ယူကရိန္းကို ႐ုရွားဝင္တဲ့ ( ၂၃) ရက္ေျမာက္ေန႔

ယူကရိန္းကို ႐ုရွားဝင္တဲ့ ( ၂၃) ရက္ေျမာက္ေန႔

ယူကရိန္းကို ႐ုရွားဝင္တဲ့ ( ၂၃) ရက္ေျမာက္ေန႔

ယူကရိန္း- ႐ုရွားစစ္က ဒီအတိုင္း ဆက္သြားမယ္ဆိုရင္ ယူကရိန္းျပည္သူေတြ ငတ္မြတ္ေခါင္းပါးသြားစရာ ရွိေနတယ္လို႔ ကုလသမဂၢက သတိေပးလိုက္ပါတယ္။ လက္ရွိမွာ တိုင္းျပည္က ထြက္ေျပးေနရတဲ့ ယူကရိန္း ၃သန္းေက်ာ္သြားၿပီ ျဖစ္ပါတယ္။

႐ုရွားေလေၾကာင္း တိုက္ခိုက္မႈေၾကာင့္ ေနအိမ္ တိုက္တာ အေဆာက္အအုံ ေတာ္ေတာ္မ်ားမ်ား ပ်က္စီးကုန္ပါၿပီ။ အေျခအေန ျပန္လည္တည္ၿငိမ္မယ္ဆိုရင္ ၁၀ စုႏွစ္အတြင္း တိုင္းျပည္အေျခအေန ကို အေကာင္းဖက္ကို ေရာက္ႏိုင္ဦးမွာ မဟုတ္ပါဘူး ။

႐ုရွားကို ယူကရိန္းေတြက ႀကဳံသလိုခုခံတိုက္ခိုက္ေနတာမို႔ ႐ုရွားကလည္းမဲမဲျမင္ရာပစ္တဲ့အဆင့္ျဖစ္သြားပါၿပီ ။ ဒါေၾကာင့္ အရပ္သားအေသအေပ်ာက္နည္းေအာင္လို႔ ျပင္သစ္ ၊ ယူေက နဲ႔ ယူအက္စ္ တို႔ က ကုသမဂၢ လုံၿခဳံေရးေကာင္စီကို ဒီေန႔ ယူကရိန္းအေရးကို ဝိုင္းဝန္းစဥ္းစားေပးဖို႔အတြက္ ဆင့္ေခၚလိုက္ပါတယ္။

ၿဗိတိန္ကေတာ့ ပိုလႏ္ွႏိုင္ငံထဲကို ေလယာဥ္ပစ္လက္နက္ေတြနဲ႔ စစ္သားေတြ ကို ထပ္မံပို႔လႊတ္ထားပါတယ္။ ႐ုရွားက အရပ္သားေတြကို ပစ္မွတ္ထားၿပီး တိုက္ခိုက္လာၿပီး စစ္ရာဇဝတ္မႈက်ဴးလြန္တယ္လို႔ ကုလသမဂၢက သက္မွတ္လာၿပီဆိုတာနဲ႔ ယူကရိန္းကိုဝင္တိုက္ဖို႔အတြက္ အဆင္သင့္လုပ္ေနတာပါ။

႐ုရွားသမၼတပူတင္က ဒီေန႔ ႐ုပ္သံကေန မိန႔္ခြန္းေျပာသြားပါတယ္။ “ ဒီကေန႔ ႏိုင္ငံေရး ျပႆနာမွာ စစ္မွန္တဲ့မ်ိဳးခ်စ္ ႐ုရွား ေတြနဲ႔ သစၥာေဖာက္မ်ိဳးဖ်က္ ေလာက္ေကာင္ေတြကို ရွင္းရွင္းလင္းလင္း ျမင္သာသြားၿပီျဖစ္ပါတယ္။

တိုင္းျပည္မွာ အဲ့ဒိေလာက္ေကာင္ေတြကို ရွင္းထုတ္သြားမယ္” လို႔ ႐ုရွားစစ္ပြဲကို မေထာက္ခံတဲ့ ျပည္သူအခ်ိဳ႕ ကို ရည္႐ြယ္ၿပီး မိန႔္ခြန္းထဲမွာ ထည့္ေျပာသြားပါတယ္။.

