လူဖြစ်ရှုံးကြသူများ ဘယ်လိုလူတွေကလူဖြစ်ရှုံးလဲဆိုတာ ဖက်ကြည့် ရအောင်

လူဖြစ်ရှုံးကြသူများ ဘယ်လိုလူတွေကလူဖြစ်ရှုံးလဲဆိုတာ ဖက်ကြည့် ရအောင်

လူဖြစ်ရှုံးကြသူများ ဘယ်လိုလူတွေကလူဖြစ်ရှုံးလဲဆိုတာ ဖက်ကြည့် ရအောင်

လူဖြစ်ရှုံးကြသူများ

၁ ။ လူတစ်ယောက်ရဲ့ အကြောင်းကို ကွယ်ရာမှာ အုပ်စုလိုက် အတင်းတုပ်ပြီး အပုပ်ချ အကြောင်းမရှိ အကြောင်းရှာ နှိမ့်ချ ပြောတတ်သူ ။

၂ ။ သူတပါး ပျက်ဆီးရာ ပျက်ဆီးကြောင်း မဟုတ်မမှန် သတင်းလွှင့် ၊ အတင်းအဖျင်း ပြောတတ်သူ ။ ၃ ။ သူတပါး အပေါ်တွင် အမြဲ အနိုင်ယူလိုချင်နေသူ ။ သူတပါး မျက်ရည် စက်လက် အရှုံးကြီး ရှုံးနိမ့်မှု အပေါ်တွင် ဝမ်းသာ အားရ အောင်ပွဲ ခံနိုင်သူ ။

၄ ။ ကိုယ့်လက်အောင် ငယ်သား အပေါ်တွင် ညှာတာမှုမရှိပဲ အမြဲလိုလို အကာအကွယ် မပေးပဲ ကိုယ်လွတ်ရုန်း၍ ကိုယ့်အတွက်သာ ကြည့်တတ်သူ ။

၅ ။ နေရာတကာ လူတတ်ကြီး လုပ်၍ မိမိသာလျှင် ပညာတွေ ပြည့်ဝနေသူ မိမိသာလျှင် အသိဆုံး အတတ်ဆုံးဟု မာန်မာ နထောင်လွှား၍ မောက်မာတတ်သူ

၆ ။ မိဘ စည်းစိမ် အပေါ်တွင် သာယာ ယစ်မူးနေပြီး ကိုယ်ကိုယ်တိုင် ကိုယ့်အရည်အချင်းနှင့် တစ်ပြားတစ်ချပ်မှ မရှာနိုင်ပဲ အထက်စီးမှ အမြဲနေချင်နေသူ ။

၇ ။ ကားပေါ်ရောက်သည်နှင့် လမ်းလျှောက်နေသူများ အကြောင်း မသိသူ ၊ လေယဉ်ပေါ်ရောက် သည်နှင့် မြေ ကြီးပေါ်က လူတွေ အကြောင်း မသိသူ ၊ ချမ်းသာသွားသည်နှင့် ဆင်းရဲခြင်းဒုက္ခ များကိုမေ့ သွားပြီး အောက်ခြေ လွတ်သူ ။

၈ ။ မြေနိမ့်ရာ လှံစိုက် – ရေနစ်ရာ ဝါးကူထိုး အမြဲ လုပ်တတ်သူ ။

၉ ။ တစ်ခုခုဆိုလျှင် မှန်သည်မှားသည်မစဉ်းစားပဲ “ ငါလည်း ဆွမ်းကြီး ဝင်လောင်း လိုက်မယ် ” လို့ တွေးပြီး လူအ များနှင့်ရောနှောလုပ်ဆောင်တတ်သူ ။( ပြင်ပလောက ၊ ဖေ့ဘုတ် နှင့် နေရာအမျိုးမျိုးတွင် ထိုလူများရှိသည်)

၁၀ ။ ကိုယ်ကိုယ်တိုင်က မည်သည့် အရည်အချင်းမှ မရှိပဲ သူတပါး အောင်မြင်မှုအား မုဒိတာ မပွားနိုင်သူ မနာလို မရှူစိမ့်ဖြစ်ပြီး ဒေါသပွားနေသူ ။

