“မဲလို႔ ခ်စ္တာ” တဲ့

"မဲလို႔ ခ်စ္တာ" တဲ့

“မဲလို႔ ခ်စ္တာ” တဲ့

“နင္နဲ႔ငါ လမ္းခြဲရေအာင္ဟာ”… ႐ုတ္တရက္ ထေျပာလိုက္တဲ့ သူမစကားေၾကာင့္ ေသာက္လက္စ ေကာ္ဖီခြက္ပါ ျပဳတ္က်မလိုျဖစ္သြားတယ္။

“ဟင္ ငါဘာလုပ္မိလို႔” “ဘာမွလုပ္လို႔မဟုတ္ပါဘူး ဒီတိုင္းပဲ”… “ဟာ ဒါဆို ေျပာေလ… ခုဟာက ပလိန္းႀကီး” နဲနဲေတာ့ ေပါက္သြားတယ္… ခုနကေလးတင္ ဟီးဟီးဟားဟားနဲ႔ အေကာင္းႀကီး ခုက်မွ ထၿပီး ျပတ္ၿပီတဲ့။

“နင္က အသားမဲလို႔” တိန္ ! ေသေရာ… သူမ က်ေနာ့္ကို ျဖတ္ရတဲ့အေၾကာင္းရင္းက အသားမဲလို႔တဲ့။ မ်က္ရည္ပါဝဲခ်င္သလိုလိုျဖစ္သြားတယ္ …။ “နင္ကလဲ ငါက အစကတည္းက မျဖဴတာေလ ခုက်မွ ထမဲေနလို႔လား ေျပာ” စဥ္းစားၾကည့္… က်ေနာ္က ေမြးရာပါ အသားမဲ… ခုက်မွ ထၿပီး အသားမဲလို႔တဲ့ စိတ္နာဖို႔ေတာင္ ေကာင္းေသး။

“ဟုတ္တယ္ နင္မဲတာ ငါလက္ခံတယ္ အျပစ္မေျပာဘူး… ဒါေပမယ့္ဟာ ငါနဲ႔တြဲတဲ့ေနာက္ပိုင္းေတာ့ ျဖဴလာေပါ့ နင္က ငါ့ကို႐ြဲ႕ၿပီးမ်ား ပိုမဲေအာင္ လုပ္ေနလားမသိဘူး.. တကယ္စိတ္ကုန္တယ္… နင္နဲ႔ငါ အျပင္သြားတိုင္း လူေတြကေမးတယ္ တစ္ေယာက္ထဲလား ဘယ္သြားမို႔လဲတဲ့ ငါဘယ္ေလာက္ ရွက္လဲ နင္သိလား?

နင္က မဲေတာ့ သူတို႔က ဘယ္ျမင္ပါ့မလဲ? ေဘာ္ဒါေတြ ၾကားထဲဆို အေလွာင္ခံရတယ္ မီးေသြးေရာင္းေကာင္းလားတဲ့ ငါဘယ္ေလာက္ ဝမ္းနည္းရလဲ? ငါ Facebook ေပၚမွာ Couple ပုံလွလွေလး တင္ခ်င္တယ္ ဒါေပမယ့္… က်ီးကန္း ဘဲဥခ်ီထားတာလား?

ကတၱရာလမ္းေပၚ ျဖတ္ေမာင္းလာတဲ့ ၿပိဳင္ကားအျဖဴေရာင္ေလး? ႏြားႏို႔ခြက္ကို ကိုင္ထားေသာ အသားမဲကုလား? အဲ့လိုေတြ လာလာေျပာမွာ… ငါသိတယ္ နင္ကမဲလို႔ မရွက္ေပမယ့္ ငါကျဖဴေတာ့ ရွက္တယ္။ ငါလည္း နင္ျဖဴလာႏိုး ျဖဴလာႏိုးနဲ႔ ေစာင့္ေနပါေသးတယ္…

