ေလျဖတ္ေတာ့မယ္ဆုုိတာ ၾကဳုိတင္သိႏုုိင္တဲ့အခ်က္မ်ား ႏွင့္ ကာကြယ္နည္းမ်ား

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကြီးဖြစ်သော WHOရဲ့ ကြေငြာချက်အရ သေစေတတ်သော ရောဂါများအနက် လေဖြတ်ခြင်းဟာ တတိယမြောက်ဖြစ်ပါတယ်။ လေဖြတ်ခြင်းကို အချိန်မီ သိရှိပါက နောက်ဆက်တွဲ ဆိုးကျိူးတွေ မဖြစ်အောင် ကာကွယ်နိုင်ပေမယ့်လဲ လူတော်တော်များများက အချိန်မီ မသိရှိနိုင်တာမို့ စောစီးစွာ ဆေးကုသမှုခံယူချိန် မရလိုက်ပါဘူး။

လေဖြတ်ခြင်းကို ဘယ်လိုသိနိုင်မှာလဲ?

လေဖြတ်ခြင်းကို (၁) ဦးနှောက်သွေးကြော ပေါက်ခြင်း (၂) ဦးနှောက်သွေးကြော ပိတ်ခြင်းဆိုပြီး ဆေးပညာအရ ၂မျိူခွဲထားပါတယ်။

စစ်တမ်းများအရ လေဖြတ်ခြင်းရဲ့ ၈၀ရာနှုန်းက ဦးနှောက်သွေးကြော ပိတ်ဆို့ခြင်းကြောင့် ဖြစ်ပါတယ်။ သွေးကြောပိတ်ဆို့ခြင်းကြောင့် လေဖြတ်ခြင်းဟာ အဖြစ်များသလောက် အစပိုင်းတွင် ရောဂါ လက္ခဏာ မပြသတာကြောင့် သိရှိဖို့လဲ ခဲယဉ်းပါတယ်။

ဦနှောက်သွေးကြောပိတ်ခြင်းကြောင့်ဖြစ်သော လေဖြတ်ရခြင်းရဲ့ အကြောင်းရင်းမှာ ဦးနှောက်ဆီသို့ သွေးစီးဆင်းသော သွေးကြောတစ်နေရာတွင် သွေးခဲဖြင့် ပိတ်ဆို့ခြင်းကြောင့် ဖြစ်ပါတယ်။ ထိုအခါ ပိတ်ဆို့သွားသော သွေးကြောနေရာရှိ ဦးနှောက်တစ်ရှူးမှာ တဖြည်းဖြည်း ဖောင်းလာပြီး ဦးခေါင်းခွံအတွင်းတွင် ပိုမိုနေရာယူလာရာမှ ဦးနှောက်အတွင်းသား ဖိအား မြင့်တက်လာပါတယ်။

ထိုအခါ အလွန်ခေါင်းကိုက်ခြင်း ဖြစ်ပေါ်လာပါတယ်။ ထို့နောက်မှာတော့ ဦးနောက်တစ်ခုလုံးမှာ ဖိအားကို ခံစားလာရပါတယ်။ လေဖြတ်စဉ်မှာ ထိုလူရဲ့ ခြေ လက်များ လှူပ်မရနိုင်သလို သူ့ရဲ့စကားပြောအာရုံနဲ့ အကြားအာရုံတွေပါ အလုပ်မလုပ်နိုင်တော့ပါဘူး။ တစ်ချိူ့သော လေဖြတ်ခြင်းတွေမှာဆို လူနာအနေနဲ့ ထင်ယောင်ထငိမှားတွေပါ ဖြစ်လာတတ်ပါတယ်။

အချိူ့သော လေဖြတ်ခြင်းအနုစားတွေမှာ လွန်ခဲ့သော ၁၀နှစ်ခန့် သို့မဟုတ် မနေ့က အဖြစ်အပျက်များကိုပါ မေ့သွားတတ်ပါတယ်။ ပိုဆိုးလာပါက လူတစ်ကိုယ်လုံး လှုပ်ရှားလို့ မရတော့ပါ၊

ဦးနှောက်သွေးကြောပိတ် လေဖြတ်ခြင်းရဲ့ လက္ခဏာများ

မျက်နှာ သို့ ခြေ လက်များ ရုတ်တရက် ထုံခြင်း၊ အားနည်းခြင်း (များသောအားဖြင့် ကိုယ်တခြမ်းတည်း) စကားမပြောနိုင်တော့ခြင်း သို့ ပြောသည်ကို နားမလည်ခြင်း အမြင်အာရုံအားနည်း ခြင်းမူးဝေခြင်း၊ လမ်းမလျှောက်နိုင်ခြင်း၊ အာရုံစိုက်မရခြင်း ရုတ်တရက် အလွန်အမင်း ခေါင်းကိုက်ခြင်း

