စြပ္စြဲခ်က္တစ္ခုေၾကာင့္ အမႈိက္သိမ္းသမားအျဖစ္သို႔ ေရာက္သြားခဲ့ရတဲ့ အဘိုးတစ္ဦး ..

စွပ်စွဲချက်တစ်ခုကြောင့် အမှိုက်သိမ်းသမားအဖြစ်သို့ ရောက်သွားခဲ့ရတဲ့ အဘိုးတစ်ဦး

လမ်းပေါ်တွင်နေထိုင်ခြင်း၊ ဟောင်းနွမ်းတဲ့ တီရှပ်ကို ဝတ်ဆင်ခြင်းနှင့် အမှိုက်များကို စုဆောင်းခြင်းတို့ဟာ ပညာတတ်သူတစ်ဦးနှင့် လုံးဝမသက်ဆိုင်တဲ့ အရာလို့ လူအများက ထင်မိတတ်ကြပါတယ်။ ထို့ကြောင့် ဒီအဘိုးတစ်ဦးဟာ ၎င်းတို့ထင်ထားတာထက် ပိုဗဟုသုတ ရနိုင်တယ်ဆိုတာကို အင်တာနက်က ရှာဖွေတွေ့ရှိသွားတဲ့အခါ အံ့သဩစရာတော့ မဟုတ်နေတော့ပါဘူး။

Malate-Ermita ဒေသရှိ အမှိုက် စုဆောင်းသူတစ်ဦးဖြစ်တဲ့ အဘိုး Alfredo Manuel ဟာ ဖိလစ်ပိုင်နိုင်ငံ မနီလာတက္ကသိုလ်မှ ကျောင်းသားတစ်ဦးဖြစ်တဲ့ Debei Cargandoက သူ့ရဲ့ အဖြစ်အပျက်ကို social media ပေါ် ပြန်လည်မျှဝေ ပေးခဲ့ပြီးနောက် လူပြောများလာခဲ့ပါတယ်။

ပထမဆုံး အတွေ့အကြုံနဲ့အနေ အဘိုး Alfredo ဟာ အိမ်ရာမဲ့ ဖြစ်ပုံရပေမဲ့ တကယ်တမ်း မဟုတ်ခဲ့ဖူးပါဘူး။ အဘိုး Alfredoဟာ အမှန်စင်စစ် ကျောင်းဆရာနှင့် နိုင်ငံ့ဝန်ထမ်း စာမေးပွဲများအတွက် လိုင်စင်စာမေးပွဲ အောင်မြင်ခဲ့ပြီး ဘွဲ့ရသူ တစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။

မနီလာမြို့သမိုင်းပါမောက္ခ Benjie Mangubatဟာ အဘိုး Alfredoရဲ့ ပုံများကို ရိုက်ကူးခဲ့တဲ့ သူ့ရဲ့ကျောင်းသား Debei Alfredoနှင့် တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ အင်တာဗျူးတွင် ပါမောက္ခ Mangubatက အဘိုး Alfredoဟာ တစ်ချိန်က မူလတန်းကျောင်း တစ်ခုတွင် သန့်ရှင်းရေးသမားအဖြစ် အလုပ်လုပ်ခဲ့ကြောင်းကို သိရှိခဲ့ပါတယ်။

သို့သော် အဘိုးဟာ ပိုမိုကောင်းမွန်သော ဘဝကို အိမ်မက် မက်ခဲ့တာကြောင့် သူဟာ ပညာဆက်လက်လေ့လာဆည်းပူးရန် ဆုံးဖြတ်ခဲ့ပါတယ်။ နှစ်များကြာပြီးနောက် Alfredoဟာ ပညာရေးဘွဲ့ဖြင့် East University မှာ တက်ရောက်ခဲ့ပြီးနောက် သူဟာ ၁၉၉၂ ခုနှစ်တွင် လိုင်စင်ရဆရာတစ်ဦး ဖြစ်လာရန် ဘုတ်အဖွဲ့စာမေးပွဲ အောင်မြင်ခဲ့ပြီး နောက်ပိုင်းတွင် နိုင်ငံဝန်ထမ်း စာမေးပွဲများကိုပါ အောင်မြင်ခဲ့ပါတယ်။