ခုဟာက လြန္တယ္ ၂.ႏွစ္နီးပါး တြဲလာတယ္ ဒါေတာင္ မဲတုန္း။ နင့္တစ္ကိုယ္လုံးမွာ ျဖဴတာဆိုလို႔ သြားပဲရွိတာ နင္သိရဲ႕လား? နင္က မဲတာမွ Professional က်က်ကို မဲတာ”… ေဒါသက ေထာင္းကနဲ ထြက္သြားၿပီေလ… ခုဟာက လူကို သက္သက္ႀကီး ဖဲ့ေနသလို ျဖစ္ေနၿပီ သူကပဲ ျဖဴလို႔ ရွက္ရတယ္ရွိေသး မဲတဲ့သူက ဘာမွမေျပာရဘူး… စိတ္လည္း အႀကီးအက်ယ္ နာသြားမိတယ္။

“ေကာင္းၿပီေလ ဘာတတ္ႏိုင္မွာလဲ… ငါက ဒီတစ္သက္ ေသတာေတာင္ ျဖဴလာမွာမွ မဟုတ္ပဲ အဲ့ေတာ့ နင္ျဖစ္ေစခ်င္သလို လမ္းခြဲေပးပါ့မယ္”… “ေယး !!! က်န္းက်န္း ခ်စ္ဖို႔ ေကာင္းလိုက္တာ မြက္ခ္် မြက္ခ္်” Aww ! ေနာက္ဆုံးလမ္းခြဲအတြက္ အာဘြားပါ ၂.ခါ ေပးသြားေသး… ေပ်ာ္ရမလိုလို ထိုင္ပဲငိုခ်ရမလိုလို။

သူမနဲ႔ျပတ္ၿပီးေနာက္ပိုင္း… ကိုယ့္အသားအေရကိုကိုယ္ စိတ္နာမိတယ္ အျမင္ကပ္မိတယ္ ေျပာ ေျပာခ်င္စရာပဲ ခုမွ ျပန္ၾကည့္မိတယ္ မဲတာမွ ေျပာင္လက္ေနတာပဲ… အၤက်ီအျဖဴကပ္ရင္ မဲတာက ထင္းကနဲ။ အမဲေရာင္ဝတ္လိုက္လို႔ကေတာ့ ေန႔ခင္းေၾကာင္ေတာင္ ေပ်ာက္ေနတာ အရိပ္ပဲျမင္ရတယ္။ အေရာင္ေတာက္ေတာက္ဝတ္လည္း အဆင္မေျပ အေရာင္ေဖ်ာ့ေဖ်ာ့က်ျပန္ေတာ့ မေပၚနဲ႔… တိုင္ပတ္လိုက္တာ ေျပာမေနနဲ႔ တကယ္။

ဒီလိုနဲ႔… ဆုံးျဖတ္ခ်က္ တစ္ခုခ်လိုက္တယ္.. ငါ အသားျဖဴလာေအာင္ ႀကိဳးစားေတာ့မယ္လို႔။

အရင္ဆုံး Online Shopping က အသားျဖဴေဆး ဝယ္လိုက္တယ္.. လိမ္းေဆး ေသာက္ေဆး (2) မ်ိဳးလုံးပဲ ဆိုပါေတာ့ အခ်ိန္သာ ကုန္သြားတယ္ မဲလက္စ မဲေကာင္းတုန္း။ အိမ္ထဲက အိမ္ျပင္မထြက္ ေနမထိေအာင္ ေနတယ္.. လေတြ ႏွစ္ေတြသာ ၾကာသြားတယ္.. မဲတာက တစ္စက္ကေလးမွ မေပ်ာက္ဘူး။

စိတ္ေပါက္ေပါက္နဲ႔ ထုံးေတြ တစ္ကိုယ္လုံးသုတ္ ေရေႏြးအေပ်ာ့အိုးထဲ ထိုင္စိမ္ေနတယ္ နာရီေပါင္းမ်ားစြာ အသားေတြသာ ကြက္သြားၿပီး ခ႐ုသင္းလိုလို ျဖစ္ကုန္တယ္.. အခ်ိန္တန္ရင္ ငမဲက ငမဲပဲ။ တစ္ခါတစ္ခါ စိတ္ကူးမိတယ္… မိုက္ကယ္ဂ်က္ဆင္လို အေရျပားလွန္လိုက္ရင္ ေကာင္းမလားလို႔ေပါ့…။