အောက်ပါလကဏများရှိပါကလဲ ဆရာဝန်ထံ အမြန်သွားပြဖို့လိုပါတယ်။

မူးဝေရာမှ အော့အန်ခြင် းဦးခေါင်းအနောက်ကြွက်သားနာကျင်ခြင်း အန်ခြင်း မျက်လုံးများညိုမည်းခြင်း တစ်နေရာတည်းကို အချိန်ကြာမြင့်စွာ ကြည့်နေခြင်း(ရည်ရွယ်ချက်မရှိပဲ)

သင့်အနီးက လူတစ်ယောက် လေဖြတ်နေပြီဟု သံသယရှိပါက သင်ဘာလုပ်သင့်သနည်း

သူ့ကို ပြုံးခိုင်းပါ။ မျက်နှာ တစ်ခြမ်းရွဲ့မရွဲ့ကို အကဲခတ်ပါ။ လက်နှစ်ဖက်လုံးကို အပေါ်မြှောက်ခိုင်းပါ။ လက်တစ်ဖက်နဲ့တစ်ဖက် ညီမညီကြည့်ပါ။ စာတစ်ကြောင်း ကို ထပ်ခါထပ်ခါရွတ်ခိုင်းပါ။ စာလုံးများ ပီသမှန်ကန်မှု ရှိမရှိ စစ်ဆေးပါ။ လေဖြတ်သည်ဟု သံသယရှိပါက ချက်ချင်းဆေးရုံပို့ရပါမည်။ လေဖြတ်ခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိူးများကို ကာကွယ်ဖို့အတွက် ပထမ ၁နာရီအတွင်း ပို့နိုင်ပါက အကောင်းဆုံးဖြစ်သည်။

Writer – Dr Jue ( XYZ NEWS )

ကမာၻ႔က်န္းမာေရးအဖြဲ႕အစည္းႀကီးျဖစ္ေသာ WHOရဲ႕ ေၾကျငာခ်က္အရ ေသေစတတ္ေသာ ေရာဂါမ်ားအနက္ ေလျဖတ္ျခင္းဟာ တတိယေျမာက္ျဖစ္ပါတယ္။ ေလျဖတ္ျခင္းကို အခ်ိန္မီ သိရွိပါက ေနာက္ဆက္တြဲ ဆိုးက်ိဴးေတြ မျဖစ္ေအာင္ ကာကြယ္ႏိုင္ေပမယ့္လဲ လူေတာ္ေတာ္မ်ားမ်ားက အခ်ိန္မီ မသိရွိႏိုင္တာမို႔ ေစာစီးစြာ ေဆးကုသမႈခံယူခ်ိန္ မရလိုက္ပါဘူး။

ေလျဖတ္ျခင္းကို ဘယ္လိုသိႏိုင္မွာလဲ?

ေလျဖတ္ျခင္းကို (၁) ဦးေႏွာက္ေသြးေၾကာ ေပါက္ျခင္း (၂) ဦးေႏွာက္ေသြးေၾကာ ပိတ္ျခင္းဆိုၿပီး ေဆးပညာအရ ၂မ်ိဴခြဲထားပါတယ္။

စစ္တမ္းမ်ားအရ ေလျဖတ္ျခင္းရဲ႕ ၈၀ရာႏႈန္းက ဦးေႏွာက္ေသြးေၾကာ ပိတ္ဆို႔ျခင္းေၾကာင့္ ျဖစ္ပါတယ္။ ေသြးေၾကာပိတ္ဆို႔ျခင္းေၾကာင့္ ေလျဖတ္ျခင္းဟာ အျဖစ္မ်ားသေလာက္ အစပိုင္းတြင္ ေရာဂါ လကၡဏာ မျပသတာေၾကာင့္ သိရွိဖို႔လဲ ခဲယဥ္းပါတယ္။

ဦေႏွာက္ေသြးေၾကာပိတ္ျခင္းေၾကာင့္ျဖစ္ေသာ ေလျဖတ္ရျခင္းရဲ႕ အေၾကာင္းရင္းမွာ ဦးေႏွာက္ဆီသို႔ ေသြးစီးဆင္းေသာ ေသြးေၾကာတစ္ေနရာတြင္ ေသြးခဲျဖင့္ ပိတ္ဆို႔ျခင္းေၾကာင့္ ျဖစ္ပါတယ္။ ထိုအခါ ပိတ္ဆို႔သြားေသာ ေသြးေၾကာေနရာရွိ ဦးေႏွာက္တစ္ရႉးမွာ တျဖည္းျဖည္း ေဖာင္းလာၿပီး ဦးေခါင္းခြံအတြင္းတြင္ ပိုမိုေနရာယူလာရာမွ ဦးေႏွာက္အတြင္းသား ဖိအား ျမင့္တက္လာပါတယ္။

