ဝက္ၿခံနဲ႔အဆီႀကိတ္ကင္းစင္တဲ့ မ်က္ႏွာေလးကို ပိုင္ဆိုင္လိုသူတိုင္း လိုက္နာရမယ့္ အခ်က္ (၇) ခ်က္

ဝက်ခြံနဲ့အဆီကြိတ်ကင်းစင်တဲ့ မျက်နှာလေးကို ပိုင်ဆိုင်လိုသူတိုင်း လိုက်နာရမယ့် အချက် (၇) ချက်

မျက်နှာအသားအရေဟာ ပင်ကိုယ်ကောင်းနေမှ မိတ်ကပ်လိမ်းရင်လည်း လှမှာပါ။ ဒီလိုမှမဟုတ်ပဲ မျက်နှာအသားအရေဟာ အဆီကြိတ်တွေ၊ ဝက်ခြံတွေရှိနေရင် ဘယ်လောက်ပြင်ပြင် အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး။ ခုဖော်ပြပေးမှာကတော့ ဝက်ခြံနဲ့ အဆီကြိတ် ကင်းစင်တဲ့ မျက်နှာလေးကို ပိုင်ဆိုင်နိုင်စေမယ့် အသားအရေ ထိန်းသိမ်းနည်း ပုံစံတွေပဲ ဖြစ်ပါတယ်။

(၁) မျက်နှာပေါ်က အဖုတွေ၊ ဝက်ခြံတွေနဲ့ အဆီကြိတ်တွေကို ထိုးတာ၊ ဆိတ်တာ၊ ညှစ်တာမျိုး လုံးဝမလုပ်ပါနဲ့။ လက်ယောင်လိုက်တာတွေ၊ ပိုးဝင်တာတွေဖြစ်ရင် ပိုပြီးဆိုးလာမှာပါ။

(၂) အိပ်ရာမဝင်ခင်တိုင်း သေသေချာချာ မျက်နှာကို ဆေးကြော သန့်စင်ပါ။ မိတ်ကပ် လိမ်းထားရင်လည်း ပြောင်စင်အောင် ဖျက်ပြီး မျက်နှာသစ်ပေးပါ။

(၃) မိတ်ကပ် မလိမ်းပါနဲ့။ မိတ်ကပ်ဟာ မျက်နှာပေါ်ကချွေးပေါက်တွေကို ပိတ်စေနိုင်တဲ့အတွက် မျက်နှာပေါ်က ဝက်ခြံတွေကို ပိုပြီး ဆိုးရွားလာစေပါတယ်။

(၄) ရေများများ သောက်ပါ။ ရေဟာ ခန္ဓာကိုယ်ထဲက အညစ်အကြေးနဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့အတွက် ခန္ဓာကိုယ် အတွင်းပိုင်းကို သန့်စင်ပေးပါတယ်။ ရေဓာတ် မပြည့်ရင် အသားခြောက်တာ၊ ဝက်ခြံထွက်တာတွေ ဖြစ်နိုင်ပါတယ်။

(၅) ဆံပင်ကို အမြဲတမ်း စည်းထားပေးပါ။ အကြောင်းကတော့ ဆံပင်မှာ လိမ်းထားတဲ့ အဆီတွေ၊ Gel တွေနဲ့၊ သုံးစွဲနေတဲ့ ခေါင်းလျှော်ရည်ထဲက ပါဝင်ပစ္စည်းတွေနဲ့ ဓာတ်မတည့်တဲ့ အခါမှာလည်း ဝက်ခြံတွေ ထွက်နိုင်ပါတယ်။ ဒါကြောင်ဆံပင်ကို အမြဲလိုလို စည်းထားတာ အကောင်းဆုံးပါပဲ။

(၆) အချိုတွေ၊ သကြားတွေကို လျှော့စားပါ။

သကြားဓာတ်က အင်ဆူလင်ကို များလာစေတဲ့အတွက် ဝက်ခြံတွေ၊ အဆီကြိတ်တွေ ဖြစ်စေနိုင်ပါတယ်။ နို့နဲ့ နို့ထွက်ပစ္စည်းတွေကလည်း ဝက်ခြံ ထွက်စေနိုင်တဲ့အတွက် ရှောင်တာ အကောင်းဆုံးပါပဲ။

(၇) ခေါင်းအုံးစွပ်တွေကိုလည်း အထူးဂရုစိုက်ဖို့ လိုပါတယ်။ ခေါင်းအုံးစွပ်တွေ ညစ်ပတ်နေတဲ့ အခါတွေ၊ စိုထိုင်းထိုင်း ဖြစ်နေရင် မျက်နှာမှာဝက်ခြံတွေ၊ အဆီဖုတွေ ဖြစ်လာနိုင်ပါတယ်။

Credit : Aunty may

ဝက္ၿခံနဲ႔အဆီႀကိတ္ကင္းစင္တဲ့ မ်က္ႏွာေလးကို ပိုင္ဆိုင္လိုသူတိုင္း လိုက္နာရမယ့္ အခ်က္ (၇) ခ်က္

