ဖုတ်ဝင်လို့သေတယ်ဆိုပြီး အမေအိုတစ်ဦးရဲ့ အလောင်းကိုရင်ခွဲရုံမှာ စစ်ဆေးကြည့်လိုက်သောအခါ

ဖုတ်ဝင်လို့သေတယ်ဆိုပြီး အမေအိုတစ်ဦးရဲ့ အလောင်းကိုရင်ခွဲရုံမှာ စစ်ဆေးကြည့်လိုက်သောအခါ

အရမ်းကောင်းလို့ဖတ်စေချင်တယ်… မသိဘဲ ကျူးလွန်မိလိုက်သော ပဉ္စာနန္တရိယကံ…

တကယ်ဖုတ်မဟုတ်ဘဲ မိဘအရင်းကို ဖုတ်ထုတ်တယ်ဆိုပြီး ကိုယ်တိုင်ပဲ လုပ်သည်ဖြစ်စေ သူတစ်ပါးကိုလုပ်ခွင့် ပေးသည်ဖြစ်စေ၊ အဲဒီသားသမီး ကိုယ်တိုင် မသိလိုက်သော ပဉ္စာနန္တရိယကံကြီး ထိုက်ပါတယ်။ ဖုတ်ဝင်တယ်ဆိုပြီး အသတ်ခံလိုက်ရတဲ့ အဖွားတစ်ဦး ကိုယ်တွေ့လေ့လာဖူးပါတယ်။ (ဒေသနှင့်အမည်များ မပြောပါ။)

ဒီအနေအထားက သားသမီးတွေ ငြိုငြင်ရုံတင်မက မြန်မြန်ပင် သေစေချင်နေပါပြီ။ ကိုယ့်အညစ်အကြေးကိုတောင် ကိုယ်တိုင် မစွန့်နိုင်တော့ဘူး။ ပြုစုတဲ့သူတွေက ရွံတတ်တော့ ပိုဒုက္ခရောက်တာပေါ့။ ဒါပေမယ့် တစ်ချို့အဖိုးအဖွားတွေက အသက်သာကြီးတာ ဝမ်းမီးက ကောင်းတုန်း။ အိပ်ရာထဲ လဲနေပေမယ့် အစားကို ကောင်းကောင်း စားနိုင်ပါတယ်။

အဲဒီလို အစားဝင်နေတာကိုဘဲ မသိနားမလည် ဆရာဝင်လုပ်တဲ့ ပါတ်ဝန်းကျင်က ဖုတ်ဝင်နေပြီတဲ့။ အသက်ကကြီး ရောဂါက နာတာရှည် ပြုစုရတာ ကြာလာတော့ သားသမီးတွေ စေတနာပျက်လာ ပြီလေ။ လူကြီး လူမမာဆိုပြီး ကျွေးတာကနည်းနည်း ဆိုတော့ ညသန်းကောင်အချိန် ရောက်တော့ ဆာလာပြန်ရော။ ကျွေးတုန်းက မဝသေးဘူး ဆိုပြန်တော့ အစားများရင် ချေး(ချီး)ထွက်မယ်ဆိုပြီး ပန်းကန် သိမ်းသွားတယ်လေ။

သူတို့ကြွေးတာ စားနေရတဲ့ ဘဝဆိုတော့ ထပ်ပြီးမပြောရဲ တော့ ငြိမ်နေလိုက်ရတယ်။ ကိုယ်ကိုယ်တိုင် အဖိုးအဖွားနေရာ ရောက်ရင် အဲဒီဒုက္ခ တွေ့ရပါလိမ့်မယ်။ သားသမီးတွေ အိပ်ကုန်ပြီအထင်နဲ့ ဗိုက်ကလည်းတအား ဆာလာတာကြောင့် သားသမီးတွေကိုလည်း မနှိုးရဲတော့ ဖင်တွန်းဖင်တွန်းနဲ့ မီးဖိုချောင်ဆီကို တရွေ့ရွေ့..

