
Zawgyi ဖြင့်ဖတ်ရန်









( ၈ ) ချမ်းသာချင်သူ ကတော့ ကျန်းမာရေး ကို လေးလေးနက်နက်ထား၍ ငွေကြေးနဲ့ အသုံးချကာ ကောင်မွန်သော စားသောက်ခြင်းကို ဂရုစိုတ်တတ်၏ သာမန်သူကတော့ ကျမ်းမာရေးကို ဂရုမစိုက် ငွေကုန်ကြေးကျ များမှာ စိုးရိမ်ရင်း စားသောက်များကို ခို့ချန်ချွေတာကာ နှမြောမသင့်သောနေရာ၌ နှမြောတတ်ပေသည်။


Credit: ပေတူး

Unicode ဖြင့်ဖတ်ရန်

သူဌေး ဖြစ်ချင်သူနှင့် သာမန်နေထိုင်သူတို့အကြောင်း

မရှိခြင်းကို အကြောင်းပြ ငြီးထွားနေတတ်သူ သည် မချမ်းသာနိုင်ပေ။ရှိတာလေးကို မကွယ်မဝှတ် သူနေရာနှင့်သူ အသုံးချတတ်သူသည် တိုးတတ်ကြီးပွား ပေသည်။

( ၁ ) ချမ်းသာချင်သူကတော့ စိတ်ကို လွတ်လပ်စွာ နေထိုင်ခိုင်းသည် ရင်းနှီးသင့်တာကို ရင်းနှီးသင့်စေ၏သာမန်သူ တစ်ယောက်ကတော့ နောင်ရေးကို တွေး၍ ပိုက်ဆံစုတတ်သည်။

( ၂ ) ချမ်းသာချင်သူ ကတော့ ကျေးဇူးတရားကို လက်ကိုင်ထားသည် မမေ့မလျော့ မတွန့်မတို နှမြောခြင်းကင်းစေ၏သာမန်သူ တစ်ယောက်ကတော့ ကျေးဇူးတရားကို နောက်အဆင်ပြေထိစောင့်ရင်း စုဆောင်းထားသော ငွေကြေးကို နည်းနည်းချင်း ဖဲ့သုံးတတ်သည်။

( ၃ ) ချမ်းသာချင်သူ ကတော့ ဆုံးရှုံးသွားသော ငွေကြေးကို နောင်တမရတတ်ပဲ ငွေကြေး မရှိတဲ့ဘဝကို စိတ်ပျက် မငြူစူပဲ အခက်အခဲကို ပျော်ရွှင်စွာ ဖြက်သန်းတတ်၏ သာမန်သူကတော့ ငွေကြေး မရှိရင် ပျော်ရွှင်မှု မရနိုင်တော့ဘူးရယ်လို တွေးထင် နေထိုင်တတ်ပါသည်။

( ၄ ) ချမ်းသာချင်သူ ကတော့ အနာဂတ်မှာ ဝင်ငွေ ပိုများပြား လာအောင် အချိန်တိုင်း အလုပ်လုပ်ရင်း စဉ်းစားတွေးခေါ်နေတတ်၏ သာမန်သူကတော့ အနာဂတ်မှာ ဝင်ငွေ မရှိရင် ဘယ်လိုနေမလဲဆိုတာကိုပဲ တွေးပြီး တွေဝေ နေတတ်ပါသည်။

( ၅ ) ချမ်းသာချင်သူ ကတော့ ငွေကြေး ကို အမြဲတမ်း ရှင်သန်လည်ပတ်စေ၏ သာမန်သူကတော့ ငွေကြေးကို အသေခံထားတတ်သည်။

( ၆ ) ချမ်းသာချင်သူ ကတော့ ခရီး ဆက်ရင်း ( ထွက်ရင်း ) လုပ်ငန်းတွေ ပိုမိုလေ့လာ တွင့်ကျယ်စေတတ်၏ သာမန်သူကတော့ လက်ရှိ လုပ်ငန်းတစ်ခုနဲ့တင် ခုန်မင်နှစ်သက် ကျေနပ်နေတတ်သည်။

( ၇ ) ချမ်းသာချင်သူ ကတော့ လုပ်ငန်း တစ်ခုရဲ့ အခက်အခဲတွေကို ဖြတ်ထိုးဉာဏ်တစ်ခုဖြင့် အသုံးချ ဝေဖန်တတ်၏ သာမန်သူကတော့ လုပ်ငန်း ထဲက ရခဲ့သမျှ ငွေကြေးကိုသာ ဝေဖန်ရင်း သူတို့အစွမ်းအစ ကို ပြတတ်ပေသည်။

( ၈ ) ချမ်းသာချင်သူ ကတော့ ကျန်းမာရေး ကို လေးလေးနက်နက်ထား၍ ငွေကြေးနဲ့ အသုံးချကာ ကောင်မွန်သော စားသောက်ခြင်းကို ဂရုစိုတ်တတ်၏ သာမန်သူကတော့ ကျမ်းမာရေးကို ဂရုမစိုက် ငွေကုန်ကြေးကျ များမှာ စိုးရိမ်ရင်း စားသောက်များကို ခိူ့ချန်ချွေတာကာ နှမြောမသင့်သောနေရာ၌ နှမြောတတ်ပေသည်။

( ၉ ) ချမ်းသာချင်သူ ကတော့ လူမူရေး ပညာရေး အရာရာကို နားလည်တတ်ပေ၏ သာမန်သူကတော့ သက်သာရာ လိုက်လျှောက်၍ ဥပေက္ခာပြုတတ်ပေသည်။

Credit: ပေတူး

Be the first to comment

Leave a Reply

Your email address will not be published.


*