အင်္ဂလိပ်တွေ ဆယ်လို့မရခဲ့တဲ့ ရွှေတိဂုံကုန်းတော်ပေါ်က စဉ့်ကူးမင်းခေါင်းလောင်းကို ရအောင်ဆယ်နိုင်ခဲ့သော ရှေးမြန်မာများ…

အင်္ဂလိပ်တွေ ဆယ်လို့မရခဲ့တဲ့ ရွှေတိဂုံကုန်းတော်ပေါ်က စဉ့်ကူးမင်းခေါင်းလောင်းကို ရအောင်ဆယ်နိုင်ခဲ့သော ရှေးမြန်မာများ...

အင်္ဂလိပ်တွေ ဆယ်လို့မရခဲ့တဲ့ ရွှေတိဂုံကုန်းတော်ပေါ်က စဉ့်ကူးမင်းခေါင်းလောင်းကို ရအောင်ဆယ်နိုင်ခဲ့သော ရှေးမြန်မာများ…

စဉ့်ကူးမင်းခေါင်းလောင်းအား အလောင်းမင်းတရားကြီ၏ ဒုတိယမြောက် သားတော် ဆင်ဖြူရှင်မင်းက ပန်းတည်းဝန် ပညာဒေဝကို သွန်းလုပ်ရန် တာဝန်ပေးခဲ့ပါတယ်။ သွန်းလုပ်နေဆဲ အချိန်မှာပင် ဆင်ဖြူရှင်မင်း နတ်ရွာစံ ခဲ့ပါတယ်။ ဆင်ဖြူရှင်မင်း၏ အရိုက်အရာအား သားတော် စဉ့်ကူးမင်းက ဆက်ခံခဲ့ပြီး ခေါင်းလောင်းကြီးအား ဆက်လက် သွန်းလုပ်စေခဲ့ပါတယ်။

စဉ့်ကူးမင်းသည် ရွှေတိဂုံစေတီ ကို အလှူအမျိုးမျိုး ပြုခဲ့ရာတွင် ခေါင်းလောင်းကြီးလည်း ပါဝင်ခဲ့ပါတယ်။ မဟာဃဏ္ဍဘွဲ့ပေးကာ ရွှေတိဂုံစေတီ၏ အနောက်မြောက်ဖက်တွင် တန်ဆောင်းနှင့်တကွ လှူဒါန်း ခဲ့ပါတယ်။ စဉ့်ကူးမင်းခေါင်းလောင်း ၏ အလေးချိန်မှာ ၁၅၅၅၅ ပိဿ ရှိပြီး တန်ချိန်အားဖြင့် ၂၄ တန်လေးပါတယ်။ အရှည် ၁၁ပေခွဲ ရှိပြီး ခေါင်းလောင်းအဝ အကျယ်မှာ ၆ ပေ ၈ လက်မ ကျယ်ပြီး ထု မှာ ၁ ပေ ရှိပါတယ်။

၁၇၇၈ ခုနှစ် မှာ သွန်းလုပ် ပြီးစီးခဲ့ပါတယ်။ ၁၈၂၄ ခုနှစ် အင်္ဂလိပ် မြန်မာ ဒုတိယ စစ်ပွဲမှာ ရန်ကုန် အသိမ်းခံရပြီးနောက် ခေါင်းလောင်းကြီအား ဖြုတ်ယူဖို့ အင်္ဂလိပ်တို့က ကြံစည်ခဲ့ပါတယ်။ အောင်ပွဲ အထိမ်းအမှတ်နဲ့ အင်္ဂလန်ကို ယူရန် ကြံစည်တာပါ။

လူအင်အားများစွာနဲ့ ကုန်းတော်ပေါ်ကနေ မြစ်ဆိပ် ၊ မြစ်ဆိပ်ကနေ သင်္ဘောပေါ်သို့ တင်ခဲ့ပါတယ်။ တင်နေစဉ်မှာပဲ တိမ်းချော်ပြီး ခေါင်းလောင်းကြီးဟာ လှိုင်မြစ်ထဲကို ကျသွား ခဲ့ရပါတယ်။ အင်္ဂလိပ်တို့ ကျွမ်းကျင်အင်ဂျင်နီယာများ ဦးဆောင်ကာ သင်္ဘောများဖြင့် နည်းအမျိုးမျိုးဖြင့် ပြန်ဆယ်ဖို့ ကြိုးစားသော်လည်း မရတဲ့အဆုံးမှာ လက်လျှော့ လိုက်ရပါတယ်။

