ယူကရိန္းကို ႐ုရွားဝင္တဲ့ ( ၂၂ ) ရက္ေျမာက္ေန႔

ယူကရိန္းကို ႐ုရွားဝင္တဲ့ ( ၂၂ ) ရက္ေျမာက္ေန႔

ယူကရိန္းကို ႐ုရွားဝင္တဲ့ ( ၂၂ ) ရက္ေျမာက္ေန႔

႐ုရွားက ယူကရိန္းေတာင္ပိုင္းက ၿမိဳ႕ အခ်ိဳ႕ ကို ဗုံးက်ဲမႈေတြ ဆက္လုပ္ေနပါတယ္။ ကပြဲခန္းမေတြ ေရကူးကန္ေတြ ေတာင္မခ်န္ဘဲ ဗုံးက်ဲေနပါတယ္။ လက္ရွိကေတာ့ အေသအေပ်ာက္စာရင္း မရေသးပါဘူး ။

မေန႔က အေမရိကန္ကြန္ဂရက္မွာ ယူကရိန္းသမၼတ ဇီလန္စကီက ဗီဒီယိုနဲ႔ စကားေျပာခြင့္ရပါတယ္။ သူ႔ရဲ႕ မိန႔္ခြန္းထဲမွာ ဒုတိယကမာၻစစ္အတြင္းက အေမရိကန္ေတြခံလိုက္ရတဲ့ ပုလဲဆိပ္ကမ္းတိုက္ပြဲ ၊ ၂၀၀၁ ခုႏွစ္ကျဖစ္ခဲ့တဲ့ ကမာၻ႔ကုန္သြယ္ေရးအေဆာက္အအုံ အၾကမ္းဖက္ခံရတဲ့ 9/11 ျဖစ္ရပ္ေတြထက္ ဒီကေန႔ ယူကရိန္းျဖစ္စဥ္က ပိုဆိုးပါတယ္လို႔ ထည့္ေျပာသြားပါတယ္။

ျပင္သစ္ႏိုင္ငံ စထရာေဘာက္ၿမိဳ႕မွ က်င္းပေနတဲ့ ဥေရာပ လူ႔အခြင့္အေရး ဆိုင္ရာ အစည္းအေဝးပြဲ ကေန ႐ုရွားသံတမန္ေတြ ထြက္ခြာသြားလို႔ ေကာ္မတီက ႐ုရွားကို ထုတ္ပယ္လိုက္ပါတယ္။ ႏိုင္ငံတကာတရား႐ုံး ICJ က ယူကရိန္းကို ႐ုရွားက်ဴးေက်ာ္ေနတာေတြ ရပ္ဆိုင္းဖို႔အတြက္ ဒီကေန႔ပဲ အမိန႔္ထုတ္ျပန္ထားပါတယ္။

႐ုရွား- ယူကရိန္း ေစ့စပ္ညႇိႏႈိင္းမႈ အစည္းအေဝးကို ဗီဒီယိုကြန္ဖရန္ဇင္း နဲ႔ ဒီေန႔ ဆက္လုပ္ေနပါတယ္။ ဒီေန႔ပြဲမွာေတာ့ ဇီလန္စကီက ႐ုရွားေတြရဲ႕ ေတာင္းဆိုမႈက ပိုၿပီး လက္ေတြ႕က်လာတယ္။ စိတ္ရွည္ေပးဖို႔ လိုလိမ့္မယ္လို႔ ေျပာသြားပါတယ္။

ေမာ္စကိုမွာေရာက္ေနတဲ့ တူရကီ ႏိုင္ငံျခားေရးဝန္ႀကီးက လြန္ပ်ံသံတမန္ေရးလုပ္ဖို႔ အတြက္ ယူကရိန္းကို ဒီမနက္ပဲ ေရာက္လာပါတယ္။ အပစ္ရပ္ေရးကိစၥျဖစ္လာဖို႔အတြက္ ေနာက္ထပ္ ေဆြးေႏြးမႈ ေတာ္ေတာ္ မ်ားမ်ား လုပ္ရဦးမယ္လို႔ ဆိုလိုက္ပါတယ္။