ေနာက္ေတာ့လည္း စိတ္က တစ္မ်ိဳး ေျပာင္းသြားတယ္။ ဒီေလာက္မဲတဲ့အသား မဲစမ္း မဲစမ္း ဆိုၿပီး… တစ္ေနကုန္ ေနပူထဲ ထိုင္ေနေပးလိုက္တယ္… ေရမခ်ိဳးပဲ တစ္လေလာက္ ေနေပးလိုက္တယ္…

မုန႔္ကုလားမဲခ်ည္း လွိမ့္စားေပးလိုက္တယ္… Black Coffee တစ္ေန႔ ၅.ခြက္ေသာက္… ဆံပင္က အနက္ All Black … ေကာက္ညႇင္းငခ်ိတ္ကို Daily ဆြဲေပးတယ္… အေမွာင္ထဲမွာေန လမိုက္ညမွ အျပင္ထြက္… ေဘာ္ဒါေတြဆို အသားမဲမွ ေ႐ြးေပါင္းတယ္…။

မယုံမရွိနဲ႔ အဲ့ခ်ိန္ကစ SKB ျဖစ္တာ… မဲရင္လည္း အဲ့လို ေျပာင္လက္နက္ေနေအာင္ မဲလိုက္ ဟိုမေရာက္ ဒီမေရာက္ မဲတာ သြားမလုပ္နဲ႔။ ခုရတဲ့ ေကာင္မေလးက ျဖဴဥေနတာပဲ သိလား.. ရႈပ္လို႔ ခြါခ်တာေတာင္ အနားကထြက္မသြာဘူး.. မ်က္စိေနာက္လို႔ ေအာ္ထုတ္ရင္ေတာင္ ေပကပ္ကပ္ နင္ငါ့ကို ဘာလို႔ အဲ့ေလာက္ ခ်စ္လဲ? ေမးေတာ့…

“မဲလို႔ ခ်စ္တာ” တဲ့… “ႀကိဳက္တယ္ အဲ့လိုပဲ ျဖစ္ေနရမယ္” ငါကွ SKB ငမဲ…။ ။ 😂😂😂
credit

“မဲလို့ ချစ်တာ” တဲ့

“နင်နဲ့ငါ လမ်းခွဲရအောင်ဟာ”… ရုတ်တရက် ထပြောလိုက်တဲ့ သူမစကားကြောင့် သောက်လက်စ ကော်ဖီခွက်ပါ ပြုတ်ကျမလိုဖြစ်သွားတယ်။

“ဟင် ငါဘာလုပ်မိလို့” “ဘာမှလုပ်လို့မဟုတ်ပါဘူး ဒီတိုင်းပဲ”… “ဟာ ဒါဆို ပြောလေ… ခုဟာက ပလိန်းကြီး” နဲနဲတော့ ပေါက်သွားတယ်… ခုနကလေးတင် ဟီးဟီးဟားဟားနဲ့ အကောင်းကြီး ခုကျမှ ထပြီး ပြတ်ပြီတဲ့။

“နင်က အသားမဲလို့” တိန် ! သေရော… သူမ ကျနော့်ကို ဖြတ်ရတဲ့အကြောင်းရင်းက အသားမဲလို့တဲ့။ မျက်ရည်ပါဝဲချင်သလိုလိုဖြစ်သွားတယ် …။

“နင်ကလဲ ငါက အစကတည်းက မဖြူတာလေ ခုကျမှ ထမဲနေလို့လား ပြော” စဉ်းစားကြည့်… ကျနော်က မွေးရာပါ အသားမဲ… ခုကျမှ ထပြီး အသားမဲလို့တဲ့ စိတ်နာဖို့တောင် ကောင်းသေး။

