
ပူအိုက်တဲ့ ရာသီမှာ အဲကွန်းလို အေးစေမယ့် အဲကွန်း ပန်ကာ လုပ်နည်း

အိမ်မှာရှိတဲ့ ပစ္စည်းတွေနဲ့ပဲ ပြုလုပ်လို့ရမယ့် အဲကွန်း ပန်ကာ လုပ်နည်း (ဗဟုသုတအနေဖြင့် သိထားရန်) ရာသီဥတု ပူနွေးလာတဲ့အခါ အဲကွန်းလေး တစ်ခုလောက် တောင့်တမိတာတော့ အမှန်ပါ

ဒါပေမယ့် အခြေအနေအရပ်ရပ်ကြောင့် အဲကွန်းမတပ်နိုင်တဲ့အခါ အခုလို အဲကွန်းပန်ကာလေးတစ်ခု ပြုလုပ်ပြီး ပူအိုက်တဲ့ ပြဿနာကို ဖြေရှင်းနိုင်ပါတယ်

ဒီလို ပန်ကာလေး လုပ်ဖို့အတွက် ဘာတွေလိုအပ်မလဲ ။ ပလတ်စတစ်ဘူး နှစ်ဘူး ၊ ရေခဲတုံး အနည်းငယ်နဲ့ ပန်ကာတစ်ခုပဲ လိုအပ်ပါတယ်.. ရေဘူးတွေကို အပေါ်ပိုင်း ဖြတ်ထုတ်ပြီးတော့ အလယ်ပိုင်းမှာ အပေါက်သေးသေးလေးတွေ အများကြီး ဖောက်ထားပါ

ထို့နောက် ဒီရေဘူးတွေကို ပန်ကာ အနောက်ဘက်မှာ ကြေးနန်းကြိုးတစ်ခုနဲ့ ချည်ထားလိုက်ပါ ။ ရေဘူးအောက်ခြေဘက်မှာ ရေခဲတုံးတွေကို ထည့်ပြီး ပန်ကာ ဖွင့်လိုက်ရင်တော့ အဲကွန်းက ထွက်လာတဲ့ လေမျိုး အေးမြနေတဲ့ လေအေးကို ခံစားရပါလိမ့်မယ်

ထို့အပြင် ညအိပ်တဲ့ အခါမှာလည်း အခန်း ထဲမှာ ဒီအဲကွန်းပန်ကာ ကို ဖွင့်ထားလိုက်မယ်ဆိုရင် အခန်းထဲမှာရှိတဲ့လေက အေးမြနေတဲ့အတွက် အပူဒဏ် မခံရတော့ပဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နိုင်ပါလိမ့်မယ်

နောက်နည်းလမ်းတစ်ခုကတော့ ရေခဲခေါင်းအုံးပါ ။ ရေခဲခေါင်းအုံး ဆိုတာကတော့ အတွင်းမှာ ဂျယ်လီတွေထည့်ထားတဲ့ ခေါင်းအုံးတစ်လုံး ဖြစ်ပါတယ်

ခေါင်းအုံးကို မနက်ခင်း ရေခဲသေတ္တာထဲ ထည့်ထားခဲ့ပြီး ညအိပ်တဲ့အခါ ရေခဲသေတ္တာထဲက ထုတ်ကာ ခေါင်းအုံအိပ်မယ်ဆိုရင် ကလေးတစ်ယောက်လို နှစ်ခြိုက်စွာ အိပ်ပျော်ပါလိမ့်မယ်။ (ဒီ Post လေးက အသုံးဝင်တယ် ဆိုရင် Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ခင်ဗျာ )

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။










Be the first to comment

Leave a Reply

Your email address will not be published.


*