ကိဗ္ၿမိဳ႕ ဝန္းက်င္မွာကေတာ့ တိုက္ခိုက္မႈေတြ ေပါက္ကြဲမႈေတြ ဆက္တိုက္ျဖစ္ေပၚေနပါတယ္။ ယူကရိန္း အေနာက္ဖက္ၿမိဳ႕ ဇာပိုရစ္ဇဟာရီယား ကို ဒီေန႔ ပထမဥိးဆုံးအေနနဲ႔ ေလေၾကာင္း တိုက္ခိုက္မႈ စလုပ္လို႔ ဗုံးက်ဲခံေနရပါတယ္။

ၿဗိတိန္ကာကြယ္ေရးဝန္ႀကီးဌာနရဲ႕ အဆိုအရ ႐ုရွားတပ္ေတြအတြက္ ယူကရိန္းေျမျပင္အေျခအေနက စိန္းေခၚမႈတစ္ရပ္ျဖစ္ေနၿပီး ယူကရိန္းေတြ တံတားေတြကို ေဖာက္ခြဲ ဖ်က္ဆီးလိုက္တာက ထိုးစစ္အရွိန္ကို က်ဆင္းသြားေစတယ္လို႔ သိရပါတယ္။

အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္က ပူတင္ကို စစ္ရာဇဝတ္မႈေတြ က်ဴးလြန္ေနတယ္လို႔ မေန႔က စြတ္စြဲေျပာဆိုလိုက္ပါတယ္။ ၿဗိတိန္ကာကြယ္ေရးဝန္ႀကီး ဌာနအဆိုအရ ႐ုရွားေတြက ယူကရိန္း ေဝဟင္စိုးမိုးမႈ ကို ေကာင္းေကာင္း မလုပ္ႏိုင္ခဲ့ဘူး လို႔ သိရပါတယ္။

ယူကရိန္း ေလေၾကာင္းရန္ကာကြယ္ေရးက အလုပ္ျဖစ္တယ္နဲ႔ တူတယ္လို႔ သုံးသပ္ထားပါတယ္။ ႐ုရွားေတြဖက္က တိက်မႈနည္းတဲ့ လက္နက္ေတြ သုံးလာႏိုင္တယ္ ။ ဒါေၾကာင့္ သူတို႔ရဲ႕ ပစ္မွတ္ေတြက အရပ္သားေတြဖက္ကိုလည္း ေရာက္လာႏိုင္တယ္လို႔ သတိေပးေျပာထားပါတယ္။

ICJ မွာ ႐ုရွား- ယူကရိန္းအေရးကို မဲခြဲ ဆုံးျဖတ္ေတာ့ တရားသူႀကီး ၁၅ ဦး ေကာ္မတီမွာ ႐ုရွား နဲ႔ တ႐ုတ္က ႐ုရွားကိုေထာက္ခံေၾကာင္းမဲေပးၿပီး အေမရိကန္အပါအဝင္ က်န္ ၁၃ ဦးက ကန႔္ကြက္မဲေပးခဲ့ပါတယ္။

Ref; euronews, ၀ီရမီဒီယာ

Unicode

ယူကရိန်းကို ရုရှားဝင်တဲ့ ( ၂၂ ) ရက်မြောက်နေ့

ရုရှားက ယူကရိန်းတောင်ပိုင်းက မြို့ အချို့ ကို ဗုံးကျဲမှုတွေ ဆက်လုပ်နေပါတယ်။ ကပွဲခန်းမတွေ ရေကူးကန်တွေ တောင်မချန်ဘဲ ဗုံးကျဲနေပါတယ်။ လက်ရှိကတော့ အသေအပျောက်စာရင်း မရသေးပါဘူး ။

မနေ့က အမေရိကန်ကွန်ဂရက်မှာ ယူကရိန်းသမ္မတ ဇီလန်စကီက ဗီဒီယိုနဲ့ စကားပြောခွင့်ရပါတယ်။ သူ့ရဲ့ မိန့်ခွန်းထဲမှာ ဒုတိယကမ္ဘာစစ်အတွင်းက အမေရိကန်တွေခံလိုက်ရတဲ့ ပုလဲဆိပ်ကမ်းတိုက်ပွဲ ၊ ၂၀၀၁ ခုနှစ်ကဖြစ်ခဲ့တဲ့ ကမ္ဘာ့ကုန်သွယ်ရေးအဆောက်အအုံ အကြမ်းဖက်ခံရတဲ့ 9/11 ဖြစ်ရပ်တွေထက် ဒီကနေ့ ယူကရိန်းဖြစ်စဉ်က ပိုဆိုးပါတယ်လို့ ထည့်ပြောသွားပါတယ်။