ထိုအချိန်မှာပဲ မြန်မာများက အင်္ဂလိပ်အာဏာပိုင်များနှင့် တွေ့ဆုံကာ “ခေါင်းလောင်းကြီးအား မိမိတို့ ကြိုးစား ဆယ်ယူပါမည်။ ဆယ်ယူ၍ရပါက မူလနေရာ ကုန်းတော်ပေါ်တွင် ပြန်ထားခွင့်ပြုရမည်” ဟု ပြောဆိုခဲ့ပါတယ်။

သူတို့ခေတ်မီ နည်းစနစ်တွေနဲ့ ဆယ်တာတောင်မရတာ ၊ မြန်မာတွေ ဘယ်နည်းနဲ့မှ ဆယ်နိုင်မည် မဟုတ်ဟု လှောင်ပြောင်ကာ အလွယ်တကူပင် ခွင့်ပြု လိုက်ပါတယ်။ ရှေးမြန်မာတို့၏ ဆယ်ယူပုံ နည်းလမ်းမှာ ပထမဦးစွာ မြစ်ရေ အကျဆုံးအချိန်တွင် ခေါင်းလောင်းကြီးကို ကျောက်သံကြိုးနှစ်ပင်နဲ့ မြဲအောင် ချည်နှောင်ပါတယ်။ ကျောက်ကြိုးကို ခေါင်းလောင်းအထက်နားမှာ ရပ်နေတဲ့ မော်တော်နဲ့ ဆက်ထားစေပါတယ်။

မြစ်ရေ တက်လာသောအခါ သင်္ဘောလည်း မြင့်တက်လာခဲ့ပြီး ချည်ထားခဲ့သော ခေါင်းလောင်းကြီးသည်လည်း မြစ်အတွင်းမှ အပေါ်ကို ကြွလာပါတယ်။ ထို့နောက် ကြိုးများနဲ့ ထပ်မံချည်နှောင်စေပြီး ကမ်းနားစပ်သို့ ဆွဲယူခဲ့ကြ ပါတော့တယ်။

လှောင်ပြောင်ခဲ့တဲ့ အင်္ဂလိပ်တို့မှာ မြန်မာတို့ရဲ့ နည်းလမ်းကို အံသြခဲ့ပြီး သူတို့ ကတိအတိုင်း မူလနေရာကို ပြန်တင်ခွင့် ပြုလိုက်ရပါတယ်။ ထိုနည်းနဲ့ စဉ်းကူးမင်းခေါင်းလောင်းကြီးကို ဆယ်ယူခဲ့ပြီး မူလနေရာ ရွှေတိဂုံ ကုန်းတော်ပေါ်ကို ၁၈၂၆ ခုနှစ်မှာ အခမ်းအနားနဲ့ ပြန်လည် ပို့ဆောင်ခဲ့ပါတယ်။

မြစ်အတွင်းမှ ဆယ်ယူရာတွင် အထိအခိုက်များ ရှိခဲ့ပြီး သက်တမ်း ၂၅၀ နှစ် နီးပါးရှိသော နှုတ်ခမ်းသားများ ပဲ့နေတဲ့ စဉ့်ကူးမင်းခေါင်းလောင်းကြီးကို ယခုထက်တိုင် ရွှေတိဂုံ ကုန်းတော်ပေါ်မှာ မြင်နိုင်ပါသေးတယ်။

အင်္ဂလိပ်တွေ ဆယ်လို့မရခဲ့တဲ့ ရွှေတိဂုံကုန်းတော်ပေါ်က စဉ့်ကူးမင်းခေါင်းလောင်းကို ရအောင်ဆယ်နိုင်ခဲ့သော ရှေးမြန်မာများ...1

