စိတ္ညစ္စရာ ျပႆနာဒုကၡေတြႀကဳံေတြ႕ လာတိုင္းကုသိုလ္ တစ္ခုခုအၿမဲျပဳပါ ထူးျခားပါလိမ့္မည္

စိတ္ညစ္စရာ ျပႆနာဒုကၡေတြႀကဳံေတြ႕ လာတိုင္းကုသိုလ္ တစ္ခုခုအၿမဲျပဳပါ ထူးျခားပါလိမ့္မည္

စိတ္ညစ္စရာ ျပႆနာဒုကၡေတြႀကဳံေတြ႕ လာတိုင္းကုသိုလ္ တစ္ခုခုအၿမဲျပဳပါ ထူးျခားပါလိမ့္မည္

ဒီေန႔ေတာ့စမယ့္ ဒုကၡႀကဳံတိုင္း ကုသိုလ္တစ္ခု လုပ္ပါဆိုတဲ့ ဒီ Post ေလးကို စာေပခ်စ္သူေတြ အက်ိဳးရွိမယ္ ထင္လို႔ အရွင္ဇဝန account မွ ေပးပို႔လာတဲ့ ဒီစာေလးကို ျပန္လည္မွ်ေဝေပးလိုက္ ပါတယ္ေနာ္…

တစ္ေန႔ေသာအခါ ဆရာေတာ္ ဦးဗုဓ္၏ မယ္ေတာ္ႀကီးသည္ မိမိ ေနအိမ္ မီးေလာင္သြားေသာေၾကာင့္သာ ဦးဇင္းထံသို႔ ေျပးလာပါတယ္။ သူ႔ခဗ်ာ မုဆိုးမႀကီး ဆိုေတာ့ အားကိုးလဲ မရွိရွာပါဘူး။ အဲဒိအတြက္ သားဦးဇင္းထံ အားကိုးတႀကီးနဲ႔ ေျပးလာတာပါ ။

အဲဒိ အခ်ိန္မွာ ဆရာေတာ္ ဦးဗုဓ္က မင္းကိုးကြယ္တဲ့ ဆရာေတာ္ ျဖစ္ေနပါၿပီ။ မယ္ေတာ္ႀကီး အတြက္ေနစရာ အိမ္တစ္လုံးေတာ့ ေကာင္းေကာင္း ဖန္တီးေပးႏိူင္စြမ္း ရွိပါတယ္။

ဘုရင္ကိုယ္တိုင္က အလြန္ၾကည္ညိဳတဲ့ ဆရာေတာ္ ျဖစ္တဲ့အတြက္ လာဘ္လာဘ ေပါမ်ားမယ္ဆိုတာ ယုံမွားဖြယ္ မရွိပါဘူး။ ဒါယကာေတြကို မယ္ေတာ့္အိမ္ မီးထဲပါသြားတယ္လို႔ ေျပာလိုက္တာနဲ႔ ကိစၥၿပီးႏိူင္ပါတယ္။

ဒါပင္မဲ့ ဆရာေတာ္ ဦးဗုဓ္က မယ္ေတာ္ႀကီး လာတဲ့အခါမွာ ဘာေမးလဲဆိုေတာ့…

ခု မယ္ေတာ္ႀကီးအိမ္ မီးထဲပါသြားၿပီ ဘာေတြက်န္ေသးလဲလို႔ ေမးပါတယ္။ ဒီအခါမွာ မယ္ေတာ္ႀကီးက အားကိုးတႀကီးနဲ႔ တပည့္ေတာ္မမွာ အခုဝတ္ထားတဲ့ အဝတ္နဲ႔ ပခုံးေပၚက ဒီတဘက္ တစ္ထည္ပဲ က်န္ပါေတာ့ တယ္ဘုရား…လို႔ ေလွ်ာက္လိုက္ ပါတယ္။

ဆရာေတာ္ ဦးဗုဓ္က မယ္ေတာ္ႀကီးေရွ႕က ျပဳခဲ့တဲ့ အကုသိုလ္ေတြေၾကာင့္ ခုလိုဒုကၡေတြ ေရာက္ရတာ ။ ဒါေၾကာင့္ ကုသိုလ္ျပဳပါဆိုၿပီး ပုခုံးေပၚက တဘက္ေလးကို အလႉခံ လိုက္ပါတယ္။

