ရင်းနှီးမြှုပ်နှံပါ

ရင်းနှီးမြှုပ်နှံပါ

၁. သင့် ဦးနှောက်ထဲမှာ ရင်နှီးမြှုပ်နှံပါ။

စာဖတ်တဲ့ အကျင့်လေး စလုပ်ပါ။ သင့်ပညာရေး ဒါမှမဟုတ် သင့် အသက်မွေးဝမ်းကြောင်းနဲ့ ပတ်သတ်တဲ့ စာတွေ၊ ဗီဒီယိုတွေကို ကြည့်ရှုပါ။ အထူးသဖြင့် သက်ဆိုင်ရာ နယ်ပယ်က ထူးချွန်သူတွေရဲ့ အတွေးအခေါ်နဲ့ အယူအဆတွေ ဆီကနေ သင်ယူမှု ပြုလုပ်ပါ။

၂. သင့် ခန္ဓာကိုယ်အတွက် ရင်းနှီးမြှုပ်နှံပါ။

လေ့ကျင့်ခန်း လုပ်ပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကိုသာ (တတ်နိုင်သလောက်) စားသုံးပါ။ ရေများများသောက်ပါ။ ဆေးလိပ်၊ အရက်သေစာနဲ့ မူးယစ်ဆေးဝါးတွေကို ရှောင်ကြဉ်ပါ။ ဒီရင်းနှီးမြှုပ်နှံမှုဟာ သင့်ဘဝမှာ အလဟသဆုံးရှုံးသွားတဲ့ အချိန်တွေကို အသက်ရှည်ခြင်းနဲ့ အချိန်ပွားယူခြင်း တစ်မျိုးလဲ ဖြစ်တယ်။

၃. သင့် အနာဂါတ်အတွက် စီးပွားရေးအရ ရင်းနှီးမြှုပ်နှံပါ။

ငွေကို တတ်နိုင်သလောက် စုပါ။ စုထားရုံနဲ့ ရင်းနှီးမြှုပ်နှံမှု မဖြစ်သေးပါဘူး။ စုထားတဲ့ ငွေကနေ အကျိုးအမြတ်ရစေဖို့ အရင်းအမြစ် ခိုင်မာတဲ့ စီးပွားရေး တစ်ခုမှာ ရင်းနှီးမြှုပ်နှံထားပါ။

၄. သင့်ကလေးရဲ့ အနာဂါတ်အတွက် ရင်းနှီးမြှုပ်နှံပါ။

၂၀၀၁ခုနှစ် နောက်ပိုင်း ပြုလုပ်ထားတဲ့ သုသေသနတွေအရ သာမာန် ကလေးဆိုတာ မရှိပါဘူးတဲ့။ ကလေးတစ်ယောက် စီတိုင်းမှာ ပုံမှန်ထက် တစ်နေရာရာမှာ ပို ထူးချွန်နေတတ်တယ်။

ဒါကို မိဘက သေချာသတိထားကြည့်ဖို့ လိုအပ်ပါတယ်။ ကလေးရဲ့ အနာဂါတ်အတွက် သူထူးချွန်တဲ့ နယ်ပယ်ကို ရှာဖွေဖော်ထုတ်ပြီး အစီအစဉ်တကျ ရင်းနှီးမြှုပ်နှံထားဖို့ လိုအပ်ပါတယ်။

၅. မိမိကိုယ်တိုင်အတွက် ရင်းနှီးမြှုပ်နှံပါ။

ဘဝမှာ ငွေဟာ အရေးပါတယ် ဆိုပေမယ့် အမြဲတမ်းအတွက်တော့ မဟုတ်ပါဘူး။ ကျန်းမာရေးကောင်းနေတဲ့ အချိန်မှာ ခရီးတွေထွက်ပါ။ ပတ်ဝန်းကျင် အသစ်တွေကနေ အတွေ့အကြုံ အသစ်တွေ ရယူပါ။

မတူညီတဲ့ လူတန်းစားပေါင်းစုံ၊ လူမျိုးပေါင်းစုံဆီမှာ မတူညီတဲ့ ဗဟုသုတတွေ၊ မတူညီတဲ့ ဘဝပေး အတွေ့အကြုံတွေ ရှိနေတယ်။

ဘဝဆိုတာ အခန်းကျဉ်းလေးထဲ၊ အသိုင်းအဝိုင်း ကျဉ်းကျဉ်းလေးထဲမှာ ရှိသမျှ အချိန်တွေကို အလုပ်တွေနဲ့ ပိပြီး ကုန်ဆုံးသွားလောက်ရအောင်တော့ အဓိပ္ပာယ် မဲ့မနေသင့်ပါဘူး။