ထိုအခါ အလြန္ေခါင္းကိုက္ျခင္း ျဖစ္ေပၚလာပါတယ္။ ထို႔ေနာက္မွာေတာ့ ဦးေနာက္တစ္ခုလုံးမွာ ဖိအားကို ခံစားလာရပါတယ္။ ေလျဖတ္စဥ္မွာ ထိုလူရဲ႕ ေျခ လက္မ်ား လႉပ္မရႏိုင္သလို သူ႔ရဲ႕စကားေျပာအာ႐ုံနဲ႔ အၾကားအာ႐ုံေတြပါ အလုပ္မလုပ္ႏိုင္ေတာ့ပါဘူး။ တစ္ခ်ိဴ႕ေသာ ေလျဖတ္ျခင္းေတြမွာဆို လူနာအေနနဲ႔ ထင္ေယာင္ထငိမွားေတြပါ ျဖစ္လာတတ္ပါတယ္။

အခ်ိဴ႕ေသာ ေလျဖတ္ျခင္းအႏုစားေတြမွာ လြန္ခဲ့ေသာ ၁၀ႏွစ္ခန႔္ သို႔မဟုတ္ မေန႔က အျဖစ္အပ်က္မ်ားကိုပါ ေမ့သြားတတ္ပါတယ္။ ပိုဆိုးလာပါက လူတစ္ကိုယ္လုံး လႈပ္ရွားလို႔ မရေတာ့ပါ၊

ဦးေႏွာက္ေသြးေၾကာပိတ္ ေလျဖတ္ျခင္းရဲ႕ လကၡဏာမ်ား

မ်က္ႏွာ သို႔ ေျခ လက္မ်ား ႐ုတ္တရက္ ထုံျခင္း၊ အားနည္းျခင္း (မ်ားေသာအားျဖင့္ ကိုယ္တျခမ္းတည္း) စကားမေျပာႏိုင္ေတာ့ျခင္း သို႔ ေျပာသည္ကို နားမလည္ျခင္း အျမင္အာ႐ုံအားနည္း ျခင္းမူးေဝျခင္း၊ လမ္းမေလွ်ာက္ႏိုင္ျခင္း၊ အာ႐ုံစိုက္မရျခင္း ႐ုတ္တရက္ အလြန္အမင္း ေခါင္းကိုက္ျခင္း

ေအာက္ပါလကဏမ်ားရွိပါကလဲ ဆရာဝန္ထံ အျမန္သြားျပဖို႔လိုပါတယ္။

မူးေဝရာမွ ေအာ့အန္ျခင္ းဦးေခါင္းအေနာက္ႂကြက္သားနာက်င္ျခင္း အန္ျခင္း မ်က္လုံးမ်ားညိဳမည္းျခင္း တစ္ေနရာတည္းကို အခ်ိန္ၾကာျမင့္စြာ ၾကည့္ေနျခင္း(ရည္႐ြယ္ခ်က္မရွိပဲ)

သင့္အနီးက လူတစ္ေယာက္ ေလျဖတ္ေနၿပီဟု သံသယရွိပါက သင္ဘာလုပ္သင့္သနည္း

သူ႔ကို ၿပဳံးခိုင္းပါ။ မ်က္ႏွာ တစ္ျခမ္း႐ြဲ႕မ႐ြဲ႕ကို အကဲခတ္ပါ။ လက္ႏွစ္ဖက္လုံးကို အေပၚေျမႇာက္ခိုင္းပါ။ လက္တစ္ဖက္နဲ႔တစ္ဖက္ ညီမညီၾကည့္ပါ။ စာတစ္ေၾကာင္း ကို ထပ္ခါထပ္ခါ႐ြတ္ခိုင္းပါ။ စာလုံးမ်ား ပီသမွန္ကန္မႈ ရွိမရွိ စစ္ေဆးပါ။ ေလျဖတ္သည္ဟု သံသယရွိပါက ခ်က္ခ်င္းေဆး႐ုံပို႔ရပါမည္။ ေလျဖတ္ျခင္းရဲ႕ ေနာက္ဆက္တြဲ ဆိုးက်ိဴးမ်ားကို ကာကြယ္ဖို႔အတြက္ ပထမ ၁နာရီအတြင္း ပို႔ႏိုင္ပါက အေကာင္းဆုံးျဖစ္သည္။

Writer – Dr Jue ( XYZ NEWS )

Be the first to comment

Leave a Reply

Your email address will not be published.


*