အမ်ိဳးသားေရာ အမ်ိဳးသမီးပါ ေသာက္ႏုိင္တဲ့ သေႏၶတားေဆး

Zawgyiျဖင့္ ဖတ္ရန္

အမ်ိဳးသားေရာ အမ်ိဳးသမီးပါ ေသာက္ႏိုင္တဲ့ သေႏၶတားေဆး

သံလြင္သီးမွာ ပါဝင္တဲ့ ဓာတ္တစ္မ်ိဳးကေန ထုတ္လုပ္ထားတဲ့ သေႏၶတားေဆးဟာ အမ်ိဳးသားေရာ အမ်ိဳးသမီးပါ ေသာက္သုံးႏိုင္တဲ့ ပထမဆုံး သေႏၶတားေဆး ျဖစ္လာႏိုင္ေျခ ရွိေနပါတယ္။

အဆိုပါ ေဆးကို အေမရိကတ္ျပည္ေထာင္စု ဘာကေလတကၠသိုလ္က သုေတသနပညာရွင္ေတြ စမ္းသပ္ ထုတ္လုပ္ခဲ့တာ ျဖစ္ပါတယ္။

သံလြင္သီးမွာ ပါတဲ့ Lupeol ဆိုတဲ့ ဓာတ္ဟာ သုတ္ပိုးေတြ မမ်ိဳးဥဆီ ေရာက္ရွိသြားေစမယ့္ သုတ္ပိုးရဲ႕ အၿမီးပိုင္းလႈပ္ရွားမႈကို တားဆီးေပးၿပီး မမ်ိဳးဥဆီ ေရာက္မသြားေစျခင္းျဖင့္ သေႏၶေအာင္မႈကို တားဆီးေပးတာ ျဖစ္ပါတယ္။

ဒီေဆးဟာ စမ္းသပ္ထုတ္လုပ္ဆဲ ကာလျဖစ္ၿပီး စီးပြားျဖစ္ ထုတ္ကုန္အျဖစ္ ေဈးကြက္ထဲ ေရာက္ရွိလာေစဖို႔ အခ်ိန္ ႏွစ္ႏွစ္ခန႔္ ယူရဦးမယ္လို႔ သုေတသနကို ဦးေဆာင္သူ ေဒါက္တာ ေပၚလီနာက ေျပာပါတယ္။

သုတ္ပိုးမ်ားကို အဆိပ္ သင့္ေစျခင္းမဟုတ္ဘဲ လႈပ္ရွားမႈကို ေႏွးေကြးေစတဲ့ နည္းျဖစ္တာေၾကာင့္ ေဘးအကင္းဆုံး သေႏၶတားေဆး ျဖစ္လာမယ္လို႔ ယင္းေဒါက္တာက ေျပာပါတယ္။

Source : Pyi Myanmar News Journal
Credit

Unicode ဖြင့် ဖတ်ရန်

အမျိုးသားရော အမျိုးသမီးပါ သောက်နိုင်တဲ့ သန္ဓေတားဆေး

သံလွင်သီးမှာ ပါဝင်တဲ့ ဓာတ်တစ်မျိုးကနေ ထုတ်လုပ်ထားတဲ့ သန္ဓေတားဆေးဟာ အမျိုးသားရော အမျိုးသမီးပါ သောက်သုံးနိုင်တဲ့ ပထမဆုံး သန္ဓေတားဆေး ဖြစ်လာနိုင်ခြေ ရှိနေပါတယ်။

အဆိုပါ ဆေးကို အမေရိကတ်ပြည်ထောင်စု ဘာကလေတက္ကသိုလ်က သုတေသနပညာရှင်တွေ စမ်းသပ် ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

သံလွင်သီးမှာ ပါတဲ့ Lupeol ဆိုတဲ့ ဓာတ်ဟာ သုတ်ပိုးတွေ မမျိုးဥဆီ ရောက်ရှိသွားစေမယ့် သုတ်ပိုးရဲ့ အမြီးပိုင်းလှုပ်ရှားမှုကို တားဆီးပေးပြီး မမျိုးဥဆီ ရောက်မသွားစေခြင်းဖြင့် သန္ဓေအောင်မှုကို တားဆီးပေးတာ ဖြစ်ပါတယ်။

ဒီဆေးဟာ စမ်းသပ်ထုတ်လုပ်ဆဲ ကာလဖြစ်ပြီး စီးပွားဖြစ် ထုတ်ကုန်အဖြစ် ဈေးကွက်ထဲ ရောက်ရှိလာစေဖို့ အချိန် နှစ်နှစ်ခန့် ယူရဦးမယ်လို့ သုတေသနကို ဦးဆောင်သူ ဒေါက်တာ ပေါ်လီနာက ပြောပါတယ်။

သုတ်ပိုးများကို အဆိပ် သင့်စေခြင်းမဟုတ်ဘဲ လှုပ်ရှားမှုကို နှေးကွေးစေတဲ့ နည်းဖြစ်တာကြောင့် ဘေးအကင်းဆုံး သန္ဓေတားဆေး ဖြစ်လာမယ်လို့ ယင်းဒေါက်တာက ပြောပါတယ်။

Source : Pyi Myanmar News Journal
Credit

Be the first to comment

Leave a Reply

Your email address will not be published.


*