ခ်ယ္ဆီး လူငယ္ကစားသမားေတြ ႏိုင္ငံေရးရဲ႕ သားေကာင္ ျဖစ္သြားရရွာၿပီ

ခ်ယ္ဆီး လူငယ္ကစားသမားေတြ ႏိုင္ငံေရးရဲ႕ သားေကာင္ ျဖစ္သြားရရွာၿပီ

ခ်ယ္ဆီး လူငယ္ကစားသမားေတြ ႏိုင္ငံေရးရဲ႕ သားေကာင္ ျဖစ္သြားရရွာၿပီ

ေမာင္ယႆ ( မတ္ ၁၂ )
ယူကရိန္းကို ႐ုရွားဝင္တိုက္လို႔ သမၼတပူတင္နဲ႔ နီးစပ္တဲ့ ခ်ယ္ဆီးအသင္းပိုင္ရွင္ ႐ိုမန္ ေအဘရာမိုဗစ္ရဲ႕ အဂၤလန္က စီးပြားေရး လုပ္ငန္းေတြကို ယူေက အစိုးရက ဖမ္းဥထားလိုက္ပါတယ္။

ခ်ယ္ဆီးအသင္းနဲ႔ ပတ္သက္တဲ့ စီပြားေရးလုပ္ငန္းေတြနဲ႔ အက်ိဳးအျမတ္ေတြကို ယူေကအစိုးရ ဖမ္းထိန္းလိုက္တဲ့ အခ်ိန္မွာ ခ်ယ္ဆီး အသင္းနဲ႔ စာခ်ဳပ္ခ်ဳပ္ဖို႔ ေစာင့္ေနတဲ့ လူငယ္ကစားသမားေတြ ၊ ႏွစ္နဲ႔ခ်ီၿပီး ေလ့က်င့္ခန္းဝင္ေနတဲ့ လူငယ္ေတြ ၊ အလုပ္လုပ္ဖို႔အတြက္ ေခၚထားတဲ့ ဝန္ထမ္းေတြ အားလုံး တိုင္ပတ္ကုန္ၿပီ ျဖစ္ပါတယ္။

အဆိုးဆုံး ထိခိုက္နစ္နာတဲ့ သူေတြကေတာ့ ယူ – ၁၆ ကစားသမားေတြပဲ ျဖစ္ပါတယ္။ သူတို႔ေတြက ၁၇ ႏွစ္ျပည့္ၿပီ ဆိုတာနဲ႔ ခ်ယ္ဆီးအသင္းက ပေရာ္ဖက္ရွင္နယ္ ကစားသမားအျဖစ္ စာခ်ဳပ္ခ်ဳပ္ရေတာ့မွာ ျဖစ္ပါတယ္။
အခုေတာ့သူတို႔ ရဲ႕ အနာဂတ္က မေသခ်ာေတာ့ပါဘူး ။ ခ်ယ္ဆီးမွာ စာခ်ဳပ္ခ်ဳပ္မယ့္ ကေလး အနည္ဆုံး ၁၀ ေယာက္ထက္မက ရွိေနပါတယ္။

ၿပီးခဲ့တဲ့ ၾကာသပေတးေန႔မွာ ယူေက အစိုးရက ခ်ယ္ဆီးရဲ႕ ပိုင္ဆိုင္မႈေတြကို သိမ္းလိုက္ပါတယ္။ ကေလးေတြ ရဲ႕ မိဘေတြကေတာ့ အဲ့ဒိကိစၥနဲ႔ ပတ္သက္ၿပီး စိတ္အေႏွာက္အယွက္ ျဖစ္ရပါတယ္။

ခ်ယ္ဆီးလူငယ္ ကစား သမားေတြထဲမွာ ပါရမီရွင္ကစားသမားအခ်ိဳ႕ ရွိပါတယ္။ သူတို႔ကို ေလ့က်င့္ေပးေနတဲ့ နီရယ္ဘတ္တို႔ ၊ ဂ်င္ဖေရဇာ တို႔လည္း တိုင္ပတ္ကုန္သြားပါၿပီ ။

ဒီရာသီအစမွာ ခ်ယ္ဆီ ယူ – ၁၆ က မန္ယူ ၊ မန္စီတီး အယ္ဗာတန္တို႔ ကို အႏိုင္ကစားၿပီး ပရီးမီးယားလိဂ္ အမ်ိဳးသားဖလားကို ယူႏိုင္ခဲ့လို႔ သူတို႔ကို အမ်ားႀကီး ေမွ်ာ္လင့္ထားၾကပါတယ္။

လီယိုကာဒိုဇို တို႔လို ပါရမီရွင္ေတြ အတြက္ကေတာ့ နစ္နာမႈ အမ်ားႀကီး ျဖစ္သြားပါတယ္။ သူ႔ကို ခ်ယ္ဆီးဂႏၴဝင္ ကစားသမားေတြျဖစ္တဲ့ ဂြၽန္တယ္ရီတို႔ ပီတာခ်က္တို႔က ဓာတ္ပုံေတာင္ တြဲ႐ိုက္ၿပီး ကလပ္ ဝက္ဘ္ဆိုက္မွာ ပုံေတြေတာင္ တင္ထားၿပီ ျဖစ္ပါတယ္။

သူတို႔ကို ၿပိဳင္ဖက္အသင္းေတြက ေခၚၿပီး သုံးမွ ကေလးေတြရဲ႕ အနာဂတ္က အဆင္ေျပသြားဖြယ္ရာ ရွိေနပါတယ္။ ဒါေတာင္ မိခင္ကလပ္မဟုတ္တဲ့ အတြက္ အျခားကလပ္ေတြမွာ သြားကစားရင္ မ်က္ႏွာငယ္ရဦးမွာပါ။ ဒါေတာင္အမ်ိဳးသမီးအသင္း အေနအထားေတြ က်န္ေနေသးပါတယ္။