#Credit photo and original uploader

Zawgyi

ရင္းႏွီးျမႇဳပ္ႏွံပါ

၁. သင့္ ဦးေႏွာက္ထဲမွာ ရင္ႏွီးျမႇဳပ္ႏွံပါ။

စာဖတ္တဲ့ အက်င့္ေလး စလုပ္ပါ။ သင့္ပညာေရး ဒါမွမဟုတ္ သင့္ အသက္ေမြးဝမ္းေၾကာင္းနဲ႔ ပတ္သတ္တဲ့ စာေတြ၊ ဗီဒီယိုေတြကို ၾကည့္ရႈပါ။ အထူးသျဖင့္ သက္ဆိုင္ရာ နယ္ပယ္က ထူးခြၽန္သူေတြရဲ႕ အေတြးအေခၚနဲ႔ အယူအဆေတြ ဆီကေန သင္ယူမႈ ျပဳလုပ္ပါ။

၂. သင့္ ခႏၶာကိုယ္အတြက္ ရင္းႏွီးျမႇဳပ္ႏွံပါ။

ေလ့က်င့္ခန္း လုပ္ပါ။ က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ အစားအစာေတြကိုသာ (တတ္ႏိုင္သေလာက္) စားသုံးပါ ။ေရမ်ားမ်ားေသာက္ပါ။ ေဆးလိပ္၊ အရက္ေသစာနဲ႔ မူးယစ္ေဆးဝါးေတြကို ေရွာင္ၾကဥ္ပါ။ ဒီရင္းႏွီးျမႇဳပ္ႏွံမႈဟာ သင့္ဘဝမွာ အလဟသဆုံးရႈံးသြားတဲ့ အခ်ိန္ေတြကို အသက္ရွည္ျခင္းနဲ႔ အခ်ိန္ပြားယူျခင္း တစ္မ်ိဳးလဲ ျဖစ္တယ္။

၃. သင့္ အနာဂါတ္အတြက္ စီးပြားေရးအရ ရင္းႏွီးျမႇဳပ္ႏွံပါ။

ေငြကို တတ္ႏိုင္သေလာက္ စုပါ။ စုထား႐ုံနဲ႔ ရင္းႏွီးျမႇဳပ္ႏွံမႈ မျဖစ္ေသးပါဘူး။ စုထားတဲ့ ေငြကေန အက်ိဳးအျမတ္ရေစဖို႔ အရင္းအျမစ္ ခိုင္မာတဲ့ စီးပြားေရး တစ္ခုမွာ ရင္းႏွီးျမႇဳပ္ႏွံထားပါ။

၄. သင့္ကေလးရဲ႕ အနာဂါတ္အတြက္ ရင္းႏွီးျမႇဳပ္ႏွံပါ။

၂၀၀၁ခုႏွစ္ ေနာက္ပိုင္း ျပဳလုပ္ထားတဲ့ သုေသသနေတြအရ သာမာန္ ကေလးဆိုတာ မရွိပါဘူးတဲ့။ ကေလးတစ္ေယာက္ စီတိုင္းမွာ ပုံမွန္ထက္ တစ္ေနရာရာမွာ ပို ထူးခြၽန္ေနတတ္တယ္။

ဒါကို မိဘက ေသခ်ာသတိထားၾကည့္ဖို႔ လိုအပ္ပါတယ္။ ကေလးရဲ႕ အနာဂါတ္အတြက္ သူထူးခြၽန္တဲ့ နယ္ပယ္ကို ရွာေဖြေဖာ္ထုတ္ၿပီး အစီအစဥ္တက် ရင္းႏွီးျမႇဳပ္ႏွံထားဖို႔ လိုအပ္ပါတယ္။

၅. မိမိကိုယ္တိုင္အတြက္ ရင္းႏွီးျမႇဳပ္ႏွံပါ။

ဘဝမွာ ေငြဟာ အေရးပါတယ္ ဆိုေပမယ့္ အၿမဲတမ္းအတြက္ေတာ့ မဟုတ္ပါဘူး။ က်န္းမာေရးေကာင္းေနတဲ့ အခ်ိန္မွာ ခရီးေတြထြက္ပါ။ ပတ္ဝန္းက်င္ အသစ္ေတြကေန အေတြ႕အႀကဳံ အသစ္ေတြ ရယူပါ။

မတူညီတဲ့ လူတန္းစားေပါင္းစုံ၊ လူမ်ိဳးေပါင္းစုံဆီမွာ မတူညီတဲ့ ဗဟုသုတေတြ၊ မတူညီတဲ့ ဘဝေပး အေတြ႕အႀကဳံေတြ ရွိေနတယ္။

ဘဝဆိုတာ အခန္းက်ဥ္းေလးထဲ၊ အသိုင္းအဝိုင္း က်ဥ္းက်ဥ္းေလးထဲမွာ ရွိသမွ် အခ်ိန္ေတြကို အလုပ္ေတြနဲ႔ ပိၿပီး ကုန္ဆုံးသြားေလာက္ရေအာင္ေတာ့ အဓိပၸာယ္ မဲ့မေနသင့္ပါဘူး။

#Credit photo and original uploader

Be the first to comment

Leave a Reply

Your email address will not be published.


*