လေးစားစွာဖြင့် ခရစ်ဒက်

Zawgyi

လူျဖစ္ရႈံးၾကသူမ်ား ဘယ္လိုလူေတြကလူျဖစ္ရႈံးလဲဆိုတာ ဖက္ၾကည့္ ရေအာင္

လူျဖစ္ရႈံးၾကသူမ်ား

၁ ။ လူတစ္ေယာက္ရဲ႕ အေၾကာင္းကို ကြယ္ရာမွာ အုပ္စုလိုက္ အတင္းတုပ္ၿပီး အပုပ္ခ် အေၾကာင္းမရွိ အေၾကာင္းရွာ ႏွိမ့္ခ် ေျပာတတ္သူ ။

၂ ။ သူတပါး ပ်က္ဆီးရာ ပ်က္ဆီးေၾကာင္း မဟုတ္မမွန္ သတင္းလႊင့္ ၊ အတင္းအဖ်င္း ေျပာတတ္သူ ။ ၃ ။ သူတပါး အေပၚတြင္ အၿမဲ အႏိုင္ယူလိုခ်င္ေနသူ ။ သူတပါး မ်က္ရည္ စက္လက္ အရႈံးႀကီး ရႈံးနိမ့္မႈ အေပၚတြင္ ဝမ္းသာ အားရ ေအာင္ပြဲ ခံႏိုင္သူ ။

၄ ။ ကိုယ့္လက္ေအာင္ ငယ္သား အေပၚတြင္ ညႇာတာမႈမရွိပဲ အၿမဲလိုလို အကာအကြယ္ မေပးပဲ ကိုယ္လြတ္႐ုန္း၍ ကိုယ့္အတြက္သာ ၾကည့္တတ္သူ ။

၅ ။ ေနရာတကာ လူတတ္ႀကီး လုပ္၍ မိမိသာလွ်င္ ပညာေတြ ျပည့္ဝေနသူ မိမိသာလွ်င္ အသိဆုံး အတတ္ဆုံးဟု မာန္မာ နေထာင္လႊား၍ ေမာက္မာတတ္သူ

၆ ။ မိဘ စည္းစိမ္ အေပၚတြင္ သာယာ ယစ္မူးေနၿပီး ကိုယ္ကိုယ္တိုင္ ကိုယ့္အရည္အခ်င္းႏွင့္ တစ္ျပားတစ္ခ်ပ္မွ မရွာႏိုင္ပဲ အထက္စီးမွ အၿမဲေနခ်င္ေနသူ ။

၇ ။ ကားေပၚေရာက္သည္ႏွင့္ လမ္းေလွ်ာက္ေနသူမ်ား အေၾကာင္း မသိသူ ၊ ေလယဥ္ေပၚေရာက္ သည္ႏွင့္ ေျမ ႀကီးေပၚက လူေတြ အေၾကာင္း မသိသူ ၊ ခ်မ္းသာသြားသည္ႏွင့္ ဆင္းရဲျခင္းဒုကၡ မ်ားကိုေမ့ သြားၿပီး ေအာက္ေျခ လြတ္သူ ။

၈ ။ ေျမနိမ့္ရာ လွံစိုက္ – ေရနစ္ရာ ဝါးကူထိုး အၿမဲ လုပ္တတ္သူ ။

၉ ။ တစ္ခုခုဆိုလွ်င္ မွန္သည္မွားသည္မစဥ္းစားပဲ “ ငါလည္း ဆြမ္းႀကီး ဝင္ေလာင္း လိုက္မယ္ ” လို႔ ေတြးၿပီး လူအ မ်ားႏွင့္ေရာေႏွာလုပ္ေဆာင္တတ္သူ ။( ျပင္ပေလာက ၊ ေဖ့ဘုတ္ ႏွင့္ ေနရာအမ်ိဳးမ်ိဳးတြင္ ထိုလူမ်ားရွိသည္)

၁၀ ။ ကိုယ္ကိုယ္တိုင္က မည္သည့္ အရည္အခ်င္းမွ မရွိပဲ သူတပါး ေအာင္ျမင္မႈအား မုဒိတာ မပြားႏိုင္သူ မနာလို မရႉစိမ့္ျဖစ္ၿပီး ေဒါသပြားေနသူ ။

ေလးစားစြာျဖင့္ ခရစ္ဒက္

Be the first to comment

Leave a Reply

Your email address will not be published.


*