Alfredoက သူယခင်က အလုပ်လုပ်ခဲ့တဲ့ မူလတန်းကျောင်းမှာ တရားဝင်ဆရာတစ်ဦးအဖြစ် လျှောက်ထားတဲ့အခါ သူ့ရဲ့ စိတ်ကူးအိမ်မက်တွေကို လက်တွေ့ဖြစ်လာဖို့ ခြေတစ်လှမ်းသာ လိုတယ်လို့ ထင်ခဲ့ပါတယ်။ ကံမကောင်းစွာဖြင့် ၎ကျောင်း၌ သူ့အား သူခိုးအဖြစ် စွဲချက်တင်ထားခဲ့သည်ကို နောက်ပိုင်းတွင် သိလိုက်ရပါတယ်။

သူဟာ ရာဇဝတ်မှုနှင့် စွဲချက်များကို သေချာမသိခဲ့ပေမဲ့ သူ့ရဲ့ အပြစ်ကင်းစင်ကြောင်းကို သက်သေပြရန်လည်း မလွယ်ကူခဲ့ပါဘူး။ Alfredoဟာ သူသည်အမှန်တကယ် အပြစ်မရှိကြောင်း သက်သေပြရန်နှင့် စွဲချက်ကို ရုပ်သိမ်းရန် ကြိုးစားရင်း နောက်ငါးနှစ်အထိ အချိန်ကုန်လွန်သွားခဲ့ရပါတယ်။

သို့သော် ၎ပြဿာနာဟာ အကြောင်းမထူးလာတာကြောင့် အဘိုးဟာ ဆရာတစ်ဦးဖြစ်ဖို့ အိမ်မက်ကို ဆုံးရှုံးလိုက်ရပြီး သူမသိလိုက်တဲ့ အချိန်မှာ အမှိုက်များကို ပြန်လည်ရောင်းချရန် လမ်းပေါ်ရှိ အမှိုက်စုဆောင်းသူတစ်ဦးအဖြစ် ဘဝသစ်တစ်ခုကို စတင်ခဲ့ရပါတော့တယ်။

သည္ကို

အင်တာဗျူးအပြီး အဘိုး Alfredo အား လူသိများလာအောင် ပြုလုပ်ခဲ့ပြီးတဲ့ နောက်မှာ စိတ်သဘောထား ပြည့်ဝသူတွေက အဘိုးကို အဖော်ပြုပေးမဲ့ စာအုပ်တွေကို ဝေငှပေးခဲ့ကြပြီး တစ်ချို့တွေကလည်း အဘိုးအား အစားအသောက်များ ဝေဌပေးခဲ့ပါတယ်။

Alfredo ဟာ တက္ကသိုလ်၌ နှစ်ပေါင်းများစွာ ပညာသင်ကြားခဲ့စဉ်က ပိုမိုကောင်းမွန်သော အနာဂတ်ကို အိမ်မက် မက်ခဲ့သူပါ။ သို့ပေမဲ့ ကံမကောင်းစွာဖြင့် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက သူမသိလိုက်တဲ့ စွပ်စွဲချက်တစ်ခုကြောင့် သူ့ရဲ့အနာဂတ်ကို ဆုံးရှုံးသွားခဲ့ရပါတယ်။