ဂ်ိဳးဘိုင္ဒန္ကေတာ့ ႐ုရွားေတြ ယူကရိန္းကို မဝင္ခင္မွာ က်ဴးေက်ာ္ေတာ့မယ္ ၊ က်ဴးေက်ာ္ေတာ့မယ္ ဆိုၿပီး ေတာက္ေလွ်ာက္ေျပာေနသလို အခုလည္း ပူတင္က စစ္ရာဇဝတ္က်ဴးလြန္ေနၿပီ လို႔ ေျပာေနျပန္ပါၿပီ ။ အဲ့ဒါနဲ႔ ပတ္သက္ၿပီး ကရင္မလင္းအစိုးရက ဘိုင္ဒန္ကိုယ့္ေျပာစကားကို ကိုယ္တာဝန္ယူရမယ္လို႔ တုံ႔ျပန္ထားပါတယ္။

ခါကီဗ္ ေဒသက ယူကရိန္း ႏိုင္ငံေရးေခါင္းေဆာင္ ေတြကို ႐ုရွား စစ္တပ္တြကလိုက္လံဖမ္းဆီးမႈေတြ လုပ္ေနပါတယ္။ အခုဆိုရင္ ထင္ရွား တဲ့ေခါင္းေဆာင္ ၂ေယာက္ေတာင္ ဖမ္းဆီးမိသြားပါၿပီ ။

ႏိုင္ငံတကာအားကစားဆိုင္ရာ အႏုညာတခုံ႐ုံးက ႐ုရွားေဘာလုံးအသင္း ၂၀၂၂ ကာတာကမာၻ႔ ေျခစစ္ပြဲကို ဝင္ကန္ခြင့္မျပဳေတာ့ပါဘူး။ ႐ုရွားအသင္းကို ပိတ္ပင္ထားဆဲျဖစ္ပါတယ္။ ဒီေန႔မြန္းလြဲပိုင္းမွာ အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္က တ႐ုတ္သမၼတ ရွီက်င့္ဖ်င္နဲ႔ ႐ုရွား- ယူကရိန္းအေရး ဖုန္းေျပာျဖစ္ၾကပါတယ္။

အေသးစိတ္ထုတ္ျပန္ခ်က္မသိရေသးပါ။ အက္စတိုးနီးယား ၊ လက္ဗီးယား ၊ ဘူေဂးရီးယား နဲ႔လစ္သူေရးနီးယား တို႔ က သူတို႔ ႏိုင္ငံေတြက ႐ုရွားသံတမန္ေတြကို ေမာင္းထုတ္လိုက္ပါၿပီ ။

ေနာက္ဆုံးသတင္းအရ ပိုလန္နယ္စပ္နား က လဗစ္ဗ္ၿမိဳ႕ ကို ႐ုရွားေတြက ေလေၾကာင္း တိုက္ခိုက္မႈေတြ လုပ္ေနပါတယ္။ ႏိုင္ငံတကာ ေစတနာ့ဝန္ထမ္းစစ္သည္ ၆ေသာင္းေလာက္ကလည္း ယူကရိန္းဖက္ကေန ခံခ်ေပးေနပါတယ္။ ဥေရာပ ပါလီမန္က ႐ုရွားနဲ႔ ဘီလာ႐ုစ္သံတမန္ေတြကို တက္ခြင့္မေပးေတာ့ပါဘူး။

ယူကရိန္းကို ႐ုရွားဝင္တဲ့ ( ၂၃) ရက္ေျမာက္ေန႔1

၀ီရမီဒီယာ

Unicode

ယူကရိန်းကို ရုရှားဝင်တဲ့ ( ၂၃) ရက်မြောက်နေ့

ယူကရိန်း- ရုရှားစစ်က ဒီအတိုင်း ဆက်သွားမယ်ဆိုရင် ယူကရိန်းပြည်သူတွေ ငတ်မွတ်ခေါင်းပါးသွားစရာ ရှိနေတယ်လို့ ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။ လက်ရှိမှာ တိုင်းပြည်က ထွက်ပြေးနေရတဲ့ ယူကရိန်း ၃သန်းကျော်သွားပြီ ဖြစ်ပါတယ်။

ရုရှားလေကြောင်း တိုက်ခိုက်မှုကြောင့် နေအိမ် တိုက်တာ အဆောက်အအုံ တော်တော်များများ ပျက်စီးကုန်ပါပြီ။ အခြေအနေ ပြန်လည်တည်ငြိမ်မယ်ဆိုရင် ၁၀ စုနှစ်အတွင်း တိုင်းပြည်အခြေအနေ ကို အကောင်းဖက်ကို ရောက်နိုင်ဦးမှာ မဟုတ်ပါဘူး ။

ရုရှားကို ယူကရိန်းတွေက ကြုံသလိုခုခံတိုက်ခိုက်နေတာမို့ ရုရှားကလည်းမဲမဲမြင်ရာပစ်တဲ့အဆင့်ဖြစ်သွားပါပြီ ။ ဒါကြောင့် အရပ်သားအသေအပျောက်နည်းအောင်လို့ ပြင်သစ် ၊ ယူကေ နဲ့ ယူအက်စ် တို့ က ကုသမဂ္ဂ လုံခြုံရေးကောင်စီကို ဒီနေ့ ယူကရိန်းအရေးကို ဝိုင်းဝန်းစဉ်းစားပေးဖို့အတွက် ဆင့်ခေါ်လိုက်ပါတယ်။