အဲဒီအချက်ကဘဲ ဖုတ်ဝင်နေပြီလို့ စွပ်စွဲစရာ ဖြစ်သွားတယ်။ ဇရာဒဏ်/ ရောဂါဒဏ် ဖိစီးနေတော့ ကြောင်အိမ်ကိုအားပြု ပြီး တဖြည်းဖြည်း ထလိုက်တယ်။ ဖေးမမယ့်သူ မရှိဘူးဆိုတဲ့ အသိကြောင့်သာ အားတင်းပြီး ရပ်နိုင်တာ။ ဖေးမမယ့်သူ တစ်ယောက်လောက် တွေ့ရရင် ချက်ချင်းလဲကျသွားမှာ အမှန်ပါ။

အဲဒီအချိန် မသင်္ကာစိတ်ဝင်နေတဲ့ သားသမီးတစ်ယောက်က မီးဖိုချောင်မှာ အသံကြားတာနဲ့ ထလာပြီး လာကြည့်တဲ့အချိန်။ ကြောင်အိမ်ထဲတွေ့တဲ့ ငါးဟင်းကို ယူစားနေတဲ့ အမေအိုကို တွေ့လိုက်တော့ .. အိပ်ရာပေါ်က မထနိုင်တဲ့ လူမမာ ဘယ်သူမှ မသိအောင် သန်းကောင်အချိန်မှာ သူ့ဟာသူ ထစားနေတာဟာ ဧကန္တ ဖုတ်ဆိုတာ များလား?

အဲဒီအချိန်မှာ. အမေ ဘာလုပ်နေတာလဲလို့ မေးရော ..သားသမီးကို ရုတ်တရက် တွေ့လိုက်ရတဲ့ အမေအိုဟာ ငါ့ကို ဖေးမပေးမယ့် သားရောက်လာပြီ ဆိုပြီး အားကိုးတဲ့ အနေနဲ့ တင်းထားတဲ့ စိတ်ကို လျှော့ချ လိုက်တာနဲ့ ခွေကနဲ လဲကျသွား တော့တယ်။

အဲဒီအချက်က ဖုတ်ဝင်တာ သေချာပြီလို့ အဆုံးအဖြတ်ပေး လိုက်သလိုပဲ။ အဲဒီနေ့ကစပြီး ဆရာပင့်ပြီး ဖုတ်ထုတ်တော့တာပဲ။ ဆရာက အမျိုးမျိုး ဆေးစွမ်းရော လက်စွမ်းရော ပြပေမယ့် ဖုတ်မှမဟုတ်တာ ဘယ်လိုလုပ် ဖုတ်ထွက်မလဲ။ နောက်ဆုံးမှာ ဆရာက သူ့သိက္ခာကျမှာစိုလို့ လူနာရှင်ကို ခံဝန် လုပ်ခိုင်းပါတော့တယ်။

ဒီဖုတ်က စက်အာဏာ အတော်ကြီးပြီဖြစ်လို့ တော်ရုံနဲ့ လုပ်လို့ရမှာမဟုတ်ဘူး။ နောက်ဆုံးအဆင့် စက်ဖြတ်ဆေး တိုက်မှရတော့မယ် .. အဲဒါလူနာရှင် အာမခံပေးပါပေါ့။ သားသမီးတွေက အသိဉာဏ်ဗဟု သုတကလည်း မရှိ လူနာအမေအိုကို စိတ်ပျက်တဲ့ အခံနဲ့ ဆရာကို တဖက်သတ် ယုံကြည်ပြီး ခံဝန် လုပ်ပေးလိုက်တယ်။

သူတို့သဘောတူပြီး ကုတာပါပေါ့။ ဆရာရဲ့နောက်ဆုံး စက်ဖြတ်ဆေးလည်း တိုက်ပြီးရော လူနာအမေအိုခမျာ လူးလိမ့်နေအောင် ခံစားလိုက်ရတယ်။ ဒါကိုဘဲ လုနာမှာဝင်ပူးကပ်နေတဲ့ ဖုတ်က ဆရာရဲ့စက်ဖြတ် ဆေးတော်ကြီးရဲ့ အစွမ်းကို ဘယ်ဖုတ် အမျိုးအစားမှ မခံနိုင်ပါဘူးဆိုပြီး ဂုဏ်ယူဝင့်ကြွားနေတယ်။