ပြင်သစ်နိုင်ငံ စထရာဘောက်မြို့မှ ကျင်းပနေတဲ့ ဥရောပ လူ့အခွင့်အရေး ဆိုင်ရာ အစည်းအဝေးပွဲ ကနေ ရုရှားသံတမန်တွေ ထွက်ခွာသွားလို့ ကော်မတီက ရုရှားကို ထုတ်ပယ်လိုက်ပါတယ်။ နိုင်ငံတကာတရားရုံး ICJ က ယူကရိန်းကို ရုရှားကျူးကျော်နေတာတွေ ရပ်ဆိုင်းဖို့အတွက် ဒီကနေ့ပဲ အမိန့်ထုတ်ပြန်ထားပါတယ်။

ရုရှား- ယူကရိန်း စေ့စပ်ညှိနှိုင်းမှု အစည်းအဝေးကို ဗီဒီယိုကွန်ဖရန်ဇင်း နဲ့ ဒီနေ့ ဆက်လုပ်နေပါတယ်။ ဒီနေ့ပွဲမှာတော့ ဇီလန်စကီက ရုရှားတွေရဲ့ တောင်းဆိုမှုက ပိုပြီး လက်တွေ့ကျလာတယ်။ စိတ်ရှည်ပေးဖို့ လိုလိမ့်မယ်လို့ ပြောသွားပါတယ်။

မော်စကိုမှာရောက်နေတဲ့ တူရကီ နိုင်ငံခြားရေးဝန်ကြီးက လွန်ပျံသံတမန်ရေးလုပ်ဖို့ အတွက် ယူကရိန်းကို ဒီမနက်ပဲ ရောက်လာပါတယ်။ အပစ်ရပ်ရေးကိစ္စဖြစ်လာဖို့အတွက် နောက်ထပ် ဆွေးနွေးမှု တော်တော် များများ လုပ်ရဦးမယ်လို့ ဆိုလိုက်ပါတယ်။

ကိဗ်မြို့ ဝန်းကျင်မှာကတော့ တိုက်ခိုက်မှုတွေ ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။ ယူကရိန်း အနောက်ဖက်မြို့ ဇာပိုရစ်ဇဟာရီယား ကို ဒီနေ့ ပထမဥိးဆုံးအနေနဲ့ လေကြောင်း တိုက်ခိုက်မှု စလုပ်လို့ ဗုံးကျဲခံနေရပါတယ်။

ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အဆိုအရ ရုရှားတပ်တွေအတွက် ယူကရိန်းမြေပြင်အခြေအနေက စိန်းခေါ်မှုတစ်ရပ်ဖြစ်နေပြီး ယူကရိန်းတွေ တံတားတွေကို ဖောက်ခွဲ ဖျက်ဆီးလိုက်တာက ထိုးစစ်အရှိန်ကို ကျဆင်းသွားစေတယ်လို့ သိရပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပူတင်ကို စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်လို့ မနေ့က စွတ်စွဲပြောဆိုလိုက်ပါတယ်။ ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဌာနအဆိုအရ ရုရှားတွေက ယူကရိန်း ဝေဟင်စိုးမိုးမှု ကို ကောင်းကောင်း မလုပ်နိုင်ခဲ့ဘူး လို့ သိရပါတယ်။

ယူကရိန်း လေကြောင်းရန်ကာကွယ်ရေးက အလုပ်ဖြစ်တယ်နဲ့ တူတယ်လို့ သုံးသပ်ထားပါတယ်။ ရုရှားတွေဖက်က တိကျမှုနည်းတဲ့ လက်နက်တွေ သုံးလာနိုင်တယ် ။ ဒါကြောင့် သူတို့ရဲ့ ပစ်မှတ်တွေက အရပ်သားတွေဖက်ကိုလည်း ရောက်လာနိုင်တယ်လို့ သတိပေးပြောထားပါတယ်။

ICJ မှာ ရုရှား- ယူကရိန်းအရေးကို မဲခွဲ ဆုံးဖြတ်တော့ တရားသူကြီး ၁၅ ဦး ကော်မတီမှာ ရုရှား နဲ့ တရုတ်က ရုရှားကိုထောက်ခံကြောင်းမဲပေးပြီး အမေရိကန်အပါအဝင် ကျန် ၁၃ ဦးက ကန့်ကွက်မဲပေးခဲ့ပါတယ်။

Ref; euronews, ဝီရမီဒီယာ

Be the first to comment

Leave a Reply

Your email address will not be published.


*