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။

Zawgyi

အဂၤလိပ္ေတြ ဆယ္လို႔မရခဲ့တဲ့ ေ႐ႊတိဂုံကုန္းေတာ္ေပၚက စဥ့္ကူးမင္းေခါင္းေလာင္းကို ရေအာင္ဆယ္ႏိုင္ခဲ့ေသာ ေရွးျမန္မာမ်ား…

စဥ့္ကူးမင္းေခါင္းေလာင္းအား အေလာင္းမင္းတရားႀကီ၏ ဒုတိယေျမာက္ သားေတာ္ ဆင္ျဖဴရွင္မင္းက ပန္းတည္းဝန္ ပညာေဒဝကို သြန္းလုပ္ရန္ တာဝန္ေပးခဲ့ပါတယ္။

သြန္းလုပ္ေနဆဲ အခ်ိန္မွာပင္ ဆင္ျဖဴရွင္မင္း နတ္႐ြာစံ ခဲ့ပါတယ္။ ဆင္ျဖဴရွင္မင္း၏ အ႐ိုက္အရာအား သားေတာ္ စဥ့္ကူးမင္းက ဆက္ခံခဲ့ၿပီး ေခါင္းေလာင္းႀကီးအား ဆက္လက္ သြန္းလုပ္ေစခဲ့ပါတယ္။

စဥ့္ကူးမင္းသည္ ေ႐ႊတိဂုံေစတီ ကို အလႉအမ်ိဳးမ်ိဳး ျပဳခဲ့ရာတြင္ ေခါင္းေလာင္းႀကီးလည္း ပါဝင္ခဲ့ပါတယ္။ မဟာဃ႑ဘြဲ႕ေပးကာ ေ႐ႊတိဂုံေစတီ၏ အေနာက္ေျမာက္ဖက္တြင္ တန္ေဆာင္းႏွင့္တကြ လႉဒါန္း ခဲ့ပါတယ္။

စဥ့္ကူးမင္းေခါင္းေလာင္း ၏ အေလးခ်ိန္မွာ ၁၅၅၅၅ ပိႆ ရွိၿပီး တန္ခ်ိန္အားျဖင့္ ၂၄ တန္ေလးပါတယ္။ အရွည္ ၁၁ေပခြဲ ရွိၿပီး ေခါင္းေလာင္းအဝ အက်ယ္မွာ ၆ ေပ ၈ လက္မ က်ယ္ၿပီး ထု မွာ ၁ ေပ ရွိပါတယ္။

၁၇၇၈ ခုႏွစ္ မွာ သြန္းလုပ္ ၿပီးစီးခဲ့ပါတယ္။ ၁၈၂၄ ခုႏွစ္ အဂၤလိပ္ ျမန္မာ ဒုတိယ စစ္ပြဲမွာ ရန္ကုန္ အသိမ္းခံရၿပီးေနာက္ ေခါင္းေလာင္းႀကီအား ျဖဳတ္ယူဖို႔ အဂၤလိပ္တို႔က ႀကံစည္ခဲ့ပါတယ္။ ေအာင္ပြဲ အထိမ္းအမွတ္နဲ႔ အဂၤလန္ကို ယူရန္ ႀကံစည္တာပါ။

လူအင္အားမ်ားစြာနဲ႔ ကုန္းေတာ္ေပၚကေန ျမစ္ဆိပ္ ၊ ျမစ္ဆိပ္ကေန သေဘၤာေပၚသို႔ တင္ခဲ့ပါတယ္။ တင္ေနစဥ္မွာပဲ တိမ္းေခ်ာ္ၿပီး ေခါင္းေလာင္းႀကီးဟာ လႈိင္ျမစ္ထဲကို က်သြား ခဲ့ရပါတယ္။

အဂၤလိပ္တို႔ ကြၽမ္းက်င္အင္ဂ်င္နီယာမ်ား ဦးေဆာင္ကာ သေဘၤာမ်ားျဖင့္ နည္းအမ်ိဳးမ်ိဳးျဖင့္ ျပန္ဆယ္ဖို႔ ႀကိဳးစားေသာ္လည္း မရတဲ့အဆုံးမွာ လက္ေလွ်ာ့ လိုက္ရပါတယ္။