တစတစနဲ့ လူနာအမေအိုရုန်းကန်လူးလွန့် နေရာက တဖြည်းဖြည်းနဲ့ ငြိမ်ကျသွားပါတော့တယ်။ ရက်ရှည်လများ လူနာမှာ စွဲကပ်ပြီး ညာစားနေတဲ့ ဧရာမနောက်ဆုံးအဆင့် ဖုတ်ထွက်သွားပါပြီ။

အဲဒီမှာ ကျေးရွာမှာ တာဝန်ကျနေတဲ့ ကျောင်းဆရာလေးက ဒီဖြစ်စဉ်ကို မကျေနပ်တာနဲ့ မြို့ကသူ့သူငယ်ချင်း ဆရာဝန်ကို အကြောင်းကြားတော့ ဆရာဝန်က အလောင်းကို ရင်ခွဲရုံမှာ စစ်ဆေးလိုက်တော့မှ အဖြေပေါ်တော့တယ်။ လားလား အောက်လမ်းဆရာရဲ့ စက်ဖြတ်ဆေးက အစွမ်းထက်မှာပေါ့ ကြွက်သတ်ဆေးတွေ ဖြစ်နေတာကိုး တိုတိုပြောရင် အောက်လမ်းဆရာကလည်း လူသတ်မှုနဲ့ ထောင်ကျ သွားတယ်။

တိုတိုပြောလို့ မရတာက ပဉ္စာနန္တရိယကံကို ကျူးလွန် လိုက်တဲ့ သားသမီးတွေ သိလို့ပဲဖြစ်ဖြစ် မသိလို့ဘဲဖြစ်ဖြစ် ဒီကံအတွက် ပေးဆပ်ရမယ့် အပြစ်ကြွေးက မသေးဘူးဆိုတာ သားသမီးတိုင်း သိနိုင်ကြပါစေ..

#CreditOriginalUploader
#creditphoto

Zawgyi

ဖုတ္ဝင္လို႔ေသတယ္ဆိုၿပီး အေမအိုတစ္ဦးရဲ႕ အေလာင္းကိုရင္ခြဲ႐ုံမွာ စစ္ေဆးၾကည့္လိုက္ေသာအခါ

အရမ္းေကာင္းလို႔ဖတ္ေစခ်င္တယ္… မသိဘဲ က်ဴးလြန္မိလိုက္ေသာ ပၪၥာနႏၲရိယကံ…

တကယ္ဖုတ္မဟုတ္ဘဲ မိဘအရင္းကို ဖုတ္ထုတ္တယ္ဆိုၿပီး ကိုယ္တိုင္ပဲ လုပ္သည္ျဖစ္ေစ သူတစ္ပါးကိုလုပ္ခြင့္ ေပးသည္ျဖစ္ေစ၊ အဲဒီသားသမီး ကိုယ္တိုင္ မသိလိုက္ေသာ ပၪၥာနႏၲရိယကံႀကီး ထိုက္ပါတယ္။ ဖုတ္ဝင္တယ္ဆိုၿပီး အသတ္ခံလိုက္ရတဲ့ အဖြားတစ္ဦး ကိုယ္ေတြ႕ေလ့လာဖူးပါတယ္။ (ေဒသႏွင့္အမည္မ်ား မေျပာပါ။)

ဒီအေနအထားက သားသမီးေတြ ၿငိဳျငင္႐ုံတင္မက ျမန္ျမန္ပင္ ေသေစခ်င္ေနပါၿပီ။ ကိုယ့္အညစ္အေၾကးကိုေတာင္ ကိုယ္တိုင္ မစြန႔္ႏိုင္ေတာ့ဘူး။ ျပဳစုတဲ့သူေတြက ႐ြံတတ္ေတာ့ ပိုဒုကၡေရာက္တာေပါ့။ ဒါေပမယ့္ တစ္ခ်ိဳ႕အဖိုးအဖြားေတြက အသက္သာႀကီးတာ ဝမ္းမီးက ေကာင္းတုန္း။ အိပ္ရာထဲ လဲေနေပမယ့္ အစားကို ေကာင္းေကာင္း စားႏိုင္ပါတယ္။

