့ တဲ့အနေနဲ့ ရုရှား ဂတ်စ်တွေနဲ့ ရေနံတွေကို မဝယ်ဘူး ဆိုပြီး လုပ်ကြတယ်။

အခုအင်္ဂလန်မှာ ဓာတ်ဆီ တစ် ၁လီတာကို မြန်မာငွေနဲ့ တွက်ရင် ၃၅၀၀ ကျပ်ကျော်သွားပြီ ၊ ရေနံစိမ်း အရင်က ၁ပေပါကို ဒေါ်လာ ၁၀၀ အောက်ကနေ မတက်တာ ၁၀စုနှစ်တစ်ခုကျော်သွားပြီ။ အခုတော့ ၁၄၀ နားကိုကပ်လာပြီ ။

မနေ့ က ဘိုင်ဒန်က ဘာပြောလဲဆိုတော့ ရုရှားက ဂတ်စ်တွေ မဝယ်နဲ့ တော့ ဥရောပကို LNG ဂတ်စ် အရည်တွေ သူတို့သွင်းပေးမယ်ဆိုပြီး ပြောလာတယ်။ ဘာပဲဖြစ်ဖြစ် အိမ်တွင်း အပူပေးဖို့နဲ့ လျှပ်စစ်ထုတ်ဖို့ ဂတ်စ်ကို ဘယ်ကနေရရ ဥရောပက ယူမှာပါ။ ဂွင်ကတော့ တော်တော်ကြီးတယ် ၊ ဂွင်ရှာတတ်တဲ့ သူတွေအတွက် ဥရောပ က ဂွင်အကြီးကြီးပဲ ။

ဝီရမီဒီယာ

Be the first to comment

Leave a Reply

Your email address will not be published.


*