မ်က္ႏွာအသားအေရဟာ ပင္ကိုယ္ေကာင္းေနမွ မိတ္ကပ္လိမ္းရင္လည္း လွမွာပါ။ ဒီလိုမွမဟုတ္ပဲ မ်က္ႏွာအသားအေရဟာ အဆီႀကိတ္ေတြ၊ ဝက္ၿခံေတြရွိေနရင္ ဘယ္ေလာက္ျပင္ျပင္ အဆင္ေျပႏိုင္မွာ မဟုတ္ပါဘူး။ ခုေဖာ္ျပေပးမွာကေတာ့ ဝက္ၿခံနဲ႔ အဆီႀကိတ္ ကင္းစင္တဲ့ မ်က္ႏွာေလးကို ပိုင္ဆိုင္ႏိုင္ေစမယ့္ အသားအေရ ထိန္းသိမ္းနည္း ပုံစံေတြပဲ ျဖစ္ပါတယ္။

(၁) မ်က္ႏွာေပၚက အဖုေတြ၊ ဝက္ၿခံေတြနဲ႔ အဆီႀကိတ္ေတြကို ထိုးတာ၊ ဆိတ္တာ၊ ညႇစ္တာမ်ိဳး လုံးဝမလုပ္ပါနဲ႔။ လက္ေယာင္လိုက္တာေတြ၊ ပိုးဝင္တာေတြျဖစ္ရင္ ပိုၿပီးဆိုးလာမွာပါ။

(၂) အိပ္ရာမဝင္ခင္တိုင္း ေသေသခ်ာခ်ာ မ်က္ႏွာကို ေဆးေၾကာ သန႔္စင္ပါ။ မိတ္ကပ္ လိမ္းထားရင္လည္း ေျပာင္စင္ေအာင္ ဖ်က္ၿပီး မ်က္ႏွာသစ္ေပးပါ။

(၃) မိတ္ကပ္ မလိမ္းပါနဲ႔။ မိတ္ကပ္ဟာ မ်က္ႏွာေပၚကေခြၽးေပါက္ေတြကို ပိတ္ေစႏိုင္တဲ့အတြက္ မ်က္ႏွာေပၚက ဝက္ၿခံေတြကို ပိုၿပီး ဆိုး႐ြားလာေစပါတယ္။

(၄) ေရမ်ားမ်ား ေသာက္ပါ။ ေရဟာ ခႏၶာကိုယ္ထဲက အညစ္အေၾကးနဲ႔ အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးႏိုင္တဲ့အတြက္ ခႏၶာကိုယ္ အတြင္းပိုင္းကို သန႔္စင္ေပးပါတယ္။ ေရဓာတ္ မျပည့္ရင္ အသားေျခာက္တာ၊ ဝက္ၿခံထြက္တာေတြ ျဖစ္ႏိုင္ပါတယ္။

(၅) ဆံပင္ကို အၿမဲတမ္း စည္းထားေပးပါ။ အေၾကာင္းကေတာ့ ဆံပင္မွာ လိမ္းထားတဲ့ အဆီေတြ၊ Gel ေတြနဲ႔၊ သုံးစြဲေနတဲ့ ေခါင္းေလွ်ာ္ရည္ထဲက ပါဝင္ပစၥည္းေတြနဲ႔ ဓာတ္မတည့္တဲ့ အခါမွာလည္း ဝက္ၿခံေတြ ထြက္ႏိုင္ပါတယ္။ ဒါေၾကာင္ဆံပင္ကို အၿမဲလိုလို စည္းထားတာ အေကာင္းဆုံးပါပဲ။

(၆) အခ်ိဳေတြ၊ သၾကားေတြကို ေလွ်ာ့စားပါ။

သၾကားဓာတ္က အင္ဆူလင္ကို မ်ားလာေစတဲ့အတြက္ ဝက္ၿခံေတြ၊ အဆီႀကိတ္ေတြ ျဖစ္ေစႏိုင္ပါတယ္။ ႏို႔နဲ႔ ႏို႔ထြက္ပစၥည္းေတြကလည္း ဝက္ၿခံ ထြက္ေစႏိုင္တဲ့အတြက္ ေရွာင္တာ အေကာင္းဆုံးပါပဲ။

(၇) ေခါင္းအုံးစြပ္ေတြကိုလည္း အထူးဂ႐ုစိုက္ဖို႔ လိုပါတယ္။ ေခါင္းအုံးစြပ္ေတြ ညစ္ပတ္ေနတဲ့ အခါေတြ၊ စိုထိုင္းထိုင္း ျဖစ္ေနရင္ မ်က္ႏွာမွာဝက္ၿခံေတြ၊ အဆီဖုေတြ ျဖစ္လာႏိုင္ပါတယ္။

Credit : Aunty may

Be the first to comment

Leave a Reply

Your email address will not be published.


*