အဲဒီလို အစားဝင္ေနတာကိုဘဲ မသိနားမလည္ ဆရာဝင္လုပ္တဲ့ ပါတ္ဝန္းက်င္က ဖုတ္ဝင္ေနၿပီတဲ့။ အသက္ကႀကီး ေရာဂါက နာတာရွည္ ျပဳစုရတာ ၾကာလာေတာ့ သားသမီးေတြ ေစတနာပ်က္လာ ၿပီေလ။ လူႀကီး လူမမာဆိုၿပီး ေကြၽးတာကနည္းနည္း ဆိုေတာ့ ညသန္းေကာင္အခ်ိန္ ေရာက္ေတာ့ ဆာလာျပန္ေရာ။ ေကြၽးတုန္းက မဝေသးဘူး ဆိုျပန္ေတာ့ အစားမ်ားရင္ ေခ်း(ခ်ီး)ထြက္မယ္ဆိုၿပီး ပန္းကန္ သိမ္းသြားတယ္ေလ။

သူတို႔ေႂကြးတာ စားေနရတဲ့ ဘဝဆိုေတာ့ ထပ္ၿပီးမေျပာရဲ ေတာ့ ၿငိမ္ေနလိုက္ရတယ္။ ကိုယ္ကိုယ္တိုင္ အဖိုးအဖြားေနရာ ေရာက္ရင္ အဲဒီဒုကၡ ေတြ႕ရပါလိမ့္မယ္။ သားသမီးေတြ အိပ္ကုန္ၿပီအထင္နဲ႔ ဗိုက္ကလည္းတအား ဆာလာတာေၾကာင့္ သားသမီးေတြကိုလည္း မႏႈိးရဲေတာ့ ဖင္တြန္းဖင္တြန္းနဲ႔ မီးဖိုေခ်ာင္ဆီကို တေ႐ြ႕ေ႐ြ႕..

အဲဒီအခ်က္ကဘဲ ဖုတ္ဝင္ေနၿပီလို႔ စြပ္စြဲစရာ ျဖစ္သြားတယ္။ ဇရာဒဏ္/ ေရာဂါဒဏ္ ဖိစီးေနေတာ့ ေၾကာင္အိမ္ကိုအားျပဳ ၿပီး တျဖည္းျဖည္း ထလိုက္တယ္။ ေဖးမမယ့္သူ မရွိဘူးဆိုတဲ့ အသိေၾကာင့္သာ အားတင္းၿပီး ရပ္ႏိုင္တာ။ ေဖးမမယ့္သူ တစ္ေယာက္ေလာက္ ေတြ႕ရရင္ ခ်က္ခ်င္းလဲက်သြားမွာ အမွန္ပါ။

အဲဒီအခ်ိန္ မသကၤာစိတ္ဝင္ေနတဲ့ သားသမီးတစ္ေယာက္က မီးဖိုေခ်ာင္မွာ အသံၾကားတာနဲ႔ ထလာၿပီး လာၾကည့္တဲ့အခ်ိန္။ ေၾကာင္အိမ္ထဲေတြ႕တဲ့ ငါးဟင္းကို ယူစားေနတဲ့ အေမအိုကို ေတြ႕လိုက္ေတာ့ .. အိပ္ရာေပၚက မထႏိုင္တဲ့ လူမမာ ဘယ္သူမွ မသိေအာင္ သန္းေကာင္အခ်ိန္မွာ သူ႔ဟာသူ ထစားေနတာဟာ ဧကႏၲ ဖုတ္ဆိုတာ မ်ားလား?

အဲဒီအခ်ိန္မွာ. အေမ ဘာလုပ္ေနတာလဲလို႔ ေမးေရာ ..သားသမီးကို ႐ုတ္တရက္ ေတြ႕လိုက္ရတဲ့ အေမအိုဟာ ငါ့ကို ေဖးမေပးမယ့္ သားေရာက္လာၿပီ ဆိုၿပီး အားကိုးတဲ့ အေနနဲ႔ တင္းထားတဲ့ စိတ္ကို ေလွ်ာ့ခ် လိုက္တာနဲ႔ ေခြကနဲ လဲက်သြား ေတာ့တယ္။

