ကိုယ္ မခံစားရတိုင္း တျခားသူကို မေလွာင္ပါနဲ႔

ကိုယ္ မခံစားရတိုင္း တျခားသူကို မေလွာင္ပါနဲ႔

ကိုယ္ မခံစားရတိုင္း တျခားသူကို မေလွာင္ပါနဲ႔

ပြင့္တဲ့ ေနရာခ်င္း မတူေသာ္လည္း လွပတာခ်င္း တူညီေနတာ အမွန္တရား တစ္ခုပါ… ကိုယ္ မခံစားရတိုင္း ခံစားေနတဲ့ သူကို မေလွာင္လိုက္ပါနဲ႔ သူ႔ ႏွလုံးသားနဲ႔ ကိုယ့္ ႏွလုံးသား မတူပါဘူး။

ဆင္းရဲလြန္းလို႔ ေခြၽတာ သုံးေနရတဲ့သူကို မႏွိမ္လိုက္ပါနဲ႔ သူ႔ ဘဝနဲ႔ ကိုယ့္ ဘဝ အက်ိဳးေပး မတူပါဘူး။ ပညာမတတ္လို႔ စာမေရးတတ္သူကို အထင္မေသးလိုက္ပါနဲ႔ သူ အားသာတာနဲ႔ ကိုယ္ အားသန္တာနဲ႔ မတူပါဘူး။

စကားေျပာ မႂကြယ္လို႔ အမွားေတြ ေျပာေနမိသူကို ပိုပိုၿပီး မွားသြားေအာင္ ဟားမတိုက္လိုက္ပါနဲ႔။ သူ စကားေျပာစြမ္းရည္နဲ႔ ကိုယ့္ စကားေျပာစြမ္းရည္ မတူညီတတ္ပါဘူး။ ဗဟုသုတ နည္းၿပီး” ႐ိုးအသူ တစ္ေယာက္ကို အ, လြန္းတယ္ဆိုၿပီး အားငယ္သြားေအာင္ မလုပ္လိုက္ပါနဲ႔။

သူ ျဖတ္သန္းခဲ့တဲ့ ပတ္ဝန္းက်င္နဲ႔ ကိုယ္ ျဖတ္သန္းခဲ့တဲ့ ပတ္ဝန္းက်င္ မတူပါဘူး။ ကာယသမား တစ္ေယာက္ကို စီမံခန႔္ခြဲမႈပညာ မတတ္ဘူးလို႔ ဖိမနင္းလိုက္ပါနဲ႔။

သူ အသုံးဝင္တဲ့ေနရာနဲ႔ ကိုယ္ အသုံးဝင္တဲ့ေနရာ မတူပါဘူး။ မတူညီမႈေတြကို သူ႔ဘက္ ကိုယ့္ဘက္ မွ်ေတြးတတ္ၿပီး စာနာတတ္လာရင္ လူပီသသူ တစ္ေယာက္ ျဖစ္လာပါၿပီ။

ဘာလို႔လဲ ဆိုေတာ့ ပင္ယံထက္မွာ ပြင့္တဲ့ ပန္းနဲ႔ လမ္းေဘးနားမွာ ပြင့္တဲ့ ပန္းက ပြင့္တဲ့ ေနရာခ်င္း မတူေသာ္လည္း လွပတာခ်င္း တူညီေနတာ အမွန္တရား တစ္ခုပါပဲ။

Credit

Unicode

ကိုယ် မခံစားရတိုင်း တခြားသူကို မလှောင်ပါနဲ့

ပွင့်တဲ့ နေရာချင်း မတူသော်လည်း လှပတာချင်း တူညီနေတာ အမှန်တရား တစ်ခုပါ… ကိုယ် မခံစားရတိုင်း ခံစားနေတဲ့ သူကို မလှောင်လိုက်ပါနဲ့ သူ့ နှလုံးသားနဲ့ ကိုယ့် နှလုံးသား မတူပါဘူး။

ဆင်းရဲလွန်းလို့ ချွေတာ သုံးနေရတဲ့သူကို မနှိမ်လိုက်ပါနဲ့ သူ့ ဘဝနဲ့ ကိုယ့် ဘဝ အကျိုးပေး မတူပါဘူး။ ပညာမတတ်လို့ စာမရေးတတ်သူကို အထင်မသေးလိုက်ပါနဲ့ သူ အားသာတာနဲ့ ကိုယ် အားသန်တာနဲ့ မတူပါဘူး။

စကားပြော မကြွယ်လို့ အမှားတွေ ပြောနေမိသူကို ပိုပိုပြီး မှားသွားအောင် ဟားမတိုက်လိုက်ပါနဲ့။ သူ စကားပြောစွမ်းရည်နဲ့ ကိုယ့် စကားပြောစွမ်းရည် မတူညီတတ်ပါဘူး။ ဗဟုသုတ နည်းပြီး” ရိုးအသူ တစ်ယောက်ကို အ, လွန်းတယ်ဆိုပြီး အားငယ်သွားအောင် မလုပ်လိုက်ပါနဲ့။

သူ ဖြတ်သန်းခဲ့တဲ့ ပတ်ဝန်းကျင်နဲ့ ကိုယ် ဖြတ်သန်းခဲ့တဲ့ ပတ်ဝန်းကျင် မတူပါဘူး။ ကာယသမား တစ်ယောက်ကို စီမံခန့်ခွဲမှုပညာ မတတ်ဘူးလို့ ဖိမနင်းလိုက်ပါနဲ့။

သူ အသုံးဝင်တဲ့နေရာနဲ့ ကိုယ် အသုံးဝင်တဲ့နေရာ မတူပါဘူး။ မတူညီမှုတွေကို သူ့ဘက် ကိုယ့်ဘက် မျှတွေးတတ်ပြီး စာနာတတ်လာရင် လူပီသသူ တစ်ယောက် ဖြစ်လာပါပြီ။

ဘာလို့လဲ ဆိုတော့ ပင်ယံထက်မှာ ပွင့်တဲ့ ပန်းနဲ့ လမ်းဘေးနားမှာ ပွင့်တဲ့ ပန်းက ပွင့်တဲ့ နေရာချင်း မတူသော်လည်း လှပတာချင်း တူညီနေတာ အမှန်တရား တစ်ခုပါပဲ။

Credit

Be the first to comment

Leave a Reply

Your email address will not be published.


*