ဆရာေတာ္ဘုရားဟာ ပညာရွိျဖစ္သည့္ အားေလွ်ာ္စြာ ျပဳမူေဆာင္႐ြက္ခဲ့တာပါ။ ဒါေၾကာင့္ ဆရာေတာ္ အျပဳမူ ဟာ ေနာက္လူေတြအတြက္ လမ္းျပသြားတာ မွတ္သားစရာပါ။

ဦးဇင္းတို႔ေတြဟာ တစ္ခါတစ္ေလမွာ ေကာင္းတာေတြလဲ လုပ္ပါလွ်က္ မွန္မွန္ ကန္ကန္လဲ လုပ္ပါလွ်က္ ဒုကၡေတြႀကဳံေတ့ြရရင္ ဒါေရွ႕အကုသိုလ္ အက်ိဳးေပးလာၿပီလို႔ သိရပါမယ္။

အဲဒါမ်ိဳးအခ်ိန္ၾကရင္ ကုသိုလ္ တစ္ခုခုကို ျပဳလိုက္ပါ ။ ဒါဆိုရင္ လက္ရွိ အက်ိဳးေပးေနတဲ့ အကုသိုလ္ေတြ အနည္းငယ္ေတာ့ အားေပ်ာ့ သြားပါလိမ့္မယ္ ။ ေတာ္႐ုံ အကုသိုလ္ဆိုရင္ေတာ့ ေပ်ာက္ကြယ္ သြားပါလိမ့္ မယ္ သူေတာ္ေကာင္းတို႔ ။

တစ္ခ်ိဳ႕ဆိုရင္ အကုသိုလ္ေတြ လုပ္ေန ၿပီးေအာင္ျမင္ ေနတာ ေတြ႕ရတတ္ပါတယ္။ ဒါဟာေရွ႕ က သူျပဳခဲ့တဲ့ ကုသိုလ္ေတြ ရွိေနလို႔ပါ။

ဥပမာ ခုလက္ရွိ အကုသိုလ္ လုပ္ေနၿပီး လမ္းမွာ လက္စြပ္တစ္ကြင္း ေကာက္ရတယ္ ဆိုပါစို႔ ။ ဒါဆိုရင္ အဲဒိ လူဟာ ေရွ႕ကုသိုလ္ေၾကာင့္ လက္စြပ္ထက္ အဖိုးႀကီးတဲ့ အရာတစ္ခု ရႏိူင္ပင္မဲ့ လက္ရွိ အကုသိုလ္ေတြေၾကာင့္ လက္စြပ္ပဲ ရေတာ့တာပါ ။

ကုသိုလ္ေတြ ျပဳၿပီး လမ္းမွာ ဆိုင္ကယ္တိုက္မိလို႔ ေပါင္က်ိဳးသြားတယ္ ဆိုပါစို႔… ဒါဆိုရင္ ဒိလူရဲ႕ ေရွ႕အကုသိုလ္ ကံက ေသႏိူင္ေလာက္တဲ့ အထိ အက်ိဳးေပးမွာ ျဖစ္ပင္မဲ့ လက္ရွိကုသိုလ္ေၾကာင့္ ေပါင္က်ိဳး႐ုံပဲ ျဖစ္သြားတာလို႔ မွတ္သားရပါမယ္ ။

ဒါေၾကာင့္ စိတ္ညစ္စရာ ျပႆနာေတြ ဒုကၡေတြ ႀကဳံေတြ႕လာတိုင္း ကုသိုလ္ တစ္ခုခု အၿမဲျပဳပါ ။ ေကာင္းတာလုပ္ပါလ်က္ ေကာင္းတာ မျဖစ္ဘူး ဆိုၿပီး ဘယ္ေတာ့မွ အားမငယ္ပါနဲ႔…

ေရွ႕ဘဝက ဘယ္ေလာက္တာင္ အကုသိုလ္ေတြ ျပဳထားမိမွန္း ကိုယ္မွ မသိႏိုင္တာ။ အကယ္၍သာ ကုသိုလ္ ထပ္မျပဳရင္ အကုသိုလ္ေတြ အက်ိဳးေပးခ်င္တိုင္း ေပးခြင့္ ရသြားပါလိမ့္မယ္ ။ ကုသိုလ္ေလး ခံလိုက္ေတာ့ အကုသိုလ္က ဝင္ခ်င္တိုင္း ဝင္မရေတာ့ဘူးေပါ့ ။ ဒါေၾကာင့္ ကုသိုလ္ ျပဳဖို႔ မေမ့ၾကပါနဲ႔ ။