credit

စြပ္စြဲခ်က္တစ္ခုေၾကာင့္ အမႈိက္သိမ္းသမားအျဖစ္သို႔ ေရာက္သြားခဲ့ရတဲ့ အဘိုးတစ္ဦး

လမ္းေပၚတြင္ေနထိုင္ျခင္း၊ ေဟာင္းႏြမ္းတဲ့ တီရွပ္ကို ဝတ္ဆင္ျခင္းႏွင့္ အမႈိက္မ်ားကို စုေဆာင္းျခင္းတို႔ဟာ ပညာတတ္သူတစ္ဦးႏွင့္ လုံးဝမသက္ဆိုင္တဲ့ အရာလို႔ လူအမ်ားက ထင္မိတတ္ၾကပါတယ္။ ထို႔ေၾကာင့္ ဒီအဘိုးတစ္ဦးဟာ ၎တို႔ထင္ထားတာထက္ ပိုဗဟုသုတ ရႏိုင္တယ္ဆိုတာကို အင္တာနက္က ရွာေဖြေတြ႕ရွိသြားတဲ့အခါ အံ့သဩစရာေတာ့ မဟုတ္ေနေတာ့ပါဘူး။

Malate-Ermita ေဒသရွိ အမႈိက္ စုေဆာင္းသူတစ္ဦးျဖစ္တဲ့ အဘိုး Alfredo Manuel ဟာ ဖိလစ္ပိုင္ႏိုင္ငံ မနီလာတကၠသိုလ္မွ ေက်ာင္းသားတစ္ဦးျဖစ္တဲ့ Debei Cargandoက သူ႔ရဲ႕ အျဖစ္အပ်က္ကို social media ေပၚ ျပန္လည္မွ်ေဝ ေပးခဲ့ၿပီးေနာက္ လူေျပာမ်ားလာခဲ့ပါတယ္။

ပထမဆုံး အေတြ႕အႀကဳံနဲ႔အေန အဘိုး Alfredo ဟာ အိမ္ရာမဲ့ ျဖစ္ပုံရေပမဲ့ တကယ္တမ္း မဟုတ္ခဲ့ဖူးပါဘူး။ အဘိုး Alfredoဟာ အမွန္စင္စစ္ ေက်ာင္းဆရာႏွင့္ ႏိုင္ငံ့ဝန္ထမ္း စာေမးပြဲမ်ားအတြက္ လိုင္စင္စာေမးပြဲ ေအာင္ျမင္ခဲ့ၿပီး ဘြဲ႕ရသူ တစ္ဦးလည္း ျဖစ္ခဲ့ပါတယ္။

မနီလာၿမိဳ႕သမိုင္းပါေမာကၡ Benjie Mangubatဟာ အဘိုး Alfredoရဲ႕ ပုံမ်ားကို ႐ိုက္ကူးခဲ့တဲ့ သူ႔ရဲ႕ေက်ာင္းသား Debei Alfredoႏွင့္ ေတြ႕ဆုံေမးျမန္းခဲ့ပါတယ္။ အင္တာဗ်ဴးတြင္ ပါေမာကၡ Mangubatက အဘိုး Alfredoဟာ တစ္ခ်ိန္က မူလတန္းေက်ာင္း တစ္ခုတြင္ သန႔္ရွင္းေရးသမားအျဖစ္ အလုပ္လုပ္ခဲ့ေၾကာင္းကို သိရွိခဲ့ပါတယ္။

သို႔ေသာ္ အဘိုးဟာ ပိုမိုေကာင္းမြန္ေသာ ဘဝကို အိမ္မက္ မက္ခဲ့တာေၾကာင့္ သူဟာ ပညာဆက္လက္ေလ့လာဆည္းပူးရန္ ဆုံးျဖတ္ခဲ့ပါတယ္။ ႏွစ္မ်ားၾကာၿပီးေနာက္ Alfredoဟာ ပညာေရးဘြဲ႕ျဖင့္ East University မွာ တက္ေရာက္ခဲ့ၿပီးေနာက္ သူဟာ ၁၉၉၂ ခုႏွစ္တြင္ လိုင္စင္ရဆရာတစ္ဦး ျဖစ္လာရန္ ဘုတ္အဖြဲ႕စာေမးပြဲ ေအာင္ျမင္ခဲ့ၿပီး ေနာက္ပိုင္းတြင္ ႏိုင္ငံဝန္ထမ္း စာေမးပြဲမ်ားကိုပါ ေအာင္ျမင္ခဲ့ပါတယ္။

