













credit…

မိန်းမဆိုသည်မှာ မသောက်ဘဲနဲ့တောင် ၂ပတ်စာလောက် ရစ်တာပါဆို

#ကလုန်…!!! ” .ဘာသံလည်း ကို ‘ “ဘာကိုလဲ” “ခုန..”ကလုန်”..ဆိုတဲ့အသံလေ” “ပန်းကန်စင်က ကြွက်တွေနေမှာပေါ့” “ဘာကြွက်မှ မဟုတ်ဘူး..ဖုန်းက msg ဝင်တဲ့အသံ” သိနေတာများ.. ထပ်မေးနေရသေးတယ်…

“အဲ့ဒါ ဘာသံလဲလို့.. မေးနေတာကို” “msg..ဝင်တဲ့အသံဆို” “သိရဲ့သားနဲ့ ဘာလို့ ပြန်မပြောတာလဲ” “မင်းလဲ.. သိနေတာပဲကွာ” “ဘယ်သူပို့တာလဲ” “မသိဘူးလေ..” “မသိပဲနဲ့တော့ မပို့ဘူး” ကျုပ်ကလည်း အကျင့်ဖြစ်နေပြီ၊ ညဘက်ဆို ဖုန်းက လိုင်းဖွင့်ရက်ကြီး အိပ်ပျော်တာ..

“ခဏလေး..ဖွင့်ကြည့်လိုက်မယ် ” “ဖွင့်ကြည့်လိုက်ရင်.. ရှင်ဖတ်တာ သူမြင်သွားမှာပေါ့” “ဘယ်သူလည်း သိချင်တယ်ဆို” “ဘယ်က ကောင်မလေးလဲ” “ဟမ့်… ဘယ်သူမှန်း မသိပါဘူးဆို” “ဘယ်သူမှန်း မသိရအောင်.. ရှင်ဘယ်လောက်တောင် ရှုပ်ထားလည်း”

“ဘယ်သူမှန်းမှ မသိတာကို.. ဘယ်လိုပြောရမလဲ” “အမှန်အတိုင်းပြောနော်.. ညာတာ မကြိုက်ဘူး” “ရော်… ခက်ပြီ. သူ ဘယ်သူလဲဆိုတာ မကြည့်ပဲနဲ့ ဘယ်လိုသိမလဲ” “သူ” လို့ ခု ရှင်ပြောထဲက.. မိန်းခလေးမှန်း.. ရှင်သိနေပြီ”

ငိုပြီ.. .လူက.. ငိုချင်နေပြီ.. တရေးနိုးကြီးကို အရစ်ခံနေရတာ.. “ယောက်ျား မှန်းမသိ..မိန်းမမှန်း မသိလို့.. သူ ဆိုပြီး..နာမ်စားသုံးတာလေ” “ဘယ်သူ…ဆိုပြီး..ရှေ့က.. “ဘယ်”..ထည့်ပြောလည်း ရတယ်လေ”

“ကဲ…အိပ်ပါတော့..မိန်းမရယ်.. ကြည့်ပေးမယ်ဆိုတော့လည်း.. မဟုတ်ရဘူး.. ညဉ့်လည်း နက်နေပါပြီကွာ.. အိပ်တော့နော်” “ကျွန်မ..အိပ်ပျော်သွားရင်.. ရှင်..စာပြန်ပို့မယ် မို့လား” “မပို့ပါဘူး..ကြာ” ပြောရင်း..အာကခြောက်လာလို့.. ရေထသောက်မယ်လုပ်တော့

“ဘာလို့ ရေထသောက်မှာလဲ” “ရေဆာလို့လေ” “ညာတာသိမှာဆိုးလို့.. ရင်ပူနေတာမိုလား” ငင့်… “မဟုတ်ပါဘူးကွာ.. တကယ်ရေငတ်လာလို့ပါ.. ဟူး” “သက်ပျင်းတွေတောင်ချနေတယ်.. ဆိုထဲက.. သိသာတယ်”

“အင်း… အင်း.. အဲ့တာဆိုလည်း.. မသောက်တော့ဘူး.. ဟလား” “အရင်ညတွေက ရေမသောက်ပါဘူး” “အိပ်ပျော်နေတာလေကွာ.. ဘယ်လို သောက်မလဲ” “ဒါဆို.. ခုညက မအိပ်ပဲနဲ့ အဲ့ဒိ.. msg.. စောင့်နေတာပေါ့”

“ဟာ…မဟုတ်ပါဘူးကွာ.. မင်းနှိုးမေးလို့ နိုးလာတာလေ” ဒီပုံအတိုင်းဆို မိုးလင်းတဲ့အထိ ရှင်းလို့ပြီးမှာ မဟုတ်တော့ဘူး.. “ကဲကြည့်… ရော့” “မကြည့်ချင်ပါဘူး.. ရှင်ဖောက်ပြန်ထားတဲ့ဟာတွေ” “သေချာလည်းကြည့်ဦး.. ရမ်းသမ်းပြောမနေနဲ့” ဖတ်လည်းကြည့်ပြီးရော..

“ကျမ က ရှင့်ကိုချစ်လို့ သဝန်တိုတာပါ” “အမ်းပါ… ယောက်ကျားလည်းချစ်တယ် နောက်တခါ တရေးနိုးကြီးတော့ မရစ်နဲ့တော့နော်… အိပ်တော့.. ဟုတ်ပြီလား..” “ဟုတ်…. အရမ်းချစ်တယ်နော်… အာဘွား”

အဲ့ဒိနေ့တည်းက.. ညဆို ဖုန်းပိတ်ပြီးမှ အိပ်တော့တယ်.. သူ့ပြောနေရတာနဲ့.. မျက်လုံးကကျယ်ပြီး.. အိပ္မရေတာ့လို့.. msg.. ပို့တဲ့လူကို.. တညလုံး ထိုင်ဆဲနေလိုက်တယ်.. massage.. ကိုဘယ်သူပို့တာထင်လဲ…?

ဟိုမသာ အော်ပရေတာလေ.. ဖုန်းငွေလက်ကျန် နည်းနေလို့တဲ့.. ဖလူးမ အမ်ပီတီ
credit…

Be the first to comment

Leave a Reply

Your email address will not be published.


*