“ဟုတ်တယ် နင်မဲတာ ငါလက်ခံတယ် အပြစ်မပြောဘူး… ဒါပေမယ့်ဟာ ငါနဲ့တွဲတဲ့နောက်ပိုင်းတော့ ဖြူလာပေါ့ နင်က ငါ့ကိုရွဲ့ပြီးများ ပိုမဲအောင် လုပ်နေလားမသိဘူး.. တကယ်စိတ်ကုန်တယ်… နင်နဲ့ငါ အပြင်သွားတိုင်း လူတွေကမေးတယ် တစ်ယောက်ထဲလား ဘယ်သွားမို့လဲတဲ့ ငါဘယ်လောက် ရှက်လဲ နင်သိလား?

နင်က မဲတော့ သူတို့က ဘယ်မြင်ပါ့မလဲ? ဘော်ဒါတွေ ကြားထဲဆို အလှောင်ခံရတယ် မီးသွေးရောင်းကောင်းလားတဲ့ ငါဘယ်လောက် ဝမ်းနည်းရလဲ? ငါ Facebook ပေါ်မှာ Couple ပုံလှလှလေး တင်ချင်တယ် ဒါပေမယ့်… ကျီးကန်း ဘဲဥချီထားတာလား?

ကတ္တရာလမ်းပေါ် ဖြတ်မောင်းလာတဲ့ ပြိုင်ကားအဖြူရောင်လေး? နွားနို့ခွက်ကို ကိုင်ထားသော အသားမဲကုလား? အဲ့လိုတွေ လာလာပြောမှာ… ငါသိတယ် နင်ကမဲလို့ မရှက်ပေမယ့် ငါကဖြူတော့ ရှက်တယ်။ ငါလည်း နင်ဖြူလာနိုး ဖြူလာနိုးနဲ့ စောင့်နေပါသေးတယ်…

ခုဟာက လွန်တယ် ၂.နှစ်နီးပါး တွဲလာတယ် ဒါတောင် မဲတုန်း။ နင့်တစ်ကိုယ်လုံးမှာ ဖြူတာဆိုလို့ သွားပဲရှိတာ နင်သိရဲ့လား? နင်က မဲတာမှ Professional ကျကျကို မဲတာ”… ဒေါသက ထောင်းကနဲ ထွက်သွားပြီလေ… ခုဟာက လူကို သက်သက်ကြီး ဖဲ့နေသလို ဖြစ်နေပြီ သူကပဲ ဖြူလို့ ရှက်ရတယ်ရှိသေး မဲတဲ့သူက ဘာမှမပြောရဘူး… စိတ်လည်း အကြီးအကျယ် နာသွားမိတယ်။

“ကောင်းပြီလေ ဘာတတ်နိုင်မှာလဲ… ငါက ဒီတစ်သက် သေတာတောင် ဖြူလာမှာမှ မဟုတ်ပဲ အဲ့တော့ နင်ဖြစ်စေချင်သလို လမ်းခွဲပေးပါ့မယ်”… “ယေး !!! ကျန်းကျန်း ချစ်ဖို့ ကောင်းလိုက်တာ မွက်ခ်ျ မွက်ခ်ျ” Aww ! နောက်ဆုံးလမ်းခွဲအတွက် အာဘွားပါ ၂.ခါ ပေးသွားသေး… ပျော်ရမလိုလို ထိုင်ပဲငိုချရမလိုလို။