မိမိကုသိုလ္ေတြ ျပဳပါလွ်က္ နဲ႔ အကုသိုလ္ေတြ ႀကဳံခဲ့ရင္လဲ ကုသိုလ္သာ ျပဳရတာ တကယ္လဲ အက်ိဳး မေပးပါဘူူး။ မထူးပါဘူးလို႔ ကုသိုလ္အေပၚ ယုံမွား သံသယ လုံးဝ မရွိပါနဲ႔လို႔ ေျပာၾကား တိုက္တြန္းလိုပါတယ္ သူူူေတာ္ေကာင္း အေပါင္းတို႔။ အရွင္သူရိယ
#credit

စိတ်ညစ်စရာ ပြဿနာဒုက္ခတွေကြုံတွေ့ လာတိုင်းကုသိုလ် တစ်ခုခုအမြဲပြုပါ ထူးခြားပါလိမ့်မည်

ဒီနေ့တော့စမယ့် ဒုက္ခကြုံတိုင်း ကုသိုလ်တစ်ခု လုပ်ပါဆိုတဲ့ ဒီ Post လေးကို စာပေချစ်သူတွေ အကျိုးရှိမယ် ထင်လို့ အရှင်ဇဝန account မှ ပေးပို့လာတဲ့ ဒီစာလေးကို ပြန်လည်မျှဝေပေးလိုက် ပါတယ်နော်…

တစ်နေ့သောအခါ ဆရာတော် ဦးဗုဓ်၏ မယ်တော်ကြီးသည် မိမိ နေအိမ် မီးလောင်သွားသောကြောင့်သာ ဦးဇင်းထံသို့ ပြေးလာပါတယ်။ သူ့ခဗျာ မုဆိုးမကြီး ဆိုတော့ အားကိုးလဲ မရှိရှာပါဘူး။ အဲဒိအတွက် သားဦးဇင်းထံ အားကိုးတကြီးနဲ့ ပြေးလာတာပါ ။

အဲဒိ အချိန်မှာ ဆရာတော် ဦးဗုဓ်က မင်းကိုးကွယ်တဲ့ ဆရာတော် ဖြစ်နေပါပြီ။ မယ်တော်ကြီး အတွက်နေစရာ အိမ်တစ်လုံးတော့ ကောင်းကောင်း ဖန်တီးပေးနိူင်စွမ်း ရှိပါတယ်။

ဘုရင်ကိုယ်တိုင်က အလွန်ကြည်ညိုတဲ့ ဆရာတော် ဖြစ်တဲ့အတွက် လာဘ်လာဘ ပေါများမယ်ဆိုတာ ယုံမှားဖွယ် မရှိပါဘူး။ ဒါယကာတွေကို မယ်တော့်အိမ် မီးထဲပါသွားတယ်လို့ ပြောလိုက်တာနဲ့ ကိစ္စပြီးနိူင်ပါတယ်။

ဒါပင်မဲ့ ဆရာတော် ဦးဗုဓ်က မယ်တော်ကြီး လာတဲ့အခါမှာ ဘာမေးလဲဆိုတော့…

ခု မယ်တော်ကြီးအိမ် မီးထဲပါသွားပြီ ဘာတွေကျန်သေးလဲလို့ မေးပါတယ်။ ဒီအခါမှာ မယ်တော်ကြီးက အားကိုးတကြီးနဲ့ တပည့်တော်မမှာ အခုဝတ်ထားတဲ့ အဝတ်နဲ့ ပခုံးပေါ်က ဒီတဘက် တစ်ထည်ပဲ ကျန်ပါတော့ တယ်ဘုရား…လို့ လျှောက်လိုက် ပါတယ်။

ဆရာတော် ဦးဗုဓ်က မယ်တော်ကြီးရှေ့က ပြုခဲ့တဲ့ အကုသိုလ်တွေကြောင့် ခုလိုဒုက္ခတွေ ရောက်ရတာ ။ ဒါကြောင့် ကုသိုလ်ပြုပါဆိုပြီး ပုခုံးပေါ်က တဘက်လေးကို အလှူခံ လိုက်ပါတယ်။

ဆရာတော်ဘုရားဟာ ပညာရှိဖြစ်သည့် အားလျှော်စွာ ပြုမူဆောင်ရွက်ခဲ့တာပါ။ ဒါကြောင့် ဆရာတော် အပြုမူ ဟာ နောက်လူတွေအတွက် လမ်းပြသွားတာ မှတ်သားစရာပါ။