ဗြိတိန်ကတော့ ပိုလန်ှနိုင်ငံထဲကို လေယာဉ်ပစ်လက်နက်တွေနဲ့ စစ်သားတွေ ကို ထပ်မံပို့လွှတ်ထားပါတယ်။ ရုရှားက အရပ်သားတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်လာပြီး စစ်ရာဇဝတ်မှုကျူးလွန်တယ်လို့ ကုလသမဂ္ဂက သက်မှတ်လာပြီဆိုတာနဲ့ ယူကရိန်းကိုဝင်တိုက်ဖို့အတွက် အဆင်သင့်လုပ်နေတာပါ။

ရုရှားသမ္မတပူတင်က ဒီနေ့ ရုပ်သံကနေ မိန့်ခွန်းပြောသွားပါတယ်။ “ ဒီကနေ့ နိုင်ငံရေး ပြဿနာမှာ စစ်မှန်တဲ့မျိုးချစ် ရုရှား တွေနဲ့ သစ္စာဖောက်မျိုးဖျက် လောက်ကောင်တွေကို ရှင်းရှင်းလင်းလင်း မြင်သာသွားပြီဖြစ်ပါတယ်။

တိုင်းပြည်မှာ အဲ့ဒိလောက်ကောင်တွေကို ရှင်းထုတ်သွားမယ်” လို့ ရုရှားစစ်ပွဲကို မထောက်ခံတဲ့ ပြည်သူအချို့ ကို ရည်ရွယ်ပြီး မိန့်ခွန်းထဲမှာ ထည့်ပြောသွားပါတယ်။.

ဂျိုးဘိုင်ဒန်ကတော့ ရုရှားတွေ ယူကရိန်းကို မဝင်ခင်မှာ ကျူးကျော်တော့မယ် ၊ ကျူးကျော်တော့မယ် ဆိုပြီး တောက်လျှောက်ပြောနေသလို အခုလည်း ပူတင်က စစ်ရာဇဝတ်ကျူးလွန်နေပြီ လို့ ပြောနေပြန်ပါပြီ ။ အဲ့ဒါနဲ့ ပတ်သက်ပြီး ကရင်မလင်းအစိုးရက ဘိုင်ဒန်ကိုယ့်ပြောစကားကို ကိုယ်တာဝန်ယူရမယ်လို့ တုံ့ပြန်ထားပါတယ်။

ခါကီဗ် ဒေသက ယူကရိန်း နိုင်ငံရေးခေါင်းဆောင် တွေကို ရုရှား စစ်တပ်တွကလိုက်လံဖမ်းဆီးမှုတွေ လုပ်နေပါတယ်။ အခုဆိုရင် ထင်ရှား တဲ့ခေါင်းဆောင် ၂ယောက်တောင် ဖမ်းဆီးမိသွားပါပြီ ။

နိုင်ငံတကာအားကစားဆိုင်ရာ အနုညာတခုံရုံးက ရုရှားဘောလုံးအသင်း ၂၀၂၂ ကာတာကမ္ဘာ့ ခြေစစ်ပွဲကို ဝင်ကန်ခွင့်မပြုတော့ပါဘူး။ ရုရှားအသင်းကို ပိတ်ပင်ထားဆဲဖြစ်ပါတယ်။ ဒီနေ့မွန်းလွဲပိုင်းမှာ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ရုရှား- ယူကရိန်းအရေး ဖုန်းပြောဖြစ်ကြပါတယ်။

အသေးစိတ်ထုတ်ပြန်ချက်မသိရသေးပါ။ အက်စတိုးနီးယား ၊ လက်ဗီးယား ၊ ဘူဂေးရီးယား နဲ့လစ်သူရေးနီးယား တို့ က သူတို့ နိုင်ငံတွေက ရုရှားသံတမန်တွေကို မောင်းထုတ်လိုက်ပါပြီ ။

နောက်ဆုံးသတင်းအရ ပိုလန်နယ်စပ်နား က လဗစ်ဗ်မြို့ ကို ရုရှားတွေက လေကြောင်း တိုက်ခိုက်မှုတွေ လုပ်နေပါတယ်။ နိုင်ငံတကာ စေတနာ့ဝန်ထမ်းစစ်သည် ၆သောင်းလောက်ကလည်း ယူကရိန်းဖက်ကနေ ခံချပေးနေပါတယ်။ ဥရောပ ပါလီမန်က ရုရှားနဲ့ ဘီလာရုစ်သံတမန်တွေကို တက်ခွင့်မပေးတော့ပါဘူး။

ယူကရိန္းကို ႐ုရွားဝင္တဲ့ ( ၂၃) ရက္ေျမာက္ေန႔1

ဝီရမီဒီယာ

Be the first to comment

Leave a Reply

Your email address will not be published.


*