Alfredoက သူယခင္က အလုပ္လုပ္ခဲ့တဲ့ မူလတန္းေက်ာင္းမွာ တရားဝင္ဆရာတစ္ဦးအျဖစ္ ေလွ်ာက္ထားတဲ့အခါ သူ႔ရဲ႕ စိတ္ကူးအိမ္မက္ေတြကို လက္ေတြ႕ျဖစ္လာဖို႔ ေျခတစ္လွမ္းသာ လိုတယ္လို႔ ထင္ခဲ့ပါတယ္။ ကံမေကာင္းစြာျဖင့္ ၎ေက်ာင္း၌ သူ႔အား သူခိုးအျဖစ္ စြဲခ်က္တင္ထားခဲ့သည္ကို ေနာက္ပိုင္းတြင္ သိလိုက္ရပါတယ္။

သူဟာ ရာဇဝတ္မႈႏွင့္ စြဲခ်က္မ်ားကို ေသခ်ာမသိခဲ့ေပမဲ့ သူ႔ရဲ႕ အျပစ္ကင္းစင္ေၾကာင္းကို သက္ေသျပရန္လည္း မလြယ္ကူခဲ့ပါဘူး။ Alfredoဟာ သူသည္အမွန္တကယ္ အျပစ္မရွိေၾကာင္း သက္ေသျပရန္ႏွင့္ စြဲခ်က္ကို ႐ုပ္သိမ္းရန္ ႀကိဳးစားရင္း ေနာက္ငါးႏွစ္အထိ အခ်ိန္ကုန္လြန္သြားခဲ့ရပါတယ္။

သို႔ေသာ္ ၎ျပႆာနာဟာ အေၾကာင္းမထူးလာတာေၾကာင့္ အဘိုးဟာ ဆရာတစ္ဦးျဖစ္ဖို႔ အိမ္မက္ကို ဆုံးရႈံးလိုက္ရၿပီး သူမသိလိုက္တဲ့ အခ်ိန္မွာ အမႈိက္မ်ားကို ျပန္လည္ေရာင္းခ်ရန္ လမ္းေပၚရွိ အမႈိက္စုေဆာင္းသူတစ္ဦးအျဖစ္ ဘဝသစ္တစ္ခုကို စတင္ခဲ့ရပါေတာ့တယ္။

အင္တာဗ်ဴးအၿပီး အဘိုး Alfredo အား လူသိမ်ားလာေအာင္ ျပဳလုပ္ခဲ့ၿပီးတဲ့ ေနာက္မွာ စိတ္သေဘာထား ျပည့္ဝသူေတြက အဘိုးကို အေဖာ္ျပဳေပးမဲ့ စာအုပ္ေတြကို ေဝငွေပးခဲ့ၾကၿပီး တစ္ခ်ိဳ႕ေတြကလည္း အဘိုးအား အစားအေသာက္မ်ား ေဝဌေပးခဲ့ပါတယ္။

Alfredo ဟာ တကၠသိုလ္၌ ႏွစ္ေပါင္းမ်ားစြာ ပညာသင္ၾကားခဲ့စဥ္က ပိုမိုေကာင္းမြန္ေသာ အနာဂတ္ကို အိမ္မက္ မက္ခဲ့သူပါ။ သို႔ေပမဲ့ ကံမေကာင္းစြာျဖင့္ လြန္ခဲ့တဲ့ ႏွစ္ေပါင္းမ်ားစြာက သူမသိလိုက္တဲ့ စြပ္စြဲခ်က္တစ္ခုေၾကာင့္ သူ႔ရဲ႕အနာဂတ္ကို ဆုံးရႈံးသြားခဲ့ရပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*