ခ်ယ္ဆီး လူငယ္ကစားသမားေတြ  ႏိုင္ငံေရးရဲ႕ သားေကာင္ ျဖစ္သြားရရွာၿပီ1

REF: asianbookie, Photo : chelsea

ချယ်ဆီး လူငယ်ကစားသမားတွေ နိုင်ငံရေးရဲ့ သားကောင် ဖြစ်သွားရရှာပြီ

မောင်ယဿ ( မတ် ၁၂ )
ယူကရိန်းကို ရုရှားဝင်တိုက်လို့ သမ္မတပူတင်နဲ့ နီးစပ်တဲ့ ချယ်ဆီးအသင်းပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ရဲ့ အင်္ဂလန်က စီးပွားရေး လုပ်ငန်းတွေကို ယူကေ အစိုးရက ဖမ်းဥထားလိုက်ပါတယ်။

ချယ်ဆီးအသင်းနဲ့ ပတ်သက်တဲ့ စီပွားရေးလုပ်ငန်းတွေနဲ့ အကျိုးအမြတ်တွေကို ယူကေအစိုးရ ဖမ်းထိန်းလိုက်တဲ့ အချိန်မှာ ချယ်ဆီး အသင်းနဲ့ စာချုပ်ချုပ်ဖို့ စောင့်နေတဲ့ လူငယ်ကစားသမားတွေ ၊ နှစ်နဲ့ချီပြီး လေ့ကျင့်ခန်းဝင်နေတဲ့ လူငယ်တွေ ၊ အလုပ်လုပ်ဖို့အတွက် ခေါ်ထားတဲ့ ဝန်ထမ်းတွေ အားလုံး တိုင်ပတ်ကုန်ပြီ ဖြစ်ပါတယ်။

အဆိုးဆုံး ထိခိုက်နစ်နာတဲ့ သူတွေကတော့ ယူ – ၁၆ ကစားသမားတွေပဲ ဖြစ်ပါတယ်။ သူတို့တွေက ၁၇ နှစ်ပြည့်ပြီ ဆိုတာနဲ့ ချယ်ဆီးအသင်းက ပရော်ဖက်ရှင်နယ် ကစားသမားအဖြစ် စာချုပ်ချုပ်ရတော့မှာ ဖြစ်ပါတယ်။
အခုတော့သူတို့ ရဲ့ အနာဂတ်က မသေချာတော့ပါဘူး ။ ချယ်ဆီးမှာ စာချုပ်ချုပ်မယ့် ကလေး အနည်ဆုံး ၁၀ ယောက်ထက်မက ရှိနေပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ယူကေ အစိုးရက ချယ်ဆီးရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းလိုက်ပါတယ်။ ကလေးတွေ ရဲ့ မိဘတွေကတော့ အဲ့ဒိကိစ္စနဲ့ ပတ်သက်ပြီး စိတ်အနှောက်အယှက် ဖြစ်ရပါတယ်။

ချယ်ဆီးလူငယ် ကစား သမားတွေထဲမှာ ပါရမီရှင်ကစားသမားအချို့ ရှိပါတယ်။ သူတို့ကို လေ့ကျင့်ပေးနေတဲ့ နီရယ်ဘတ်တို့ ၊ ဂျင်ဖရေဇာ တို့လည်း တိုင်ပတ်ကုန်သွားပါပြီ ။

ဒီရာသီအစမှာ ချယ်ဆီ ယူ – ၁၆ က မန်ယူ ၊ မန်စီတီး အယ်ဗာတန်တို့ ကို အနိုင်ကစားပြီး ပရီးမီးယားလိဂ် အမျိုးသားဖလားကို ယူနိုင်ခဲ့လို့ သူတို့ကို အများကြီး မျှော်လင့်ထားကြပါတယ်။

လီယိုကာဒိုဇို တို့လို ပါရမီရှင်တွေ အတွက်ကတော့ နစ်နာမှု အများကြီး ဖြစ်သွားပါတယ်။ သူ့ကို ချယ်ဆီးဂန္ထဝင် ကစားသမားတွေဖြစ်တဲ့ ဂျွန်တယ်ရီတို့ ပီတာချက်တို့က ဓာတ်ပုံတောင် တွဲရိုက်ပြီး ကလပ် ဝက်ဘ်ဆိုက်မှာ ပုံတွေတောင် တင်ထားပြီ ဖြစ်ပါတယ်။

သူတို့ကို ပြိုင်ဖက်အသင်းတွေက ခေါ်ပြီး သုံးမှ ကလေးတွေရဲ့ အနာဂတ်က အဆင်ပြေသွားဖွယ်ရာ ရှိနေပါတယ်။ ဒါတောင် မိခင်ကလပ်မဟုတ်တဲ့ အတွက် အခြားကလပ်တွေမှာ သွားကစားရင် မျက်နှာငယ်ရဦးမှာပါ။ ဒါတောင်အမျိုးသမီးအသင်း အနေအထားတွေ ကျန်နေသေးပါတယ်။

ခ်ယ္ဆီး လူငယ္ကစားသမားေတြ  ႏိုင္ငံေရးရဲ႕ သားေကာင္ ျဖစ္သြားရရွာၿပီ2

REF: asianbookie, Photo : chelsea

Be the first to comment

Leave a Reply

Your email address will not be published.


*