အဲဒီအခ်က္က ဖုတ္ဝင္တာ ေသခ်ာၿပီလို႔ အဆုံးအျဖတ္ေပး လိုက္သလိုပဲ။ အဲဒီေန႔ကစၿပီး ဆရာပင့္ၿပီး ဖုတ္ထုတ္ေတာ့တာပဲ။ ဆရာက အမ်ိဳးမ်ိဳး ေဆးစြမ္းေရာ လက္စြမ္းေရာ ျပေပမယ့္ ဖုတ္မွမဟုတ္တာ ဘယ္လိုလုပ္ ဖုတ္ထြက္မလဲ။ ေနာက္ဆုံးမွာ ဆရာက သူ႔သိကၡာက်မွာစိုလို႔ လူနာရွင္ကို ခံဝန္ လုပ္ခိုင္းပါေတာ့တယ္။

ဒီဖုတ္က စက္အာဏာ အေတာ္ႀကီးၿပီျဖစ္လို႔ ေတာ္႐ုံနဲ႔ လုပ္လို႔ရမွာမဟုတ္ဘူး။ ေနာက္ဆုံးအဆင့္ စက္ျဖတ္ေဆး တိုက္မွရေတာ့မယ္ .. အဲဒါလူနာရွင္ အာမခံေပးပါေပါ့။ သားသမီးေတြက အသိဉာဏ္ဗဟု သုတကလည္း မရွိ လူနာအေမအိုကို စိတ္ပ်က္တဲ့ အခံနဲ႔ ဆရာကို တဖက္သတ္ ယုံၾကည္ၿပီး ခံဝန္ လုပ္ေပးလိုက္တယ္။

သူတို႔သေဘာတူၿပီး ကုတာပါေပါ့။ ဆရာရဲ႕ေနာက္ဆုံး စက္ျဖတ္ေဆးလည္း တိုက္ၿပီးေရာ လူနာအေမအိုခမ်ာ လူးလိမ့္ေနေအာင္ ခံစားလိုက္ရတယ္။ ဒါကိုဘဲ လုနာမွာဝင္ပူးကပ္ေနတဲ့ ဖုတ္က ဆရာရဲ႕စက္ျဖတ္ ေဆးေတာ္ႀကီးရဲ႕ အစြမ္းကို ဘယ္ဖုတ္ အမ်ိဳးအစားမွ မခံႏိုင္ပါဘူးဆိုၿပီး ဂုဏ္ယူဝင့္ႂကြားေနတယ္။

တစတစနဲ႔ လူနာအေမအို႐ုန္းကန္လူးလြန႔္ ေနရာက တျဖည္းျဖည္းနဲ႔ ၿငိမ္က်သြားပါေတာ့တယ္။ ရက္ရွည္လမ်ား လူနာမွာ စြဲကပ္ၿပီး ညာစားေနတဲ့ ဧရာမေနာက္ဆုံးအဆင့္ ဖုတ္ထြက္သြားပါၿပီ။

အဲဒီမွာ ေက်း႐ြာမွာ တာဝန္က်ေနတဲ့ ေက်ာင္းဆရာေလးက ဒီျဖစ္စဥ္ကို မေက်နပ္တာနဲ႔ ၿမိဳ႕ကသူ႔သူငယ္ခ်င္း ဆရာဝန္ကို အေၾကာင္းၾကားေတာ့ ဆရာဝန္က အေလာင္းကို ရင္ခြဲ႐ုံမွာ စစ္ေဆးလိုက္ေတာ့မွ အေျဖေပၚေတာ့တယ္။ လားလား ေအာက္လမ္းဆရာရဲ႕ စက္ျဖတ္ေဆးက အစြမ္းထက္မွာေပါ့ ႂကြက္သတ္ေဆးေတြ ျဖစ္ေနတာကိုး တိုတိုေျပာရင္ ေအာက္လမ္းဆရာကလည္း လူသတ္မႈနဲ႔ ေထာင္က် သြားတယ္။

တိုတိုေျပာလို႔ မရတာက ပၪၥာနႏၲရိယကံကို က်ဴးလြန္ လိုက္တဲ့ သားသမီးေတြ သိလို႔ပဲျဖစ္ျဖစ္ မသိလို႔ဘဲျဖစ္ျဖစ္ ဒီကံအတြက္ ေပးဆပ္ရမယ့္ အျပစ္ေႂကြးက မေသးဘူးဆိုတာ သားသမီးတိုင္း သိႏိုင္ၾကပါေစ..

#CreditOriginalUploader
#creditphoto

Be the first to comment

Leave a Reply

Your email address will not be published.


*