သူမနဲ့ပြတ်ပြီးနောက်ပိုင်း… ကိုယ့်အသားအရေကိုကိုယ် စိတ်နာမိတယ် အမြင်ကပ်မိတယ် ပြော ပြောချင်စရာပဲ ခုမှ ပြန်ကြည့်မိတယ် မဲတာမှ ပြောင်လက်နေတာပဲ… င်္အကျီအဖြူကပ်ရင် မဲတာက ထင်းကနဲ။ အမဲရောင်ဝတ်လိုက်လို့ကတော့ နေ့ခင်းကြောင်တောင် ပျောက်နေတာ အရိပ်ပဲမြင်ရတယ်။ အရောင်တောက်တောက်ဝတ်လည်း အဆင်မပြေ အရောင်ဖျော့ဖျော့ကျပြန်တော့ မပေါ်နဲ့… တိုင်ပတ်လိုက်တာ ပြောမနေနဲ့ တကယ်။

ဒီလိုနဲ့… ဆုံးဖြတ်ချက် တစ်ခုချလိုက်တယ်.. ငါ အသားဖြူလာအောင် ကြိုးစားတော့မယ်လို့။

အရင်ဆုံး Online Shopping က အသားဖြူဆေး ဝယ်လိုက်တယ်.. လိမ်းဆေး သောက်ဆေး (2) မျိုးလုံးပဲ ဆိုပါတော့ အချိန်သာ ကုန်သွားတယ် မဲလက်စ မဲကောင်းတုန်း။ အိမ်ထဲက အိမ်ပြင်မထွက် နေမထိအောင် နေတယ်.. လတွေ နှစ်တွေသာ ကြာသွားတယ်.. မဲတာက တစ်စက်ကလေးမှ မပျောက်ဘူး။

စိတ်ပေါက်ပေါက်နဲ့ ထုံးတွေ တစ်ကိုယ်လုံးသုတ် ရေနွေးအပျော့အိုးထဲ ထိုင်စိမ်နေတယ် နာရီပေါင်းများစွာ အသားတွေသာ ကွက်သွားပြီး ခရုသင်းလိုလို ဖြစ်ကုန်တယ်.. အချိန်တန်ရင် ငမဲက ငမဲပဲ။ တစ်ခါတစ်ခါ စိတ်ကူးမိတယ်… မိုက်ကယ်ဂျက်ဆင်လို အရေပြားလှန်လိုက်ရင် ကောင်းမလားလို့ပေါ့…။

နောက်တော့လည်း စိတ်က တစ်မျိုး ပြောင်းသွားတယ်။ ဒီလောက်မဲတဲ့အသား မဲစမ်း မဲစမ်း ဆိုပြီး… တစ်နေကုန် နေပူထဲ ထိုင်နေပေးလိုက်တယ်… ရေမချိုးပဲ တစ်လလောက် နေပေးလိုက်တယ်…

မုန့်ကုလားမဲချည်း လှိမ့်စားပေးလိုက်တယ်… Black Coffee တစ်နေ့ ၅.ခွက်သောက်… ဆံပင်က အနက် All Black … ကောက်ညှင်းငချိတ်ကို Daily ဆွဲပေးတယ်… အမှောင်ထဲမှာနေ လမိုက်ညမှ အပြင်ထွက်… ဘော်ဒါတွေဆို အသားမဲမှ ရွေးပေါင်းတယ်…။

မယုံမရှိနဲ့ အဲ့ချိန်ကစ SKB ဖြစ်တာ… မဲရင်လည်း အဲ့လို ပြောင်လက်နက်နေအောင် မဲလိုက် ဟိုမရောက် ဒီမရောက် မဲတာ သွားမလုပ်နဲ့။ ခုရတဲ့ ကောင်မလေးက ဖြူဥနေတာပဲ သိလား.. ရှုပ်လို့ ခွါချတာတောင် အနားကထွက်မသွာဘူး.. မျက်စိနောက်လို့ အော်ထုတ်ရင်တောင် ပေကပ်ကပ် နင်ငါ့ကို ဘာလို့ အဲ့လောက် ချစ်လဲ? မေးတော့…

“မဲလို့ ချစ်တာ” တဲ့… “ကြိုက်တယ် အဲ့လိုပဲ ဖြစ်နေရမယ်” ငါကှ SKB ငမဲ…။ ။ 😂😂😂
credit

Be the first to comment

Leave a Reply

Your email address will not be published.


*