ထိုအခ်ိန္မွာပဲ ျမန္မာမ်ားက အဂၤလိပ္အာဏာပိုင္မ်ားႏွင့္ ေတြ႕ဆုံကာ “ေခါင္းေလာင္းႀကီးအား မိမိတို႔ ႀကိဳးစား ဆယ္ယူပါမည္။ ဆယ္ယူ၍ရပါက မူလေနရာ ကုန္းေတာ္ေပၚတြင္ ျပန္ထားခြင့္ျပဳရမည္” ဟု ေျပာဆိုခဲ့ပါတယ္။

သူတို႔ေခတ္မီ နည္းစနစ္ေတြနဲ႔ ဆယ္တာေတာင္မရတာ ၊ ျမန္မာေတြ ဘယ္နည္းနဲ႔မွ ဆယ္ႏိုင္မည္ မဟုတ္ဟု ေလွာင္ေျပာင္ကာ အလြယ္တကူပင္ ခြင့္ျပဳ လိုက္ပါတယ္။

ေရွးျမန္မာတို႔၏ ဆယ္ယူပုံ နည္းလမ္းမွာ ပထမဦးစြာ ျမစ္ေရ အက်ဆုံးအခ်ိန္တြင္ ေခါင္းေလာင္းႀကီးကို ေက်ာက္သံႀကိဳးႏွစ္ပင္နဲ႔ ၿမဲေအာင္ ခ်ည္ေႏွာင္ပါတယ္။ ေက်ာက္ႀကိဳးကို ေခါင္းေလာင္းအထက္နားမွာ ရပ္ေနတဲ့ ေမာ္ေတာ္နဲ႔ ဆက္ထားေစပါတယ္။

ျမစ္ေရ တက္လာေသာအခါ သေဘၤာလည္း ျမင့္တက္လာခဲ့ၿပီး ခ်ည္ထားခဲ့ေသာ ေခါင္းေလာင္းႀကီးသည္လည္း ျမစ္အတြင္းမွ အေပၚကို ႂကြလာပါတယ္။ ထို႔ေနာက္ ႀကိဳးမ်ားနဲ႔ ထပ္မံခ်ည္ေႏွာင္ေစၿပီး ကမ္းနားစပ္သို႔ ဆြဲယူခဲ့ၾက ပါေတာ့တယ္။

ေလွာင္ေျပာင္ခဲ့တဲ့ အဂၤလိပ္တို႔မွာ ျမန္မာတို႔ရဲ႕ နည္းလမ္းကို အံၾသခဲ့ၿပီး သူတို႔ ကတိအတိုင္း မူလေနရာကို ျပန္တင္ခြင့္ ျပဳလိုက္ရပါတယ္။

ထိုနည္းနဲ႔ စဥ္းကူးမင္းေခါင္းေလာင္းႀကီးကို ဆယ္ယူခဲ့ၿပီး မူလေနရာ ေ႐ႊတိဂုံ ကုန္းေတာ္ေပၚကို ၁၈၂၆ ခုႏွစ္မွာ အခမ္းအနားနဲ႔ ျပန္လည္ ပို႔ေဆာင္ခဲ့ပါတယ္။

ျမစ္အတြင္းမွ ဆယ္ယူရာတြင္ အထိအခိုက္မ်ား ရွိခဲ့ၿပီး သက္တမ္း ၂၅၀ ႏွစ္ နီးပါးရွိေသာ ႏႈတ္ခမ္းသားမ်ား ပဲ့ေနတဲ့ စဥ့္ကူးမင္းေခါင္းေလာင္းႀကီးကို ယခုထက္တိုင္ ေ႐ႊတိဂုံ ကုန္းေတာ္ေပၚမွာ ျမင္ႏိုင္ပါေသးတယ္။

အင်္ဂလိပ်တွေ ဆယ်လို့မရခဲ့တဲ့ ရွှေတိဂုံကုန်းတော်ပေါ်က စဉ့်ကူးမင်းခေါင်းလောင်းကို ရအောင်ဆယ်နိုင်ခဲ့သော ရှေးမြန်မာများ...2

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။

Be the first to comment

Leave a Reply

Your email address will not be published.


*