ဦးဇင်းတို့တွေဟာ တစ်ခါတစ်လေမှာ ကောင်းတာတွေလဲ လုပ်ပါလျှက် မှန်မှန် ကန်ကန်လဲ လုပ်ပါလျှက် ဒုက္ခတွေကြုံတေ့ွရရင် ဒါရှေ့အကုသိုလ် အကျိုးပေးလာပြီလို့ သိရပါမယ်။

အဲဒါမျိုးအချိန်ကြရင် ကုသိုလ် တစ်ခုခုကို ပြုလိုက်ပါ ။ ဒါဆိုရင် လက်ရှိ အကျိုးပေးနေတဲ့ အကုသိုလ်တွေ အနည်းငယ်တော့ အားပျော့ သွားပါလိမ့်မယ် ။ တော်ရုံ အကုသိုလ်ဆိုရင်တော့ ပျောက်ကွယ် သွားပါလိမ့် မယ် သူတော်ကောင်းတို့ ။

တစ်ချို့ဆိုရင် အကုသိုလ်တွေ လုပ်နေ ပြီးအောင်မြင် နေတာ တွေ့ရတတ်ပါတယ်။ ဒါဟာရှေ့ က သူပြုခဲ့တဲ့ ကုသိုလ်တွေ ရှိနေလို့ပါ။

ဥပမာ ခုလက်ရှိ အကုသိုလ် လုပ်နေပြီး လမ်းမှာ လက်စွပ်တစ်ကွင်း ကောက်ရတယ် ဆိုပါစို့ ။ ဒါဆိုရင် အဲဒိ လူဟာ ရှေ့ကုသိုလ်ကြောင့် လက်စွပ်ထက် အဖိုးကြီးတဲ့ အရာတစ်ခု ရနိူင်ပင်မဲ့ လက်ရှိ အကုသိုလ်တွေကြောင့် လက်စွပ်ပဲ ရတော့တာပါ ။

ကုသိုလ်တွေ ပြုပြီး လမ်းမှာ ဆိုင်ကယ်တိုက်မိလို့ ပေါင်ကျိုးသွားတယ် ဆိုပါစို့… ဒါဆိုရင် ဒိလူရဲ့ ရှေ့အကုသိုလ် ကံက သေနိူင်လောက်တဲ့ အထိ အကျိုးပေးမှာ ဖြစ်ပင်မဲ့ လက်ရှိကုသိုလ်ကြောင့် ပေါင်ကျိုးရုံပဲ ဖြစ်သွားတာလို့ မှတ်သားရပါမယ် ။

ဒါကြောင့် စိတ်ညစ်စရာ ပြဿနာတွေ ဒုက္ခတွေ ကြုံတွေ့လာတိုင်း ကုသိုလ် တစ်ခုခု အမြဲပြုပါ ။ ကောင်းတာလုပ်ပါလျက် ကောင်းတာ မဖြစ်ဘူး ဆိုပြီး ဘယ်တော့မှ အားမငယ်ပါနဲ့…

ရှေ့ဘဝက ဘယ်လောက်တာင် အကုသိုလ်တွေ ပြုထားမိမှန်း ကိုယ်မှ မသိနိုင်တာ။ အကယ်၍သာ ကုသိုလ် ထပ်မပြုရင် အကုသိုလ်တွေ အကျိုးပေးချင်တိုင်း ပေးခွင့် ရသွားပါလိမ့်မယ် ။ ကုသိုလ်လေး ခံလိုက်တော့ အကုသိုလ်က ဝင်ချင်တိုင်း ဝင်မရတော့ဘူးပေါ့ ။ ဒါကြောင့် ကုသိုလ် ပြုဖို့ မမေ့ကြပါနဲ့ ။

မိမိကုသိုလ်တွေ ပြုပါလျှက် နဲ့ အကုသိုလ်တွေ ကြုံခဲ့ရင်လဲ ကုသိုလ်သာ ပြုရတာ တကယ်လဲ အကျိုး မပေးပါဘူူး။ မထူးပါဘူးလို့ ကုသိုလ်အပေါ် ယုံမှား သံသယ လုံးဝ မရှိပါနဲ့လို့ ပြောကြား တိုက်တွန်းလိုပါတယ် သူူူတော်ကောင်း အပေါင်းတို့။ အရှင်သူရိယ
#credit

Be the first to comment

Leave a Reply

Your email address will not be published.


*